V Tech Guide
6.76K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
ရှင်းလင်းတဲ့ simple ဘဝကို
နေထိုင်ချင်ရင်

Toyota Company ရဲ့ ပဲ့ကိုင်ရှင်
Hiroyuki Hirano 5s Method ရှိတယ်

၁. Seiri - မလိုတာရှင်း

ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ကိုယ်မသုံးပဲ
ဒီတိုင်းသိမ်းထားတာတွေကို ရှင်းဖိုလိုတယ်

မရှင်းခင် "ဒီပစ္စည်းက ငါ့ကို
ပျော်ရွှင်မှုပေးသလား?"လို

အရင်မေးကြည့်ပါ အဖြေက No ဆိုရင်
စွန့်လွှတ်လိုက်ပါ

ဘဝထဲမှာရှိနေတဲ့သူတွေလဲ ဒီနည်းနဲ့
ရှင်းထုတ်လိုရပါတယ်

၂. Seiton - နေရာတကျထားပါ

ကိုယ်သုံးတဲ့ Physical ပစ္စည်းတွေရော
Digital file တွေရောက

နေရာတကျ စနစ်တကျထားတာကောင်းတယ်
အလွယ်တကူယူလို ရှာလိုရတဲ့နေရာတွေမှာ

သေချာသိမ်းထားခြင်းက အချိန်ကုန်ရော
လူပင်ပန်းရောသက်သာစေတယ်

၃. Seiso - သန့်ရှင်းအောင်ထားပါ

မကြာခဏသန့်ရှင်းရေးလုပ်တဲ့အကျင့်လေး
ထားတာကောင်းပါတယ်

ကျနော့်အတွက်တော့ Daily အလုပ်လုပ်
ပြီးတိုင်း စားပွဲသန့်ရှင်းရေးလုပ်ပြီး

နောက်နေ့မနက်မှာရေးမယ့်စာအုပ်လေး
တင်ထားပြီးမှ အိပ်ပါတယ်

ဒီနည်းအားဖြင့် နိုးလာတာနဲ့ စာရေးဖြစ်ဖို
အထောက်အကူပြုပါတယ်

တစ်ပတ်တစ်ခါ digital file တွေကိုရှင်းပါတယ်

သန့်ရှင်းမှုက အလုပ်လုပ်ရတာကို
စိတ်တည်ငြိမ်မှုပေးပါတယ်

၄. Seiketsu - စနစ်တစ်ခုတည်ဆောက်ပါ

ထပ်ခါထပ်ခါလုပ်ရတဲ့ အလုပ်တွေဆိုရင်
တူရာတူရာစုပြီးထားပါ

ဟင်းချက်တဲ့နေရာဘေးမှာ
ဆီ ဆား ငရုတ် ကြက်သွန် ထားသလိုပေါ့

ချက်ရင် ခဏခဏ သုံးရတာတွေကို
အလွယ်တကူ access လုပ်လိုရတဲ့
စနစ်လေးနဲ့ထားတာမျိုး

ကျနော့်အတွက်တော့ ထပ်ခါထပ်ခါ
လုပ်ရတဲ့ email တွေ link တွေဆိုရင်
Automation နဲ့ template လုပ်ထားတယ်

ဒီစနစ်ကြောင့်အချိန်ကုန်တာ
၈၀% လောက် သက်သာစေတယ်

၅. Shitsuke - စည်းကမ်းလိုက်နာ

ရှေ့ကချမှတ်ခဲ့တဲ့ စည်းကမ်း ၄ ခုလုံးကို
သေချာလိုက်နာဖို

လုပ်နေရင်းနဲ့မှ ပိုသန့်ရှင်း ပိုသပ်ရပ်ပြီး
ပိုအလုပ်တွင်မဲ့ အရာတွေတွေ့လာရင်
ပြောင်းလဲမှုတွေလုပ်ပြီး မလိုတာတွေရှင်းဖို

ဒီနည်းအားဖြင့် simple ဖြစ်တဲ့
အလုပ်နဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်
31👍4
ပါးစပ်ပေါက်ကို ကြာကြာပိတ်နိုင်ရင်
ဦးနှောက်ရဲ့ စဉ်းစားမှု တံခါးကပွင့်လာတယ်

ပါးစပ်ပေါက် ကြာကြာ ဟတာများရင်တော့
*င်ပါပွင့်သွားနိုင်တယ် 😄

စကားမလွန်ခင်ထိန်းနိုင်တာ အကောင်းဆုံးပဲ
27🔥2
ငါကသိပ်မမှားဘူး မင်းကငါ့ထက်ပိုမှားတယ်
လုပ်နေရအောင်

ကိုယ်လဲအမှားကမကင်းဘူးဆိုတော့
အပြန်အလှန်အပြစ်တင်တာထက်

အပြန်အလှန်ခွင့်လွှတ်တတ်ဖိုလိုတယ်
15👍1
မြောက်ကိုရီးယားစစ်သားတွေ ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်တော့မယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ကမ္ဘာကို အသိပေးပြီးနောက်မှာပဲ ပြင်သစ်က ယူကရိန်းကို သူ့ရဲ့ SCALP ဒုံးကျည်တွေနဲ့ ရုရှားကို ပစ်ခတ်ခွင့်ပြုလိုက်ပါတယ်။ NATO အတွင်းရေးမှူးကလဲ Trump နဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ပါသေးတယ်။

နောက်ဆုံးသတင်းတွေအရ အမေရိကန်က ရုရှားမြို့တော် Moscow ထိ ပစ်ခတ်နိုင်မယ့် 900 km အကွာအဝေးထိ ရောက်နိုင်တဲ့ JASSM ဒုံးပျံတွေကို ယူကရိန်းကို ပေးပို့ဖို့ နီးစပ်နေပြီလို့ ဆိုပါတယ်။
👍3
ကမ္ဘာရွှေဈေးတွေ တက်လာနိုင်
👍3
ကိုယ့်ဘဝနေထိုင်နည်းဆိုတာ
ကိုယ်ရဲ့ စရိုက် အကြိုက်နဲ့

ဦးတည်ချက်ပေါ်မူတည်ပြီး
ကိုယ်တိုင်တည်ဆောက်ယူရတာ

သူများတွေကို ဘယ်လိုနေရင်
ကောင်းမလဲမေးနေလိုမရဘူးဗျ

ကိုယ့်ဘဝ ကိုယ့်ခန္ဓာ ကိုယ့်စိတ်မှ
ကိုယ်တိုင် မစီမံနိုင်ရင်

တခြားသူရဲ့ ရုပ်သေးရုပ်တစ်ရုပ်
အဖြစ်သာရှိနိုင်မယ်
👍1812
တခြားသူတွေရဲ့ သိမ်ငယ်မှုတွေအတွက်
ကျနော်တို့မှာတာဝန်မရှိဘူး

နေကသူ့ဟာသူ လင်းနေသလိုပဲ
ကိုယ်လဲ ကိုယ့်ဟာကိုယ်တောက်ပနေပါ

မျက်စိကျိန်းရင် မျက်မှန်တပ်ရမှာ
လူတွေရဲ့ အလုပ်ပါ နေလုံးကြီးရဲ့အမှားမဟုတ် 😝
💯94👍2
တောင်ကိုးရီးယား CNN update News ကနေ အမေရိကန်စံတော်ချိန် မနက် ၁၁ နာရီ ၁၉ မိနစ်မှာ ဖော်ပြထားပါတယ်။

ပါလီမန်အဖွဲ့ဝင် ၃၀၀ ရှိသည့်အနက် ၁၉၀ ပါဝင်က တောင်ကိုရီးယားပါလီမန်သည် သမ္မတ Yoon Suk Yeol မှ ကြေညာထားသော စစ်အုပ်ချုပ်ရေးဥပဒေကို ရုတ်သိမ်းရန် မဲပေးခဲ့ကြကြောင်း ပါလီမန်မှ အတည်ပြုခဲ့ကြောင်း တိုက်ရိုက်ရုပ်သံမှ ပြသခဲ့ပြီး စစ်သားတွေကို ပါလီမန်က ထွက်သွားပေးဖို့ ပါလီမန်က ကြေငြာလိုက်သည်။
👍18
တော်သေးတာပေါ့
အတွေးနဲတင်အချိန်ကုန်နေရင်
တကယ်လုပ်ဖိုအချိန်ဆိုတာမရှိနိုင်ဘူး

ဒါကြောင့်တော်တဲ့သူတွေက
အလုပ်ပိုပြီးတာများတယ်

သူတိုမှာ သူတိုအတွေးတွေကို
စီမံခန့်ခွဲနိုင်တဲ့ mental framework တွေရှိတယ်
👍201
ကိုယ်လိုချင်တဲ့ အနာဂတ်ပုံစံဆိုတာရှိမှ
ကိုယ်အခုရောက်နေတဲ့နေရာကနေ
သွားရမယ့်လမ်းဆိုတာ ရှိလာမှ
ကိုယ် အနာဂတ်မှာ ဘယ်လိုလူဖြစ်ချင်လဲ
ဘယ်လိုဘဝနေချင်သလဲ
ဘယ်လောက်ဝင်ငွေရချင်လဲမသိရင်
အဲ့ဒါတွေဖြစ်လာဖို့လုပ်ရတာခက်တယ်
ဒီလိုရှေ့ကိုကြိုကြည့်တတ်တဲ့
အကျင့်လေးမရှိသေးရင် မွေးမြူပါ
24👍10
တောင်ကိုရီးယားသမ္မတ ရာထူးကနေပြုတ်
သွားခဲ့ပါပြီ...
.
လွှတ်တော်မှာ သမ္မတကို ရာထူးကနေဖြုတ်ဖို့
ထောက်ခံမဲ ၂၀၄ မဲ၊ ကန့်ကွက် ၈၅ မဲ၊ ကြားနေ
မဲ ၃ မဲ၊ ပယ်မဲ ၈ မဲ နဲ့ သမ္မတကိုဖြုတ်ချခဲ့ကြ
တာ
.
ဒီအတောအတွင်းမှာပဲ ဝန်ကြီးချုပ်က ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်မှာပါ
.
ဒီနေ့မှာ လွှတ်တော်ရှေ့က လမ်းမကြီးတွေမှာ
ဆန္ဒပြသူတွေက အပြည့်..ဒီသတင်းလဲကြေငြာ
ရော လွှတ်တော်ရှေ့မှာရောက်နေကြတဲ့လူအုပ်
ကြီးက ပျော်လွန်းလို့ ငို​ြက၊ နိုင်ငံတော်သီချင်း
တွေဆိုကြ ၊ အချင်းချင်းပွေ့ဖက်​ြက၊ မိုးပျံပူ
ဖောင်းတွေလွှတ်ကြ နဲ့ သူတို့ရဲ့ပျော်ရွှင်ကြတဲ့
အကြွင်းမဲ့ အခမ်းအနား....
.
ဒီနေ့မတိုင်ခင်ရှေ့ရက်ကတည်းက တောင်ကို
ရီးယားရဲ့ သတင်းဌာနကြီးတွေဖြစ်တဲ့MBC,
KBS, SBS, JTBCတို့ကလည်း ဒီနေ့မှာဘာတွေ
ထပ်​ြဖစ်လာမလဲမသိတဲ့အတွက်လွှတ်တော်
ရှေ့မှာ studioတွေ ချက်ခြင်း ဆောက်ပြီး
သတင်းတွေ liveလွှင့်ဖို့ပြင်ဆင်ကြ...သတင်း
ကြေငြာတာတောင် ဝမ်းနည်းပူဆွေးတဲ့အဝတ်
အစားတွေဝတ်ပြီး ထွက်ခဲ့ကြတယ်...စွပ်စွဲ
ပြစ်တင်မှု့ အောင်မြင်ရင် ဒါက Yoon အတွက်
အသုဘအခမ်းအနား..တကယ်လို့သာပယ်ချ
ခံရရင် တောင်ကိုရီးယားရဲ့ ဈာပနပွဲဆိုတဲ့
အဓိပၸါယ္နဲ့တဲ့....အခုတော့ ပြည်သူတွေနိုင်ခဲ့
တော့ သူတို့တွေလဲပျော်ခဲ့ကြတယ်....
.
ဒီနေ့ ဆန္ဒပြသူတွေစားသောက်ဖို့ ၊ နွေးထွေး
စေဖို့အတွက်ဆိုပြီး တောင်ကိုရီးယားပြည်သူ
တွေက ကြိုတင်ငွေပေးချေပြီး ပေးပို့ခဲ့တဲ့ လွှတ်
တော် အနီးအနားမှာရှိတဲ့ food truckတွေ ၊
စားသောက်ဆိုင်တွေမှာ freeဝင်စားလို့်ရမယ့်
စားစရာတွေ ၊ ထမင်းလိပ်တွေ ၊coffeeဆိုင်
တွေမှာ free ဝင်သောက်လို့ရမယ့် coffeeတွေ
အထိပါ လုပ်ပေးထားခဲ့ကြတယ်
.
ဆန္ဒပြပြည်သူတွေထဲမှာပါလာမယ့် အမျိုးသမီး
တွေအတွက်ဆိုပြီး လွှတ်တော်အနီးက toilet ၊
Yeouido ဘူတာရုံထဲက toiletတွေထဲမှာလည်း တောင်ကိုရီးယားပြည်သူတွေကhot packsတွေ ၊ maskတွေ ၊အမျိုးသမီးလစဥ်သုံးပစ္စည်းတွေပါ
ထားပေးထားကြတယ်
.
တောင်ကိုရီးယားပြည်သူတွေရဲ့နွေးထွေးမှု့ ၊
အနိုင်ရခဲ့တော့ သူတို့ပြည်သူတွေပျော်နေကြ
တယ်...တောင်ကိုရီးယားပြည်သူတွေကပြော
ကြတယ်....ဒါက အဆုံးမသတ်သေးပေမယ့်
အခုလက်ရှိ နဲ့ အနာဂတ်မှာဖြစ်လာမယ့် နိုင်ငံ
ရေးသမားတွေ အားလုံးကိုပြောချင်တာက
ကိုရီးယားသမ္မတနိုင်ငံရဲ့ အချုပ်အခြာအာ
ဏာကို ပြည်သူကသာ ပိုင်ဆိုင်ပြီး ကိုရီးယားသမ္မတနိုင်ငံဟာလည်း ပြည်သူတွေအတွက်ပဲ
ဖြစ်လိမ့်မယ် ..တဲ့......🕊 🇰🇷
.
ဒီ စာရေးနေရင်းနဲ့တောင် ငိုချင်သွားမိတယ်....
ဒီမိုကရေစီနိုင်ငံဆိုတာ ဒီလိုမျိုးပါလား...

crd
👏16👍106🥰4
သင့်ဘဝကို ပြောင်းလဲပေးမယ့် လူတစ်ယောက်ရှာဖွေနေတယ်ဆိုရင်တော့ မှန်ထဲကိုသာ ကြည့်လိုက်ပါ
11
Forwarded from VZ Movie Zone
ထိုင်းထီပေါက်စဉ်
ထိုင်းထီပေါက်စဉ်ကို အချိန်နဲ့တစ်ပြေးညီ သိနိုင်မယ့်ဆော့ဝဲလ်
ဒီဆော့ဝဲလ်လေးရဲ့ ထူးခြားချက်တွေကတော့
ထိုင်းထီပေါက်စဉ်ကို ကြံ့ကြာမှုမရှိဘဲ ချက်ချင်းသိနိုင်မယ့်အပြင် ကိုယ့်ရဲ့ ထီနံပါတ်ကိုထည့်ထားရုံနဲ့ ဘာဆုပေါက်လဲဆိုတာ ဖော်ပြပေးမှာဆိုတော့ ထီထိုးထားတဲ့ သူဠေးလောင်းများအတွက် အကျိုးများစေလိုမျှဝေလိုက်ရပါတယ်။
ဆော့ဝဲလ်ဒေါင်းရန်လင့်ကို Comment မှာချပေးထားပါတယ်။
ဆော့ဝဲလ်ဒေါင်းရန်လင့်

For Android - https://mm.nextworm.com/archives/1735

For IOS - https://mm.nextworm.com/archives/3232


ဆော့ဝဲလ်ဒေါင်းနည်းကို VD နဲ့ဖော်ပြပေးထားပါတယ် - https://fb.watch/n0fjiuMH-D/
👍51
နောက်ပြောင်တဲ့အနေနဲ့ အတန်းကျောင်းသားတစ်ယောက်ဟာ သူ့အတန်းဖော်ရဲ့ နောက်ကျောမှာ “ငါက ငတုံးပဲ” လို့ ရေးထားတဲ့ စာရွက်တစ်ရွက်ကို ကပ်လိုက်တယ်။ အတန်းထဲက ကျောင်းသူကျောင်းသားတွေကိုလည်း မပြောဖို့ အမူအရာပြတယ်။ဒီလိုနဲ့ ကျောင်းသားတွေ ရယ်မောကြပါတော့တယ်။
နေ့လယ်ပိုင်း သင်္ချာအတန်းစတော့ ဆရာမက ခက်တဲ့မေးခွန်းကို ဘုတ်ပေါ်မှာ ရေးလိုက်တယ်။ ဖြေနိုင်တဲ့လူ အရှေ့ထွက်ခဲ့ဖို့ခေါ်တယ်။ စာရွက် အကပ်ခံထားရတဲ့ ကျောင်းသားကလွဲရင် ဘယ်သူမှ မဖြေနိုင်ခဲ့ဘူး။အတန်းရှေ့ကို သူထွက်တော့ ကျောကစာရွက်ကြည့်ပြီး အတန်းဖော်တွေက ရယ်ကြတာပေါ့။ ကောင်လေးက ရဲရဲဝံ့ဝံ့နဲ့ အတန်းရှေ့ထွက်ပြီး
ပုစ္ဆာကို ဖြေရှင်းလိုက်တယ်။
ဆရာမက သူ့ကျောပေါ်က စာရွက်ကို ဖယ်ပြီး အတန်းဖော်တွေကို လက်ခုပ်တီးခိုင်းတယ်။ ဆရာမက ပြောတယ်: “သားရဲ့အတန်းဖော်က သားကျောမှာ စာရွက်ကပ်ထားတာ မသိဘူးထင်တယ်”
"ကျောင်းသားက ခေါင်းညိတ်တယ်"
ဆရာမက အတန်းထဲ ထိုင်နေတဲ့ ကျောင်းသာ ကျောင်းသူတွေကိုကြည့်ပြီး ပြောလိုက်တယ် ။
"သားတို့သမီးတို့အားလုံးကို ဘဝအတွက် သင်ခန်းစာနှစ်ခုပြောရဦးမယ်"
"အရင်ဆုံး မင်းတို့ရဲ့ဘဝတစ်လျှောက်မှာ မင်းတို့ရဲ့တိုးတက်မှုကို ရပ်တန့်ဖို့အတွက် လူတွေက ရွံစရာစကားလုံးတွေ၊မခံရပ်နိုင်တဲ့ စကားလုံးတွေနဲ့ တံဆိပ်တပ်ကြလိမ့်မယ်။ဒီကျောင်းသားကသာ အတန်းဖော်က နောက်ကျောမှာ စာရွက်ကပ်ထားတာသိရင် မေးခွန်းကိုဖြေဖို့ ထလာမှာမဟုတ်ဘူး။ လူတွေပေးတဲ့ တံဆိပ်တွေကို လျစ်လျူရှုပြီး သင်ယူရမယ့် အခွင့်အလမ်းတိုင်းကို ဆုပ်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့ပါပဲ။ ”.
“ဒုတိယအနေနဲ့၊ ဒီကလေးဟာ သူစတစ်ကာအကပ်ခံထားရတာကို ပြောပြမယ့် သစ္စာရှိတဲ့ သူငယ်ချင်း တစ်ယောက်မှ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ဘဝမှာ သူငယ်ချင်းဘယ်လောက်ရှိတယ်ဆိုတာ အရေးမကြီးပါဘူး။သူငယ်ချင်းတွေနဲ့ မျှဝေတဲ့ သစ္စာရှိမှုကပဲ အရေးကြီးတာပါ။ ကိုယ့်နောက်ကွယ်မှာ ကိုယ်ကို ကာကွယ်ပေးမယ့်၊ စောင့်ရှောက်ပေးမယ့်၊ စစ်မှန်တဲ့ ဂရုစိုက်မယ့် သူငယ်ချင်းတွေ မရှိရင် တစ်ယောက်တည်းနေတာ ပိုကောင်းပါတယ်။"
Author Becky Johnen
25👍11
အိပ်ယာကို ထချင်တဲ့ အချိန်မှ
ထနိုင်ဖို့ အတွက် ...
မထချင်ဘဲ ကြိတ်မှိတ်ပြီး
ထခဲ့ရတဲ့ နေ့တွေကို အရင်
ဖြတ်ကျော် ရတတ်တယ်။
စားချင်တာကို စျေးမကြည့်ဘဲ
ဝယ်စားနိုင်ဖို့ အတွက် ...
စားချင်စိတ်ကို ကြိတ်မှိတ်သည်းခံရတဲ့
နေ့တွေကို အရင်ဖြတ်ကျော်ရတတ်တယ်။
သွားချင်တဲ့ ခရီးကို ချက်ချင်း
ထသွားနိုင်ဖို့အတွက် ...
သွားချင်ရဲ့နဲ့ ကြိတ်မှိတ်ပြီး
အလုပ်တွေ လုပ်နေရတဲ့ နေ့တွေကို
အရင် ဖြတ်ကျော်ရတတ်တယ်။
" ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ဖို့
ကိုယ် မလုပ်ချင်တာတွေကို
အရင်လုပ်ပြီး ပေးဆပ်ရတာ
လောကသဘာဝပဲ။ "
အခု " အသာစံပြီး "
နောက်မှ " အပင်ပန်းခံ " မလား။
ဒါမှမဟုတ် ..
အခု " အပင်ပန်းခံပြီး "
နောက်ပိုင်းမှာ " အသာစံ " ချင် တာလား။
သင်စိုက်တဲ့အတိုင်း သင်ရိတ်ရမှာမို့
အဖြေက သင့်မှာပဲ ရှိပါတယ် မိတ်ဆွေ။
Sint Nyi Nyi Tun
34👍2
၁ လပိုင်း ၁၉ ရက်နေ့ မှာ အမေရိကန်က Tiktok ကိုဘန်းပါပြီ

နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ယူသုံးတယ်ဆိုတဲ့စွဲချက်အပြင် တရုတ်အပိုင် ဖြစ်နေတာကြောင့်လည်း ပါတယ်

အမေရိကန်အပိုင် အဖြစ် ရောင်းပေးဖို့ ကမ်းလှန်းခဲ့ပေမယ့် တရုတ်ဘက်က ငြင်းဆိုပြီး သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ထိန်းသိမ်းထားကြောင်း အမေရိကန် တရားရုံးကို လျှောက်ခဲ့ပေမယ့် အမေရိကန်တရားရုံး မှ ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် အမေရိကန်မှာ ၁လပိုင်း ၁၉ ရက်နေ့မှာ တစ်တော့ စတင်သုံးစွဲခွင့်ပိတ်ကြောင်း ကြေငြာထားပါတယ်။
👍10