V Tech Guide
6.78K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
ထိုင်းနိုင်ငံကနေ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံကို အခမဲ့ဖုန်းခေါ်ဆိုခွင့်ပြု
001 800 001ကို ခေါ်ဆိုပြီး ထိုင်းဘာသာစကားနဲ့ အလိုအလျောက် ဖြေကြားသံ(IVR)ကြားရင် 009 95 နောက်ကနေ မိမိခေါ်ဆိုလိုတဲ့ ဖုန်းနံပါတ်ထည့်ပြီး ခေါ်ဆိုနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ညွှန်ကြားထား ပါတယ်။
ဘီဘီစီက စမ်းသပ်ခေါ်ဆိုချက်အရတော့ ဒီလမ်းညွှန်ချက်အတိုင်းခေါ်ဆိုလို့မရပေမဲ့ +959 နောက်က ခေါ်ဆိုလိုတဲ့ နံပါတ် ဖြည့်သွင်းခေါ်ဆိုရင် ဖုန်းခေါ်ဆိုခ ဖြတ်တောက်ခြင်းမရှိဘဲ ဖုန်းပြောနိုင်တာတွေ့ ရပါတယ်။
👍17🔥21
ရွှေဈေးငွေဈေးဒေါ်လာဈေး အပြောင်းအလဲများ ( 31ရက် မတ်လ၂၀၂၅ )

ကြည့်ရန်လင့်- https://t.me/VictorPriceZone/163
👍42
ပိုကူညီနိုင်ချင်ရင် ပိုအစွမ်းရှိအောင်လုပ်
ပိုအဖြစ်ရှိအောင် အကောင်အထည်ဖော်
ပိုထွန်းထွန်းပေါက်ပေါက်ဖြစ်အောင်လုပ်
ရှိနေတဲ့ knowledge တွေအသုံးချပြီး
Money , Connection , Code ,
Creativity skill တွေရှိလာအောင်သင်ယူ
အဖြစ်ပိုရှိရင် ပိုထိရောက်တဲ့
အကူအညီတွေပေးနိုင်လာမယ်
Don’t waste time. The world won’t wait for you.
14
#Outlook_mail ဆိုတာ ဘာပါလဲ?
Outlook Mail သည် Microsoft မှ ထုတ်လုပ်ထားသော အီးမေးလ်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး၊ လူသုံးများသော အီးမေးလ်ဝန်ဆောင်မှုများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ Outlook Mail ကို ကိုယ်ပိုင်အသုံးပြုရန်အတွက်သာမက၊ စီးပွားရေးလုပ်ငန်းများအတွက်ပါ အသုံးပြုနိုင်သည်။ အောက်တွင် Outlook Mail ၏ အဓိကလုပ်ဆောင်ချက်များနှင့် အသုံးပြုနည်းများကို အသေးစိတ်ရှင်းပြထားပါတယ်။
1. Outlook Mail ကို ဘယ်လိုစတင်သုံးမလဲ
- အကောင့်ဖွင့်ရန်: Outlook Mail ကို အသုံးပြုရန် Microsoft account တစ်ခုလိုအပ်ပါသည်။ သင်သည် Microsoft account ရှိပါက၊ [Outlook.com](https://outlook.com) သို့သွားပြီး အကောင့်ဝင်နိုင်သည်။ အကောင့်မရှိပါက၊ "Create account" ကိုနှိပ်ပြီး အကောင့်အသစ်ဖွင့်နိုင်သည်။
- အကောင့်ဝင်ခြင်း: အကောင့်ဖွင့်ပြီးပါက၊ သင့် email address နှင့် password ကိုအသုံးပြု၍ အကောင့်ဝင်နိုင်သည်။
2. Outlook Mail ၏ အဓိကလုပ်ဆောင်ချက်များ
- အီးမေးလ်ပို့ခြင်းနှင့်လက်ခံခြင်း: Outlook Mail ကို အီးမေးလ်များပို့ရန်၊ လက်ခံရန်၊ ဖတ်ရန်နှင့် စီမံခန့်ခွဲရန်အတွက် အသုံးပြုနိုင်သည်။
- ဖိုင်များချိတ်ဆက်ပို့ခြင်း: အီးမေးလ်များနှင့်အတူ ဖိုင်များကို attachment အဖြစ်ပို့နိုင်သည်။
- အီးမေးလ်စီမံခန့်ခွဲမှု: အီးမေးလ်များကို folder များဖြင့် စီမံခန့်ခွဲနိုင်သည်၊ လိုအပ်သောအီးမေးလ်များကို ရှာဖွေနိုင်သည်။
- ကြိုတင်သတ်မှတ်ခြင်း (Scheduling): အီးမေးလ်များကို ကြိုတင်ရေးသားပြီး သတ်မှတ်ထားသောအချိန်တွင် အလိုအလျောက်ပို့နိုင်သည်။
- အီးမေးလ်ဖျက်ခြင်း: မလိုအပ်သောအီးမေးလ်များကို ဖျက်နိုင်သည်။
3. Outlook Mail ၏ အခြားအသုံးဝင်သောလုပ်ဆောင်ချက်များ
- ကယ်လင်ဒါ (Calendar): Outlook Mail တွင် ကယ်လင်ဒါလုပ်ဆောင်ချက်ပါဝင်ပြီး၊ အစည်းအဝေးများ၊ မှတ်ချက်များကို စီစဉ်နိုင်သည်။
- လိပ်စာ စာအုပ် (Contacts): သင့်လိပ်စာများကို စီမံခန့်ခွဲနိုင်သော contacts list ပါဝင်သည်။
- တာဝန်များ (Tasks): တာဝန်များကို စာရင်းပြုစုပြီး စီမံခန့်ခွဲနိုင်သည်။
- OneDrive နှင့်ချိတ်ဆက်ခြင်း: OneDrive နှင့်ချိတ်ဆက်ပြီး ဖိုင်များကို သိမ်းဆည်းနိုင်သည်။
4. Outlook Mail ကို Mobile နှင့် Desktop တွင် အသုံးပြုနည်း
- Mobile App: Outlook Mail ကို Android နှင့် iOS အတွက် mobile app များဖြင့် အသုံးပြုနိုင်သည်။ App Store သို့မဟုတ် Google Play Store တွင် "Outlook" ကိုရှာပြီး download လုပ်နိုင်သည်။
- Desktop App: Outlook Mail ကို Microsoft Outlook desktop application ဖြင့်လည်း အသုံးပြုနိုင်သည်။ ဤ application ကို Microsoft Office suite တွင် ပါဝင်သည်။
5. Outlook Mail ၏ လုံခြုံရေးလုပ်ဆောင်ချက်များ
- Two-Factor Authentication (2FA): သင့်အကောင့်ကို ပိုမိုလုံခြုံစေရန် two-factor authentication ကို အသုံးပြုနိုင်သည်။
- Spam Filtering: Outlook Mail တွင် spam နှင့် phishing အီးမေးလ်များကို စစ်ထုတ်ပေးသော filter ပါဝင်သည်။
- Encryption: အီးမေးလ်များကို လုံခြုံစွာပို့နိုင်ရန် encryption ကို အသုံးပြုနိုင်သည်။
6. Outlook Mail ၏ အကျိုးကျေးဇူးများ
- အသုံးပြုရလွယ်ကူခြင်း: Outlook Mail ၏ interface သည် ရိုးရှင်းပြီး အသုံးပြုရလွယ်ကူသည်။
- အခမဲ့ဗားရှင်း: Outlook Mail ၏ အခြေခံဗားရှင်းကို အခမဲ့အသုံးပြုနိုင်သည်။
- Cloud Integration: OneDrive, Microsoft Teams စသည့် Microsoft ၏ အခြားဝန်ဆောင်မှုများနှင့် ချိတ်ဆက်အသုံးပြုနိုင်သည်။
7. Outlook Mail ၏ အားနည်းချက်များ
- Storage Limit: အခမဲ့ဗားရှင်းတွင် storage ပမာဏကန့်သတ်ထားသည်။
- Ads: အခမဲ့ဗားရှင်းတွင် ကြော်ငြာများပါဝင်နိုင်သည်။
Outlook Mail သည် လူသုံးများသော အီးမေးလ်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး၊ လုပ်ငန်းသုံးနှင့် ကိုယ်ပိုင်အသုံးပြုမှုများအတွက် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်သည်။
👍5
Ai tools အခု ၁၀၀၀ သိပြီး
ဘယ်နားသုံးရမှန်းမသိရင်ဘာမှ မထူးဘူး 😅
ကျနော်တကယ်အသုံးပြုပြီးတော့ နေ့စဉ် ကျနော့်ရဲ့ productivity ကို ၃ ဆ ပိုမြန်စေတဲ့ tools တွေပြောပါဆိုရင်
1️⃣ Notion Ai
ရှိသမျှ Daily Task , Team Management Content Management, Newsletter, Course Platform ကို Notion တစ်ခုတည်းမှာတင်အကုန်သုံးလို့ရတယ်
ဒီထက်ပိုကောင်းသွားတာက တစ်လကို $8 ပေးပြီး Notion Ai ယူလိုက်တဲ့ အချိန်မှာ browser ထဲကိုသွားပြီးရှာဖွေရတာသက်သာသွားတယ်
Email တွေ အလုပ်နဲ့ ပက်သက်တဲ့ စာအရှည်ကြီး ရေးရမှာတွေဆိုရင် Notion Ai ကိုရေးခိုင်းပြီး ကိုယ်ကနဲနဲပဲပြင်ရတော့တယ်
https://www.notion.so/product/ai
2️⃣ ChatPDF
စာအုပ်အသစ်တစ်အုပ်ဝယ်မဖတ်ခင် summary တွေလိုက်ဖတ်တာမျိုးလုပ်စရာမလိုတော့ဘူး
PDF file ကြီးကို ပေးပြီးတော့ စာအုပ်ကို မင်းဘာကောင်လဲ ဘာပြောမှာလဲ ဘာသင်ပေးမှာလဲ မေးလိုက်ယုံပဲ
ကြိုက်တယ်မိုက်တယ်ဆိုမှ စာအုပ်ကိုဝယ်တော့တယ်
နောက်တစ်ခုက ဖတ်ပြီးသားတွေမေ့မေ့သွားရင်လဲ
PDF file ကိုထည့်ပေးပြီးတော့ ဟေးရောင်ရေ မင်းအဲ့ဒါပြောထားတာဘယ်နားလေးလဲ ဘာကိုဆိုလိုတာလဲလို့ သွားမေးယုံပဲ 🤓
တစ်လ $5 ဆို တော်ယုံထူတဲ့ စာအုပ်လောက်ကတော့ မမှုဘူး research paper တွေဖတ်တဲ့အချိန်ဆို အဆင်ပြေချက်ပဲ
https://www.chatpdf.com
3️⃣ ChatGPT
လူတိုင်းနီးပါးသုံးနေလောက်ပြီထင်ပါတယ် ထွေထွေထူးထူးရှင်းပြစရာတောင်မလိုလောက်တော့ပါဘူး
ကျနော်ကတော့ ChatGPT နဲ့ လတ်တလောမှာ Ai Intern တွေခေါ်ပြီး ခိုင်းစားနေတယ်
တော်တော်များများသိပ်မသုံးတာက OpenAi ရဲ့ Playground အဲ့မှာ ကျတော်တို့ prompt testing တွေ အများကြီးလုပ်လို့ရတယ်
နောက်တစ်ခုက API , ကိုယ်သုံးသလောက်ပေးမယ်ဆိုပြီး Visa ကတ်နဲ့ချိတ်ထားတယ် ဒါပေမယ့် limit ထားထားလို့ရတယ်ဗျ
ကျနော်ဆို တစ်လ $5 limit ပြည့်ရင် notification ပို့ဖို့ settings ထားထားလိုက်တယ်
API ကိုဘယ်လိုသုံးလဲဆိုတော့ obsidian မှာ knowledge management လုပ်တဲ့ အခါမှာ
ကိုယ့်ရဲ့ data တွေပေါ် မူတည်ပြီး ဘာတွေသိသင့်တယ် ဘာတွေလေ့လာရမယ် ဆိုတာကို ရှာခိုင်းတာမှာသုံးတယ်
ဘယ်လို setup လုပ်ရမလဲသိချင်ရင် ဒီမှာကြည့်ပါ 🤗
https://notes.thelapyae.com/blog/obsidian-gpt-3-(-guide-)
4️⃣ Tome
ပေါ့ပေါ့ပါးပါး နဲ့ ကိုယ့် idea ကို team ထဲက လူတွေပြောဖို့လောက်ဆို keynote slide ကြီးတွေလုပ်မနေတော့ဘူး
ဒီမှာပဲပေါ့ပေါ့ပါးပါး လိုချင်တဲ့ idea ကို ချပြလို့ရတယ် အကြိုက်ဆုံးကတော့ ဖုန်းမှာဆို instagram story , facebook story လို style မျိုးနဲ့ slide တွေပြရတော့
တော်တော်လေးကိုအဆင်ပြေတယ် idea ရှိပြီး design ဘယ်ကစရမလဲမသိရင် သူ့ရဲ့ Ai Feature နဲ့ design လဲလုပ်ခိုင်းလို့ရတယ်ဗျ
https://tome.app/
5️⃣ Perplexity
Search Engine ထဲမှာ Ai ရပြီးတော့ အချိုးပြေပြေ result ရတာထဲကဆို ဒီကောင်လေး သုံးဖြစ်နေတယ် အဓိက က သူဘယ် source ကနေယူတယ်ဆိုတာလေးပြပေးထားတော့ သွား check လို့ရတာလေးကြိုက်တယ် 👍
Bing က နဲနဲနှေးတယ်လို့ခံစားရတယ် ဖုန်းနဲ့သုံးရင် နဲနဲပူတယ် ဒီ perplexity ကတော့ တော်တော်လေးကို light weight ဖြစ်တယ်
နောက်ပိုင်း google က search engine မှာ Ai result ပါပါလာမယ်ဆိုရင်တော့ ပြောင်းသုံးဖြစ်ဦးမယ်တူပါတယ်
http://perplexity.ai
ထွက်သမျှ tools အကုန်လုံးသိ အကုန်လုံးသုံးစရာမလိုဘူးမိတ်ဆွေ
Ai ဆိုတာသင့်ကို ကူဖို့ရောက်လာတယ်လို့မှတ်ပါ
ဒီထက်အများကြီး အလုပ်တွေကို အချိန်တိုတွင်း ပြီးအောင်လုပ်နိုင်ပြီးတော့ မတရားချမ်းသာကြပါစေဗျာ
စေတနာများစွာဖြင့်
thelapyae
👍10
မေလကစပြီး ထိုင်းလာမယ်ဆိုရင် Arrival Card ကြိုဖြည့်ဖို့ မမေ့နဲ့...‼️

မေလ ၁ရက်နေ့ကစပြီး ထိုင်းနိုင်ငံကို လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်း ဘယ်လမ်းကြောင်းကပဲလာလာ Arrival Card ကြိုတင်ဖြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Arrival Card ကို Digital Arrival Card အဖြစ်ပြောင်းလဲသုံးစွဲသွားမှာဖြစ်ပြီး ယခင်ထိုင်းနိုင်ငံကိုဝင်ရောက်တဲ့အခါ ဖြည့်ရတဲ့ TM6 စာရွက်အစား Online စနစ်ကိုပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။

သတိပြုရမှာကတော့ ထိုင်းကိုမရောက်ခင် (၃)ရက်အတွင်း ကြိုတင်ဖြည့်သွင်းထားရပါမယ်။

Form ဖြည့်ဖို့အတွက် ဒီ website ကနေ ဝင်လို့ရပါတယ်။

Apply Here https://tdac.immigration.go.th

ဘာကိစ္စနဲ့ပဲလာလာ (ကျောင်း၊ အလည်၊ အလုပ်ကိစ္စ) ဖြည့်ရမှာဖြစ်ပြီး ဗီဇာကင်းလွတ်ခွင့်ရထားသူများလည်း ဖြည့်ရမှာဖြစ်ပါတယ်။

ဒါကြောင့် မေလ ၁ ရက်နေ့ကစပြီး ထိုင်းကိုလာမယ်ဆိုရင် လုံးဝ မေ့လို့မဖြစ်ပါဘူးနော်...။

#afteryouservice
#tdac #arrivalcard
#thailand
👍74
ထိုင်းကို ဘယ်လမ်းကပဲ ဝင်လာလာ
မေ (၁) ရက်နေ့ကစပြီး TDAC မဖြစ်မနေ ဖြည့်ရမည်။ ‼️
🇹🇭 ထိုင်းနိုင်ငံကို
▪️အလည်အပတ်ပဲဖြစ်ဖြစ်
▪️ကျောင်းနဲ့ပဲဖြစ်ဖြစ်
▪️ရေကြောင်းကပဲ လာလာ
▪️လေယာဉ်နဲ့ပဲ လာလာ
▪️ကားနဲ့ပဲ လာလာ
မေလ (၁) ရက်နေ့ကစပြီး Thailand Digital Arrival Card ဆိုတဲ့ TDAC ကို မဖြစ်မနေဖြည့်ရမှာဖြစ်ပါတယ်။
တစ်ယောက်ချင်းစီ ဖြည့်လည်း ရသလို အုပ်စုလိုက် အနေနှင့် ဖြည့်လည်း ရပါတယ်။📌📌
ဘယ်လိုဖြည့်ရမလဲ
1️⃣ ထိုင်းကို မဝင်ခင် (၃)ရက်အလိုမှာ ကြိုဖြည့်ထားရပါမယ်။
2️⃣ https://tdac.immigration.go.th ကို အရင် ဝင်ပါ။
3️⃣ Arrival Card ဆိုတာကို ရွေးပါ။
4️⃣ ပြီးရင် နာမည်၊ နိုင်ငံ၊ လူမျိုး၊ Passport Number စသဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ဖြည့်ရပါမယ်။
5️⃣ (၁) ယောက်နဲ့အထက် ဖြည့်မယ်ဆိုရင်တော့ Add ဆိုတာကို နှိပ်ပြီး အချက်အလက်တွေထပ်ဖြည့်ရမှာဖြစ်ပါတယ်။
6️⃣ ပြီးရင်တော့ အချက်အလက်တွေကို ပြန်စစ်ပြီး ပြင်ချင်တာရှိရင် Edit နဲ့ပြင်လို့ရပါတယ်။
7️⃣ အကုန်မှန်ပြီဆိုရင်တော့ Email Address ရိုက်ထည့်ပြီး Submit နှိပ်လို့ရပါပြီ။
8️⃣ ပြီးရင်တော့ ကိုယ့်ရဲ့ Email ထဲကို TDAC ကတ် ပြန်ပို့လာပေးမှာဖြစ်ပါတယ်။ ဒါဆိုရင် Print ထုတ်သွားလဲ ရသလို ဖုန်းထဲကနေပဲ Immigration မှာ ပြလဲ ရပါတယ်။
Video လေးနဲ့ကြည့်ချင်တဲ့ မိတ်ဆွေများအတွက်လည်း ဒီ Link မှာ ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။
https://www.facebook.com/share/r/15yT3nfqY8/?mibextid=wwXIfr
ကဲ ဒါဆိုရင်တော့ ထိုင်းကိုသွားမယ့်သူတွေ မေလ (၁) ရက်နေ့ကစပြီး မဖြစ်မနေ ဒါကိုဖြည့်ကြဖို့ မမေ့နဲ့နော်။ 📣📣
Credit ✍️
👍8
လူတိုင်းမှာဒုက္ခနဲ့တွေရင်
အားကိုးရှာပုံမတူဘူး

တရားရှိတဲ့သူကတရားအားကိုးတယ်
မိတ်ဆွေရှိတဲ့သူက မိတ်ဆွေအားကိုးတယ်
ပိုက်ဆံရှိတဲ့သူက ပိုက်ဆံအားကိုးတယ်
ဒေါသရှိတဲ့သူက ဒေါသအားကိုးတယ်

ရုပ်ဝတ္ထုဆိုင်ရာပြင်ပအရာတွေတော့
အားကိုးရှာရတယ်လွယ်တယ်

စိတ်နဲ့ပက်သက်တာကတော့
အားကိုးစရာသိပ်များများမရှိဘူး

ဒါကြောင့်မို့ ...

အရှင်ဘုရား တပည့်တော်တို့ကို

မပြောင်းလဲနိုင်တာတွေကိုလက်ခံနိုင်တဲ့
အမှန်မြင်သော ဘဝအမြင်

ပြောင်းလဲလို့ရတာတွေကို လုပ်ရဲတဲ့သတ္တိ

အကောင်းအဆိုးကို
ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိနဲ့ ပညာ

ပေးသနားတော်မူပါ 🙏🏻
👍62
Binance Charity ကနေ မြန်မာငလျင်အတွက် လှူဒါန်းမှု

ဒီလှူဒါန်းမှုမှာတော့ Binance ဟာသူ့အတွက်ရော မြန်မာပြည်က Binance user တွေအတွက်ပါ အကျိုးရှိစေမယ့် နည်းလမ်းကို အသုံးပြုခဲ့ရပါတယ်။

March လ 31 ရက်မတိုင်ခင် မြန်မာနိုင်ငံက နေ Binance ဖွင့်ထားတဲ့ သူတွေကို 5 $နဲ့ ညီမျှတဲ့ BNB ပေးနေပြီ ဖြစ်ပြီး KYC အောင်ထားဖို့တော့လိုပါတယ်။

Verify Plus ဖြစ်ထားတဲ့သူတွေအတွက် $ 50 နဲ့ ညီမျှတဲ့ BNB တွေ စတင် ဖြန့်ဖြူးပေးနေပြီပဲ ဖြစ်ပါတယ်။ Verify Plus ဆိုတာကတော့ POA (Proof of address) တင်ထားရတာဖြစ်ပြီး၊ Bank statements, meter Bills အစရှိသဖြင့် Binance ကနေ လက်ခံတဲ့ လိပ်စာပါတဲ့ သက်‌သေ စာရွက်ကို တင်ပေးရတာဖြစ်ပါတယ်။

KYC မအောင်ထားသေးဘူးဆိုရင်လည်း April 14 အထိ တင်လို့ရသေးတယ်လို့ ကြားမိသလို၊ အခုမှ POA တင်ရင် အကျုံးဝင်/မဝင် သေချာတဲ့ကြေညာချက် မတွေ့ရှိသေးပါ။

ဒီ လက်ဆောင်ကို ရယူဖို့အတွက်ဆိုရင်တော့ Reward Hub အထဲမှာ ဝင်ယူရမှာလည်း ဖြစ်ပါတယ်။ ပုံထဲမှာ ပြထားတဲ့အတိုင်း Reward Hub ကိုရောက်တာနဲ့ Voucher တွေ့ရင် တစ်ဆင့်ချင်း နှိပ်တာနဲ့ Asset ထဲက Spot wallet အထဲ တန်းရောက်သွားမှာ ဖြစ်ပါတယ်။

BNB ရမှာဖြစ်တာကြောင့် USDT လိုချင်ရင်တော့ Spot trade ကနေ ရောင်းတာ၊ Convert ကနေ လဲတာလုပ်လို့ရပါတယ်။
3👍1
စိတ်မကြည်နေတဲ့အချိန်မှာ
ဒီစကား(၅)ခွန်းကိုသတိရပါ
နံပါတ်(၁)
အရာအားလုံး
အချိန်တန်ရင်ပြီးသွားမှာပါ ... ။
နံပါတ်(၂)
အရာအားလုံးကအကောင်း
အတွက်ဖြစ်တည်လာတာပါ ... ။
နံပါတ်(၃)
ငါပင်ပန်းနေရုံလေးပါ
တရေးလောက်အိပ်လိုက်ရင်
ကောင်းသွားမှာပါ .. ။
နံပါတ(၄)
ငါကငါပဲ
သာလွန်နေတဲ့လူမဟုတ်သလို
ညံ့လွန်းတဲ့လူလည်းမဟုတ်ပါဘူး ။
နံပါတ်(၅)
ကိုယ့်ဥစ္စာမှန်ရင်
နောက်ဆုံးထိကိုယ့်ဥစ္စာပါပဲ
ကိုယ့်ဥစ္စာမမှန်ရင်
လုပ်ယူလို့လည်းမရပါဘူး
15👍2
Passion နောက်ကိုလိုက်လို့ပြောရင်
လူတွေက "ဝါသနာပါတာလုပ်"လို့ထင်ကြတယ်

Passion ဆိုတဲ့စကားလုံးရဲ့ မူရင်းက
Passio ဆိုတဲ့ Latin စကားလုံးကလာတယ်

Passio အဓိပ္ပာယ်ကတော့ suffering
(ဒုက္ခဆင်းရဲ) လို့အဓိပ္ပာယ်ရတယ်

ကိုယ်လိုချင်တာရဖို့အတွက်
ကိုယ့်အလိုကျဆင်းရဲဒုက္ခခံခြင်းလို့
အဓိပ္ပာယ်ဖွင့်လို့ရတယ်

အရေးကြီးတာ
၁. အရင်ဆုံးဘာလိုချင်လဲသိဖို့
၂. အဲ့အတွက် ဆင်းရဲဒုက္ခကျေကျေနပ်နပ်ကြီးခံဖို့ပဲ

မိတ်ဆွေရောဘဝမှာဘယ်အရာတွေအတွက်
ကြေကြေနပ်နပ်ကြီးဒုက္ခခံမလဲ ?
👍114
ဒီ Website ၁၀ခုသာ ကြိုသိခဲ့ရင် တော်တော်ကောင်းမယ်
- - - - - -
1. Snapdrop.net
ဒီ Websiteကတော့ ဘယ် Phone ဖြစ်ဖြစ် ဘယ် Deviceဘဲ ဖြစ်နေ File ကို ကြားခံမလိုဘဲ Share နိုင်ပါတယ်
ကြိုးလည်းမလိုဘူး Zapyaလည်းမလိုဘူး Same Wifiဖြစ်နေရင် ကြိုက်ရာ File - Data - Picture - Videoကို လှမ်းပို့ပေးနိုင်ပါတယ်
သုံးပုံ သုံးနည်းလည်း အရမ်းရိုးရှင်းပြီး အလွယ်ကူဆုံး File Shareလုပ်နိုင်တဲ့ Websiteလည်းဖြစ်ပါတယ်
2. Kamua.com
ခုလို Tiktokတွေ Instagram Reelsတွေ Youtube Shortsတွေ ခေတ်စားနေချိန်မှာ အများဆုံး 16:9 Aspect Ratioနဲ့ ရိုက်ကြပြီး Reelsတို့ဘာတို့မှာ တင်မယ်ဆို 9:16 Aspect Ratio နဲ့ ရိုက်ရကြပါတယ်
ဒါကြောင့် ဒါလေးကတော့ ပြန်ပြီး ရိုက်နေစရာ မလိုဘဲ ရှိတဲ့ 16:9 Ratio Video ကို 9:16 ပြန်ပြောင်းပေးမယ့် Websiteလည်းဖြစ်ပါတယ်
Server Speedလည်းတော်တော်ကောင်းတော့ အချိန်တိုမှာဘဲ Video Upload & Download လုပ်နိုင်ပါတယ်
ကိုယ်ရဲ့ Internet Speed တော့ မြန်ဖို့ လိုမယ်နော်
_____________
3. remove.bg
ဒါလေးကတော့ Passportဓာတ်ပုံဖြစ်ဖြစ် Driver License - National Identity Card မျိုးစုံကို ဆိုင်တွေ သွားရောက် ရိုက်နေစရာ မလိုဘဲ
ကိုယ်ရိုက်ထားတဲ့ ပုံကို Background Remove လုပ်ပေးတဲ့ Website လေးဖြစ်ပါတယ်
_____________
4. earth.google.com
နိုင်ငံတကာ ပတ်နေစရာမလိုဘဲ Realityကို Virtual World လို ကြည့်ချင်နေရင် အကောင်းဆုံး ကြည့်ရှူလေ့လာနိုင်တဲ့ Google Earth Website ဖြစ်ပါတယ်
ကိုယ်ရောက်သွားသလို 2D 3Dနဲ့ ကြည့်ရှူနိုင်ပြီး ကိုယ်ရဲ့ Dream Country လေးကို ခဏသာ ကြည့်ပြီး သွားရောက်ဖို့ အတူကြိုးစားလိုက်ရ‌အောင်...
_____________
5. pdfescape.com
တစ်ခါတစ်လေ pdfမှာ editဖို့ လိုနေပေမယ့်လည်း Adobe Acrobatကြီး မရှိတဲ့ အချိန် အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလေးကို pdfescape ဖြစ်ပါတယ်
pdfescape က တစ်ဆင့် ကိုယ်လိုချင်တာတွေ ထည့်မယ် Signatureတွေထိုးမယ့် အများကြီး ထပ်မံ လုပ်လို့ရပါတယ်
_______
6. unsplash.com
High Resolution ဓာတ်ပုံများ Short Videoများအစားထိုးသုံးဖို့အတွက် သိန်းချီထဲက ကြိုက်နှစ်သက်ရာ ရွေးယူပြီး အသုံးပြုနိုင်ပါတယ်
အားလုံးနီးပါး Freeဆိုတော့ ဒို့မြန်မာတွေအတွက် အကြိုက်ပေါ့...!
_____________
7. app.grammarly.com
Email ပို့တာဖြစ်ဖြစ် နိုင်ငံခြား Supplier သို့မဟုတ် ဧည့်သည်တွေနဲ့ ပြောတာဖြစ်ဖြစ် ကိုယ်သုံးနေတဲ့ English စကားလုံးနဲ့ Grammar မှန်မမှန် စစ်ဆေးပေးတဲ့ Websiteဖြစ်ပါတယ်
တော်တော်များများလည်း အသုံးပြုကြပြီး ခုဆို"အများပြား Extension"တွေ တွဲသုံးနေကြပါတယ်
_____________
8. invideo.io
ကိုယ်ရဲ့ စီးပွားရေး ကိုယ်ရဲ့ Productတွေကို Professionalကျကျ ဆွဲဆောင်စရာ Videoပြုလုပ်လို့ရတဲ့ Website ဖြစ်ပါတယ်
သိန်းဂဏန်းပေးစရာမလိုဘဲ ကိုယ်ပိုင် Brand Stories Video ကို အခမဲ့ ဖန်တီးနို်ငပါတယ်
_____________
9. semrush.com
ဒီခေတ်မှာ အရမ်းလေ့လာရတဲ့ Competitorတွေရဲ့ Strategyကို လေ့လာနိုင်တဲ့ Websiteလေးဖြစ်ပါတယ်
မြန်မာနိုင်ငံမှာတော့ SEO Runတာ အရမ်းနည်းပြီး
Web Pageတွေဘဲ လေ့လာနိုင်မှာဆိုတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ရသူတွေအတွက် ဒီWebisteကတော့ ရွှေလို တန်ဖိုးရှိပါတယ်
_____________
10. urbandictionary.com
နေ့တိုင်းလိုလို Slang & Informal Wordsတွေ ထွက်နေတဲ့ "English Language"မှာ အသေးစိတ် အဓိပ္ပာယ်ကို ရှင်းပြပေးတဲ့ Educational Websiteကောင်းလေးဖြစ်ပါတယ်
#crd
24👍7
စိန်လည်း ကာဗွန်ပဲ
မီးသွေးလည်း ကာဗွန်ပါပဲ
ကာဗွန်ချင်း တူပေမဲ့
တန်ဖိုးချင်းကတော့ မတူဘူး
အဖိနှိပ်ခံ အပူပေးခံရတာများတော့
မလောင်ကျွမ်းပဲ
တောင့်ခံနိုင်တဲ့ သူက
စိန် ဖြစ်သွားတာပါပဲ
အပူနဲ့ ဖိအားကြောင့်
ကာဗွန်ဟာ စိန်ဖြစ်သွားတာပါ
အဲဒါကြောင့် အပူတွေ
ဖိအားတွေ လာရင်
စိတ်မပျက်ပါနဲ့
ငါ့ကို စိန်ဖြစ်အောင်
လုပ်ပေးမဲ့ အရာတွေပဲလို့
ပြုံးပြုံးလေး တောင့်ခံလိုက်စမ်းပါ
မကြာခင်ကာလမှာပဲ
စိန်ဖြစ်သွားပါလိမ့်မယ်
လိုက်ပြီး ခံစား
လောင်ကျွမ်း နေရင်တော့
မီးသွေးပဲ ဖြစ်သွားမှာပေါ့။
28👏2
ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်တာကြာလာတော့
ဒီ တန်ဖိုးရှိတဲ့ အချက်၁၀ချက်ကိုသိခဲ့ရတယ်၊

လုပ်ငန်းသစ်တစ်ခု စတင်ဖို့ စိတ်ကူးနေရင် ဒီအချက် ၁၀ ချက်က အထောက်အကူဖြစ်စေလိမ့်မယ်

၁. ရည်မှန်းချက် ကြီးကြီးထား၊ သေးသေးလေးနဲ့စမ်းသပ်

ကြီးကြီးမားမား တွေးပါ ဒါပေမယ့် စမ်းသပ်တာကတော့ သေးသေးလေးပဲ လုပ်ပါ၊ ကုန်ကျစရိတ်နည်းနည်းနဲ့ အရင်စမ်းကြည့်၊ အဆင်ပြေမှ တိုးချဲ့ ဒါမှ ရှုံးရင်လည်း နည်းနည်းပဲ ရှုံးမှာ။

၂. လူတိုင်း ပြောသမျှ နားမထောင်နဲ့၊ အချက်အလက်ကိုပဲ အခြေခံပြီးတော့ဆုံးဖြတ်

အများပြောတဲ့စကားတွေ အားလုံးကို နားမထောင်နဲ့ ကောလဟလနဲ့ ထင်မြင်ချက်တွေက အမှန် မဟုတ်ဘူး တကယ့်အချက်အလက်တွေကိုပဲ ယုံ၊ ကိန်းဂဏန်းတွေပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချ။

၃. ငွေမတောင်းခင် တန်ဖိုးအရင်ပေး

ကိုယ့်ရဲ့ ဝန်ဆောင်မှု တန်ဖိုးကို အရင်ဆုံး သက်သေပြ ငွေမတောင်းခင် တန်ဖိုးအရင်ပေး ဒါမှ ဖောက်သည်တွေ ယုံကြည်လာပြီး ကိုယ့်ကိုရွေးချယ်မှာပါ။

၄. နောက်ကျမယ်လို့ ကတိပေး၊ စောစောပြီးအောင် လုပ်ပြ

ဖောက်သည်တွေကို ကတိပေးရင် အချိန်နည်းနည်း ပိုယူထား ပြီးတော့ အဲဒီအချိန်ထက် စောပြီးလုပ်ပေး ဒါဆိုရင် သူတို့ ပိုပြီး ကျေနပ်လိမ့်မယ် မျှော်လင့်ထားတာထက် ပိုကောင်းရင် အဆင်ပြေတာပေါ့။

၅. ကိုယ့်ကိုကိုယ်သာကြော်ငြာ၊ တခြားသူတွေကိုသွားပြီးမနှိပ်ကွပ်မိစေနဲ့

ကိုယ့်ရဲ့ အားသာချက်တွေကို ပြော ဒါပေမယ့် တခြားသူတွေကို မထိခိုက်စေနဲ့ ပြိုင်ဘက်တွေကို အပြစ်မပြောနဲ့ ကိုယ့်ထုတ်ကုန်ရဲ့ အားသာချက်တွေပဲ ပြောပါ။

၆. မြန်မြန်သင်ယူ၊ ဖြည်းဖြည်းယုံကြည်

အသစ်အသစ်တွေ အမြဲသင်ယူနေ ဒါပေမယ့် လူတွေကို လွယ်လွယ်နဲ့ မယုံကြည်နဲ့ လက်တွေ့အကြိမ်ကြိမ်စစ်ဆေးပြီးမှ တဖြည်းဖြည်း ယုံကြည်မှုတည်ဆောက်။

၇. စောစောပေး၊ နောက်မှ တောင်းခံ

ကိုယ်က အရင်ဆုံး အကူအညီပေးပြီးမှ တောင်းခံ ဒါမှ ဆက်ဆံရေး ခိုင်မာမှာပါ။ တောင်းခံတာတွေချည်းပဲ မလုပ်နဲ့ ကိုယ်ကလည်း ပေးတတ်တဲ့သူဖြစ်ပါစေ။

၈. တခြားသူကို မြှင့်တင်ပေး၊ အပြစ်ရှာ စကားမပြောနဲ့

လုပ်ဖော်ကိုင်ဖက်တွေ၊ ဝန်ထမ်းတွေကို အမြဲမြှင့်တင်ပါ။ အပြစ်ရှာနေမယ့်အစား အားပေးစကားပြောပါ။ ချီးမွမ်းဖို့ မမေ့ပါနဲ့။ ဒါက အဖွဲ့အစည်းရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးပါတယ်။

၉. ကိုယ့်ကို မယုံကြည်တဲ့သူတွေကို ဂရုမစိုက်မနေနဲ့၊ ကိုယ့်ကိုယ်ကိုယ်သာ ယုံကြည်မှုထား

ကိုယ့်ရဲ့ စိတ်ကူးကို တခြားသူတွေက ယုံကြည်မှာ မဟုတ်ဘူး သူတို့မှာယုံကြည်ဖို့တာ၀န်လဲမရှိဘူး ဒီတော့ သူတို့စကားကို နားမထောင်နဲ့။ ကိုယ့် မျှော်မှန်းချက်ကို ဆက်လက်ထိန်းသိမ်းထား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။

၁၀. အမြဲတမ်း ဇွဲရှိ၊ ဘယ်တော့မှ မရပ်တန့်နဲ့

အခက်အခဲတွေ ရှိလာရင်တောင် မလျှော့နဲ့ ဆက်ကြိုးစားပါ မအောင်မြင်မချင်း မရပ်နဲ့ ဘယ်စီးပွားရေးမှ လွယ်လွယ်နဲ့ အောင်မြင်တာ မဟုတ်ပါဘူး ဇွဲသာ ရှိဖို့လိုပါတယ်။

ဒီအချက် ၁၀ ချက်ကို လိုက်နာနိုင်ရင် ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်း အောင်မြင်ဖို့ အခွင့်အလမ်းပိုများလာလိမ့်မယ်။

ဥာဏ်လင်းအောင်
11👍9
ရွေးချယ်မှုတိုင်းမှာ နောက်ကွယ်က
ရလာတဲ့အကျိုးဆက်တွေဆိုတာရှိတယ်

ပိုကောင်းတဲ့ အကျိုးဆက်တွေရဖို
ရွေးချယ်မှုပိုမှန်လာဖိုလိုတယ်

ရွေးချယ်မှုမှန်ကန်ဖို
စဉ်းစားပုံစဉ်းစားနည်း
ပြဿနာကိုချဉ်းကပ်နည်းတွေလိုတယ်

ဒါတွေကို သိရဖိုက
လေ့လာသင်ယူမှုတွေလုပ်ရတယ်

ဒါမြင်ရင်ဒါပဲလိုတရားသေမှတ်တာကနေ
အမြင်တွေပြောင်းနိုင်ဖိုသင်ယူပါ

နှစ်ဟောင်းမှာအလုပ်မဖြစ်တော့တဲ့
အတွေးအမြင်တွေကိုထားခဲ့ပြီး

နှစ်သစ်မှာ စိတ်ကျန်မာ ကိုယ်ချမ်းသာပြီး
မှန်ကန်သောရွေးချယ်မှုများလုပ်နိုင်ဖို

လေ့လာသင်ယူမှုများ
ကြိုးစားအားထုတ်နိုင်ကြပါစေခင်ဗျာ 🙏🏻
👍7🔥6
မလိုအပ်ပဲ စံစားချင်နေတာနဲ့
ခံစားချင်နေတာ လေးတွေသာရပ်လိုက်

ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို
အချိန်တွေရှာတွေ့လာလိမ့်မယ်
🔥124👍2
ဒေါသကြောင့် ဘယ်တော့မှ မပူလောင်စေနဲ့

အဲ့အစား အရင်ကထက် ပိုတော်
ပိုတတ် ပိုကျန်းမာ ပိုချမ်းသာ
ပိုအေးချမ်းအောင်နေလိုက်

ငါကိုဘာပြန်လုပ်မလဲ စိုးရိမ်နေချိန်
သူတိုကြောက်နေချိန် သတိထားပြီးနေရချိန်

ကိုယ်အေးချမ်းနေတာက အကောင်းဆုံးကလဲစားပဲ
15👍3
အားကျတယ်ဆိုပြီး
သူများလုပ်တွေတာကိုပဲထိုင်ကြည့်နေလို

ကိုယ့်အလုပ်တွေက
အလိုလိုပြီးသွားတာမဟုတ်ဘူးဗျ ဒီတော့

သူများကို အားကျနေရတဲ့ အတွက်
လက်ရှိမှာ ကိုယ်က သူများထက်
နောက်ကောက်ကျနေတာမိုတစ်ခါရှုးတယ်

အားကျနေရင်းနဲ့ ကိုယ်လုပ်ရမှာတွေကို
မလုပ်မိတဲ့အတွက် အနာဂတ်မှာ

ဖြစ်သင့်သလောက် ဖြစ်မလာနိုင်တဲ့အတွက်
တစ်ခါထပ်ပြီးရှုးတယ် 😮‍💨

ဒီတော့ အားကျနေတာနဲ့ အချိန်မကုန်ပဲ
ကိုယ်လုပ်ရမှာတွေကိုလဲ လုပ်ပါမိတ်ဆွေ
👍142
အတုတွေက အစစ်ထက်
ပိုကောင်းတယ်လိုထင်နေရတော့

အတုကိုတောင် လူတွေက
ပိုလိုကြိုက်နေကြသလိုပဲ 😁

ကျနော်ကတော့ old school ဆန်တယ်

ခုရေတွင်းတူး အခုရေကြည်သောက်
ဆိုတဲ့ အကွက်တွေကို သိပ်မယုံဘူး

အမြန်ပြီးတဲ့ Hack တွေထက်

အချိန်ယူပြီး တည်ဆောက်ရတဲ့
အတွေ့အကြုံနဲ့ system တွေကိုပိုယုံတယ်

Instant ဆိုမယုံလွန်းလို coffee တောင်
အစေ့ဝယ်ပြီး ကိုယ့်ဟာကို အပင်ပန်းခံ
အားကုန်ခံ အမှုန့်ကျိတ်သောက်တယ် 😁

အောင်မြင်မှုဆိုတာ ကြိုးစားမှုရဲ့
ရလဒ်ဖြစ်မှ အရသာရှိတာဗျ

ကံကောင်းလိုရလာတာ အရသာမရှိဘူး 😅

ခုချိန် ကြိုးစားမှုတွေကို မျိုးစေ့ချထားရင်
နောင်တစ်ချိန် အောင်မြင်မှုရဲ့
အသီးအပွင့်တွေကို ခံစားရပါမယ်မိတ်ဆွေ
19👍4👏2
သူများရဲ့ အတွေးအမြင်တွေကိုပဲ အမြဲလိုလို ကိုယ့်ခေါင်းထဲထည့်နေမယ်ဆိုရင် ကိုယ်ပိုင် အတွေးအခေါ်မရနိုင်ဘူးတဲ့ဗျ

ကျနော်ပြောတာမဟုတ်ဘူးနော် Arthur Schopenhauer ကပြောပြသွားတာ

နောက်ပြီးတော့ Constant Learning လုပ်တာကလဲ
ငတုံးတစ်ယောက်ဖြစ်သွားစေတယ်တဲ့ဗျ 😅

အမှန်အတိုင်းပြောရင် အစက သူပြောချင်တာကိုနားမလည်ဘူး လူတိုင်းက life long learner လုပ်ချင်နေကြတာကို သူက constant learning မလုပ်နဲ့ဆိုတော့

အဆန်းပါလားပေါ့ ပြီးမှ သေချာပြန်စဉ်းစားကြည့်တော့ ဟုတ်တယ်ဗျ တကယ်လို ကျနော်တိုတွေသာ သူများအတွေးအခေါ်တွေကို အဆက်မပြတ်

ကျနော်တိုဦးနှောက်ထဲကို ထည့်နေမယ်ဆိုရင် ဦးနှောက်က reasoning လိုခေါ်တဲ့ ဝေဖန်ပိုင်းခြား ဆုံးဖြတ်တာတွေမလုပ်တော့ပဲနဲ့

Memorized လိုခေါ်တဲ့ မှတ်တာတစ်ခုပဲလုပ်တော့မယ်ဆိုရင် သူပြောသလို ငတုံးဖြစ်သွားတာလဲဖြစ်နိုင်တာပဲလေ 😅

တစ်ရက်တစ်ရက် ကျနော်တိုတွေသုံးနေတဲ့ social media တွေ TV တွေ သီချင်းတွေကနေ သူများရဲ့ အတွေးအခေါ်အယူအဆတွေကို ရယူနေတာပါပဲ

ဒါတွေကို တတ်နိုင်သလောက်လျော့ရင် ကျနော်တိုအတွက် ကိုယ်ပိုင်အချိန် ပိုရလာမယ် ကိုယ်ပိုင်အချိန်ပိုရလာရင်

ကိုယ့်ဦးနှောက်က ဘယ်လိုဦးနှောက်ဆိုတာကို လေ့လာခွင့်ရလိမ့်မယ်

ဥပမာ - timer မိနစ် ၃၀ ပေးပြီးတော့ No Phone, No TV , No Books ဘာ input မှ မသွင်းပဲနဲ့ နေကြည့်ပါ

တရားထိုင်ဖိုပြောမဟုတ်ဘူးနော် ဒီတိုင်း ကိုယ့်ရဲ့ ဦးနှောက်နဲ့ ကိုယ် နှစ်ယောက်တည်းနေကြည့်ကြည့်

ဦးနှောက်က ဘာတွေတောင်းဆိုလဲဆိုတာ နားထောင်ကြည့်

- ဖုန်းပြန်ကိုင်ဖို ပြောနေတာလား
- ဟိုနားယား ဒီနားယားဖြစ်နေတာလား
- ဝမ်းနည်းအထီးကျန်လာတာလား
- ကာမဆန္ဒတွေပေါ်ပေါက်လာတာလား
- ဒေါသတွေထွက်လာတာလား
- အတိတ်ကိုပြန်သွားတာလား
- အနာဂါတ်ကိုသွားတာလား
- စိတ်ကူးယဉ်မိနေတာလား

အဲ့ဒါတွေက ကျနော်တို ဦးနှောက်ရဲ့ Default state တွေဗျ ဒါတွေကို ကျနော်တိုက တခြား data input တွေထည့်နေတော့ သူတိုက အောက်မှာမြုပ်နေတာ

ကိစ္စတစ်ခုကို လေးလေးနက်နက်စဉ်းစားဖိုဆိုတာဝေးရောဗျာ 😅 ဒီတော့ wisdom ဆိုတဲ့ အရာကထွက်လာစရာနေရာတောင်မရှိဘူး

ဒီတော့ ပိုကောင်းပိုတော် ပိုထက်မြက်တဲ့လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်

⭐️ တစ်ရက်ကို အနဲဆုံး ၁၅ မိနစ် ကိုယ့်ရဲ့ ဦးနှောက်နဲ့နေကြည့်ပါ

⭐️ ၁၅ မိနစ်ပြည့်ပြီးတာနဲ့ ကိုယ့်ရဲ့ အတွေးတွေကို စာရွက်နဲ့ ဘောပင်သုံးပြီး ချရေးကြည့်ပါ

⭐️ နေသားကျလာတဲ့ အချိန်ကျရင် ၁၅ မိနစ်မစခင်မှာ ကိုယ် စဉ်းစားတွေးတောမယ့် မေးခွန်းတစ်ခု ဒါမှ မဟုတ် topic တစ်ခုကိုရွေးချယ်ပါ

ဒါတွေလုပ်နိုင်ပြီဆိုရင်တော့ congratulations ပါ သင်ဟာ သူများရဲ့ idea storage မဟုတ်တော့ပဲ ကိုယ့်ရဲ့ ကိုယ်ပိုင် idea generator machine ဖြစ်ပါပြီ

စောဒကတက်စရာရှိတာက

ကိုယ့် idea က သူများ idea လောက်မကောင်းရင် generate လုပ်တာက ဘာအကျိုးရှိမှာလဲ ??

အဖြေကတော့ရှင်းပါတယ်

သူများ idea ကိုမှတ်ထားရင် ဦးနှောက်ကမေ့နိုင်ပေမယ့် ကိုယ်တိုင်နားလည်သဘောပေါက်သွားတဲ့အရာကိုတော့ ဘယ်အချိန်မေးမေး ဘယ်သူမေးမေး နားလည်အောင်ရှင်းပြတတ်သွားပါလိမ့်မယ် 🤘🏻

Focus on quality not quantity 🤘🏻
👍116