စိတ်ညစ်နေလဲ
အချိန်တန်သေမှာပဲဆိုတော့
ရတဲ့ဘဝကိုတန်အောင်နေသွားဖို
အရေးကြီးတယ်
ကောင်းကျိုးပေးနိုင်သူဖြစ်ဖို
အရေးကြီးတယ်
လူပီသအောင်အပြည့်အဝနေထိုင်သွားဖို
အရေးကြီးတယ်
One life , One Chance.
Enjoy Every Moment
အချိန်တန်သေမှာပဲဆိုတော့
ရတဲ့ဘဝကိုတန်အောင်နေသွားဖို
အရေးကြီးတယ်
ကောင်းကျိုးပေးနိုင်သူဖြစ်ဖို
အရေးကြီးတယ်
လူပီသအောင်အပြည့်အဝနေထိုင်သွားဖို
အရေးကြီးတယ်
One life , One Chance.
Enjoy Every Moment
👍21
တစ်ကြိမ်တစ်ခုကြိုးစားလိုက်တာနဲ့
တန်းအဆင်ပြေသွားတာ ကံကြောင့်
ငြင်းခံရပေမယ့် ဆက်လုပ်ရင်း
အောင်မြင်သွားတာလူကြောင့်
တကယ်အောင်မြင်တဲ့သူတွေကိုလေ့လာရင်
ကျရှုးမှုတွေကို သင်ခန်းစာယူပြီး
မြန်မြန်ရှေ့ဆက်တာများတယ် feel နေဖို
ကိုယ့်ကိုယ်ကိုသိပ်အချိန်မပေးကြဘူး
Move on quickly with lessons
တန်းအဆင်ပြေသွားတာ ကံကြောင့်
ငြင်းခံရပေမယ့် ဆက်လုပ်ရင်း
အောင်မြင်သွားတာလူကြောင့်
တကယ်အောင်မြင်တဲ့သူတွေကိုလေ့လာရင်
ကျရှုးမှုတွေကို သင်ခန်းစာယူပြီး
မြန်မြန်ရှေ့ဆက်တာများတယ် feel နေဖို
ကိုယ့်ကိုယ်ကိုသိပ်အချိန်မပေးကြဘူး
Move on quickly with lessons
❤7👍3
လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးတာမှန်ရင်
ကိုယ်ရေးတဲ့သမိုင်းကိုယ်နိုင်ချင်တာကြီးပဲ
စိတ်မကောင်းစွာနဲ့ အများစုကတော့
သာမန်အဆင့်နဲ့ရပ်သွားကြတယ်
သူများကိုအပြစ်တင်ရင်း
သူများဘာလုပ်နေလဲကြည့်ရင်း
ကိုယ့်ရဲ့ တန်ဖိုးအရှိဆုံး resource ဖြစ်တဲ့
အချိန်တွေများကြီးဆုံးရှုးရတယ်
အဲ့အစား ကိုယ့်ကိုယ်ကို
တည်ဆောက်နေမယ်ဆိုရင်
ကိုယ်ရေးတဲ့ဇတ်လမ်းထဲမှာ
ကိုယ်ကရှုးဖိုမလိုတော့ဘူး
အခုရောက်နေတဲ့ chapter မကြိုက်ရင်
နောက် chapter တွေကောင်းလာအောင်
ပြင်ဆင်လိုရပါသေးတယ် 🫰🏻

👍11❤5
ဘဝမှာ လိုချင်တာအမြဲရနေရအောင်
ဘဝက supermarket မဟုတ်ဘူး
Supermarket တောင် ပစ္စည်းပြတ်တာတွေ
လိုချင်တဲ့ brand မရတာတွေရှိသေးတာဆိုတော့
ရှိတာနဲ့ အဆင်ပြေအောင်လုပ်
ရတာနဲ့ အဆင်ပြေအောင်သုံးလိုပဲရတယ်
ကိုယ်မတတ်နိုင်တာတွေအတွက်
မပေးဆပ်နိုင်တာတွေအတွက်
ထိုင်ညစ်နေမယ့်အစား
တတ်နိုင်တာလေးနဲ့ရှိတာလေးနဲ့
အဆင်ပြေအောင်လုပ်ပြီး
ပျော်အောင်နေသွားဖိုပဲလိုတယ်
ဘဝက supermarket မဟုတ်ဘူး
Supermarket တောင် ပစ္စည်းပြတ်တာတွေ
လိုချင်တဲ့ brand မရတာတွေရှိသေးတာဆိုတော့
ရှိတာနဲ့ အဆင်ပြေအောင်လုပ်
ရတာနဲ့ အဆင်ပြေအောင်သုံးလိုပဲရတယ်
ကိုယ်မတတ်နိုင်တာတွေအတွက်
မပေးဆပ်နိုင်တာတွေအတွက်
ထိုင်ညစ်နေမယ့်အစား
တတ်နိုင်တာလေးနဲ့ရှိတာလေးနဲ့
အဆင်ပြေအောင်လုပ်ပြီး
ပျော်အောင်နေသွားဖိုပဲလိုတယ်
👍11❤4
Positive self talk ကအရေးကြီးတယ်
- အလုပ်တွေအဆင်မပြေတဲ့အချိန်
- အသဲကွဲတဲ့အချိန်
- မိဘနဲ့အဆင်မပြေလို့အိမ်ပေါ်ကဆင်းတဲ့အချိန်
- လက်ထဲပိုက်ဆံ ၂၀၀ ကျပ်ပဲ ကျန်တော့တဲ့အချိန်
- ရှိတာနဲ့ လေယဉ်ခ hotel ခတွေချေပြီးသွားခါနီးမှ client က ကိုယ်နဲ့ မလုပ်တော့ဘူးလို့ပြောတဲ့အချိန်
ဒုက္ခရောက်တဲ့အချိန်တွေတိုင်းကို
ပြန်ကြည့်ရင် ကိုယ့်ကိုယ်ကို
- "ငါ့မှဘာလို့ဖြစ်ရတာလဲ?"
- "ငါကံဆိုးလိုက်တာ"
- "ဒုက္ခတော့ရောက်ပါပြီ" လို့
တစ်ခါမှမပြောခဲ့ဘူး
"ကိစ္စမရှိဘူး ကြည့်လုပ်လိုက်မယ်
အဆင်ပြေသွားမှာ" လို့ပဲပြောဖြစ်တယ်
ဒါကြောင့်လဲ အခက်အခဲတိုင်းက
ပြေလည်သွားခဲ့တယ်
ဗုဒ္ဓပြောခဲ့တာနဲ့လဲကိုက်ညီတယ်
လောကဓံ ၈ ပါးနဲ့ ကြုံလဲ
စိတ်တုန်လှုပ်မှုမရှိတာ မင်္ဂလာပဲတဲ့ဗျ
(ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ်တံ ယဿ န ကမ်ပတိ
အသောကံ ဝိရဇံ ခေမံ၊
ဧတံ မင်္ဂလမုတ္တမံ။) 🙏🏻

❤22
ရေမရှိတဲ့ ရေဘူးထဲကနေ
ရေငှဲတိုက်ပေးလိုမရဘူး
သူများကို ကူချင်ရင်ကိုယ့်ကိုယ်ကို
အရင်ပြည့်အောင်ဖြည့်
ဒါမှပြန်ဝေမျှနိုင်မှာ
ရေငှဲတိုက်ပေးလိုမရဘူး
သူများကို ကူချင်ရင်ကိုယ့်ကိုယ်ကို
အရင်ပြည့်အောင်ဖြည့်
ဒါမှပြန်ဝေမျှနိုင်မှာ
👍25
ငွေကြေးအတွက်စိတ်ပူစရာမလိုတော့ရင်
ဘာလုပ်မလဲမေးကြည့်
အများစုက အေးဆေးနေမယ်လိုဖြေလိမ့်မယ်
အေးအခုရော ဘာလုပ်နေလဲမေးကြည့်
အေးဆေးနေနေတယ်လိုပဲဖြေလိမ့်မယ် 😁
ငွေကြေးအတွက် စိတ်ပူစရာမလိုတော့ရင်
ကိုယ်ကဘာကောင်လဲဆိုတာပေါ်လာတာပါပဲ
တချိုက ကာမတဏှာလိုက်စားတယ်
တချိုက မဆုံးနိုင်တဲ့ ချမ်းသာမှုတွေလိုချင်တယ်
တချိုက လူတွေကိုကူညီတယ်
တချိုက မသေဖိုကြိုးစားတယ်
တချိုက ပြန်ငယ်ဖိုလုပ်တယ်
စသည်ဖြင့်ပေါ့
ဒီတော့ငွေကြေးလွတ်လပ်မှုဆိုတာ
Goal မဟုတ်သေးဘူး Beginning ပဲရှိသေးတယ်
ကိုယ့်ကိုယ်ကိုနားလည်သိရှိဖိုကပိုအရေးကြီးတယ်

👍20
မြေကို လျှို့ဝှက်ပြီး ဝယ်ပါ။
အိမ်ကို တိတ်တိတ်ဆိတ်ဆိတ် ဆောက်ပါ။
ပြီးတော့မှ အိမ်တက်ပွဲကို
လူသိရှင်ကြား ကျင်းပလိုက်ပါ။
တိတ်တိတ်လေး ပိုးပန်းပါ။
နှစ်ကိုယ်ကြား လက်ထပ်ခွင့် တောင်းပါ။
ပြီးမှ မင်္ဂလာဆောင်ကို
လူအများရှေ့မှာ ဆင်နွှဲလိုက်ပါ။
သင့်ကို မနှစ်မြို့တဲ့သူတွေကို
သင့်ရဲ့ လက်တွေ့ဘဝကိုပဲ မြင်ခွင့်ပေး။
သင့်ရဲ့ ရည်မှန်းချက်တွေကို မမြင်စေနဲ့။
စစ်တုရင်ကစားတဲ့အခါ စကားမပြောဘူး။ လက်တွေ့ အကွက်ရွှေ့တယ်။
စစ်တုရင်ကစားရင်း
တစ်ခါပဲ စကားပြောရတယ်။
"ငါ နိုင်ပြီ"လို့ ကြေညာတဲ့အခါပဲ။
ဘဝဆိုတာလည်း စစ်တုရင်လိုပဲ။
သင် ဘာလုပ်မယ်ဆိုတာ
တစ်ရွာလုံးသိအောင် ကြိုမပြောနဲ့။
တိတ်တိတ်လေးပဲ လုပ်ပါ......

❤15👍8
စင်ကာပူ မှာ တရုတ်သူဌေးကြီး တယောက် ဟာ
တော်တော်ချမ်းသာပါတယ်။
သူ့သားနဲ့ ချွေမ ကို သူအိမ်ကြီးပေါ် တင်ထား
တယ်ပေါ့..မြေးတွေရလာတော့..သူဌေးကြီးက
တော်တော်ပျော်နေတာ...ပေါ့။
ဒါနဲ့တရက် ငါလဲအိုလာပြီး...သူ့အိမ်ကြီးနဲ့
ပိုင်ဆိုင်မူ့တွေ ကို...
သူ့သားနံမယ်နဲ့ လွှဲပေးလိုက်ပါတယ်။
ပြသနာက အိမ်ကိုစာချုပ်စာတမ်း နဲ့ လွှဲပေးပြီး
သူ့သား နဲ့ ချွေးမ က မကြာခဏ စကားများလာ
ပါတယ်။
နောက်ဆုံး.. သူ့သား က သူဌေးကြီး ကို အိမ်ပေါ်
က နှင်ချလိုက်ပါတယ်။ ဒီအရွယ်ကြီး မှ ဘာအလုပ်
သွားလုပ်လို့..ရမှာလဲ?? နောက်ဆုံး လမ်းဘေး မှာ
တောင်းစားရပါတယ်။
တနေ့..သူဌေးကြီး ရဲ့ မိတ်ဆွေ သူဌေးတယောက်
က သူ့ကိုတွေ့..သွားတော့...မင်းဘယ်သူ..မဟုတ်
လား? ? ဆိုတော့..သူက အရမ်းရှက်ပြီး...ငြင်း
ပါတယ်။ စကားပြောတော့မှ..သူမိတ်ဆွေက
ပိုသေချာသွားတယ်..ဒါ..သူ့သူငယ်ချင်း..ဆိုတာ..
ဒါနဲ့ တနေရာ ခေါ်သွားပြီး မေးတော့မှ..သူ့သား
က သူ့ကို့ အိမ်ပေါ်က နှင်ချလိုက်လို့..ဖြစ်ပျက်တာ
တွေ ပြောပြရင်း အားရပါးရ ငို ပါတယ်။
နောက်ဆုံး ဒီသတင်းဟာ ဝန်ကြီးချုပ် လီကွမ်ယူ
နားထဲ ရောက်ပါတယ်..သိပ်စိတ်တိုပြီး.သိပ်.စိတ်ဆိုး
သွားတယ်။...ဥပဒေ ပညာရှင်တွေ ခေါ်ပြီး ဥပဒေ
တခုကို ရေးဆွဲစေပါ တယ်။
ဘယ်လိုစာချုပ်စာတမ်းနဲ့ပဲ...လွှဲ..လွှဲ
မိဘ မသေသေး သ၍ သားသမီး က ပိုင်ဆိုင်နိူင်
ခွင့် မရှိစေ..ရ..မိဘကသာ ဆက်လက်ပိုင်ဆိုင်
စေရမည်။
တော်တော်ကောင်း တဲ့ ဥပဒေ ပါ။

👍41🥰2
ဘယ်သူက အစပြုလိုက်တယ်တော့ မသိဘူး။ KBZ Pay ကို ထိုင်းဖုန်းနဲ့ ဘယ်လို Bind လို့ ရနိုင်တယ်ဆိုတာကို ကိုယ်လည်း မသိဘူး။ ဒီကိစ္စ မှန်လား၊ မှားလား ကိုယ်တိုင်တွေးကြည့်ပေါ့။
၁။
KBZPay ထဲမှာ မွှေကြည့်လိုက်ရင် ဒီလိုမျိုး contact ကို မတွေ့ဘူး။
KBZPay ရဲ့ Facebook Page မှာလည်း မတွေ့ဘူး။
၂။
Phone number ပြောင်း ချင်တယ်ဆိုရင် App ထဲမှာ Change Phone Number ပါနေပေမဲ့ ကိုယ်တိုင်လုပ်လို့မရဘူး။ 3211 ကို ဆက်သွယ်ခိုင်းပါလိမ့်မယ်။ 3211 က မေးသမျှ မှန်အောင်ဖြေနိုင်မှရမယ်။
၃။ လက်ရှိ App version က 5.8.0 ပါ။ မကြာမီ 5.8.1 ထွက်လာမယ်လို့ ပြောထားတော့ သိပ်မကြာခင်မှာ Link တစ်ခုပေးလာနိုင်တယ်။ နှိပ်မိရင် ဘာဖြစ်မလဲတော့ မသိဘူး။
၄။ Change Phone Number နဲ့ Virtual Customer Support ကို နှိပ်လိုက်တဲ့အခါမှာ အခန့်မသင့်ရင် KBZ Pay Logout ဖြစ်သွားနိုင်ပါတယ်။ ဘာအတွက် အဲ့ဒီလိုဖြစ်သွားတယ်တော့ မသိပါဘူး။
ကြောက်လန့်ပြီး လုပ်မိလုပ်ရာလုပ်ရင် (သို့) 5.8.1 Version Link ဆိုတာကို နှိပ်မိရင် ဘာဆက်ဖြစ်မလဲတော့ မသိဘူး။
အကောင်းဆုံးက စိတ်ထဲမှာ မတင်မကျဖြစ်နေရင် 3211 ကို မေးပါ။ ဘဏ်ကို သွားမေးပါ။ တွေ့ကရာ Link မနှိပ်ပါနဲ့။ Official Store တွေက App ကိုသာသုံးပါ။ ပုံမှန်ဆိုရင်တော့ Auto update ဖြစ်ပါတယ်။
ဒီလောက်ပါပဲ :3
#KBZPay

👍8❤6
ကိုယ့်ရဲ့ network ထဲမှာ
လူတွေအကြောင်းထက်
- စီးပွားရေးအကြောင်း
- ရင်းနှီးမြှုပ်နှံအကြောင်း
- Fitness အကြောင်း
- နည်းပညာအကြောင်း
စကားပြောဖြစ်တဲ့ မိတ်ဆွေတွေရှိရင်
သင်ဟာ မှန်ကန်တဲ့
လမ်းပေါ်ရောက်နေပြီလိုဆိုနိုင်တယ်💪🏻
လူတွေအကြောင်းထက်
- စီးပွားရေးအကြောင်း
- ရင်းနှီးမြှုပ်နှံအကြောင်း
- Fitness အကြောင်း
- နည်းပညာအကြောင်း
စကားပြောဖြစ်တဲ့ မိတ်ဆွေတွေရှိရင်
သင်ဟာ မှန်ကန်တဲ့
လမ်းပေါ်ရောက်နေပြီလိုဆိုနိုင်တယ်💪🏻
👍18❤2🥰2
Risk မယူဖြစ်တဲ့
သူတွေကိုမေးကြည့်ရင်
အများစုက ပူပန်တာက
ကျဆုံးမှာကြောက်လိုမဟုတ်ဘူး
ငါ့ကိုစောင့်ကြည့်နေတဲ့သူတွေရှိတယ်
ငါပြိုလဲရင် အခွင့်ကောင်းယူပြီး
ဝိုင်းကဲ့ရဲ့မှာ လှောင်ပြောင်မှာကို စိုးရိမ်နေလိုပဲ
တကယ်တော့ ဘယ်သူမှအဲ့လောက်မအားသလို
အားနေတဲ့ ကောင်တွေပြောတဲ့စကားလဲ
အရေးတယူနဲ့ နားထောင်နေဖိုမလိုဘူး

👍15🥰2
#ဝါသနာမပါတဲ့အလုပ်တစ်ခု ကို လုပ်နေရတဲ့အခါ အဆင်ပြေအောင် ဘယ်လိုလုပ်သင့်လဲ
ဝါသနာမပါတဲ့အလုပ်တစ်ခု ကို လုပ်နေရတဲ့အခါ အဆင်ပြေအောင် ဘယ်လိုလုပ်သင့်လဲဆိုတာ စဉ်းစားရခက်တဲ့ အခြေအနေတစ်ခုဖြစ်နေတတ်ပါတယ်။
အခု ပြောပြမယ့်နည်းလမ်းတွေက သင့်ကို အထောက်အကူဖြစ်စေနိုင်ပါတယ်။
၁. ရည်မှန်းချက်တစ်ခု ချမှတ်ပါ
- အလုပ်ကို ဘာကြောင့် လုပ်နေရတာလဲဆိုတဲ့ အကြောင်းရင်းကို သတိရပါ။ ဥပမာ၊ ငွေရှာဖို့၊ အတွေ့အကြုံရဖို့၊ အနာဂတ်အတွက် အခွင့်အလမ်းတွေ ရဖို့ စတာတွေပါ။
- ရေတိုနဲ့ ရေရှည် ရည်မှန်းချက်တွေ ချမှတ်ပြီး အလုပ်ကို ပိုပြီး အာရုံစိုက်နိုင်အောင် ကြိုးစားကြည့်ပါ။
၂. အလုပ်ကို စိတ်ဝင်စားအောင် ကြိုးစားကြည့်ပါ
- အလုပ်ကို စိတ်ဝင်စားအောင် ဘယ်လိုလုပ်လို့ရမလဲဆိုတာ စဉ်းစားပါ။ ဥပမာ- ကိုယ်ပိုင်စိန်ခေါ်မှုတွေ ချမှတ်ပြီး ကိုယ့်ကိုယ်ကို စိတ်အားထက်သန်အောင် လုပ်ပါ။
- အလုပ်ကို ပိုပြီး စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးပါ။ ဥပမာ၊ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ လုပ်ဆောင်ကြည့်ပါ။
၃. အချိန် ကို စီမံခန့်ခွဲပါ
- အလုပ်ကို သေးငယ်တဲ့ အပိုင်းတွေခွဲပြီး တစ်ခုပြီးမှ တစ်ခု လုပ်ပါ။ ဒါက စိတ်ဖိစီးမှုကို လျော့ကျစေပြီး အလုပ်ကို ပိုပြီး လွယ်ကူအောင် ကူညီပေးနိုင်ပါတယ်။ စမ်းကြည့်ပါ
၄. အကောင်းမြင်စိတ်ထားပါ
ဝါသနာမပါတဲ့ အလုပ်ကို အကောင်းမြင်စိတ်နဲ့ ချဉ်းကပ်ပါ။ ဒီအလုပ်ကနေ ဘာတွေ သင်ယူလို့ရမလဲ၊ ဘာတွေ အကျိုးကျေးဇူးရနိုင်မလဲဆိုတာ စဉ်းစားပါ။
- အလုပ်ကို စိတ်ပါလက်ပါလုပ်တဲ့အခါ ရလဒ်က ပိုကောင်းလာနိုင်ပါတယ်။
၅. အကူအညီတောင်းကြည့်ပါ
- အလုပ်ကို ပိုပြီး လွယ်ကူအောင် လုပ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေပါ။ လုပ်ဖော်ကိုင်ဖက်တွေ၊ မန်နေဂျာတွေနဲ့ တိုင်ပင်ပြီး အကြံဉာဏ်တောင်းပါ။
- အလုပ်ကို ပိုပြီး စိတ်ဝင်စားအောင် လုပ်နိုင်မယ့် အခွင့်အလမ်းတွေ ရှိမရှိ ရှာဖွေကြည့်သင့်ပါတယ်။
၆. ကိုယ့်ကိုယ်ကို ဆုချပါ
- အလုပ်ကို အောင်မြင်စွာ ပြီးမြောက်တဲ့အခါ ကိုယ့်ကိုယ်ကို ဆုချပါ။ ဒါက စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ပိုပြီး အားတက်စေနိုင်ပါတယ်။
၇. အနာဂတ်အတွက် စဉ်းစားပါ
- ဒီအလုပ်က ကိုယ့်အနာဂတ်အတွက် ဘယ်လို အထောက်အကူဖြစ်နိုင်မလဲဆိုတာ စဉ်းစားပါ။ ဒါက ယခုအလုပ်ကို ပိုပြီး စိတ်ဝင်စားလာအောင် ကူညီပေးနိုင်ပါတယ်။
- ဝါသနာပါတဲ့ အလုပ်တစ်ခုကို ပြောင်းဖို့ အခွင့်အလမ်းတွေ ရှာဖွေပါ။
၈. စိတ်ဖိစီးမှုကို စီမံတတ်အောင် လုပ်ပါ
- ဝါသနာမပါတဲ့ အလုပ်ကို လုပ်နေရတဲ့အခါ စိတ်ဖိစီးမှုတွေ များနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို စီမံဖို့ နည်းလမ်းတွေ ရှာဖွေပါ။ ဥပမာ၊ ယောဂလုပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာ စတာတွေပါ။
၉. အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင် ထိန်းပါ
- အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင် ထိန်းပါ။ အလုပ်ပြီးတဲ့အခါ ကိုယ်ဝါသနာပါတဲ့ အရာတွေကို လုပ်ပါ။ ဒါက စိတ်ဖိစီးမှုကို လျော့ကျစေပြီး ဘဝကို ပိုပြီး ပျော်ရွှင်စေနိုင်ပါတယ်။
၁၀. အလုပ်ကို ပြောင်းဖို့ စဉ်းစားပါ။
- အကယ်၍ ဝါသနာမပါတဲ့ အလုပ်ကို ဆက်လုပ်နေရတာ စိတ်မချမ်းသာဘူးဆိုရင် အလုပ်ပြောင်းဖို့ စဉ်းစားပါ။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုကို ရှာဖွေပါ။
ဒီနည်းလမ်းတွေက ဝါသနာမပါတဲ့ အလုပ်ကို လုပ်နေရတဲ့အခါ အဆင်ပြေအောင် ကူညီပေးနိုင်ပါလိမ့်မယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုနဲ့ ကျန်းမာရေးက အရေးကြီးဆုံးပါခင်ဗျာ။

👍8❤4
ခက်မယ် ဒါပေမယ့် ကျော်လွှားနိုင်ရင်
ပိုကောင်းတဲ့ အနာဂတ်ရှိမယ်ဆို
ဘာလို့ အပင်ပန်းမခံနိုင်စရာရှိလဲ ?
အများစုက လက်ရှိအဆင်ပြေနေရင်
ဒီအခြေအနေကိုထိန်းထားချင်ကြတာပဲရှိတယ်
Risk ယူရမယ်ဆို လစ်ပြီပဲ 😁
အခုလိုနေပုံလုပ်ပုံတွေးခေါ်ပုံနဲ့
ဒီနေရာထိ ရောက်လာခဲ့ပြီးပြီဆိုရင်
ပိုကောင်းတဲ့နေရာရောက်ဖို့က ပိုကောင်းတဲ့
နေပုံ လုပ်ပုံ တွေးခေါ်ပုံတွေရှိဖို့လိုပြီ
Tired of being average? Take some risk!

❤14👍4
အချိန်အားနေတိုင်း
ကိုယ့်ကိုယ်ကိုပြန်မေးကြည့်
ငါဒီလို အကျိုးမရှိတာ
အရေးမကြီးတာတွေလုပ်နေမယ့်အစား
ငါလိုချင်တဲ့ goal နဲ့နီးစပ်လာဖို့
ငါဘာလုပ်လို့ရလဲ ?
ဒါဆိုအများကြီးကို ပြောင်းလဲသွားလိမ့်မယ်
ကိုယ့်ကိုယ်ကိုပြန်မေးကြည့်
ငါဒီလို အကျိုးမရှိတာ
အရေးမကြီးတာတွေလုပ်နေမယ့်အစား
ငါလိုချင်တဲ့ goal နဲ့နီးစပ်လာဖို့
ငါဘာလုပ်လို့ရလဲ ?
ဒါဆိုအများကြီးကို ပြောင်းလဲသွားလိမ့်မယ်
❤22👍1
“ ဘာအမှုလဲ ? “
“ ဆင်းရဲမွဲတေမှု “
#papiyon
ဘာကြောင့် ဆင်းရဲတာလဲ မေးရင် ချမ်းသာအောင် ဘယ်လိုလုပ်ရမလဲ မသိလို့။
ချမ်းသာအောင် ဘယ်လိုလုပ်ရမလဲ မသိတာကျ စာမဖတ်လို့။
ဘာကြောင့် စာမဖတ်တာလဲဆိုတော့ကျ ပျင်းလို့။
ဦးသန့် စကားနဲ့ပြောရရင်
“ စာဖတ်သော လူမျိုးသည် တိုးတက်၍
တိုးတက်သော လူမျိုးသည် စာဖတ်ကြသည် “ ပေါ့။
ကိုယ်က တိုးတက်ချင်တဲ့ သူတစ်ယောက် ဆိုရင်တော့ စာဖတ် မပျင်းဖို့တော့ လိုပါတယ်။
ဒီစာကိုလည်း အဆုံးထိ ဖတ်ဖြစ်အောင် ဖတ်ပါ။
ဖတ်မကုန်တဲ့ စာအုပ်တွေ အများကြီးထဲကမှ ငွေကြေးနဲ့ ပတ်သက်တဲ့ “ အသိ “ တိုးတက်ချင်တဲ့သူတိုင်း
တနည်းပြောရရင် လူချမ်းသာဖြစ်ချင်တဲ့ သူတိုင်း
မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်ကောင်း (၉) အုပ်ကို Lp 🎯က မျှဝေပေးပါမယ်✨
1. I’ll Teach You to Be Rich 📚
Ramit Sethi ရဲ့ ဒီစာအုပ်က ငွေကြေးစီမံခန့်ခွဲမှုကို တိုက်ရိုက်ကျကျ သင်ကြားပေးထားပါတယ်။
ငွေစုခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနဲ့ သတိရှိရှိ သုံးစွဲခြင်းတို့ကို လက်တွေ့ကျကျ လမ်းညွှန်ထားပြီး ဘဝအရသာကို မပျောက်စေဘဲ ချမ်းသာကြွယ်ဝအောင် တည်ဆောက်နိုင်မှာပါ။
2. Rich Dad Poor Dad 📚
Robert Kiyosaki ရဲ့ ကမ္ဘာကျော်စာအုပ်က စီးပွားရေးအမြင်ရှိတဲ့ "ချမ်းသာတဲ့အဖေ" နဲ့ ရိုးရာအလုပ်အကိုင်ကိုပဲ အားထားတဲ့ "ဆင်းရဲတဲ့အဖေ" တို့ရဲ့ အတွေးအခေါ်ကွာခြားမှုကို နှိုင်းယှဉ်ပြထားပါတယ်။
ငွေကြေးဗဟုသုတ၊ ပိုင်ဆိုင်မှုတည်ဆောက်ခြင်းနဲ့ အလိုအလျောက်ဝင်ငွေရရှိစေမယ့် နည်းလမ်းတွေကို လေ့လာနိုင်မှာပါ။
3. Think and Grow Rich 📚
Napoleon Hill ရဲ့ အချိန်နဲ့အမျှ တန်ဖိုးရှိနေတဲ့ ဒီစာအုပ်က အောင်မြင်သူတွေဆီက သင်ခန်းစာတွေကို စုစည်းပေးထားပါတယ်။
ဆန္ဒပြင်းပြမှု၊ ဇွဲလုံ့လရှိမှုနဲ့ ရှင်းလင်းတဲ့ရည်ရွယ်ချက် စတာတွေရဲ့ စွမ်းအားကို အလေးထားဖော်ပြထားပါတယ်။
4. Your Money or Your Life 📚
Vicki Robin က ငွေကြေးနဲ့ဆက်ဆံမှုကို ပြန်လည်သုံးသပ်စေပြီး ကိုယ်ပိုင်တန်ဖိုးထားမှုနဲ့အညီ သုံးစွဲတတ်စေဖို့၊ ငွေကြေးလွတ်လပ်မှုရရှိဖို့နဲ့ ပိုမိုအဓိပ္ပါယ်ရှိတဲ့ဘဝ ရရှိဖို့ သင်ကြားပေးထားပါတယ်။
5. Die with Zero 📚
Bill Perkins က ငွေကြေးစုဆောင်းခြင်းထက် ဘဝအတွေ့အကြုံကောင်းတွေ ရယူဖို့ အားပေးထားပါတယ်။
အသက်အရွယ်အလိုက် အဓိပ္ပါယ်ရှိတဲ့ အတွေ့အကြုံတွေမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းထားပါတယ်။
6. The Psychology of Money 📚
Morgan Housel က ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေနောက်က လူသားတွေရဲ့ အပြုအမူနဲ့ စိတ်ခံစားမှုတွေကို လေ့လာထားပြီး ချမ်းသာကြွယ်ဝမှုဆိုတာ ဗဟုသုတထက် စိတ်ဓာတ်နဲ့ အလေ့အကျင့်တွေက ပိုအရေးကြီးကြောင်း ပြသထားပါတယ်။
7. The Science of Getting Rich 📚
Wallace D. Wattles က အပေါင်းလက္ခဏာဆောင်တဲ့ စိတ်ဓာတ်နဲ့ အောင်မြင်မှုကို မျက်မှန်းတန်းတတ်ဖို့ အရေးကြီးကြောင်း အလေးထားပြီး လက်တွေ့နဲ့ စိတ်ပညာရှုထောင့်ကနေ ချမ်းသာကြွယ်ဝဖို့ အကြံဉာဏ်တွေ ပေးထားပါတယ်။
8. The Richest Man in Babylon 📚
George S. Clason ရဲ့ ဥပမာပုံပြင်တွေက ရှေးခေတ်ဉာဏ်ပညာကို အသုံးပြုပြီး ငွေစုခြင်း၊ ဉာဏ်ရှိရှိရင်းနှီးမြှုပ်နှံခြင်းနဲ့ စနစ်တကျနေထိုင်သုံးစွဲခြင်းတို့ရဲ့ တန်ဖိုးကို သင်ကြားပေးထားပါတယ်။
9. Secrets of the Millionaire Mind 📚
T. Harv Eker က လူတွေစိတ်ထဲမှာရှိတဲ့ "ချမ်းသာကြွယ်ဝမှုပုံစံ" က သူတို့ရဲ့ငွေကြေးကံကြမ္မာကို ဘယ်လိုသက်ရောက်မှုရှိကြောင်း လေ့လာထားပြီး ကန့်သတ်ထားတဲ့ ယုံကြည်ချက်တွေကို ချမ်းသာကြွယ်ဝမှုတည်ဆောက်တဲ့ အလေ့အထတွေအဖြစ် ပြောင်းလဲပေးမယ့် နည်းဗျူဟာတွေ ပေးထားပါတယ်။
💡 မှတ်ချက် -
ဒီစာအုပ်တွေကို လေ့လာဖတ်ရှုခြင်းဟာ သင့်ရဲ့ငွေကြေးဘဝကို ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက စာဖတ်ရုံနဲ့တော့ ချမ်းသာလာမှာ မဟုတ်ပါဘူး၊ လက်တွေ့လုပ်ဆောင်မှပဲ အကျိုးခံစားရမှာပါ။
ပြန်လည်မျှဝေပါသည်။

❤10👍4
ကြာကြာစိတ်မညစ်တတ်တာလဲSkill ပဲဗျ
တချိုက တစ်ခုခုကြောင့်စိတ်ညစ်ပြီဆို
၃ ရက် ၄ ရက်လောက်မစားနိုင် မအိပ်နိုင်နဲ့
ကိုယ့်မှာတော့ နာရီဝက်ကျော်လောက်ဆို
အိပ်ကောင်းစားကောင်းနဲ့မေ့သွားရော 😝
ထိုင်ညစ်နေလိုထူးလာမှာလဲမဟုတ်တော့
သိပ်ကြာကြာမညစ်ဖြစ်တော့ဘူး
တချိုက တစ်ခုခုကြောင့်စိတ်ညစ်ပြီဆို
၃ ရက် ၄ ရက်လောက်မစားနိုင် မအိပ်နိုင်နဲ့
ကိုယ့်မှာတော့ နာရီဝက်ကျော်လောက်ဆို
အိပ်ကောင်းစားကောင်းနဲ့မေ့သွားရော 😝
ထိုင်ညစ်နေလိုထူးလာမှာလဲမဟုတ်တော့
သိပ်ကြာကြာမညစ်ဖြစ်တော့ဘူး
👍15
လချီကြာမယ့်အလုပ်တွေကို မိနစ်ပိုင်းနဲ့ပြီးသွားစေမယ့်
Ai tools ၄၅ခု
1. Research
- ChatGPT
- Claude
- Copilot
- Gemini
- Abacus
- Perplexity
2. Image
- Fotor
- Dalle 3
- Stability AI
- Midjourney
3. CopyWriting
- Rytr
- Copy AI
- Writesonic
- Adcreative AI
- otio
4. Writing
- Jasper
- HIX AI
- Jenny AI
- Textblaze
- Quillbot
5. Website
- 10Web
- Durable
- Framer
- Style AI
- Landingsite
6. Video
- Klap
- Vidnoz
- Opus
- Eightify
- InVideo
- HeyGen
- Runway
- ImgCreator AI
- Morphstudio .xyz
7. Meeting
- Tldv
- Otter
- Noty AI
- Fireflies
8. SEO
- VidIQ
- Seona AI
- BlogSEO
- Keywrds ai
- Seona
9. Chatbot
- Droxy
- Chatbase
- Mutual info
- Chatsimple
10. Presentation
- Decktopus
- Slides AI
- Gamma AI
- Designs AI
- Beautiful AI
- PopAi
11. Automation
- Make
- Zapier
- Xembly
- Bardeen
12. UI/UX
- Figma
- Uizard
- UiMagic
- Photoshop
13. Design
- Canva
- Flair AI
- Clipdrop
- Autodraw
- Magician design
14. Logo Generator
- Looka
- Designs AI
- Brandmark
- Stockimg AI
- Namecheap
15. Audio
- Lovo ai
- Eleven labs
- Songburst AI
- Adobe Podcast
Ai tools ၄၅ခု
1. Research
- ChatGPT
- Claude
- Copilot
- Gemini
- Abacus
- Perplexity
2. Image
- Fotor
- Dalle 3
- Stability AI
- Midjourney
3. CopyWriting
- Rytr
- Copy AI
- Writesonic
- Adcreative AI
- otio
4. Writing
- Jasper
- HIX AI
- Jenny AI
- Textblaze
- Quillbot
5. Website
- 10Web
- Durable
- Framer
- Style AI
- Landingsite
6. Video
- Klap
- Vidnoz
- Opus
- Eightify
- InVideo
- HeyGen
- Runway
- ImgCreator AI
- Morphstudio .xyz
7. Meeting
- Tldv
- Otter
- Noty AI
- Fireflies
8. SEO
- VidIQ
- Seona AI
- BlogSEO
- Keywrds ai
- Seona
9. Chatbot
- Droxy
- Chatbase
- Mutual info
- Chatsimple
10. Presentation
- Decktopus
- Slides AI
- Gamma AI
- Designs AI
- Beautiful AI
- PopAi
11. Automation
- Make
- Zapier
- Xembly
- Bardeen
12. UI/UX
- Figma
- Uizard
- UiMagic
- Photoshop
13. Design
- Canva
- Flair AI
- Clipdrop
- Autodraw
- Magician design
14. Logo Generator
- Looka
- Designs AI
- Brandmark
- Stockimg AI
- Namecheap
15. Audio
- Lovo ai
- Eleven labs
- Songburst AI
- Adobe Podcast
❤3😱1
ဒါတွေအဆင်ပြေရင်
ကျန်တာတွေအဆင်ပြေသွားမှာ
ဒီပစ္စည်းတွေရှိရင်ငါပိုတော်သွားမှာ
ပိုကောင်းကောင်းလုပ်နိုင်မှာ
လိုတွေးတတ်ကြတယ်
လူကောင်းနဲ့ အိမ်ထောင်ကျရင်
ဘဝကြီးကသာယာမယ်လိုတွေးကြတယ်
နှစ်ယောက်သားကတော့ အဆင်ပြေတယ်
မိဘတွေ အပေါင်းအသင်းတွေ အမျိုးတွေကို
မကြည်ဖြူရင်ရော ?
လိမ္မာတယ် ပိုက်ဆံမရှာဘူး
ပိုက်ဆံရှာတယ် သစ္စာမရှိဘူး
သစ္စာရှိတယ် မချောဘူး
စသည်ဖြင့် မမြင်ရတဲ့ ပြဿနာတွေ
အများကြီးရှိနိုင်သေးတယ်
Career ကောင်းကောင်းရှိရင်
အိုဇာတာကောင်းပြီလိုတွေးကြတယ်
Career တော့ကောင်းပါတယ်
မနားရဘူး stress ပိတယ်ဆိုရင်တော့
Stress တော့မရှိဘူး
ဝင်ငွေမတိုးဘူးဆိုရင်ရော ?
ဝင်ငွေတိုးတယ် ရာထူးမတိုး
ရာထူးတော့တိုးတယ်
stress များတယ်ဆိုရင်ရော ?
ကျနော်တိုထိန်းချုပ်လိုမရတဲ့
အရာတွေအများကြီးရှိတယ်
အရာရာကို ကြိမ်းသေ ဒါရှိရင်
ဒါဖြစ်မယ်လိုတွေးလိုမရဘူး
ထိန်းချုပ်လိုရတာက ကြုံလာတဲ့အရာတွေပေါ်
အကောင်းဆုံးဖြေရှင်းနိုင်တဲ့
ကိုယ့်ရဲ့စဉ်းစားတွေးခေါ်မှုနဲ့ တုန့်ပြန်မှုပဲရှိတယ်
ဒီတော့ကိုယ့်စိတ်သာကိုယ်
နိုင်အောင်ထိန်းနိုင်ဖိုကြိုးစားတာကောင်းတယ်
Don’t try to control the outcome,
Control yourself !

👍14
ထိုင်းနိုင်ငံကနေ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံကို အခမဲ့ဖုန်းခေါ်ဆိုခွင့်ပြု
001 800 001ကို ခေါ်ဆိုပြီး ထိုင်းဘာသာစကားနဲ့ အလိုအလျောက် ဖြေကြားသံ(IVR)ကြားရင် 009 95 နောက်ကနေ မိမိခေါ်ဆိုလိုတဲ့ ဖုန်းနံပါတ်ထည့်ပြီး ခေါ်ဆိုနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ညွှန်ကြားထား ပါတယ်။
ဘီဘီစီက စမ်းသပ်ခေါ်ဆိုချက်အရတော့ ဒီလမ်းညွှန်ချက်အတိုင်းခေါ်ဆိုလို့မရပေမဲ့ +959 နောက်က ခေါ်ဆိုလိုတဲ့ နံပါတ် ဖြည့်သွင်းခေါ်ဆိုရင် ဖုန်းခေါ်ဆိုခ ဖြတ်တောက်ခြင်းမရှိဘဲ ဖုန်းပြောနိုင်တာတွေ့ ရပါတယ်။

👍17🔥2❤1
ရွှေဈေးငွေဈေးဒေါ်လာဈေး အပြောင်းအလဲများ ( 31ရက် မတ်လ၂၀၂၅ )
ကြည့်ရန်လင့်- https://t.me/VictorPriceZone/163
ကြည့်ရန်လင့်- https://t.me/VictorPriceZone/163
👍4❤2