V Tech Guide
7.1K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
ပြောင်းလဲမယ်လိုဆုံးဖြတ်ပြီး
ကြိုးစားနေသူတွေက

သာမန်အများစုအတွက်တော့
အထူးအစမ်းဖြစ်နေဦးမှာပါပဲ

- မိတ်ဆွေတချိုဆုံးရှုးမယ်
- အိပ်ရေးပျက်တာတွေရှိမယ်
- စမ်းသပ်လို အရှုးပေါ်တာတွေရှိမယ်

ဒီအဆင့်တွေကျော်ပြီးရင်
- မိတ်ဆွေသစ်တွေရမယ်
- အားလပ်ချိန်တွေပိုရှိလာမယ်
- အသစ်အသစ်တွေဖန်တီးလာနိုင်မယ်

အရာတိုင်းကတော့ အစပိုင်းခက်မှာပါပဲ
သည်းခံနိုင်ရင် အောင်မြင်တာပါပဲ
16
ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုပြီး
ပင်လယ်ထဲသွားရေ ငုပ်နေတာက

ရည်ရွယ်ထားတဲ့ အရာကိုရဖို
လုပ်တဲ့လုပ်ရပ်က မှားနေတယ်မဟုတ်လား

ကိုယ်ရည်ရွယ်ထားတဲ့ အရာကိုရဖို
လုပ်ရမယ့်လုပ်ရပ်တွေဆိုတာရှိပြီးသားပါ

ကိုယ်ထားတဲ့ ရည်ရွယ်ချက်နဲ့
ကိုယ့်ရဲ့ လုပ်ရပ်တွေ ကိုက်ညီသွားတဲ့နေ့

အနာဂတ်ပန်းတိုင်က မီးလင်းလာလိမ့်မယ် 💡
25
အရာရာတိုင်းကတော့ ကောင်းမနေနိုင်ဘူး

အရာရာတိုင်းမှ ကောင်းတာလေးတွေ
ရွေးမြင်တတ်တဲ့သူဖြစ်ရင်တော့

စိတ်ညစ်စရာတွေကြားမှာတောင်
ပျော်ရွှင်တတ်လာပါလိမ့်မယ်

See the good in everything
16
ယရလဝ

ယာယီပဲပျော်ရမယ့်အရာတွေ
လူတွေပေါ်မှာ အရမ်းကြီး အချိန်ကုန်မခံနဲ့

ရတာနဲ့ ရှိတာနဲ့ စလုပ်လိုက်တာက
အကုန်အဆင်ပြေမှလုပ်မယ်
ဆိုတာထက်ရှေ့ရောက်စေတယ်

လူတိုင်းမှာ ဖြစ်နိုင်ခြေဆိုတာရှိတယ်
ဖြစ်အောင်လုပ်တာမလုပ်တာက
အဲ့လူနဲ့ပဲဆိုင်တယ်

ဝါသနာကိုဝင်ငွေရအောင်လုပ်ရင်လုပ်
မဟုတ်ရင် ဝင်ငွေရတာကို ဝါသနာပါအောင်လုပ်
19🤯1
Programming & Technology Books အခု ၅၀၀ ကျော် ထည့်ထားတဲ့ Google Drive Link 👇🏻


Download Link: 👇

https://drive.google.com/drive/folders/1cYioTJnzB_ssk4gqsx78tB2S6SMYOei2
8👍1
ချမ်းသာရင် ဆော်ကြည်မယ်
ဘဲကြည်မယ်ဆိုတာ

မှန်သင့်သလောက်ပဲ မှန်နိုင်တယ်

ကြည်တော့ကြည်မယ်
ပိုက်ဆံ ကိုယ်တိုင်မရှာနိုင်တဲ့သူတွေ
ကြည်တာပဲရမယ် 🙂

အမှန်အကန်တော့မရနိုင်
19
အချိန်ကြာလာလေလေ
တစ်ခုခုကို တစိုက်မတ်မတ်လုပ်ပြီး
ဆရာကျကျလုပ်ကိုင်ခြင်းက

ဟိုစပ်စပ်ဒီစပ်စပ်နဲ့
နေရာတိုင်းမှာ beginner ဖြစ်တာ​ထက်
သာတယ်ဆိုတာ သိလာလေလေပဲ
10
သွားတွေရှိတုန်းရယ်ပါ
ဆံပင်တွေရှိတုန်း သပ်သပ်ရပ်ရပ်ဖီးပါ

ဒီနေ့ထက်ပိုပြီး ငယ်မသွားနိုင်တော့တာမို
ဓါတ်ပုံများများရိုက်ပါ

မျက်စိကောင်းနေတုန်း
သဘာဝအလှတရားတွေကိုခံစားပါ

လမ်းလျှောက်နိုင်တုန်း ခရီးတွေသွားပါ
အကုန်စားနိုင်တုန်း အရသာရှိတာတွေစားပါ

သေရင်အကုန်ထားခဲ့ရမှာတွေကို
ရဖိုအတင်းကြိုးစားနေတာထက်

အပြည့်အဝနေထိုင်သွားနိုင်ဖိုအရေးကြီးတယ်
32
နေ့စဉ်ဘဝမှာ မနာလိုမှု မရှိ
လောဘမရှိ ဒေါသမရှိ နောင်တမရှိတဲ့

တစ်နေ့တာကို ဖြတ်သန်းနေရပြီဆိုရင်
သင်လျှောက်နေတာဟာ မှန်တဲ့ဘက်ကို
ဦးတည်ပြီးသွားနေတယ်လိုပြောလိုရတယ်
14
AI သုံးပြီး Slide တွေ ဘယ်လိုလုပ်မလဲ? Business အတွက်အရမ်းကောင်းတဲ့ AI Slide Maker စုစည်းမှုများ
၁။ BeautifulAI (https://www.beautiful.ai/)
ဒီAI က Presentation Slide တွေကို လှနေအောင် လုပ်ပေးနိုင်တယ်
၂။ DesignsAI (https://designs.ai/)
Slide တင်မကဘူး..Text, Logo, Video, Social Media Post တွေပါလုပ်လို့ရသေးတယ်
၃။ PresentationsAI (https://www.presentations.ai/)
Design လည်းကောင်းကောင်းရတယ်..ပြီးတော့ Screen အရွယ်အစားတိုင်းအတွက်ကိုပါ ကိုက်ညီအောင်လုပ်ပေးနိုင်တယ်
၄။ KromaAI (https://kroma.ai/)
ဒီတစ်ခုကတော့Investor တွေကို Pitch လုပ်ဖို့အတွက် အထူးပြုထုတ်ထားတာပါလို့ထင်ရတယ်.. Data Visualization တွေကိုလည်း ကောင်းကောင်းလုပ်ပေးနိုင်တယ်
၅။ DeckRobot (https://www.deckrobot.com/)
ဒီကတော့Product of the week ဆုတောင်ရဖူးတယ်.. Forbes လိုမျိုး နာမည်ကြီးမီဒီယာတွေကပါထောက်ခံထားတာတွေ့ရပါတယိ။
၆။ Slidebean (https://slidebean.com/)
Pitching Deck အတွက်လည်းအဆင်ပြေတယ်.. Startup တွေအတွက် Template တွေအများကြီးပါတယ်
၇။ Pitch (https://pitch.com/)
နာမည်လေးမိုက်တယ်နော်..Google Slides နဲ့တော်တော်ဆင်တယ်.. သုံးရတာအရမ်းလွယ်တယ်
၈။ Venngage (https://venngage.com/)
Presentation အတွက်ပဲမကဘူး..Slide Reference တွေ Infographic တွေအတွက်ပါသုံးလို့ရသေးတယ်
၉။ Zuru (https://www.haikudeck.com/zuru)
ရုံးသုံးSlide တွေအတွက်တော့ ကောင်းတယ်..
၁၀။ Canva (https://www.canva.com/)
ဒီတစ်ခုကတော့ပြောစရာမလိုတော့ဘူးနော်.. သိပြီးသားဖြစ်မှာပါ။
၁၁။ Prezi (https://prezi.com/)
Slide လုပ်တဲ့နေရာမှာ Motion Presentation တွေမှာတော့ အတော်မိုက်တယ်.. ခုချိန်မှာ AI Generative feature တွေပါထည့်ထားပြီ။
၁၂။ Emaze (https://www.emaze.com/)
ဒီတစ်ခုကတော့သာမန်လေးပဲ.. ဘာမှထူးထူးခြားခြားမရှိဘူး
၁၃။ Powtoon (https://www.powtoon.com/)
ဒါကတော့Animation ဘက်မှာပိုမိုက်တယ်.. ခုမှ Slide ဘက်ကိုဝင်လာတာ။
၁၄။ MagicSlides App (https://www.magicslides.app/)
Google Slides Add-On အနေနဲ့သုံးရတယ်..Google ကတရားဝင်မထုတ်ခင်စောင့်ချင်ရင်သုံးလို့ရတယ်။
၁၅။ SlideCamp (https://www.slidecamp.io/)
Sales team တွေအတွက် winning sales deck library လုပ်ပေးနိုင်တယ်လို့ ပြောကြတယ်.. စမ်းကြည့်ဖို့တော့လိုမယ်။
၁၆။ SlideDog (https://slidedog.com/)
Windows မှာပဲသုံးလို့ရတယ်..Interactive Presentation အတွက်ပိုကောင်းတယ်ဆိုတယ်။
၁၇။ HaikuDeck (https://www.haikudeck.com/)
Canva လိုမျိုးလုပ်ထားတာ..ဒါပေမယ့် Canva ကိုမမီဘူး
၁၈။ Slidebean (https://slidebean.com/)
Pitching Slide အတွက်အထူးပြုထားတယ်..Fundraising Kit တွေအထောက်အကူပြုနိုင်တယ်။
၁၉။ Visme (https://www.visme.co/)
Presentation တင်မကဘူး..Data Visualization, Social Media, Video တွေပါလုပ်လို့ရသေးတယ်။
၂၀။ SlidesGo (https://slidesgo.com/)
Template တွေအများကြီးပါတယ်..AI Generative နဲ့တွဲသုံးရင်ပိုအဆင်ပြေတယ်။
၂၁။ PowerMode (https://powermodeai.com/)
တစ်ကြောင်းလောက်ရိုက်ထည့်ရုံနဲ့Slide ရသွားတယ် ။
၂၂။ GPTSpace (https://gpt.space/)
Google Slides,Sheets, Docs, Drive, Gmail အားလုံးနဲ့သုံးလို့ရတယ်.. တော်တော်လေးအသုံးဝင်တယ်။
၂၃။ SlidesAI (https://www.slidesai.io/)
Google Slides အတွက်ပဲ..သုံးရတာအရမ်းလွယ်တယ်။
၂၅။ ChatBA (https://www.chatba.com/)
Minimal design..တစ်ခုခုရိုက်ထည့်လိုက်ရုံနဲ့ပြီးသွားတယ်။
၂၆။ Tome (https://beta.tome.app/)
ဒါကတော့ကြိုက်တဲ့တစ်ခု..ပြောစရာတောင်မလိုဘူး
၂၇။ Renderforest (https://www.renderforest.com/)
Video,Logo, Mockups, Namecard, Website, Presentation, Graphic အားလုံးလုပ်လို့ရတယ်
၂၈။ Decktopus (https://www.decktopus.com/)
AI က Slide လုပ်ပေးပြီးရင်အသံသွင်းတာ၊ Live တွေ၊ Forms တွေထပ်ထည့်လို့ရသေးတယ်
၂၉။ Sendsteps (https://www.sendsteps.com/en/)
Slide တင်မကဘူး..QR ဖတ်ပြီး Real-Time လုပ်လို့ရအောင်လုပ်ပေးနိုင်တယ်
၃၀။ Gamma (https://gamma.app/)
ကိုယ့်ရဲ့Branding CI အတိုင်း ကိုယ်လိုချင်တဲ့ပုံတွေ/PPT တွေကို Generate လုပ်ပေးနိုင်တယ်
၃၁။ HourOne (https://hourone.ai/)
Video Presentation အတွက်..ကိုယ့်နေရာမှာ AI ကလူတစ်ယောက်အနေနဲ့ ပြပေးနိုင်တယ်။
၃၂။ PowerpresentAI (https://powerpresent.ai/)
Cartoon,Cyberpunk, Anime, Fantasy စတဲ့ Style တွေကိုပါရွေးချယ်အသုံးပြုလို့ရတယ်
၃၃။ SlidesGPT (https://slidesgpt.com/)
သုံးရတာလွယ်တယ်..ဒါပေမယ့် ကြမ်းတယ်။
၃၄။ PitchLeagueAI (https://www.pitchleague.ai/)
Slide လုပ်တာမဟုတ်ဘူး..လက်ရှိ Slide ကိုပိုကောင်းအောင်ပြင်ပေးတာ။
၃၅။ Beemer (https://www.beemerdocs.com/)
Minimal Style Slide တွေအတွက်ကောင်းတယ်
၃၆။ Simplified (https://simplified.com/)
Presentation ကနေCopywriting အထိ အကုန်လုပ်လို့ရတယ်
၃၇။ WePik (https://wepik.com/)
Small-Business Owner တွေအတွက်ရည်ရွယ်တယ်..Poster တွေအထိလုပ်လို့ရသေးတယ်
8
၃၈။ SlideModel (https://slidemodel.com/)
Slide ပုံစံမျိုးစုံကိုစုထားတဲ့Website.. Generative content တွေအတွက်အဆင်ပြေတယ်
၃၉။ MotionitAI (https://www.motionit.ai/)
Video Presentation အတွက်ကောင်းတယ်..Landing Page ပါလုပ်လို့ရသေးတယ်
ကဲ၊ ကျွန်တော် ဒါတွေ့ရှိချက်ကို ပြန်ဝေမျှပေးတာဖြစ်ပါတယ်။ စိတ်၀င်စားရင်သိမ်းထားပေးပါ။
Nang Htike Aung 🟡
8
သနားဖိုကောင်းတဲ့ အချက်က

ကိုယ့်မှာသနားစရာကောင်းတဲ့
ရုပ်ကမရှိနေဘူး 😅

အဲ့တော့သူများထက်
ပိုကြိုးစားရတယ် 😅
4
မှတ်ဉာဏ်ကောင်းတာ
တစ်ခုတည်းကိုကြည့်ပြီး

တော်တယ်လိုသတ်မှတ်လိုမရဘူး

မှတ်နိုင်ပြီး မစဉ်းစားတတ်
မတွေးခေါ်တတ်သူတွေမှ အများကြီး

Problem solve မလုပ်နိုင်သူ
Creative thinking မရှိသူတွေမှ
အများကြီး

မှတ်ဉာဏ်ကောင်းသူတွေက
မှတ်ဉာဏ်ကို စစ်တဲ့စာမေးပွဲတွေမှာ
နေရာရနိုင်ပေမယ့်

ဘဝမှာတော့ တီထွင်ကြံဆ
စဉ်းစားတွေခေါ် ဖြေရှင်းမှုတွေ
လုပ်နိုင်သူတွေကနေရာပိုရတယ်
18
အရမ်းလေ့လာပြီး
တွေးလွန်းချိန်ဆလွန်းရင်လဲ 🤔

ဘာမှ မလုပ်ဖြစ်ဖိုများတယ်

ဒါကို Analysis Paralysis လိုခေါ်တယ်
လွယ်လွယ်ကူကူ လူသိများတဲ့ စကားလုံးဆို

Overthinking ပေါ့ဗျာ
ငါဒါလုပ်လိုက်ရင်ဆိုပြီး တွေးချလိုက်တာ

အတွေးထဲမှာပဲ ပိတ်မိနေပြီး
ဒါတော့ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးလို

ကိုယ့်အတွေးနဲ့ကိုယ် နပမ်းလုံးနေရင်
သေချာပါတယ် အချိန်သာကုန်သွာမယ်

ဘာမှ အကောင်အထည်ပေါ်မှာမဟုတ်ဘူးဗျ

အဲ့လိုဖြစ်လေ့ရှိရင်
- အတွေးတွေကို ချရေး list တစ်ခုရလာမယ်
- ပြီးရင် အဖြစ်နိုင်ဆုံး ၃ ခုကိုရွေး
- ကျန်တာတွေ ခြစ်ပြစ်
- ၃ ခုထဲက တစ်ခုအရင် စလုပ်ကြည့်
- အချိန်အတိုင်းအတာသတ်မှတ်
- ပြ်ီးရင် ပြန် စမ်းစစ်
- အလုပ်မဖြစ်ရင် နောက်တစ်မျိုးလုပ်

အချိန်ဆိုတာ ကျနော်တိုတွေးနေလိုရပ်မသွားဘူး
ကျနော်တိုသာ တွေးနေလို ရပ်သွားတာ

အလုပ်နဲ့ result ကိုဖော်ဆောင်ပါမိတ်ဆွေ
18👍6
Knowledge ရချင်ရင်
မဖတ်ဖူးသေးတာတွေဖတ်ကြည့်

Confidence ရချင်ရင်
မလုပ်ဖူးသေးတာတွေလုပ်ကြည့်

အမြင်သစ်ရချင်ရင်
မသိသေးတဲ့သူတွေနဲ့စကားပြောကြည့်
20
မရှိခင်ချွေတာပါ
ရှိလာရင် စည်းကမ်းရှိပါ
ငွေရှာပြီး မချွေတာ စည်းကမ်းမရှိရင် ဘယ်လောက်ပဲရှာရှာ မကြီးပွါးဘူး ။
22
ပျင်းပြီးဘာလုပ်ရမလဲမသိရင်
ကိုယ့်ကိုယ်တည်ဆောက်ပါ

- စိတ် အတွက်စာဖတ်ပါ
- ခန္ဓာ အတွက် လေ့ကျင့်ခန်းလုပ်ပါ
- ငွေးကြေးအတွက်
စီးပွားရေးတစ်ခုခု လေ့လာပြီးလုပ်ကြည့်ပါ

ဒါတွေလုပ်နေရင် ပျင်းပါဆိုရင်တောင်
ပျင်းဖို့အချိန်မရဘူး 😁

ကိုယ်အတွက် အခုအချိန်
ခက်ခဲတာတွေကိုလုပ်ရင်

နောင်တစ်ချိန်ဘဝက
အေးဆေးဖြစ်လာလိမ့်မယ်
28👍3
မြန်မာပြည်က လူငယ်တွေ
Professional တွေ တော်ကြပါတယ်

Skill တွေရှိကြတယ်
ဒါပေမဲ့ မေးစရာရှိတာက

ဘာလို တချိုကပဲ ထူးထူးခြားခြား
အောင်မြင်ပြီး တချိုက
တစ်နေရာတည်းမှာ လည်နေတာလဲ?

အခုခေတ် အခြေအနေအရ
အခက်အခဲတွေ ရှိတာ မှန်ပေမဲ့၊

ကိုယ်တိုင် ပြုပြင်လိုရမယ့်
"Missing Pieces" ၃ ခု ရှိနေပါတယ်

ဒီအချက်တွေကို မပြင်နိုင်သရွေ့
ဘယ်လောက်ပဲ ကြိုးစားကြိုးစား
"Rate of Return" နည်းနေဦးမှာပါပဲ
6
1. Input များပြီး Output နည်းနေတာ
(Information Obesity)

အခုခေတ်က
Learning Resource တွေ
ပေါလွန်းတယ်

သင်တန်းတွေ တက်တယ် YouTube ကြည့်တယ်
PDF တွေ ဒေါင်းထားတယ်

ဒါပေမဲ့ ပြဿနာက
"Consumption Mode" မှာပဲ ရပ်နေတာ

"ငါ လေ့လာနေတယ်" ဆိုတဲ့
ခံစားချက်နဲ့ ကျေနပ်နေတတ်ကြတယ်

တကယ်တော့ Information ကနေ
Knowledge ပြောင်းတဲ့အဆင့်ပဲ ရှိသေးတယ်

Action ကနေ → Experience အဆင့်
မရောက်မချင်း ဒါက အလကားပဲ


ဒီတော့ လုပ်ရမှာက
20% လေ့လာရင် 80% ပြန်ဖန်တီးပါ

ဥပမာ Code ရေးသင်နေရင်
Tutorial ကြည့်ရုံမနေနဲ့၊
Project တစ်ခုခု စရေးပါ

Design သင်နေရင် ပုံစမ်းဆွဲပါ

Start taking actions
8👍2
2. Consistency မရှိဘဲ Shortcut ကိုရှာနေတာ

မြန်မာလူငယ်အများစု
(including me sometimes) မှာ ရှိတဲ့
အားနည်းချက်က စိတ်မြန်တာပါ

၁ လ၊ ၂ လ လောက် လုပ်ကြည့်လို
ရလဒ်မတွေ့ရင် စိတ်ဓာတ်ကျပြီး
နောက်လမ်းကြောင်းတစ်ခု
ပြောင်းသွားတတ်ကြတယ်


"Overnight Success" ကို မျှော်လင့်နေတာ

တကယ်တော့ results မြင်ရဖို အနဲဆုံး
6 months လောက် consistency ရှိဖိုလိုတယ်

အများစုက ရေကို ၉၉ ဒီဂရီအထိ
ကြိုထားပြီး ၁၀၀ မရောက်ခင်
မီးပိတ်လိုက်သလို ဖြစ်နေတယ်
ဆက်လုပ်မှရလာမယ့်အရာအတွက်
ရပ်လိုက်ရင် ဘာမှဖြစ်မလာနိုင်ဘူး


နေ့တိုင်း နည်းနည်းချင်းစီ ပုံမှန်သွားတာက
ရပ်လိုက်၊ နားလိုက် သွားတာထက်
ပိုခရီးရောက်ပါတယ်
9
3. Soft Skills & Personal Branding ကို မေ့နေကြတာ

Hard Skill (Technical Skill) က
အလုပ်ရစေပါတယ်၊ ဒါပေမဲ့ Soft Skill ကမှ
ရာထူးတိုးစေတာပါ

တချိုက အလုပ်အရမ်းတော်ပေမဲ့
ကိုယ့် အရည်အချင်ကို
ဘယ်လို Present လုပ်ရမလဲ၊

လူတွေနဲ့ ဘယ်လို Communication
လုပ်ရမလဲ အားနည်းကြတယ်

မိုးမွှန်အောင်တော်နေပါစေ
လူမသိရင် ဘာမှဖြစ်မလာနိုင်ဘူး

"ငါ့အလုပ် ငါလုပ်ရင် လူသိလာမှာပါ" လို
ထင်နေရင်မှားသွားမယ်

အခုခေတ်က "Attention Economy" ဖြစ်နေပြီ
ကိုယ် ဘာလုပ်တတ်လဲဆိုတာ
လူတွေက မသိရင် အခွင့်အရေးတွေ ဆုံးရှုးမှာပါ

ဒီတော့ Technical Skill ဖြည့်သလိုပဲ
Communication, Negotiation နဲ့
Digital Writing skill တွေကိုပါ ဖြည့်ပါ

LinkedIn သိုမဟုတ်
Social Media တစ်ခုခုမှာ
ကိုယ့်ရဲ့ ဘာလုပ်နိုင်တယ်ဆိုတာကို ချပြပါ
journey ကို share ပါ
knowledge တွေမျှဝေပါ

ဒီနည်းနဲ့ အခွင့်အလမ်းတွေကို
ပိုဖိတ်ခေါ်နိုင်ပါတယ်

မြန်မာပြည်က လူတွေမှာ မရှိတာ
"အရည်အချင်း" မဟုတ်ပါဘူး
မရှိတာက "System" နဲ့ "Discipline" ပါ

အခြေအနေတွေ ကောင်းလာဖို
ထိုင်စောင့်မနေပါနဲ့

External Factors တွေကို
Control လုပ်လိုမရပေမဲ့ ကိုယ့်ရဲ့
Mindset, Habit နဲ့ Daily Action တွေကို
Control လုပ်လိုရပါတယ်

Start fixing these gaps today.
11👍2