V Tech Guide
6.77K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
တရုတ် Al app ဖြစ်တဲ့ DeepSeek ဟာ အမေရိကန်ရဲ့ ChatGPT ကို ဒီနေ့မှာ Download ဆွဲတဲ့ ပမာဏမှာ ကျော်တက်သွားပြီးတဲ့နောက် အမေရိကန် IT အသိုင်းအဝိုင်းတခုလုံး တုန်လှုပ်သွားပါတယ်။
ChatGPT ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Open Al ရဲ့ အဓိက ရှယ်ယာရှင်ဖြစ်တဲ့ Microsoft တို့ရဲ့ ရှယ်ယာတွေ ထိုးကျသွားတဲ့အပြင် Nvidia တို့လို IT Company တွေပါ ဈေးပြုတ်ကျနေပါတယ်။ Nvidia တခုထဲက ဒေါ်လာ ဘီလီယံ ၅၀၀ ရှုံးသွားပါပြီ။ Trump တက်လာပြီးတော့ Open Al ဟာ AI လောကအတွက် သန်း ၅၀၀ တန် Project စတင်ဖို့လုပ်နေတာဖြစ်ပြီး Trump ကလဲ ကြေညာထားခဲ့ပြီးပါပြီ။
တရုတ်ရဲ့ Deepseek ဟာ ဈေးသက်သာတဲ့ app ဖြစ်ပြီး ကုန်ကျစားရိတ်လဲ မများလို့ အမေရိကန်တွေအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်။ အမေရိကန်ကတရုတ်ကို chips တွေ မရောင်းပေးပဲ ထိန်းချုပ်ဖို့ လုပ်နေတုန်းမှာ တရုတ်ဘက်က ဒီ app ထွက်လာတာဖြစ်ပါတယ်။ Al Supply chain တခုလုံး ဒီကိစ္စရဲ့ အကျိုးဆက်ကို ခံစားရဦးမှာဖြစ်ပါတယ်။
Deepseek ကတော့ Register လုပ်တဲ့သူ အရေအတွက်ကို လတ်တလောမှာ ယာယီ ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

Check out "DeepSeek - AI Assistant"
https://play.google.com/store/apps/details?id=com.deepseek.chat
👍54
သုံးကြည့်တာအတော်လေးသွက်ပြီးတော်တော်သုံးလို့ကောင်းတယ် 💯💯

Check out "DeepSeek - AI Assistant"
https://play.google.com/store/apps/details?id=com.deepseek.chat
Please open Telegram to view this post
VIEW IN TELEGRAM
5
MAI လေယာဉ်စီးတဲ့ခါ အသွား နဲ့အပြန် ဖောင်ဖြည့်ရမှာကို စိတ်ပူနေတဲ့ မိတ်ဆွေတွေ အတွက် Arrival Card နဲ့ Departure Card ဖောင်ဖြည့်ရမည့် စာရွက် ပုံစံလေးပါ။
ဘယ်အချက် အလက်တွေဖြည့်ရတယ်ဆိုတာ ရေးပေးထားပါတယ်။
📌ဖုန်းထဲမှာ သိမ်းထား ၊ ရှယ်ထားရင် လေယာဉ်စီးတဲ့ခါ အသုံးဝင်လာမှာပါ။
8👍5
စာအုပ်တွေစျေးကြီးနေချိန် free download လုပ်လို့ရတဲ့ website များ

40 Sites to Download Books for free
1. Planet eBook
2. Free-eBooks. net
3. ManyBooks
4. LibriVox
5. Internet Archive
6. BookBub
7. Open Library
8. BookBoon
9. Feedbooks
10. Smashwords
11. Project Gutenberg
12. Google Books
13. PDFBooksWorld
14. FreeTechBooks
15. Bookyards
16. GetFreeBooks
17. eBookLobby
18. FreeComputerBooks
19. OpenCulture
20. Library Genesis (LibGen)
21. Goodreads
22. Obooko
23. O'Reilly
24. PDF Drive
25. Anna's Archive
26. PDF Room
27. PDF Coffee
28. Dokumen Pub
29. Z Library
30. Ocean of PDF
31. Dirzon
32. Booksfree
33. EngbooksPDF
34. Elejandria
35. Espaebook
36. Wonderful Books
37. Lectuland
38. LeerLibrosOnline
39. ePubLibre
40. Standard Ebooks
👍114
8👍4
ရန်ကုန်လေဆိပ်ကိုပြန်ဝင်လာရင် immigration မှာဖြည့်ပေးရတဲ့ (25) ချက် ကို အလွယ်တကူဖြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
၁။ Family Name ကတော့ မရှိတဲ့အတွက် ထည့်စရာမလိုပါဘူး။
၂။ First Name
Passport ထဲက ပထမဆုံး အမည်ကို ထည့်ပါ။
၃။ Middle Name
Passport ထဲက အလယ်က အမည်ကို ထည့်ပါ။
၄။ Male
မိမိက ယောက်ျားလေးဖြစ်ပါက အမှန်ခြစ်ပါ။
၅။ Female
မိမိက မိန်းကလေးဖြစ်ပါက အမှန်ခြစ်ပါ။
၆။ Nationality
Myanmarလို့သာဖြည့်ပါ။
၇။ Occupation
မိမိရဲ့ အလုပ်အကိုင်ကို ဖြည့်ပါ။
၈။ Passport Number
မိမိနိုင်ငံကူးစာအုပ်(passport)စာအုပ်ရဲ့ဂဏန်း8လုံးကို ဖြည့်ပေးပါ။
၉။ Place of Issue
Passport စာအုပ် ထုတ်ပေးတဲ့ နေရာကို ဖြည့်ပါ။
(Passport စာအုပ်ထဲမှာပါပါတယ်)
၁၀။ Date of Issue
Passport စာအုပ် ထုတ်ပေးတဲ့ ရက်ကို ဖြည့်ပါ။
(Passport စာအုပ်ထဲမှာပါပါတယ်)
၁၁။ Visa Number
သူကတော့ ၁၄ ရက် အလည်အပတ် သွားသူ‌ေတွ ဖြည့်စရာမလိုပါဘူး။ Visaနဲ့သွားသူတွေကတော့ visaနံပါတ်ဖြည့်ပေးရပါမယ်။
၁၂။ Place of Issue
Visa ထုတ်ပေးတဲ့နေရာကို ဖြည့်ပါ။
၁၃။ Date of Issue
Tourist visa ၂ လ Visa နဲ့ သွားတဲ့သူဆိုလျှင် Visa ထုတ်ပေးတဲ့ ရက်ကို ဖြည့်‌ေပးရပါမည်။
၁၄။ From
ပြန်လာတဲ့နိုင်ငံကို ‌ဖြညါ့ပေးရပါမယ်။
၁၅။ By Rail (မီးရထားနဲ့လား),By Road (ကုန်းလမ်း နဲ့လား), By Ship (သင်္ဘောနဲ့လား)
အဲ့ဒါတွေ တစ်ခုမှမဟုတ်တဲ့အတွက် အမှန်ချစ်စရာမလိုပါဘူး။
၁၆။ By Air
သူကို အမှန်ခြစ် ပြီးရင် မိမိ စီးခဲ့တဲ့ လေယာဉ် နံပါတ်ကိုရေးပါ။(‌ေလယာဉ်နံပါတ်မသိရင် လေယာဉ်လက်မှတ်မှာပြန်ကြည့်လို့ရပါိတယ်)
၁၇။ First Trip To Myanmar မှာကတော့ No ကိုအမှန် ခြစ်ပေးပါ။
၁၈။ Travelling on group Tour
Noကိုပဲ အမှန်ခြစ်ပေးပါ။
အသင်းအဖွဲ့နဲ့သွားမှသာ Yes ကိုခြစ်ရပါမယ်။
၁၉။ Length of Stay
ဘယ်နှစ်ရက်နေမှာလဲ ဖြည့်ပေးပါ။
၂၀။ Purpose Of Visit မှာ
Tourist အလည်အပတ် နဲ့သွားတဲ့သူက Tourist ကိုခြစ်ပါ။
၂၁။ Country of Residence
ဘယ်မြို့၊ဘယ်နိုင်ငံကလဲ
၂၂။ Address in Myanmar
မြန်မာနိုင်ငံက လိပ်စာကိုဖြည့်ပါ။
၂၃။ ID Card Number
မိမိရဲ့ မှတ်ပုံတင်နံပါတ်ကို ဖြည့်ပါ။
၂၄။ Father Name
အဖေ အမည်ဖြည့်ပါ။
၂၅။ Signature
လက်မှတ်ထိုးပါ။
မသိသေးသောခရီးသွားမိတ်ဆွေဘော်ဒါရင်းများအတွက်သာဖြစ်ပါသည်။
👍15🍓21
🟨▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️
တစ်လတော့ ကုန်သွားပြီ

ကိုယ်လုပ်မယ်လို့ပြောခဲ့တာတွေ
ဘယ်လောက်ပြီးပြီလဲ

New year resolution ချတဲ့သူ
အများစုကတော့ ၁၉ ရက်ထိပဲခံကြတယ်

ပြီးရင် အားလျော့လာပြီး
တစ်ရက်ပျက် နှစ်ရက်ပျက်ကနေ
နားလိုက်တော့တာများတယ်

တကယ်တော့ ပျက်သွားလဲကိစ္စတော့မရှိဘူး
ပြန်စလို့ရတယ် အရေးကြီးတာ

နောက်တစ်နှစ် ထပ်စောင့်တယ်ဆိုပြီး
ကိုယ်လုပ်လို့ရတာတွေကို မရှောင်နေဖို့ပဲ

You only lose when you give up.
Keep going ✌🏻
9
Forwarded from Victor Animation Movies
ထိုင်းထီပေါက်စဉ်
ထိုင်းထီပေါက်စဉ်ကို အချိန်နဲ့တစ်ပြေးညီ သိနိုင်မယ့်ဆော့ဝဲလ်
ဒီဆော့ဝဲလ်လေးရဲ့ ထူးခြားချက်တွေကတော့
ထိုင်းထီပေါက်စဉ်ကို ကြံ့ကြာမှုမရှိဘဲ ချက်ချင်းသိနိုင်မယ့်အပြင် ကိုယ့်ရဲ့ ထီနံပါတ်ကိုထည့်ထားရုံနဲ့ ဘာဆုပေါက်လဲဆိုတာ ဖော်ပြပေးမှာဆိုတော့ ထီထိုးထားတဲ့ သူဠေးလောင်းများအတွက် အကျိုးများစေလိုမျှဝေလိုက်ရပါတယ်။
ဆော့ဝဲလ်ဒေါင်းရန်လင့်ကို Comment မှာချပေးထားပါတယ်။
ဆော့ဝဲလ်ဒေါင်းရန်လင့်

For Android - https://mm.nextworm.com/archives/1735

For IOS - https://mm.nextworm.com/archives/3232


ဆော့ဝဲလ်ဒေါင်းနည်းကို VD နဲ့ဖော်ပြပေးထားပါတယ် - https://fb.watch/n0fjiuMH-D/

ဆော့-ဝဲ-လ်ကော-င်းများအ-တွက် Jo-i-n ထားသင့်တဲ့ တယ်-လီ-ဂ-ရမ်ချ-ယ်န-ယ်လင့်- https://t.me/vtechguide
👍2
ထမင်းမေ့ဟင်းမေ့ ရူးသွပ်နေအောင်ကြိုက်ပြီး
ဝင်ငွေလဲဝင်နေမယ့်အလုပ်မျိုးကိုသာ
လူတွေက ဘဝတစ်လျှောက်လုံးလုပ်နိုင်တာပါ
ရုံးဆင်းရဖို့ ထပ်ခါထပ်ခါနာရီကြည့်ပြီး
အလုပ်သွားရဖို့ကို စိတ်ပင်ပန်းနေရင်
အဲ့အလုပ်က ကိုယ့်အတွက်မဟုတ်သေးဘူး
👍6👏1
System , Community , Discipline
မရှိပဲ ကြိုးစားတဲ့သူက
ရေမရှိတဲ့ အိုင်ထဲကငါးလိုပဲ
ယက်ကန်ယက်ကန်နဲ့ ဖြစ်နေဦးမှာ
👍8
ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့
ပါးစပ်ကပြောရတာတော့လွယ်တယ်ဗျ
ဆင်တစ်ကောင် လယ်လောက်သန်တယ်
ဘယ်လောက်မြန်တယ် ဖမ်းဖို့ဘာလိုတယ်
ဘာအန္တရာယ်ရှိတယ်ဆိုတာ
စာအုပ်ထဲဖတ်ရုံလောက်နဲ့တော့
အပြောကြီးလို့မရဘူး
စိတ်ကူးနဲ့ ခန္ဓာကိုယ်အားထုတ်မှုမပါပဲ
လေထိုင်ပေါရတာတော့လွယ်တယ်
တကယ်အကောင်အထည်ဖော်ဖို့က
အများကြီးမှ အများကြီးပိုခက်တယ်
ကတိတွေပေးတာ goal တွေသတ်မှတ်တာ
ပါးစပ်နဲ့ပြောတာတော့လွယ်တယ်
ခက်လာတဲ့အချိန်တွေမှာ ဆက်တည်နိုင်ဖို့
ဆက်လုပ်နိုင်ဖို့ကခက်တယ်
မလွယ်တာတွေ့ရင် ရှောင်တဲ့သူနဲ့
တကယ်လုပ်သူနဲ့က အချိန်တန်ရင်ကွာတယ်
Speak Less Do More
👍111
ဆော့ဖ်ဝဲလ်ပိုင်းတွင် AI အစားထိုးမည်ဟု ဇူကာဘတ် ပြော
--------------------
အခု ၂၀၂၅ ခုနှစ်အတွင်း ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတွေနေရာမှာ AI နည်းပညာကို အစားထိုး အသုံးပြုတော့မှာ ဖြစ်ကြောင်း Meta ကုမ္ပဏီ CEO မတ်ခ်ဇူကာဘတ်က ပြောကြားလိုက်ပါတယ်။ လေ့လာဆန်းစစ်ချက်တွေအရ AI နည်းစနစ်တွေဟာ အစပိုင်းမှာ လုပ်ငန်းကောင်းစွာ လည်ပတ်နိုင်ဖို့အတွက် အချိန်ယူခဲ့ရပေမယ့် လက်ရှိမှာတော့ စွမ်းဆောင်ရည်တွေက မြင့်မားလာပြီး ဆော့ဖ်ဝဲလ် အင်ဂျင်နီယာတွေ လုပ်ဆောင်နေတဲ့ ကုဒ်တွေကိုပါ ပိုင်ပိုင် နိုင်နိုင် နည်းစနစ်ကျကျ ရေးသားလာနိုင်တာကို တွေ့ရပါတယ်။
ဒါကြောင့် အခုနှစ်ကစပြီး အလယ်အလတ် ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတွေနေရာမှာ AI နည်းပညာတွေကို ကျယ်ပြန့် စွာအသုံးချပြီး လုပ်ငန်းလည်ပတ်မှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မတ်ခ်ဇူကာဘတ်က ပြောပါတယ်။
အခုလိုဆောင်ရွက်တာက ထိရောက်မှုနဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့အတွက် အဓိက ရည်ရွယ်ထားတာဖြစ်ပြီး ကုဒ်ရေးတာကို အလိုအလျောက် လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းနယ်ပယ်အတွက်လည်း အချိန်ခဏလေးအတွင်းမှာ လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင်ဆောင်ရွက်ဖို့ အခွင့်လမ်းကောင်းတစ်ခုလည်း ဖြစ်လာမယ်လို့ မတ်ခ်ဇူကာဘတ်က ပြောကြားထားပါတယ်။
😁1
DeepSeek ကို Download လုပ်ရင်
ထောင်ဒဏ် နှစ် ၂၀ နဲ့ ငွေဒဏ် Dollar သန်း ၁၀၀ အထိပြစ်ဒဏ်ချမှတ်နိုင်ဖို့ အမေရိကန်လွှတ်တော်အမတ် အဆိုပြု 🥲
အမေရိကန်လွှတ်တော်အမတ် Josh Hawley က
တရုတ် Ai DeepSeek ကို အသုံးပြုခွင့်ပိတ်ပြီး
ဒီဥပဒေကိုချိုးဖောက်ရင် ထောင်ဒဏ် နှစ်၂၀နဲ့
ငွေဒဏ်ဒေါ်လာသန်း၁၀၀အထိချမှတ်ဖို့ ဥပဒေကို အဆိုပြုလိုက်တာဖြစ်ပါတယ်
DeepSeek ကြောင့် တစ်ကမ္ဘာလုံးမှာ လှုပ်လှုပ်
ခတ်ခတ်ဖြစ်ခဲ့ပြီးနောက်ပိုင်း အမေရိကန် စတော့ ဈေးကွက်ဟာ တစ်ပတ်အတွင်း ဒေါ်လာ ၁ ထရီလီယမ်အထိ ဆုံးရှုံးသွားပါတယ်
အဲ့တာကြောင့် အမေရိကန်အစိုးရက DeepSeek ကို ဇွတ် လိုက်ပိတ်ပင်နေတာလို့ထင်ပါတယ် 🤧
1👍1
စည်းကမ်းဆိုတာ

"ငါဒီနေ့ ဒါကိုမလုပ်ရင်
ငါ လိုချင်တဲ့ [ ရည်မှန်းချက် ] နဲ့
ဝေးရမှာပါလား" လို သတိရခြင်းပဲ

Motivation တွေအားကိုးနေတာထက်
ကိုယ့်ကိုယ်ကို သတိပေးနိုင်တာက
ပိုအလုပ်ဖြစ်တယ်

မလုပ်ရင် မရတာက ဘယ်နေရာမှာမဆို
အသိသာကြီးပါပဲ
16👍2
အချောင်ရတဲ့ငွေက
လူကို ပျက်စီးမှုပေးဆုံးပဲ

အချောင်ရဖူးသွားရင်
- ကြိုးစားမှုလုပ်ဖိုဝန်လေးသွားတယ်
- စဉ်းစားမှုလုပ်တာတွေနဲသွားတယ်
- သင်ယူမှုလုပ်တာတွေရပ်သွားတယ်
- လုပ်ကိုင်ရည်တွေကျဆင်းစေတယ်

ဒါကြောင့် အချောင်ရဖိုထက်
ပညာရပ်တစ်ခုကို တတ်အောင်သင်ပြီး

အဲ့ပညာနဲ့ လူတွေရဲ့
လိုအပ်ချက်တွေကိုဖြည့်ဆည်းရင်း

ဝင်ငွေလမ်းကြောင်း
တည်ဆောက်ပါမိတ်ဆွေ
25👍5
မနက်ခင်းနိုးလာရင်
ပထမဦးဆုံး

"ဒီနေ့ ငါမဖြစ်မနေ လုပ်ရမယ်
Task 3 ခုကဘာလဲ ?" လိုအရင်မေးပြီး

Schedule အရင်ချပြီး စာရွက်ပေါ်
သေချာချရေးထားလိုက်

အဲ့ ၃ ခုကို တကယ်ပြီးအောင်
လုပ်နိုင်ရင် ကိုယ့်အတွက်
Mini accomplishments လေးကို
ခံစားရလိမ့်မယ်

အဲ့ကနေပဲ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုပိုရှိလာလိမ့်မယ် မိတ်ဆွေ
13💯3👍2
Gemini 2.0 Flash AI model အသစ်အား Google မိတ်ဆက်
---------------------
စွမ်းဆောင်ရည်ပိုင်း ပိုမိုမြင့်မားပြီး လူသားနည်းတူ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိတဲ့ Gemini 2.0 Flash Thinking ကို Google က တရားဝင်မိတ်ဆက်ခဲ့ကြောင်း Firstpost သတင်းမှာရေးသားထားပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ Gemini 2.0 AI မော်ဒယ်ဟာ ရှုပ်ထွေးတဲ့ မေးခွန်းတွေကို အချိန်ခဏလေးအတွင်းမှာ အလွယ်တကူဖြေကြားပေး နိုင်မှာဖြစ်သလို လူသားနည်းတူ ကျိုးကြောင်းဆင်ခြင်တဲ့လုပ်ငန်းစဉ်ကိုလည်း အသုံးပြုသူတွေအတွက် ပိုမို အဆင် ပြေအောင်လည်း ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။
OpenAI ရဲ့ o3 နဲ့ o3-mini မော်ဒယ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်က မိတ်ဆက်ပြီးနောက် Gemini 2.0 Flash Thinking ကို Google က အခုလို မိတ်ဆက်လာတာပါ။ Gemini 2.0 Flash Thinking ကို ဝက်ဘ်နဲ့ မိုဘိုင်း ပလက်ဖောင်းတွေမှာ စတင်သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီ မော်ဒယ်ဟာ o3 နဲ့ o3-mini မော်ဒယ်တွေနဲ့ DeepSeek R1 တွေကို ယှဉ်ပြိုင်ဖို့အတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
မေးခွန်းတွေကိုဖြေကြားဖို့အတွက် တခြား အက်ပ်တွေထက် အချိန်အနည်းငယ်ပိုကြာနိုင်ပေမယ့် ပိုမိုတိကျပြီး လိုက်လျောညီထွေဖြစ်စေနိုင်တဲ့ ရလဒ်တွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီဗားရှင်းအသစ်က Youtube၊ Search နဲ့ Google Maps တို့လို Google ဝန်ဆောင်မှုတွေနဲ့ ပေါင်းစပ်ထားတာကြောင့် သုံးစွဲသူတွေအတွက် ပိုမိုအဆင်ပြေချောမွေ့မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
1
ကိုယ်အခုသုံးနေတဲ့ဖုန်းက

စီးတော်ယဉ်နဲ့တူတယ်
ကိုယ်ဘယ်လို ပဲ့ကိုင်တဲ့ပေါ်မူတည်ပြီး

ရောက်တဲ့မှတ်တိုင်တွေကွာသွားမယ်
မနာလိုရင် မလိုပဲနာနေမယ်

သူများက သူဟာသူနေတာကို
လိုက်မနာလိုနေရင်

ကိုယ်ပဲစိတ်ဒုက္ခရောက်
ကိုယ့်ကိုယ်ကိုအလိုမကျပဲ
နာကျင်နေရမယ်

သူများကိုအားကျရင်
- သူတိုဘာတွေသင့်ယူသလဲ
ကျင့်ကြံသလဲ လေ့လာပါ
- သူ့အောင်မြင်မှုအတွက်ဝမ်းသာပါ
- ကိုယ်ကသူတိုလိုဖြစ်ချင်တယ်ဆို
လိုအပ်ရင်သွားမေးပါ

မာနအတွက်တော့
healthy မဖြစ်ပေမယ့်

ဘဝအတွက်တော့
ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ် 🙌🏻
👍65