V Tech Guide
7.1K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
၃၈။ SlideModel (https://slidemodel.com/)
Slide ပုံစံမျိုးစုံကိုစုထားတဲ့Website.. Generative content တွေအတွက်အဆင်ပြေတယ်
၃၉။ MotionitAI (https://www.motionit.ai/)
Video Presentation အတွက်ကောင်းတယ်..Landing Page ပါလုပ်လို့ရသေးတယ်
ကဲ၊ ကျွန်တော် ဒါတွေ့ရှိချက်ကို ပြန်ဝေမျှပေးတာဖြစ်ပါတယ်။ စိတ်၀င်စားရင်သိမ်းထားပေးပါ။
Nang Htike Aung 🟡
8
သနားဖိုကောင်းတဲ့ အချက်က

ကိုယ့်မှာသနားစရာကောင်းတဲ့
ရုပ်ကမရှိနေဘူး 😅

အဲ့တော့သူများထက်
ပိုကြိုးစားရတယ် 😅
4
မှတ်ဉာဏ်ကောင်းတာ
တစ်ခုတည်းကိုကြည့်ပြီး

တော်တယ်လိုသတ်မှတ်လိုမရဘူး

မှတ်နိုင်ပြီး မစဉ်းစားတတ်
မတွေးခေါ်တတ်သူတွေမှ အများကြီး

Problem solve မလုပ်နိုင်သူ
Creative thinking မရှိသူတွေမှ
အများကြီး

မှတ်ဉာဏ်ကောင်းသူတွေက
မှတ်ဉာဏ်ကို စစ်တဲ့စာမေးပွဲတွေမှာ
နေရာရနိုင်ပေမယ့်

ဘဝမှာတော့ တီထွင်ကြံဆ
စဉ်းစားတွေခေါ် ဖြေရှင်းမှုတွေ
လုပ်နိုင်သူတွေကနေရာပိုရတယ်
18
အရမ်းလေ့လာပြီး
တွေးလွန်းချိန်ဆလွန်းရင်လဲ 🤔

ဘာမှ မလုပ်ဖြစ်ဖိုများတယ်

ဒါကို Analysis Paralysis လိုခေါ်တယ်
လွယ်လွယ်ကူကူ လူသိများတဲ့ စကားလုံးဆို

Overthinking ပေါ့ဗျာ
ငါဒါလုပ်လိုက်ရင်ဆိုပြီး တွေးချလိုက်တာ

အတွေးထဲမှာပဲ ပိတ်မိနေပြီး
ဒါတော့ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးလို

ကိုယ့်အတွေးနဲ့ကိုယ် နပမ်းလုံးနေရင်
သေချာပါတယ် အချိန်သာကုန်သွာမယ်

ဘာမှ အကောင်အထည်ပေါ်မှာမဟုတ်ဘူးဗျ

အဲ့လိုဖြစ်လေ့ရှိရင်
- အတွေးတွေကို ချရေး list တစ်ခုရလာမယ်
- ပြီးရင် အဖြစ်နိုင်ဆုံး ၃ ခုကိုရွေး
- ကျန်တာတွေ ခြစ်ပြစ်
- ၃ ခုထဲက တစ်ခုအရင် စလုပ်ကြည့်
- အချိန်အတိုင်းအတာသတ်မှတ်
- ပြ်ီးရင် ပြန် စမ်းစစ်
- အလုပ်မဖြစ်ရင် နောက်တစ်မျိုးလုပ်

အချိန်ဆိုတာ ကျနော်တိုတွေးနေလိုရပ်မသွားဘူး
ကျနော်တိုသာ တွေးနေလို ရပ်သွားတာ

အလုပ်နဲ့ result ကိုဖော်ဆောင်ပါမိတ်ဆွေ
18👍6
Knowledge ရချင်ရင်
မဖတ်ဖူးသေးတာတွေဖတ်ကြည့်

Confidence ရချင်ရင်
မလုပ်ဖူးသေးတာတွေလုပ်ကြည့်

အမြင်သစ်ရချင်ရင်
မသိသေးတဲ့သူတွေနဲ့စကားပြောကြည့်
20
မရှိခင်ချွေတာပါ
ရှိလာရင် စည်းကမ်းရှိပါ
ငွေရှာပြီး မချွေတာ စည်းကမ်းမရှိရင် ဘယ်လောက်ပဲရှာရှာ မကြီးပွါးဘူး ။
22
ပျင်းပြီးဘာလုပ်ရမလဲမသိရင်
ကိုယ့်ကိုယ်တည်ဆောက်ပါ

- စိတ် အတွက်စာဖတ်ပါ
- ခန္ဓာ အတွက် လေ့ကျင့်ခန်းလုပ်ပါ
- ငွေးကြေးအတွက်
စီးပွားရေးတစ်ခုခု လေ့လာပြီးလုပ်ကြည့်ပါ

ဒါတွေလုပ်နေရင် ပျင်းပါဆိုရင်တောင်
ပျင်းဖို့အချိန်မရဘူး 😁

ကိုယ်အတွက် အခုအချိန်
ခက်ခဲတာတွေကိုလုပ်ရင်

နောင်တစ်ချိန်ဘဝက
အေးဆေးဖြစ်လာလိမ့်မယ်
28👍3
မြန်မာပြည်က လူငယ်တွေ
Professional တွေ တော်ကြပါတယ်

Skill တွေရှိကြတယ်
ဒါပေမဲ့ မေးစရာရှိတာက

ဘာလို တချိုကပဲ ထူးထူးခြားခြား
အောင်မြင်ပြီး တချိုက
တစ်နေရာတည်းမှာ လည်နေတာလဲ?

အခုခေတ် အခြေအနေအရ
အခက်အခဲတွေ ရှိတာ မှန်ပေမဲ့၊

ကိုယ်တိုင် ပြုပြင်လိုရမယ့်
"Missing Pieces" ၃ ခု ရှိနေပါတယ်

ဒီအချက်တွေကို မပြင်နိုင်သရွေ့
ဘယ်လောက်ပဲ ကြိုးစားကြိုးစား
"Rate of Return" နည်းနေဦးမှာပါပဲ
6
1. Input များပြီး Output နည်းနေတာ
(Information Obesity)

အခုခေတ်က
Learning Resource တွေ
ပေါလွန်းတယ်

သင်တန်းတွေ တက်တယ် YouTube ကြည့်တယ်
PDF တွေ ဒေါင်းထားတယ်

ဒါပေမဲ့ ပြဿနာက
"Consumption Mode" မှာပဲ ရပ်နေတာ

"ငါ လေ့လာနေတယ်" ဆိုတဲ့
ခံစားချက်နဲ့ ကျေနပ်နေတတ်ကြတယ်

တကယ်တော့ Information ကနေ
Knowledge ပြောင်းတဲ့အဆင့်ပဲ ရှိသေးတယ်

Action ကနေ → Experience အဆင့်
မရောက်မချင်း ဒါက အလကားပဲ


ဒီတော့ လုပ်ရမှာက
20% လေ့လာရင် 80% ပြန်ဖန်တီးပါ

ဥပမာ Code ရေးသင်နေရင်
Tutorial ကြည့်ရုံမနေနဲ့၊
Project တစ်ခုခု စရေးပါ

Design သင်နေရင် ပုံစမ်းဆွဲပါ

Start taking actions
8👍2
2. Consistency မရှိဘဲ Shortcut ကိုရှာနေတာ

မြန်မာလူငယ်အများစု
(including me sometimes) မှာ ရှိတဲ့
အားနည်းချက်က စိတ်မြန်တာပါ

၁ လ၊ ၂ လ လောက် လုပ်ကြည့်လို
ရလဒ်မတွေ့ရင် စိတ်ဓာတ်ကျပြီး
နောက်လမ်းကြောင်းတစ်ခု
ပြောင်းသွားတတ်ကြတယ်


"Overnight Success" ကို မျှော်လင့်နေတာ

တကယ်တော့ results မြင်ရဖို အနဲဆုံး
6 months လောက် consistency ရှိဖိုလိုတယ်

အများစုက ရေကို ၉၉ ဒီဂရီအထိ
ကြိုထားပြီး ၁၀၀ မရောက်ခင်
မီးပိတ်လိုက်သလို ဖြစ်နေတယ်
ဆက်လုပ်မှရလာမယ့်အရာအတွက်
ရပ်လိုက်ရင် ဘာမှဖြစ်မလာနိုင်ဘူး


နေ့တိုင်း နည်းနည်းချင်းစီ ပုံမှန်သွားတာက
ရပ်လိုက်၊ နားလိုက် သွားတာထက်
ပိုခရီးရောက်ပါတယ်
9
3. Soft Skills & Personal Branding ကို မေ့နေကြတာ

Hard Skill (Technical Skill) က
အလုပ်ရစေပါတယ်၊ ဒါပေမဲ့ Soft Skill ကမှ
ရာထူးတိုးစေတာပါ

တချိုက အလုပ်အရမ်းတော်ပေမဲ့
ကိုယ့် အရည်အချင်ကို
ဘယ်လို Present လုပ်ရမလဲ၊

လူတွေနဲ့ ဘယ်လို Communication
လုပ်ရမလဲ အားနည်းကြတယ်

မိုးမွှန်အောင်တော်နေပါစေ
လူမသိရင် ဘာမှဖြစ်မလာနိုင်ဘူး

"ငါ့အလုပ် ငါလုပ်ရင် လူသိလာမှာပါ" လို
ထင်နေရင်မှားသွားမယ်

အခုခေတ်က "Attention Economy" ဖြစ်နေပြီ
ကိုယ် ဘာလုပ်တတ်လဲဆိုတာ
လူတွေက မသိရင် အခွင့်အရေးတွေ ဆုံးရှုးမှာပါ

ဒီတော့ Technical Skill ဖြည့်သလိုပဲ
Communication, Negotiation နဲ့
Digital Writing skill တွေကိုပါ ဖြည့်ပါ

LinkedIn သိုမဟုတ်
Social Media တစ်ခုခုမှာ
ကိုယ့်ရဲ့ ဘာလုပ်နိုင်တယ်ဆိုတာကို ချပြပါ
journey ကို share ပါ
knowledge တွေမျှဝေပါ

ဒီနည်းနဲ့ အခွင့်အလမ်းတွေကို
ပိုဖိတ်ခေါ်နိုင်ပါတယ်

မြန်မာပြည်က လူတွေမှာ မရှိတာ
"အရည်အချင်း" မဟုတ်ပါဘူး
မရှိတာက "System" နဲ့ "Discipline" ပါ

အခြေအနေတွေ ကောင်းလာဖို
ထိုင်စောင့်မနေပါနဲ့

External Factors တွေကို
Control လုပ်လိုမရပေမဲ့ ကိုယ့်ရဲ့
Mindset, Habit နဲ့ Daily Action တွေကို
Control လုပ်လိုရပါတယ်

Start fixing these gaps today.
11👍2
Steven Bartlettရဲ့ 𝗧𝗵𝗲 𝘀𝗶𝗺𝗽𝗹𝗲 𝘄𝗮𝘆 𝘁𝗼 𝗲𝗮𝗿𝗻 $𝟭𝟬𝟬,𝟬𝟬𝟬 𝗳𝗿𝗼𝗺 𝗻𝗼𝘁𝗵𝗶𝗻𝗴 ဆိုတဲ့ Podcast ကြည့်တာ တော်တော်လေးအနှစ်ကျတယ်ပြောရမယ်
Alex Hormozi တို့ Codie Sanchez နဲ့ Daniel Priestleyတို့လိုမျိုး ဒိတ်ဒိတ်ကြဲ Entrepreneurတွေလည်းပါတယ်။
(2)နာရီခွဲလောက် အချိန်ပေးပြီး မကြည့်နိုင်ရင် သူတို့ ‌ပြောခဲ့တာတွေကို တစ်ခုချင်း ပြန်ရှင်းပြထားတယ်။

Notion By Bhone👇👇👇
2
1. Passion ကနေ Profitရှာ
ဒီနေ့ခေတ်မှာ internet ရှိနေလို့ Passion ကို Businessဖြစ်အောင် ပြောင်းဖို့ အရမ်းမခက်တော့ဘူး။
Alex Hormoziက Passion ကနေ Profitရှာဖို့ သူ့ရဲ့ 3P Framework ကို ပြောပြသွားတယ်။
Pain - နာကျင်မှု
ကိုယ့်ဘဝမှာ ဘာတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသလဲ။
P - Passion
ဘာကို ကိုယ်ဝါသနာပါလဲ၊ ဘာတွေကို လုပ်ရတာ ကြိုက်လဲ။
P - Profession
ဘယ်နေရာမှာ ကိုယ်က ထူးချွန်လဲ။
2. Sell The Rich
ကိုယ်တိုင်ချမ်းသာချင်ရင် ချမ်းသာပြီးသား လူတွေဆီကို ရောင်း
Businessမှာ အရှုံးပေါ်နေတဲ့ Codie Sanchez ကဒီနည်းလမ်းကို သုံးခဲ့ဖူးတယ်။
သူ့ရဲ့ Business အရှေ့မှာ “Luxury”ဆိုတဲ့ key word ကိုတည့်ပြီး customer target ကိုပြောင်းလိုက်တယ်။ နေ့ချင်းညချင်း profit က 45%လောက် ထိုးတက်သွားတယ်။ ( High quality တော့ဖြစ်ဖို့လိုတယ်)
လုပ်တဲ့အလုပ်လည်းတူတယ်၊ Productကလည်း တူတယ်။ ဒါပေမဲ့ Customer မတူတော့ဘူး။
ဒါကြောင့် ချမ်းသာချင်ရင် ချမ်းသာပြီးသား လူတွေဆီကို target ထားပြီးရောင်း။
3. Price for profit
“လူ(၁၀)ယောက်မှာ (၇)ယောက်လောက်က ဈေးကြီးတယ် ပြောရင် အဲဒီဈေးမှန်တယ်၊ လူအများစုက တန်တယ်လို့ပြောရင်တော့ ဈေး အရမ်းနည်းနေပြီ”
Hormoziက ဈေးနှုန်းထားတတ်အောင် ဒီလိုပြောတယ်။
▪️80%က တန်တယ်လို့ ပြောရင် ဈေးကို (၃)ဆတင်
▪️60%က တန်တယ်လို့ ပြောရင် ဈေးကို (၂)ဆတင်
▪️30%ပဲ တန်တယ်လို့ ပြောရင်တော့ ဈေးမှန်ပြီ။
1
5. ကိုယ်ပိုင် Brand တည်ဆောက်
Founderတော်တော်များများက Productကို သူ့ဟာနဲ့သူ အလိုလို ရောင်းထွက်မယ်လို့ ထင်ကြတယ်။
တကယ်တော့ ရောင်းထွက်ဖို့အတွက် Brandလိုတယ်။
ကိုယ်ပိုင် Brandရှိမယ်ဆိုရင်…
▪️Customer Acquisition Cost ပိုနည်းမယ်၊
▪️ Distribution ပိုလွယ်မယ်
▪️ Compounding Returns ရမယ်
Brand တည်ဆောက်ဖို့ဆိုရင် အခုချက်ချင်း content စလုပ်ဖို့ လိုတယ်။
6. Hormozi ရဲ့ CLOSER Framework
▪️ Clarify why they're here
▪️ Label their problem
▪️Overview past pain
▪️ Sell the solution
▪️ Explain away objections
▪️ Reinforce the decision
Saleပိုတိုး‌ချင်ရင် ဒီ Framework ကိုသုံး။
Entrepreneur တစ်ယောက်အနေနဲ့
သိရမယ့် အရေးကြီးတဲ့ စကားလုံးတစ်ခုရှိတယ်
“Never eat your first egg”
ကိုယ့်ရဲ့ ပထမဦးဆုံးရလာတဲ့ ကြက်ဥကို
ဘယ်တော့မှ မစားပါနဲ့
ဒါ ဘာကိုပြောချင်တာလဲဆိုတော့
ကိုယ့်ရဲ့ business ကနေ
ပထမဦးဆုံးရလာတဲ့ အသီးအပွင့်တွေကို
ဘယ်တော့မှ မခူးစားပါနဲ့
Entrepreneurship life မှာ
တစ်ခါတလေ အောင်မြင်မှုတွေ ရလာတယ်
အဲ့ဒီအချိန်မှာ self-control မရှိဘဲနဲ့
ကိုယ်လိုချင်တာတွေ ချက်ချင်းလုပ်လိုက်တာက
ပထမဦးဆုံးရလာတဲ့ ကြက်ဥကို
ချက်ချင်းဖောက်ပြီး စားလိုက်တာနဲ့ တူတူပဲ
အဲ့ဒီအစား ဒီကြက်ဥကနေ
ကြက်အကောင်လေးတွေ ပေါက်လာပြီး
အဲ့ဒီကြက်အကောင်လေးတွေကနေမှ
ကြက်ဥလေးတွေပြန်ဥပြီး
တဖြည်းဖြည်းနဲ့ ပွားများလာအောင် လုပ်ရမယ်
Robert Kiyosaki က ပြောဖူးတယ်
ဥပမာ ဒီလုပ်ငန်းကနေ
သိန်းတစ်ထောင်အမြတ်ရလာတယ်
ကိုယ်က သိန်းတစ်ထောင်တန်
ကားဝယ်လိုက်တာမျိုးမဟုတ်ဘဲ
ဒီသိန်းတစ်ထောင်ကို ပြန်ရင်းနှီးပြီး
Business တိုးချဲ့တာမျိုး၊ Invest လုပ်တာမျိုးလုပ်ပြီး
အဲ့ကနေမှ ထွက်လာတဲ့ အကျိုးအမြတ်ကို
တစ်စိတ်တစ်ပိုင်းသုံးပြီး ကိုယ်လိုချင်တာဝယ်တယ်
အဲ့မှာ အရေးကြီးတဲ့တစ်ချက်က
Marshmallow Test ပေါ့
Marshmallow Test ဆိုတာ
ကလေးတွေကို Marshmallow ပေးထားပြီး
နာရီဝက်အတွင်း မစားဘဲ နေနိုင်ရင်
နောက်နာရီဝက်နေရင် နှစ်ခုရမယ်လို့ ပြောတယ်
အချို့ကလေးတွေက ချက်ချင်းယူစားတယ်
အချို့က နည်းမျိုးစုံသုံးပြီး အောင့်အီးသည်းခံတယ်
နှစ် ၁၅-၂၀ ကြာတဲ့အချိန်မှာ
သည်းခံနိုင်ခဲ့တဲ့ ကလေးတွေက
Business owners တွေ၊ Entrepreneurs တွေ
နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့သူတွေ
ဖြစ်လာတာ တွေ့ရတယ်
Entrepreneurship life မှာ
Self-control ဆိုတဲ့အရာ
ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့အရာ
အချို့အရာတွေကို စောင့်ဆိုင်းနိုင်တဲ့စွမ်းရည်
ဒါတွေက အရမ်းအရေးပါတဲ့ အရာတွေပဲ
Notion By Bhone
12
ချမ်းသာလာအောင်အရင်လုပ်မယ်
ပြီးရင် ကျန်းမာရေးကိုပြန်ဂရုစိုက်မယ်

ပြီးရင်ပျော်ရွှင်စွာနေထိုင်မယ်လို့
အများစုကတွေးကြတယ်

တကယ်တော့ ပျော်အောင်နေရမယ့်
အချိန်တွေက ဆေးတွေသောက်ရင်း
ချစ်တဲ့သူတွေလဲအနားမှာမရှိရင်
ဘယ်မှာသွားကောင်းတော့မလဲ

အဲတာ့ စိတ်ကိုပျော်ရွှင်အောင် အရင်ထား
ဒါဆို ကျန်းမာရေးလဲကောင်းမယ်

ပျော်ရွင်ကျန်းမာနေရင် အဲ့ဒါ
ချမ်းသာမှုအစစ်ပဲမဟုတ်လား
13👍4
၂၀၂၅ သင်ခန်းစာ ၂၅ ခု

၁။ ကိုယ်နေထိုင်တဲ့နေရာက
ကိုယ့်အလုပ်၊ ဘဝနဲ့ သဟဇာတဖြစ်ဖို့လိုတယ်။
နေရာကို သေချာရွေး

၂။ အနာဂတ်အတွက် ရွေးချယ်စရာရှိနေဖို့လိုတယ်။
ဥပမာ PR သို့ ဝင်ငွေလမ်းကြောင်း သို့ ဝန်ထမ်း
ရွေးချယ်မှုရှိထားခြင်းသည် မရှိခြင်းထက်ပိုကောင်းတယ်။

၃။ ရှိထားတဲ့ဝင်ငွေကို တိုးပွါးဖို့
တခြားသူကိုပဲ အားကိုးလို့မရဘူး။
ကိုယ်တိုင် စဉ်းစားအားထုတ်ဖို့လိုတယ်။
Cash flow ပုံမှန်ဝင်ငွေကိုပဲ အလေးထားတာအပြင်
Capital Gain အတွက် အချိန်တစ်ခုပေးဖို့လိုတယ်။

၄။ ခေတ်စားနေတဲ့အရာတွေက
ငွေရှာတော့မယ်ဆိုရင် ဂရုစိုက်ပါ။
နောက်ဆုံး မလိုချင်တဲ့အထုတ်ပိုက်မိနိုင်တာ
ကိုယ်ဖြစ်နိုင်တယ်။

၅။ တိုးတက်မှုမရှိတဲ့အလုပ် မလုပ်ပါနဲ့။
စမ်းသပ်မှုတွေက တိုးတက်မှုကိုဖြစ်စေတယ်။
စမ်းသပ်မှု၊ သင်ယူမှုကနေ
လောကနားလည်မှုကို မြင့်တင်ပါ။

၆။ တန်ရာတန်ကြေးယူဖို့ မကြောက်ပါနဲ့။
အကောင်းဆုံးပေးပါ။
အကောင်းဆုံးလဲ ပြန်ယူပါ။​

၇။ အခွင့်အရေးလာတဲ့အခါ အားကုန်ထုတ်ပြီး
ဒီတစ်ခုကို ဝုန်းပါ။
တခြားအလုပ်တွေနဲ့ ဗျာမများပါနဲ့။

၈။ ကိုယ်နဲ့ ကီးကိုက်တဲ့သူတွေနဲ့ပဲ အလုပ်လုပ်ပါ။
ကိုယ့်ရည်ရွယ်ချက် အထောက်အပံ့မပြုနိုင်တဲ့
လူ၊ နေရာ၊ အိုင်ဒီယာအတွက် အချိန်ကုန်မခံပါနဲ့။

၉။ စေတနာနဲ့မအုပ်ချုပ်နဲ့။
အပေးအယူနဲ့ အုပ်ချုပ်။

၁၀။ လောကမှာ ကိုယ်မသိသေးတဲ့အရာတွေအများကြီး။
မသိသေးတာကို မျက်စိမှိတ်ဇွတ်ယုံပြီး
ပုံမအောပါနဲ့။
overcommit မလုပ်ပါနဲ့။
နားလည်အောင် အရင်လုပ်ပါ။

၁၁။ ကိုယ့်ဘဝရဲ့ life strategy,
Professional နဲ့ business strategy,
Wealth-building strategy ဒီအတိုင်းပဲသွားပါ။
စမ်းကြည့်ချင်ရင်လဲ ကန့်သတ်ထားပါ။

၁၂။ Outsourcing team တွေကို အသုံးပြုရမှာမကြောက်နဲ့။
သူတို့နဲ့အလုပ်လုပ်မယ်၊ ကိုယ့်နာမည်အသုံးချပြီး
တခြားလုပ်ငန်းရှာမှာ စိတ်မပူနဲ့။
စမ်းကြည့်လို့ရတယ်။

၁၃။ မပေးနိုင်တဲ့သူဆီက မျှော်လင့်ချက်မထားနဲ့။
တခါတလေ အဖေ၊ အမေ၊ မောင်နှမကို
အကောင်းဆုံးဖြစ်စေချင်တယ်။
ဒါပေမယ့် သူတို့အနေနဲ့ ကိုယ်မျှော်လင့်ထားသလို
မဖြစ်နိုင်ဘူးဆိုရင် စိတ်ညစ်ရလိမ့်မယ်။
မွေးကတည်းက အမျိုးတော်ထားတဲ့အတွက်
ဆွေမျိုးလဲ ဖြတ်လို့မရဘူး။
အကောင်းဆုံးက ဘာမျှော်လင့်ချက်မှမထားနဲ့။
ဘဝအမြင်နဲ့သူပဲ။

၁၄။ ကံကအမြဲကောင်းနေမှာ မဟုတ်သလို၊
ကံကအမြဲဆိုးနေမှာလဲမဟုတ်ဘူး။
ဥပက္ခာတရားလက်ကိုက်ထားပါ။

၁၅။ ကိုယ်နဲ့အဆင်အပြေဆုံးနည်းလမ်းက
အကောင်းဆုံးနည်းလမ်းပဲ။
တခြားသူတွေရဲ့ best practice နဲ့
ကိုယ့်ရဲ့ best practice နဲ့တူမှာမဟုတ်ဘူး။
ကိုယ့်အထာနဲ့ကိုယ်သွားလို့ရတယ်။
မတူလို့ ကိုယ်မှားနေတာမဟုတ်ဘူး။

၁၆။ မနက်ဖြန်ကို မနေ့ကမျက်လုံးတွေနဲ့ကြည့်လို့
မြင်နိုင်မှာ မဟုတ်ဘူး။
အတွေးသစ်၊ အမြင်သစ်တွေလိုတယ်။

၁၇။ ပိုက်ဆံမက်တာ ရှက်စရာမဟုတ်ပါ။

၁၈။ လုပ်တဲ့အလုပ်ချင်းတူနိုင်ပေမယ့်
ရည်ရွယ်ချက်ချင်းတူချင်မှတူမယ်။
ကိုယ်အလုပ်လုပ်တဲ့ ရည်ရွယ်ချက်
ရှင်းရှင်းလင်းလင်းသိထားဖို့လိုတယ်။

၁၉။ ရည်မှန်းချက်ရှိပြီး
ကိုယ်တိုင်ဖြစ်ဖြစ်မြောက်မြောက်
ဘာမှမရှိထားသူက
ကိုယ့်ဘဝကိုယ်မကျေနပ်ဘူး။
ကိုယ့်ဘဝကိုယ်မကျေနပ်သူက
သူများဘဝလဲ မကျေနပ်ဘူး။
ဘဝမှာ အေးချမ်းတဲ့သူ၊
လိုချင်တာရထားသူက
သူ့ဘဝသူကျေနပ်တယ်။​
ကိုယ့်ဘဝ အုံ့ပုံးစိတ်တိုင်းမကျသူတွေကိုရှောင်။

၂၀။ ဂိမ်းတစ်ခု မကစားခင်
ဂိမ်းကို နားလည်အောင်အရင်လုပ်။
ဖြစ်နိုင်ရင် ကိုယ့်ဂိမ်းကိုယ်ဖန်တီးနိုင်ရင်
အကောင်းဆုံးပဲ။
အလုပ်၊ စီးပွါး၊ ဘဝ အတူတူပဲ။

၂၁။ တစ်နှစ်တစ်ခါ မတူတဲ့နေရာမှာ
နေကြည့်ပါ။
Living is learning ပါပဲ။

၂၂။ ကိုယ့်ရဲ့မသိစိတ်ရဲ့အစွမ်းကို
လျော့မတွက်ပါနဲ့။
Intuition မှာ ပါဝါတွေရှိတယ်။
ဒေတာ logic လောဂျစ်အမြင်
Intuition power ကိုပါအသုံးပြုပါ။

၂၃။ လုပ်နေကျအလုပ်တွေနဲ့ပဲ
မရှုပ်နေစေပါနဲ့။
လုပ်ငန်းရှင်တစ်ယောက်က
အချိန်အားနေမှ ပိုကောင်းတာတွေကို
စဉ်းစားနိုင်မှာ။

၂၄။ အေအိုင်ကို ဘဝထဲမှာ
သုံးနိုင်သမျှ အကုန်သုံးပါ။​
ခေတ်၊ စနစ်၊ စကေးမှာ
အေအိုင်နဲ့ robotics ကိုအသုံးချနိုင်မှုက
အရေးကြီးတဲ့ စကေးပါ။
တပြိုင်တည်းမှာ စာလဲဖတ်။
စာဖတ်တာနဲ့ အေအိုင်ကိုမေးတာမတူဘူး။
မသိသေးတဲ့ အကြောင်းအရာ၊
မမြင်တဲ့ရှုထောင့်က
စာဖတ်ရင်း အများကြီးသိနိုင်တယ်။

၂၅။ နည်းလမ်းကောင်းတွေအများကြီးရှိတယ်။
လိုချင်တာရဖို့လဲ မခက်ဘူး။
အလုပ်ဖြစ်တဲ့ အိုင်ဒီယာပဲလိုတယ်။​

Phyo Paing @ Derek
9👍2🔥1
🚨 Online ကနေ ငွေမလွှဲခင် ၁ မိနစ်လောက် အချိန်ပေးပြီး ဒါလေးအရင်စစ်ပါ

Online ကနေ ဈေးဝယ်တာပဲဖြစ်ဖြစ်၊ ငွေရေးကြေးရေး ကိစ္စတွေ ပြောဆိုပြီး ငွေလွှဲခိုင်းတာပဲဖြစ်ဖြစ် ကိုယ်လွှဲလိုက်မယ့် ဖုန်းနံပါတ်ပိုင်ရှင်က ယုံကြည်ရသူလား (သို့) Scammer (လူလိမ်) လားဆိုတာ ခွဲခြားရခက်နေလား?

"Trust Check" မှာ အလွယ်တကူ ဝင်စစ်လို့ရနေပါပြီ။

အသုံးပြုရတာ ရိုးရှင်းပါတယ်။

(၁) https://checker.thanlar.com/ ကို ဝင်လိုက်ပါ။

(၂) သံသယရှိတဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး "စစ်ဆေးမည်" ကို နှိပ်လိုက်တာနဲ့ Scammer စာရင်းဝင် ဟုတ်/မဟုတ် ချက်ချင်း သိနိုင်မှာပါ။

🛡️ ကိုယ်တိုင်လည်း ကူညီလို့ရတယ်

တကယ်လို့ ကိုယ်ရှာတဲ့နံပါတ်က Record မရှိသေးဘူး၊ ဒါပေမဲ့ ကိုယ်တိုင်လိမ်ခံထားရတဲ့ သက်သေအထောက်အထား (Screenshot, Chat history) ရှိတယ်ဆိုရင်လည်း ဒီ Web App မှာပဲ "Report a Number" လုပ်ပြီး တိုင်ကြားနိုင်ပါတယ်။

Admin Team ကနေ သေချာစိစစ်ပြီးမှ Database ထဲကို ထည့်သွင်းပေးသွားမှာ ဖြစ်တဲ့အတွက် အချက်အလက်တွေက တိကျခိုင်မာမှု ရှိပါတယ်။

မိမိရဲ့ ချွေးနည်းစာ ငွေကြေးတွေ မဆုံးရှုံးရလေအောင် သူငယ်ချင်း မိတ်ဆွေတွေကိုပါ ဒီ Link လေး မျှဝေပေးလိုက်ကြပါဦးဗျ။

🔗 : https://checker.thanlar.com/

#TrustCheck #ScamAlert #MyanmarOnlineShop #SafetyFirst #ScammerCheck
2👍2