V Tech Guide
6.77K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
တရားမဝင်ဈေးကွက်မှာ နှလုံးတစ်ခုက ဒေါ်လာ ၁၉၀၀၀၀ နဲ့ ၂၃၀၀၀၀ ကြားရှိတယ် ။ ကျောက်ကပ်တစ်ခုကို ဒေါ်လာ ၅၀၀၀ ကနေ ၁၂၀၀၀ ကြား အဆုပ်တစ်ဖက်ကို ၁၅၀၀၀၀ နဲ့ ၂၉၀၀၀၀ ကြား အသည်းဆို ဒေါ်လာ ၉၉၀၀၀ နဲ့ ၁၄၅၀၀၀ ကြား မုန့်ချိုအိတ်က ၁၁၀၀၀၀ နဲ့ ၁၄၀၀၀၀ ကြား တန်ဖိုးရှိတယ် ။ ဒါ တရားမဝင်အောက်ဈေးလောကမှာ ။
တရားဝင် ဈေးကွက် ခွဲစိတ်ကုသမှုတွေက US မှာဆို ဒေါ်လာသန်းချီရှိတယ် ။
ကျန်းမာတာ ချမ်းသာတာပဲဆိုတာ အလကားပြောတာမဟုတ်ဘူး ။ ခင်ဗျားမြန်မာပြည်မှာနေနေတာ ။ တစ်သက်လုံး ရှာလို့ ဒေါ်လာ ၁ သိန်း ( လက်ရှိပေါက်ဈေး မြန်မာငွေ သိန်း ၄၀၀၀ ခန့် ) ရဖို့ဆိုတာ မလွယ်ကူဘူး ။
ဒါက အင်္ဂါအစိတ်အပိုင်းအချို့အတွက်ပဲပြောတာ ။ ခင်ဗျားရဲ့ ဦးနှောက် ၊ မျက်လုံး ၊ လျှာ ၊ အာရုံကျော ၊ အရိုးတွေ အရေပြားတွေ ၊ အကုန်လုံးကို တန်ဖိုးသင့်လိုက်ရင် ဒေါ်လာ ၂၅ သန်းလောက်ထွက်တယ်လို့ပြောတယ် ၊ လူ့ခန္တာကိုယ်တစ်ခုက အဲ့လောက်တန်ဖိုးရှိတယ် ။
ပိုက်ဆံ သိန်းတစ်သောင်းလောက်ချမ်းသာတဲ့သူဌေးတစ်ယောက် ဆေးတွေမဆင်မခြင်သောက်ပြီး သို့မဟုတ် ဆီးချိုကို သေချာမထိန်းမိလိုက်လို့ ကျောက်ကပ်ပျက်ကြည့် ၊သူချမ်းသာသမျှဟာ သူ့ဆေးဖိုးနဲ့တင် ပြန်မွဲသွားလိမ့်မယ် ၊ ကျမ်းမာတာက ချမ်းသာတာပဲ ။
ဘယ်လောက်ချမ်းသာချမ်းသာ ဘာမှမစားနိုင်ရင် ၊ အပူအအေးကို အရသာမခံစားနိုင်ရင် ဘယ်မှ မသွားနိုင်ရင် ငွေပုံပေါ်ထိုင်ပြီး ငရဲကျနေသလို ခံစားရမှာ ။
ဒီလိုပြောလို့ ချမ်းသာအောင်မလုပ်နဲ့ ကျန်းမာအောင်ပဲလုပ်လို့ ဆိုလိုတာမဟုတ်ဘူး ။ ကျန်းမာရေးဟာ ချမ်းသာဖို့ရော ချမ်းသာရင်ခံစားနိုင်ဖို့ရော ချမ်းသာပြီးမှ ကိုယ့်စည်းစိမ်တွေ မြန်မြန်‌ပြောင်မသွားစေဖို့ရော အရေးပါတယ်ဆိုတာကို သိစေချင်တာ ။
စိတ်ဖိစီးလို့ဆိုပြီး ဒေါ်လာ ၁၅၀၀၀၀ အောက်ထစ်တန်ဖိုးရှိတဲ့ အဆုပ်ကို ဆေးလိပ်သောက်ပြီး ဖျက်ဆီးနေတာတွေ ၊ ‌ဒေါ်လာ ၁ သိန်းလောက်တန်ဖိုးရှိတဲ့ အသည်းကို အရက်နဲ့ ဖျက်ဆီးနေတာတွေ ၊ ခဏတာ အကိုက်အခဲသက်သာအောင် ဒေါ်လာ ၁ သောင်း‌လောက်တန်ဖိုးရှိတဲ့ ကျောက်ကပ်ကို အကိုက်အခဲပျောက်ဆေးသောက်ပြီး ဖျက်ဆီးနေတာတွေဟာ တကယ့်ကို နှမြောစရာကောင်းတယ် ။
တကယ်လို့ ခင်ဗျားက အရင်က နေချင်သလိုနေ စားချင်သလိုစားခဲ့မိရင်တောင် အခုကစပြီး ကိုယ့်ရဲ့ကျန်းမာခြင်းတန်ဖိုးတွေကို သိလာရင် ကျန်းမာရေးကို ဦးစားပေးတဲ့ နေထိုင်မှုကို ပြောင်းလဲဖို့ အကြံပြုတိုက်တွန်းချင်တယ် ။
လမ်းလျှောက် ၊ ရေသောက် ၊ အဟာရမျှတအောင်စား ၊ အိပ်ရေးဝဝအိပ် ၊ ပေါက်ကရတွေလျှောက်စားလျှောက်သောက်တာတွေရပ် ၊ ဒေါ်လာ ၂၅ သန်းတန်ခန္တာကိုယ်ကို ကောင်းစွာတန်ဖိုးထား ထိန်းသိမ်းလိုက်ပါ ။
27🔥5👍3🤣3
Forwarded from Share Movies Zone
The Demon Hunter Season 2

( ဘယ်မှာမှ မရသေးတဲ့ အပိုင်း ၅ )

အပိုင်း ၅ ထိ ရပါပြီ
Channel ကို အရင်Join ပေးပါ 

Joinရန် 👉 https://t.me/+8wWHlsuwa3FkYjhl

ဇာတ်ကားကြည့်ရန် 👉 https://t.me/yoyarempire/20
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍2
$20 တန် Perplexity pro ကို
တစ်လ အခမဲ့ သုံးလို့ရမယ့် link လေး

$20 တန် Perplexity pro ကို
တစ်လ အခမဲ့ သုံးလို့ရမယ့် link လေး

https://www.perplexity.ai/
ဒီအပိုင်းကို လူ တကာ ကြိုက်ချင်မှ ကြိုက်မယ် ကိုယ်ကတော့ သဘောကျတယ်။
ပေါင်မုန့်နဲ့ ထီ လက်မှတ်ဆို ထီ လက်မှတ်ကို ရွေး ကြတယ်။ ကိုယ်နဲ့ ကိုဖြူတုတ်ကတော့ ပေါင်မုန့်ကိုပဲ ရွေးကြတယ်။ ထီ ထ ပေါက်သွား တဲ့ သူရှိလို ငါရွေးလိုက်ရင် ကောင်းသားထက် ပေါက်နိုင်တဲ့ ထီ လက်မှတ်ကို ရဦးမှ လို တွေးလိုက်မိကြတယ်။
လောကကြီးမှာ အသေချာဆုံးဖြစ်တဲ့ ကိုယ့်မျက်စိရှေ့မှာ မြင်ရတဲ့ အခွင့်အရေးကို တော်တော်များများက လက်လွှတ်တတ်ကြတယ်။ ဒီထဲမှာ ကိုယ်လဲ ပါခဲ့တယ် နောက်ပိုင်း တဖြည်းဖြည်း သိလာတာက အခွင့်အရေးဆိုတာ နှစ်ကြိမ် မရတတ်ဘူး ဆိုတာပဲ။ ရတဲ့ အခွင့်အရေးကို လက်လွှတ်မဆုံးရှုးဖိုလိုတယ် ဆုံးရှုးသွားပြီးမှ နှမြောလိုက်တာ လိုပြောမယ့်အစား မဆုံးရှုးခင်ထဲက ရွေးချယ်မှု မှန်ကန်ဖို လိုအပ်တယ်။
👍7
အနာဂါတ်အတွက် အချိန်ပေးဖိုမမေ့ပါနဲ့

တခါတလေ
နေ့စဉ်အလုပ်တွေကြားမှာ
ဗျာများပြီး၊
အနာဂတ်အတွက်
အချိန်ပေးဖို မေ့နေတတ်ကြတယ်။
ဒီနေ့ရဲ့ ပြဿနာတွေ၊
မီးတွေကို
ငြှိမ်း‌ဖို အရေးကြီးတာမှန်တယ်။
ဒါပေမယ့် ကိုယ်ရည်မှန်းထားတဲ့
အနာဂတ်အိပ်မက်တွေဆီ
လမ်းခင်းပေးမယ့်
အသစ်သင်ယူတာ၊
စာအုပ်စာပေ လေ့လာတာ၊
ဘာသာစကား လေ့ကျင့်တာ၊
Skills တွေ ပိုထက်လာအောင်
လက်သွေးတာ၊
ဒါတွေရဲ့ စွမ်းပကားကိုလည်း
လျှော့မတွက်နဲ့။
တစ်နေကုန် ခြေကုန်လက်ပန်းကျတဲ့ကြားက
အလဟဿ
အပင်ပန်းထပ်ခံနေရတယ်လို
မမြင်နဲ့။
လက်ရှိမှာ ကိုယ့်ကို
အဆင်ပြေ၊
နေနိုင်ရုံ၊ စားနိုင်ရုံ ထားနိုင်တဲ့
အလုပ်တွေက
ကိုယ်လိုချင်တဲ့
အမြင့်ကို ခေါ်သွားနိုင်ဖိုခက်တယ်။
နည်းတယ်၊ များတယ်
သဘောမထားဘဲ
တစ်နေ့ကို မိနစ် ၂၀၊ နာရီဝက်၊ တစ်နာရီ
ကိုယ်နိုင်သလောက်
အချိန်နည်းနည်းစီ ဖယ်ထားပြီး
ဖြည်းဖြည်းမှန်မှန် အုတ်မြစ်ချသွားရင်
တစ်ချိန် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို
အရောက်ပိုပေးမယ့်
လှေကားထစ်တွေ
ရုပ်လုံးပေါ်လာမှာ သေချာပါတယ်။
27👍5
ငပိချက်ကြိုက်တာကို လူထင်သေးမှာစိုးလို့
caviar မှကြိုက်တယ်လုပ်နေဖို့မလို

မွဲနေတာကို လူထင်သေးမှာစိုးလို့
ရှိချင်ယောင်တောင်ပြီး အထာကျပြနေဖို့မလို

မတတ်တာကို လူထင်သေးမှားစိုးလို့
စကားလုံးအကြိးကြီးတွေနဲ့
အထင်ကြီးအောင်လုပ်ပြနေဖို့မလို

ကိုယ့်ရဲ့ ဖြစ်တည်မှု နဲ့လဲပြီးမှရတဲ့
လူရာဝင်မှုက ကျနော့်အတွက်တော့ ဈေးကြီးတယ်

ဟန်ဆောင်စကားအပိုတွေလဲ မပြောတတ်တော့
ဟန်ဆောင်လူသားတွေနဲ့ တွေ့ရမှာလဲရှောင်တယ်

ကိုယ့်ကိုယ်ကိုရော သူများကိုရော
လိမ်စရာမလိုတဲ့ life style ပဲကြိုက်တယ်
27👍9
ကမ္ဘာ့ အကောင်းဆုံး
Focus ကောင်းတဲ့ဆေးရှိတယ်

ဘေးထွက်ဆိုးကျိုးလဲမရှိ
တစ်ပြားမှလဲပေးစရာမလိုဘူး

တခြားတော့မဟုတ်ဘူး
အိပ်ရေးဝအောင်အိပ်ဆက်အနားယူခြင်းပဲ

ပင်ပန်းနေတဲ့ ခန္ဓာကိုယ်က
အာရုံစိုက်ဖို့အတွက် ခက်ခဲတယ်

Sleep well and get your focus back
33👍3
တစ်ခုခုကို တကယ်လိုချင်ပြီဆိုရင်
လိုချင်နေတာနဲ့တင်မရဘူး
အဲအတွက်
- အစီအစဉ်ဆွဲပါ
- အချိန်ပေးပါ
- တကယ်လုပ်ပါ
- အာရုံပိုစိုက်ပါ
- သစ္စာရှိပါ
- စတေးရမယ့်အရာတွေ စတေးပါ
23👍15🥰1
ရတာလေးနဲ့ကြေနပ်ပြီး
ဘဝကြီးကိုဖြတ်သန်းနေရင်

မလုပ်ချင်တာတွေလုပ်ရင်း
ဘဝကြီးကိုဖြတ်သန်းနေရလိမ့်မယ်

You deserve better life ✌🏻
Test your limits 😉

မွေးထဲက အကုန်သူ့အလိုလို
ပညာတတ်တဲ့သူမရှိဘူး

ပညာတစ်ခုရဖို့ လေ့လာမှုသင်ယူမှုနဲ့
ကြိုးစားမှုဆိုတာလိုအပ်တယ်

ကိုယ်ဘယ်လောက်ထိ
လုပ်ကိုင်နိုင်စွမ်းရှိတယ်ဆိုတာကို
မသိပဲသေသွားတဲ့သူတွေမှ အများကြီး

ဘာလို့ အဲ့လိုဖြစ်ရသလဲဆိုတော့
ကိုယ့်ကိုယ်ကို စမ်းသပ်မှုတွေလုပ်မကြည့်လို့ပဲ

ပန်းချီမဆွဲကြည့်ပဲ ပန်ချီမတော်ဘူးပြောမရဘူး
Computer မသင်ဘူးပဲ IT ညံ့တယ်လို့ပြောမရဘူး

၁၀ ပေါင်အလေးလောက်ပဲမပြီး
ငါဒီလောက်ပဲနိုင်တယ်လို့ပြောလို့မရဘူး

ကိုယ့်ရဲ့ လုပ်ကိုင်နိုင်ရည်တွေသိဖို့
ကိုယ်နဲ့ဘာကိုက်လဲဆိုတာကိုသိဖို့က
သင်ယူမှုတွေလုပ်ပြီး စမ်းသပ်ဖို့လိုတယ်
👍10🥰1
2025 မှာ စာအုပ် ၅ အုပ်ပဲ
ပြီးအောင်ဖတ်မယ်ဆိုရင်

အချိန်ပေးရတာနဲ့ တန်အောင်
အကျိုးရှိစေမယ့် စာအုပ် ၅ အုပ်

၁. Start With Why

ကိုယ်လုပ်နေတာတွေက
ဘာကြောင့်မို့လုပ်နေရတယ်ဆိုတာ

သိပြီးလုပ်တဲ့သူဖြစ်လာဖို့ အတွက်
အကောင်းဆုံးစာအုပ်လို့ပြောလို့ရတယ်

၂. Measure What Matter

တိုင်းတာမှုမှားနေရင်
တိုးတက်အောင်လုပ်ရတာခက်တယ်

ဒါကြောင့်ဘာတွေကို အရေးပေးပြီး
ဘာတွေကို အာရုံစိုက်ရမလဲသိစေဖို့
ဖတ်ကြည့်သင့်တယ်

၃. The Thing you can see only when you slow down

လောလောလောလော နဲ့ လူ့ဘဝကို
ဖြတ်သန်းနေထိုင်နေရင်

ကိုယ့်ဘဝကြီးကို ရုပ်ရှင်ရစ်ပြီးကြည့်သလို
ဖြစ်နေလိမ့်မယ်

စိတ်ကိုဘယ်လိုထားပြီး လောကအမြင်ကို
ဘယ်လိုရှိရမယ်ဆိုတာ ပြောပြထားတဲ့
စာအုပ်ကောင်းလေးဖြစ်တယ်

၄. Never split the difference

လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ
ဆွေးနွေးမှုတွေလုပ်တဲ့အခါ

ကိုယ်လိုချင်တာကိုပြောနိုင်ဖို့အတွက်
ဖတ်ကြည့်သင့်ပါတယ်

၅. Almanac of Naval Ravikant

စီပွားရေး ပျော်ရွှင်မှု ဘဝနေထိုင်မှု
အတွေးအမြင်တွေအတွက်
အကောင်းဆုံးစာအုပ်လို့တောင်ပြောလို့ရတယ်

ဖတ်ကြည့်ကြည့်ပါ စာမျက်နှာတိုင်းမှာ
မှတ်သားစရာတွေတွေ့ရပါမယ်

crd- kolapyae
10👍4🥰1
တစ်နှစ်ကို ဝင်ငွေ ဒေါ်လာ ၁ သိန်း
ဒီအထိက
ဝင်ငွေတိုးတက်လာလေ ပျော်လေလို့
သုတေသနအများစုက
တွေ့ရှိထားကြတယ်။
ဒီထက်ကျော်သွားတဲ့အခါ
များများတိုးတက်သလောက်
များများပျော်တာနည်းသွားတယ်။
ဒါကို diminishing return လို့ခေါ်တယ်။
ဒါက ဝင်ငွေများတဲ့
high income economy တွေမှာ။
တချို့ social democracy ကျင့်သုံးတဲ့
Finland (ဖင်လန်), Denmark (ဒိန်းမတ်),
Norway (နော်ဝေ) နှင့် Sweden (ဆွီဒင်)
Scandinavian နိုင်ငံတွေက
လူနေမှုအဆင့်အတန်း အမြင့်မားဆုံးထဲပါပြီး
ပျော်ကြတယ်။
မြန်မာနိုင်ငံအတွက်ဆိုရင်
အခြေခံစားဝတ်နေရေးအတွက် $250
အလယ်အလတ်ဆို $500 - $1000
ပေါပေါများများနေဖို့ဆို $2500
တစ်နှစ် $20000 - $30000 လောက်လိုတယ်။
မြန်မာအတွက်
$30,000
ထိုင်းအတွက်ဆို တစ်နှစ်
$60,000 USD
မလေးအတွက်ဆို
$70,000
ဂျပန်အတွက်ဆို
$100,000
စလုံးအတွက်ဆို
$120,000 လိုတယ်။
သံသရာတစ်ကွေ့ ဒီတစ်နေ့မှာ
အသက်လာရှင်တာ
လူတွေကို အသက်ရှင်ပြီး
အသက်ဝင်ချင်တယ်။
ဒီလိုဖြစ်ဖို့ အရေးကြီးတာ
ပျော်ရွင်မှု။
ပျော်ရွင်မှုအတွက်
အခြေခံစားဝတ်နေရေးနဲ့
ဘဝမှာ ရွေးချယ်နိုင်ခွင့်တစ်ခုလိုတယ်။
ဒါကြောင့်လဲ အလုပ်လုပ်
ငွေကြေးအတွက် ငွေရှာရတယ်။
ငွေရှာတဲ့အခါ အဓိကရည်ရွယ်ချက်ကပျော်ဖို့။
ဒါကို မမေ့သွားဖို့လိုတယ်။
Aristotle က ပျော်ရွင်မှု (Happiness/Eudaimonia) ဆိုတာ
ရုပ်ပိုင်းဆိုင်ရာ အပျော်အပါးတွေ၊
ငွေကြေးဥစ္စာတွေ သို့မဟုတ်
ဂုဏ်သိက္ခာတွေမှ မဟုတ်ဘူး။
ပျော်ရွင်မှုဆိုတာ
၁။ ကိုယ်ပိုင်စွမ်းရည်များကို
အပြည့်အဝ အသုံးချနိုင်ခြင်းကလာနိုင်တယ်။
လူတစ်ယောက်ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့
အရည်အချင်းတွေကို အကောင်းဆုံး
အသုံးချနိုင်တဲ့ ဘဝမျိုး ဖြစ်ရပါမယ်။
၂။ ကျင့်ဝတ်နဲ့ညီတဲ့ ဘဝနေထိုင်မှုကလာတယ်။
ကောင်းမွန်တဲ့ အကျင့်စရိုက်နဲ့
ကိုယ်ကျင့်တရားတွေကို
လိုက်နာကျင့်သုံးခြင်းဖြင့် ပျော်ရွင်မှုကို ရရှိနိုင်တယ်။
၃။ အသိဉာဏ်ပညာ ရှာမှီးခြင်းက လာတယ်။
အသိဉာဏ်ပညာကို တိုးပွားစေမယ့်
လုပ်ဆောင်မှုတွေနဲ့ တွေးခေါ်မှုတွေဟာ
ပျော်ရွင်မှုရဲ့ အရင်းအမြစ် ဖြစ်ပါတယ်။
၄။ လူမှုဆက်ဆံရေးကလာတယ်။
သူတစ်ပါးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး
တည်ဆောက်ခြင်းဟာလည်း
ပျော်ရွင်မှုအတွက် အရေးကြီးပါတယ်။
အသက်ရှင်ပြီး အသက်ဝင်ဖို့
အခြေခံစားဝတ်နေရေးအပြင်
diminishing returns
ငွေဝင်တိုင်ပျော်တဲ့ အမှတ်ကျော်အောင်လုပ်။
ဒါကိုလုပ်နေရင်း
လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
နေ့စဥ် တော်အောင်
ကိုယ့်ကိုကိုယ် ပြုစုပျိုးထောင်။
နေ့တိုင်းကိုယ့်ကိုကိုယ် ပျော်အောင်ထား။
သေးသေးလေးအရာတွေကနေ
ပျော်ရွင်မှုတွေရယူ။
နေ့စဥ် ဒီနေ့နဲ့ အနာဂတ်
ဝင်ငွေတိုးပွားအောင်အားထုတ်။
တခြားသူတွေကို ကိုယ်ရက်ရောတဲ့အရာတွေ
မျှဝေပေး။
နေ့စဥ် "တော်၊ ပျော်၊ ပွား၊ ပေး"။
တိုက်ရိုက်ပြိုင်စရာမလိုဘူး။
မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။
နေ့စဥ် စိတ်ချမ်းသာနေတာ
ဘဝကစားပွဲမှာ နိုင်နေတာပဲ။
Phyo Paing @ Derek
👍135🥰1
» ကိုယ့်ကိုကိုယ် လေးစားအောင်နေနည်း «
**********
(၁) မင်းကိုမရှာတဲ့သူကို မရှာပါနဲ့။

(၂) အကြွေးနဲ့ကင်းအောင်နေပါ။

(၃) လိုအပ်တာထက် ပိုမပြောပါနှင့်။

(၄) လူတွေက ကိုယ့်ကို မလေးစားတဲ့အခါ သူတို့ကို ချက်ချင်း ဥပေက္ခာပြုထားလိုက်ပါ။

(၅) တခြားသူတွေ စားတာထက် ပိုမစားပါနဲ့ အစားအသောက်ဆင်ခြေပါ။

(၆) အထူးသဖြင့် သူတို့အပြန်အလှန်မဆက်ဆံရင် တစ်ချို့လူတွေကို သင်သွားရောက်လည်ပတ်ပုံကို လျှော့ချပါ။

(၇) သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ကိုယ့်ကိုကိုယ် ပျော်အောင်ထားပါ။

(၈) အခြားသူများအကြောင်း အတင်းအဖျင်းပြောခြင်းကို ရပ်တန့်ပါ။

(၉) စကားမပြောခင် စဉ်းစားပါ။ လူတွေက မင်းကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ 80% က မင်းပါးစပ်ကထွက်လာတဲ့ စကားလုံးလေသံတွေပါ။

(၁၀) အမြဲတမ်း မင်းရဲ့ အကောင်းဆုံးပုံစံ ကိုင်တွယ်သင့်သည့်ပုံစံကို ဝတ်ဆင်ပါ။

(၁၁) အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ သင့်ပန်းတိုင်များနှင့် အလုပ်ရှုပ်ပါစေ။

(၁၂) အချိန်ကိုလေးစားပါ။

(၁၃) လေးစားတန်ဖိုးထားမှုမရှိတဲ့ နယ်ပယ်ဆက်ဆံရေးမှာ မနေပါနဲ့ နေရာပြောင်းရွှဲ့ လမ်းလျှောက်ပါ။

(၁၄) သင့်ကိုယ်သင် ပိုက်ဆံသုံးတတ်ဖို့ အရင်သင်ယူပါ။ ဒါမှ လူတွေက မင်းကိုအသုံးပြုဖို့ သင်ယူလိမ့်မယ်။

(၁၅) ဂိမ်းဆော့နေမဲ့အစား စာဖတ်ခြင်းဖြင့်ကိုယ့်အရည်ချင်းတွေမြင့်တင်ပါ။

(၁၆) လက်ခံသူထက်ပိုပြီး ပေးကမ်းသူဖြစ်ပါစေ။

(၁၇) မဖိတ်ခေါ်တဲ့နေရာကို မသွားပါနဲ့။ ဖိတ်ကြားသောအခါတွင် သင်၏ကြိုဆိုမှုကို လွန်ကဲစွာ မပြုပါနှင့်။

(၁၈) လူတွေကို သူတို့နဲ့ထိုက်တန်တဲ့ ပုံစံအတိုင်း ဆက်ဆံပါ။

(၁၉) မင်းမိသားစုကိုအချိန်ပေးနေတာကလွဲရင် တခြားသူတွေအတွက် အချိန်မဖြုန်းလိုက်နဲ့ ။

(၂၀) ကိုယ်လုပ်တဲ့အရာကို ကောင်းကောင်းလုပ်ပါ။ မင်းဖြစ်ချင်တဲ့ဆန္ဒအကောင်းဆုံးဖြစ်ပါစေ။
28👍6❤‍🔥1🔥1
တရုတ် Al app ဖြစ်တဲ့ DeepSeek ဟာ အမေရိကန်ရဲ့ ChatGPT ကို ဒီနေ့မှာ Download ဆွဲတဲ့ ပမာဏမှာ ကျော်တက်သွားပြီးတဲ့နောက် အမေရိကန် IT အသိုင်းအဝိုင်းတခုလုံး တုန်လှုပ်သွားပါတယ်။
ChatGPT ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Open Al ရဲ့ အဓိက ရှယ်ယာရှင်ဖြစ်တဲ့ Microsoft တို့ရဲ့ ရှယ်ယာတွေ ထိုးကျသွားတဲ့အပြင် Nvidia တို့လို IT Company တွေပါ ဈေးပြုတ်ကျနေပါတယ်။ Nvidia တခုထဲက ဒေါ်လာ ဘီလီယံ ၅၀၀ ရှုံးသွားပါပြီ။ Trump တက်လာပြီးတော့ Open Al ဟာ AI လောကအတွက် သန်း ၅၀၀ တန် Project စတင်ဖို့လုပ်နေတာဖြစ်ပြီး Trump ကလဲ ကြေညာထားခဲ့ပြီးပါပြီ။
တရုတ်ရဲ့ Deepseek ဟာ ဈေးသက်သာတဲ့ app ဖြစ်ပြီး ကုန်ကျစားရိတ်လဲ မများလို့ အမေရိကန်တွေအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်။ အမေရိကန်ကတရုတ်ကို chips တွေ မရောင်းပေးပဲ ထိန်းချုပ်ဖို့ လုပ်နေတုန်းမှာ တရုတ်ဘက်က ဒီ app ထွက်လာတာဖြစ်ပါတယ်။ Al Supply chain တခုလုံး ဒီကိစ္စရဲ့ အကျိုးဆက်ကို ခံစားရဦးမှာဖြစ်ပါတယ်။
Deepseek ကတော့ Register လုပ်တဲ့သူ အရေအတွက်ကို လတ်တလောမှာ ယာယီ ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

Check out "DeepSeek - AI Assistant"
https://play.google.com/store/apps/details?id=com.deepseek.chat
👍54
သုံးကြည့်တာအတော်လေးသွက်ပြီးတော်တော်သုံးလို့ကောင်းတယ် 💯💯

Check out "DeepSeek - AI Assistant"
https://play.google.com/store/apps/details?id=com.deepseek.chat
Please open Telegram to view this post
VIEW IN TELEGRAM
5