V Tech Guide
7.11K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
ပြဿနာတွေ ၊ stress တွေ မရှိရဘူးလို တွေးတာကိုက ပြဿနာပါ ။

ဒါက ကလေးဆန်တဲ့ စိတ်ကူးယဥ် fantasy ပါ ။

မိုးရာသီထဲ မိုးရွာမယ်လို ကြိုတွေးထားခြင်းက
အဆိုးမြင်ဝါဒ မဟုတ်ပါဘူး ။

ကြိုတွေးထားလို တကယ် ရွာတဲ့အခါလည်း
စိတ်ထိခိုက်စရာ မရှိတော့ပါဘူး ။

အဲ့လိုပဲ အလုပ်တွေ လုပ်တဲ့အခါ
လိုအပ်တဲ့ ပြဿနာလေးတွေ အခက်အခဲလေးတွေ
ရှိရင် ရှိလာမယ် ၊

ရှိလာရင် ရအောင် ဖြေရှင်းမယ် ၊ ဖြေရှင်းနိုင်တယ်လို ကြိုတွေးထားရင်

တကယ် ဖြစ်တဲ့အခါ အရမ်း တုန်လှုပ်စိတ်ညစ်တာတွေ
မဖြစ်တော့ပါဘူး ။

ပိုလိုလည်း တည်ငြိမ် အေးဆေးနေပါမယ် ။
15👍2
Emotional intelligence
တကယ်မြင့်သွားရင်

အာရုံနောက်တာနဲ့
တန်း block လိုက်ရော 😁

ဘာမှကိုတွေးမနေတော့ဘူး
👍13💯1
ငါအခုအဆင်သင်မဖြစ်သေးဘူး
အဆင်သင့်ဖြစ်မှစတော့မယ်

ဒီစကားတွေပြောဖူးကြ
ကြားဖူးကြမယ်ထင်ပါတယ်

တကယ်တော့အဆင်သင့်ဖြစ်တဲ့
အချိန်ဆိုတာ ကျနော်တိုစိတ်က
သတ်မှတ်လိုက်တဲ့အချိန်ပဲ

ဆုံးဖြတ်ချက်ချလိုဖိုပဲလိုတာ

မှားရင်သင်ခန်းစာ မှန်ရင်အမြတ်ပေါ့

အချိန်ဆွဲနေလိုဘာမှမထူးဘူး
ဘဝကထင်သလောက်မရှင်္ညဘူး
အချိန်နဲနဲပဲဆွဲ 😁
19
ဖုန်းတွေကိုပဲ update မလုပ်ပါနဲ့ 🤳🏻
ကိုယ့်ကိုယ်ကို လဲ update လုပ်ပါ

ကာယဗလ ( Physical OS ) ကို update လုပ်ဖို
- လေ့ကျင့်ခန်းလုပ်
- diet စား
- အိပ်ရေးဝအောင်အိပ်

ဉာဏဗလ ( Mental OS ) ကို update လုပ်ဖို
- စာအုပ်တွေဖတ်
- podcast တွေနားထောင်
- youtube video တွေကြည့်

မိတ္တဗလ ( Connection OS )ကို update လုပ်ဖို
- community တွေ join
- သင်တန်းတွေတက်
- စိတ်တူကိုယ်တူရှိသူတွေနဲ့ပေါင်း

ဘောဂဗလ ( Wealth OS ) ကို update လုပ်ဖို
- second income တည်ဆောက်
- skill အသစ်တွေသင်ယူ
- အချိန်ပိုထွက်လာစေမယ့်
tools တွေမှာ invest လုပ်

စာရိတ္တဗလ ( Habit OS )ကို update လုပ်ဖို
- အကျင့်ကောင်းတွေမွေးမြူ
- အချိန်စီမံမှုကောင်းအောင်လုပ်
- စိတ်နဲ့ ခန္ဓာကို control လုပ်နိုင်မယ့်
အကျင့်တွေကိုနေ့စဉ်အချိန်ပေး

Your better version is waiting for you
28
လုပ်ငန်းခွင်မှာ သိမ်ငယ်မှု မရှိအောင်

လုပ်ငန်းခွင်အတွင်းမှာ ကျွမ်းကျင်မှု မရှိသေးတဲ့အခါမှာဆိုရင် သိမ်ငယ်စိတ်ကို ဝင်စေတတ်ပါတယ်။

ကျနော်တိုအနေနဲ့ စစခြင်းမှာဆိုရင် အရာအားလုံးကို ကျွမ်းကျင်နေဖိုဆိုတာ မဖြစ်နိုင်ဘူး။

ဒါကြောင့် အခိုက်အတန့်တစ်ခု အနေနဲ့ကတော့ သိမ်ငယ်စိတ်ကို မဖြစ်မနေ ခံရပါတယ်။

ဒီစိတ်ကို ပျောက်ဖိုဆိုရင်
တကယ်ကျွမ်းကျင်လာအောင် အမြန်လုပ်ဖို လိုတယ်။

ကျွမ်းကျင်လာအောင် လုပ်ဖြစ်သွားဖို လုပ်နိုင်လာဖိုဆိုရင် Growth Mindset ရှိဖို လိုပါတယ်။

Growth Mindset ဆိုတာမျိုးက

အရာတစ်ခုနှင့် ကြုံလာတဲ့အခါ ၊
အခက်အခဲ တစ်ခု ကြုံလာတဲ့အခါ ၊
ကိုယ်ရဲ့ နယ်ပယ်မဟုတ်လို မသိတဲ့အခါ ၊
စစချင်း ကာလတွေမှာမလို မသိသေးတဲ့အခါ

ဒီလို ကိုယ့်ရဲ့ သက်သောင့်သက်သာ လုပ်နေကျတွေထက် ပိုပြီး အားထုတ်စရာတွေရှိလာတဲ့အခါ

ဒီအရာကို ငါတကယ်အချိန်ပေးမယ် ၊ energy တွေ ပေးမယ် လုပ်ဆောင်မယ်ဆိုရင် ကောင်းလာနိုင်တယ်လို ယုံကြည်တဲ့ စိတ်ထားကို ဆိုလိုပါတယ်။

မြင်လွယ်တဲ့ ဥပမာဆိုရင်
နွားနဲ့လှည်းကိုပဲ အမြဲမောင်းနေကျ တောက ဦးလေးကြီးတစ်ယောက်က

သူအနေနဲ့ ကားမောင်းစရာ ကိစ္စတွေ ပေါ်လာတဲ့အခါ

" ငါ့အနေနဲ့ တောမှာ မွေးခဲ့လို ၊ နွားလှည်းကိုပဲ အမြဲမောင်းနေခဲ့တာမလို ၊ စက်အကြောင်းတွေကို နားမလည်လို

ငါအနေနဲ့ ကားမောင်းတတ်လာဖိုဆိုတာ လုံးဝမဖြစ်နိုင်ဘူး " လို တွေးလိုက်ခြင်းက Growth Mindset မရှိဘူးလို ပြောရဝယ် ။

Growth Mindset ရှိတဲ့ ဦးလေးကြီးဆိုရင်

" သြော်...ငါ့အနေနဲ့ တောမှာ မွေးခဲ့လို နွားလှည်းကိုပဲ မောင်းတတ်ပေမယ့် ကားမောင်းတတ်ဖိုဆိုတာ

သေချာသင်မယ် ၊ သေချာအချိန်ပေးပြီး လုပ်မယ်ဆိုရင် ငါ့အနေနဲ့ ဖြစ်နိုင်တယ် " ဆိုတဲ့ စိတ်ထားနိုင်ခြင်းကို Growth Mindset ရှိတယ်လို ခေါ်တယ်။

လုပ်ငန်းခွင်အတွင်းမှာဆိုရင် ကျနော်တိုမှာ မကျွမ်းကျင်တဲ့ အရာတွေ သင်ယူစရာတွေ အရမ်းများပါတယ်။

ဒါကြောင့် တိုးတက်ချင်တဲ့သူတွေအတွက် Growth Mindset က မဖြစ်မနေ ရှိဖိုလိုပါတယ်။
14
ယခု တင်နေတဲ့ ပိုစ့်များသည် ကိုယ်တိုင်ရေးထားခြင်းမဟုတ်ပါ၊
ကိုယ်တိုင်ကြိုက်လို့ ပြန်လည်ဖော်ပြပေးနေခြင်းဖြစ်ပါတယ်။

မိတ်ဆွေများအားလုံးအကျိုးများနိုင်ကြပါစေ။
32
V Tech Guide pinned «ယခု တင်နေတဲ့ ပိုစ့်များသည် ကိုယ်တိုင်ရေးထားခြင်းမဟုတ်ပါ၊ ကိုယ်တိုင်ကြိုက်လို့ ပြန်လည်ဖော်ပြပေးနေခြင်းဖြစ်ပါတယ်။ မိတ်ဆွေများအားလုံးအကျိုးများနိုင်ကြပါစေ။»
ကိုယ်ဘာလိုချင်လဲမသိသေးရင်
ကိုယ်ဘာတွေမလိုချင်ဘူးလဲအရင်ရှာလိုက်

ဥပမာ
- ငါမဆင်းရဲချင်ဘူး
- အနှိမ်မခံချင်ဘူး
- နေပူထဲမလုပ်ချင်ဘူး
- လူတွေကို မလိမ်ချင်ဘူး
- ပင်ပန်းတာမလုပ်ချင်ဘူး
- ဝန်ထမ်းမလုပ်ချင်ဘူး
- ဈေးမရောင်းချင်ဘူး
- မျက်နှာမပြချင်ဘူး
- ပွဲစားမလုပ်ချင်ဘူး

စသည်ဖြင့်ပေါ့ ကိုယ်မလုပ်ချင်တာတွေကြီး
အကုန်ချရေးလိုက်

ဒါဆိုဒါတွေမဖြစ်အောင်ငါဘာလုပ်ရမလဲ
ဆိုတာစဉ်းစားရတာလွယ်သွားလိမ့်မယ်
23
ငါများတစ်ခုခုမှားနေလားဆိုပြီး
ကိုယ့်ကိုယ်ကိုလိုက် ပြုပြင်ခဲ့ဖူးတယ်

တကယ်တော့ကိုယ်က
ပျက်စီးနေတာမဟုတ်ပါဘူး

ဟန်ဆောင်နေရတာတွေများလို
ပင်ပန်းနွမ်းနယ်နေတာ

သူများတွေလက်ခံလာဖို
"ပိုကောင်းအောင်" ဆိုတဲ့ခေါင်းစဉ်အောက်မှာ

ကိုယ်မကြိုက်တာတွေလုပ်နေတာတွေ
ရပ်လိုက်မှ ကိုယ့်ကိုယ်ကိုပြန်တွေတော့တယ်

* ကိုယ့်ရဲ့အားသာချက်ရော၊
အားနည်းချက်တွေကိုပါ
အမှန်အတိုင်းလက်ခံဖိုကြိုးစားပါ

ကိုယ့်ကိုယ်ကိုယ် သူများကြိုက်လာဖို
ပြုပြင်ဖိုကြိုးစားနေမယ့်အစား

ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားပြီး
ချစ်ခင်တဲ့အခါဘဝက ပိုပြီးလွယ်ကူ၊
ပေါ့ပါးလွတ်လပ်လာပါလိမ့်မယ်
21
ဘယ်လောက်ပဲ မွေးရာပါ

ပါရမီရှိနေပါစေ

အားစိုက်ထုတ်မှု မရှိရင်

ဘာမှဖြစ်လာမှာမဟုတ်ဘူး

ပါရမီပါပြီး ပျင်းနေသူထက်

ပါရမီမပါပဲ ပုံမှန်ကြိုးစားတဲ့ သူက

အမြဲ လိုလို သာနေဦးမှာပါပဲ 🤘🏻
20
ဉာဏ်ကောင်းရင် စိတ်ရှည်ဖိုခက်တယ်

သူ့အတွက်လွယ်နေတဲ့အရာတွေကို
ခက်ခက်ခဲခဲလုပ်နေတာမြင်ရင်
စိတ်တိုတာပုံမှန်ပဲ

ဒါကြောင့် ဉာဏ်တကယ်ကောင်းရင်
တရားထိုင်ဖိုလိုတယ်

သူများတုံးအမှုအတွက် ကိုယ့်ကိုယ်ကို
ပင်ပန်းဆင်းရဲအောင် ဒေါသနဲ့ မညှဉ်းဆဲနေမိဖို

စိတ်ကိုထိန်းနိုင်ဖို တရားထိုင်ဖိုလိုတယ်
ကိုယ့်ကိုယ်ကိုချစ်ရင်တရားထိုင်ဖိုလိုတယ်

ဘာသာရေးအရမလုပ်ရင်တောင်
စိတ်ကိုလေ့ကျင့်ခန်းလုပ်သလို

အထိန်းအကွပ်ရှိအောင်လေ့ကျင့်ဖိုလိုတယ်
31
Life hack

- ၁ လကို ကုန်ကျစရိတ်ဘယ်လောက်ရှိလဲ
အတိအကျတွက်

- ၆ လ ထိုင်စားလိုရတဲ့ Amount ရတဲ့ထိစု

- နောက်လတွေမှာ ဝင်တဲ့ဝင်ငွေရဲ့
50% ကို ဝင်ငွေပိုဝင်ပြီး အလုပ်မြန်မြန်ပြီးစေမယ့်
ပညာနဲ့ technology တွေမှာ invest လုပ်

- တတ်လာတဲ့ပညာတွေနဲ့
ဝင်ငွေ double ဖြစ်လာရင် နောက် level တက်ဖို
repeat the process 👀
16🔥6
ကိုယ်လုပ်နေတဲ့အလုပ်ကို

မိဘက ၁၀၀% support ပေးရင်
သင်ဟာသိပ်ကိုကံကောင်းတဲ့သူဖြစ်တယ်

- တချိုက မိဘကသဘောမတူဘူး ( ၀ % )

- တချိုက မိဘက ပိုက်ဆံတော့ ထုတ်ပေးတယ်သိပ်အကြိုက်ကြီးမဟုတ်ဘူး ( ၅၀ % )

- တချိုက ပိုက်ဆံလဲထုတ်တယ်
ဂုဏ်လဲယူတယ် ကိုယ်တိုင်လဲ
ပါဝင်ကူညီတယ် ( ၁၀၀ % )

အများစုကတော့ ကံမကောင်းကြဘူး

မိဘတွေမှာလဲ မိဘအတ္တလေးတွေရှိတော့

သူတိုလိုချင်တာ လုပ်ချင်တာ
ဖြစ်ချင်တာမလုပ်ရင်

သားသမီးဆိုးလို
သတ်မှတ်ကြတာလဲရှိသေးတယ်

အရေးကြီးတာတော့ communication ပဲ

Communicate လုပ်နိုင်ဖို ၂ ဖက်လုံးက
နားထောင်တတ်တဲ့နားရော
ပြောတတ်တဲ့ပါးစပ်တွေရောလိုတယ်

ကံကောင်းလာဖိုဆုမတောင်းပါနဲ့
ကံကောင်းလာဖို ကြိုးစားယူပါ 🙏🏻
11🔥5
1) ဘာမဆို ဖြေရှင်းပေးနိုင်တဲ့ Chatgpt.com
2) အသံကို စာသားပြောင်းပေးတဲ့ RecCloud.com
3) ပန်းချီပုံတွေ ဖန်တီးပေးနိုင်တဲ့ MidJourney.com
4) ကုဒ်ရေးပြီး အလုပ်လုပ်ပေးတဲ့ Replit.com
5) AI ဗီဒီယိုတွေ ဖန်တီးပေးတဲ့ Synthesia.ai
6) စက္ကန့်ပိုင်းအတွင်း သီချင်းဖန်တီးပေးတဲ့ Soundraw.io
7) စာသားကို ဗီဒီယိုတွေအဖြစ် ပြောင်းပေးတဲ့ Fliki.ai
8 ) AI ပုံတူတွေ ဖန်တီးပေးတဲ့ Starry.ai
9) ဓာတ်ပုံတွေကို မြန်မြန်ပြင်ဆင်ပေးတဲ့ PicWish.com
10) Presentation တွေ ပြုလုပ်ပေးတဲ့ SlidesAI.io
Thank me later!!
33
လူတွေခန့်မှန်းလိုမရအောင်
နေတာကောင်းတယ်

ပုံမှန်လူတွေက ဒါဖြစ်ရင်ဒါလုပ်
ဒီလမ်းလျှောက်ဒီရောက်
စတဲ့ ရိုးရှင်းတဲ့ပုံစံနဲ့သွားတယ်

တကယ်တော့ အဲ့ဒီလို ပုံစံခွက်ကြီးနဲ့
သွားရမယ်လို ဘယ်သူမှ
ဥပဒေမထုတ်ထားဘူး

ပုံစံခွက်ထဲကကွဲထွက်အောင်လုပ်ပြီး
အောင်မြင်နေတဲ့သူတွေ
ပတ်ဝန်းကျင်မှာမှ အများကြီး

သီချင်းဆိုတဲ့ ဆရာဝန်
မင်းသားလုပ်တဲ့ rapper
Coffee ဆိုင်ဖွင့်တဲ့ engineer
အဝတ်ရောင်းတဲ့ DJ
Public speaking ပြောတဲ့ Tech သမား

ကိုယ့်ကိုယ်ကို ဘောင်ခတ်မထားရင်
သွားလိုရတဲ့လမ်းတွေမှအများကြီး

အရေးကြီးတာ ကိုယ်လုပ်တဲ့နယ်ပယ်မှာ
အဖြစ်ရှိအောင်လုပ်ဖိုပဲလိုတယ်

မထူးဇာတ်ခင်းပြီး မကြိုက်တာကြီးကို
ဖျစ်ညှစ်ပြီး တစ်သက်လုံးလုပ်နေဖိုမလို

Be a paradox 🪄
15👍8🥰1
ဘယ်တော့မှ မရှုံးတဲ့
investment formula

( S + K + N ) x E = V

S - Skills
K - Knowledge
N - Network
E - Effort
V - Value

ကိုယ့်ရဲ့ skill , knowledge နဲ့
Network တွေအတွက်

လိုအပ်တဲ့ အားစိုက်ထုတ်မှုတွေ
Invest လုပ်လိုက်မယ်ဆိုရင်

Value ရှိတဲ့လူသားဖြစ်လာမယ်

ကိုယ့်ကိုယ်ကိုအတွက်
ရင်းနှီးမြှုပ်နှံလိုက်တာက
ဘယ်တော့မှ ရှုံးတယ်လိုမရှိဘူး
18👍1🔥1
လွန်ဆွဲနေတဲ့ စိတ်တွေကြောင့်
ဘယ်မှမရောက်ပဲဖြစ်နေတာများတယ်

အောင်မြင်ချင်စိတ်တော့ရှိတယ်
အသုံးမကျတဲ့ သူငယ်ချင်းတွေကိုလဲချစ်တယ်

စွန့်စားပြီး တခြားနိုင်ငံတွေသွားချင်တယ်
ကြည့်ရှူရမယ့် မိဘတွေကရှိနေတယ်

စိတ်ဝင်စားတယ်လုပ်ကြည့်ချင်တယ်
အခက်အခဲတွေ ခေါင်းစားတာတွေတော့မခံချင်ဘူး

အလုပ်ကောင်းကောင်းလိုချင်တယ်
အောက်ခြေကနေစဖို့မလုပ်ချင်ဘူး

အစရှိတဲ့ ပြောင်းပြန် အစွန်း ၂ဖက်
ဆွဲအားတွေကြောင့် စိတ်ပျက်ရရင်

လိုချင်မှုတိုင်းအတွက်
ပေးဆပ်မှုရှိမှရမယ်ဆိုတာသတိရပါ မိတ်ဆွေ
23
သူများတွေဘာထင်မလဲ
တွေးပူပြီးဘာမှသေချာမလုပ်ဖြစ်ဘူးဆိုတာ

တော်တော်အားယား အလုပ်မရှိ
ရည်ရွယ်ချက်မရှိ ပညာမရှိ

အားနေရင် သူများအကြောင်း
ထိုင်ပြောနေတတ်တဲ့
ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရလိုပဲ

တကယ်အလုပ်လုပ်တဲ့သူ
ရည်ရွယ်ချက်ကြီယတဲ့သူ
ပညာကြီးမားတဲ့သူတွေနားမှာနေကြည့်ရင်
သူတိုမှာ သူများဘာထင်မလဲ
တွေးမပူတာတွေ့ရလိမ့်မယ်

ကိုယ်က တွေးပူတတ်တဲ့ သူဆိုရင်
ကိုယ့်အတွက်ကိုယ်သာ တိုးတက်ဖိုသာ
သေချာအချိန်ပေးလိုက်
တွေးပူတာတွေလျော့လာမယ်
16
ဖုန်းကို ဘုရားလိုသုံးပြီး
ဘုရားကိုဖုန်းလိုသုံးတဲ့
ခေတ်ကြီးတောင်ရောက်လိုနေပြီ

ဖုန်းလေးကိုနေ့စဉ်အားသွင်းကြိုးနဲ့ဆွမ်းကပ်
လိုအပ်တာလေးတွေဖြည့်ဆည်းပေး
ကာဗာလေးတွေနဲ့ သေချာကိုင်
ဖုန်းမရှိရင် ဘဝက အဓိပ္ပာယ်မဲ့သလိုခံစား

ဘုရားကြတော့ လိုချင်တာရှိမှ
ဖုန်းလှမ်းဆက်သလိုလှမ်းတောင့်တတာမျိုး
👍328💯6
နောက်ကျောကိုဓါးနဲ့ထိုးခံဖူးရင်

ကျောလုံဖို သတိပိုထား
ကျောမာလာဖိုကျင့်

မဟုတ်ရင် ထိုးကောင်းမှန်းသိရင်
လူတွေက မကြာခဏလာထိုးလိမ့်မယ်

အဲ့ကြရင်သူတိုအမှားမဟုတ်တော့ဘူး
ကိုယ်ညံ့တာဖြစ်သွားပြီ
26
တစ်ခုခု လုပ်မယ်လို စိတ်ကူးတာက
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ

တစ်ခုခုလုပ်ဖို schedule လုပ်တာကလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ

Todo list ထဲမှာလုပ်စရာတွေထည့်တာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ

လူတွေကို ငါဒါလုပ်တယ်မယ်လိုပြောတာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ

သူငယ်ချင်းတွေကို ငါလုပ်ပြီလိုပြောတာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ

ဘယ်လိုလုပ်မယ်ဆိုတာကို လိုင်းပေါ်တင်တာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ

စ မလုပ်သေးတဲ့ ကိုယ့်ကိုယ်ကိုအပြစ်တင်တာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ

လုပ်ပြီးသွားတဲ့သူတွေကို မုန်းတာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ

ကြုံရမယ့်အခက်အခဲတွေကိုမုန်းတာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ

လုပ်ပြီးရင် ရလာမယ့် result ကိုတွေးတာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ

ဘယ်လိုလုပ်ရမလဲစာဖတ်တာကလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ

သူများဘယ်လိုလုပ်ခဲ့တာကို ဖတ်တာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ

တကယ်လုပ်ရမယ့်အရာကို အမှန်တကယ်လုပ်တာမှ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာပါမိတ်ဆွေ 🫰🏻
13