V Tech Guide
6.76K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
လူတွေကြည့်နေမှ ကြိုးစားနေရင်
အဲ့ဒါ သရုပ်ဆောင်နေတာပဲဗျ

တကယ်လုပ်မယ်လို ဆုံးဖြတ်ပြီးပြီဆိုရင်
ဘယ်သူမှ မကြည့် ဘယ်သူမှအားမပေး
ဘယ်သူမှ မထောက်ခံလဲ ကြိုးစားနေဖိုလိုတယ်

အချိန်တန်ရင် result ကသူဟာသူ
ပြောပြသွားလိမ့်မယ်
23👍10
Rolex ပတ်ပြီး ကိုယ်မလုပ်ချင်တဲ့
အလုပ်ကိုသွားဖို အချိန်ကြည့်နေရရင်
အလကားပဲ

Iphone ကိုင်ပြီး fb နဲ့ viber လောက်
သုံးနေရင်လဲ အလကားပဲ

Macbook ကြီးကိုင်ပြီး gmail နဲ့
Netflix လောက်သုံးလဲအလကားပဲ

ပစ္စည်းတွေပေါ်မှာ တန်ကြေးအများကြီးသုံးပြီး
လူထင်ကြီးအောင်လုပ်နေပေမယ့်

ဘဝထဲမှာ မပြေလည်နေတဲ့ပြဿနာတွေ
မပြည့်ဝတဲ့စိတ်တွေများနေအုံးမယ်ဆို
အလကားပဲ

ထိုအတူပဲ ဦးနှောက်ရှိပြီး
မစဉ်းစားတတ်ရင်အလကားပဲ
24👍4
ပြဿနာတစ်ခုကို ရင်ဆိုင်တဲ့သူရော
ထွက်ပြေးတဲ့သူရော ၂ ယောက်လုံးမှန်တယ်

ခံနိုင်ရည်ရှိမယ်လိုသိတဲ့သူက
ဘာဖြစ်ဖြစ်ရအောင်ကျော်ဖြတ်မယ်လိုရင်ဆိုင်တယ်

ခံနိုင်ရည်မရှိလောက်ဘူးလိုသိတဲ့သူက
အသက်ရှင်ရပ်တည်ဖိုအတွက် ပြေးမယ်

ဒီလူ ၂ မျိုးလုံးက
ကိုယ့်အကြောင်းကိုယ်သိသူတွေမို
၂ ယောက်လုံးမှန်တယ်

ထွက်ပြေးတိုင်း ငကြောက်မဟုတ်သလို
ရင်ဆိုင်တိုင်းလဲ သူရဲကောင်းမဟုတ်ဘူး
15👍4
ဂျပန်ရောက်ပြီဆို ဆောင်ကိုဆောင်ထားသင့်တဲ့ ဆော့ဝဲလ်
ဂျပန်ကို အလည်ပဲဖြစ်ဖြစ် ၊ အလုပ်နဲ့ပဲဖြစ်ဖြစ် ဂျပန်ရောက်ရွှေမြန်မာ တို ဒီဆော့ဝဲလ်လေးကိုဆောင်ထားလိုက်ပါ။
ဘာကြောင့်ဆောင်သင့်တာလဲ?
- ဒီဆော့ဝဲလ်လေးက ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့ ကားမှတ်တိုင်တွေကိုပြပေးမယ့်အပြင် ကိုယ်နဲ့အနီးစပ်ဆုံး ကားမှတ်တိုင်ကိုလည်း ရှာဖွေနိုင်ပါတယ်၊
- ဒါ့အပြင် ဘယ်ချိန်မှာ ကားလာမယ်၊ ဘယ်ကားစီးရင် ဘယ်ကို ရောက်လဲက အစ အသေချာဖော်ပြပေးထားပါသေးတယ်
- ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ Taxi ဂိတ်တွေ ၊ ဆိုင်ကယ်၊ စက်ဘီး ငှားလိုရတဲ့နေရာတွေ ကို အသေချာလေးဖော်ပြပေးထားပါသေးတယ်။
ဂျပန်ရောက်ရွှေမြန်မာတွေ အတွက် အရမ်းကို အဆင်ပြေစေမှာဖြစ်လို မျှဝေလိုက်ရပါတယ်၊
နေရာသစ်မှာ စိတ်သစ်လူသစ်နဲ့ အောင်မြင်မှုများဆွတ်ခူးနိုင်ကြပါစေ။🙏🙏🙏
ဆော့ဝဲလ်ဒေါင်းရန်လင့်
For Android - https://mm.nextworm.com/archives/1608
For IOS - https://mm.nextworm.com/archives/2942
👍91
တင်တဲ့ post ထဲမှာ Source တွေပါရင်
Information Sharing post

တင်တဲ့ post ထဲမှာ အတွေ့အကြုံပါရင်
Knowledge sharing post

တင်တဲ့ post ထဲမှာ ထင်မြင်ချက်ပါရင်
Opinion sharing post

တင်တဲ့ post ထဲမှာ product/service
အကြောင်းပါရင် Product Selling post

တင်တဲ့ post ရဲ့စာနဲ့ ရေးသူရဲ့ ပုံပါရင်
Personal Promotion post

စာနဲ့ ဘာမှမဆိုင်ပဲ ကိုယ့်ပုံကြီးပဲ
ဇွတ်ဦးစားပေးနေရင် Attention Post
👍51
PV စာအုပ်နဲ့ဘတ်လုပ်ပြီး
NON L-A Visaထည့်ထားသူများ လောလောဆယ်
မြန်မာပြည်အသွား/အပြန်
မလုပ်ကြပါနဲ့လို့ သတိပေးချင်ပါတယ်။

မြန်မာနိုင်ငံမှာ
သတ်မှာထားတာက PV Passport
စာအုပ်ကိုနိုင်ငံခြားအလည်အပတ်
ထွက်ဖို့အတွက်ပဲ ခွင့်ပြုပေးထားလို့ပါ...
အခုက ထိုင်းကို PVပတ်စပို့နဲ့
ဝင်လာကြပြီး ထိုင်းမှာဘတ်
ရိုက်ပြီးတော့ရလာတဲ့
အလုပ်သမားVisaကို
PVစာအုပ်ထဲပြောင်းထည့်
လိုက်ပြီးထိုင်းမှာတရားဝင်
နေကြပါတယ်....
အဲ့ဒီလိုပုံစံနဲ့ ထိုင်းမှာနေတာက
ဘာပြသနာမှ မရှိပေမယ့်
မြန်မာပြည်ကိုပြန်ဆင်းပြီး
ထိုင်းကိုပြန်တက်လာမယ်ဆိုရင်
PVစာအုပ်မှာအလုပ်သမား Visa
ဖြစ်နေတဲ့အတွက် မြန်မာ
လဝက ရစ်တာကိုခံရပါမယ်...
အရင်အချိန်တုန်းကတော့ လဝကကို
ပိုက်ဆံပေးပြီး လမ်းကြောင်းညှိလို့
ရပေမယ့် အခုနောက်ပိုင်း
ရန်ကုန်လေဆိပ်မှာ PV Passportနဲ့
အလုပ်ထွက်လုပ်တာကို တားမြစ်ဖို့
စစ်ဆေးရေးအဖွဲ့တွေရှိနေတာမို့
PV Passport မှာအလုပ်သမား
Visaရှိနေရင် ပေးမထွက်တော့ပါဘူး...
👍6
ြန်မြန်အောင်မြင်ချင်ရင်
အလွယ်လမ်းလိုက်နေမယ့်အစား

ဖြေးဖြေးမှန်မှန်နဲ့ ပုံမှန်လုပ်ခြင်းက
အမြန်ဆုံးနည်းလမ်းပါပဲ

ပုံမှန်လေးလုပ်သွားဖိုကခက်နေရင်
System ရှိပြီးသား ခရီးရောက်ပြီးသား
သူတွေနဲ့ ဝန်းရံပါမိတ်ဆွေ 🚀
14👍3
Forwarded from V Tech Guide
Telegram မှာ Myanmar Font မှန်အောင်လုပ်နည်း
ပုံမှန်အားဖြင့် မိမိရဲ့ဖုန်းထဲက Telegram မှာမြန်မာ font မှန်ကြပေမယ့် Laptop ၊ PC တို့နဲ့သုံးတဲ့အခါမှာတော့ font မမှန်တာကိုလူအများကြုံရမှာဖြစ်ပါတယ်။ ဒီပြဿနာကိုအလွယ်ကူဆုံးဖြေရှင်းလို့ရတဲ့နည်းလမ်းလေးကို မသိသေးသူများအတွက်မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023
တင်ဆက်သူ- Victor
👍5
Content Creator တွေအတွက် Policy Issue, Community Standard Warning ကို ဖယ်ထုတ်ရှင်းပေးနိုင်မယ့် Tool တစ်ခုကို Facebook မှာ မိတ်ဆက်
Community Standard ပြဿနာတွေကို ကိုယ့်ရဲ့ အကောင့် Status ကနေ ဖယ်ရှားနိုင်ဖို့အတွက် Tool တစ်ခုကို Professional Mode On ထားတဲ့ သူတွေအရင်ဆုံး ရရှိအသုံးပြုနိုင်မယ်လို့ သိရပါတယ်။
ဒါပေမယ့် အခုလို Warning Issue တွေကို Clean လုပ်ပေးနိုင်မယ့် Tool ဟာ တစ်နှစ်မှာ တစ်ကြိမ်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Policy Issue Warning Fixing Tool သဘောတရားကတော့ Educational Purpose အနေနဲ့ Community Standard ဆိုင်ရာ သဘောတရားတွေ၊ ပေါ်လစီတွေ၊ စည်းကမ်းချက်တွေကို App ထဲမှာ Learn လုပ်သွားရမှာဖြစ်ပြီးတော့ Learning Process ပြီးတာနဲ့ မိမိ အကောင့်မှာ ထိနေတဲ့ Warning က တစ်ခါထဲ ရှင်းသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တစ်နှစ်မှာ တစ်ခါသာ အသုံးပြုနိုင်မှာဖြစ်လို့ နောက်တစ်ကြိမ် Warning ထပ်ထိရင် အဆိုပါ Warning ကိုတော့ ဖျောက်ဖျက်လို့ရမှာ မဟုတ်ပါဘူး။
အကယ်၍ ကိုယ်က တစ်နှစ်အတွင်းမှာ Policy Issue Fixing Tool ကို တစ်ခါ အသုံးပြုထားမယ်၊ တစ်နှစ်အတွင်းမှာ နောက်ထပ် Warning တွေ ထပ်မရှိဘူးဆိုရင်တော့ နောက်ထပ် တစ်နှစ်အတွင်းမှာလည်း Warning ကိစ္စတွေဖြစ်လာခဲ့ရင် Policy Issue Fixing Tool ကို ထပ်မံအသုံးပြုနိင်မှာ ဖြစ်ပါတယ်။
အကျဉ်းချုပ်ပြောမယ်ဆိုရင် Policy Issue Fixing Tool ကို တစ်နှစ်မှာ တစ်ခါဘဲ သုံးလို့ရမယ်။ တစ်နှစ်ထဲမှာ ၂ ခါ ဖြစ်သွားခဲ့ရင် နောက် တစ်နှစ်မှာ Fixing Tool ကို အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် Warning Status ကိုလည်း ဖျောက်လို့ရမှာ မဟုတ်တော့ပါဘူး။ အကျိုးဆက်အနေနဲ့ Reach လျော့ချခြင်းနဲ့ Monetization ကိစ္စတွေမှာ ကန့်သတ်ခြင်း ခံရနိုင်တယ်လို့ Meta က ထုတ်ပြန်ကြေငြာထားပါတယ်။
Policy Issue Fixing Tool က Content Creator အားလုံးဆီ မကြာမှီ ရောက်ရှိ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
3
မလေးတစ်နိုင်ငံလုံးကို အသေးစိတ်ကြည့်လိုရမယ့် မလေးမြေပုံ

ကိုယ်ဘယ်နေရာပဲရောက်ရောက် အခက်ခဲရှိတဲ့အချိန် အင်တာနက်မလိုပဲ Offine ကြည့်နိုင်တာကြောင့် မလေးရောက်ရွှေမြန်မာများအားလုံးဆောင်ထားသင့်ပါတယ်။

Malaysia Map For Android

https://mm.nextworm.com/archives/4844

Malaysia Map For IOS

https://mm.nextworm.com/archives/4847

နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/vtechguide
1👍1
ပိတ်ရက်တွေ အနားယူချိန်တွေကို
ကိုယ့်ကိုယ်ကိုတည်ဆောက်ဖိုသုံးပါ

- ခန္ဓာကိုယ် ကြံ့ခိုင်လာဖို
- အပိုဝင်ငွေရလာဖို
- ပါးစပ်စည်းကမ်းရှိဖို
- ပညာအသစ်တွေ သင်ယူဖိုသုံးပါ

အချိန်တန်ရင် သိသိသာသာကွာလာပါလိမ့်မယ်
17👍4🙈1
တလွဲတွေလုပ်နေရင် ကွယ်ရာမှာ
ထိုင်ဟားနေတဲ့သူတွေထက်

ကိုယ်မှားနေတာကို အမုန်းခံပြောတဲ့
သူငယ်ချင်းတွေမိတ်ဆွေတွေရှိဖိုလိုတယ်
20
မဖြစ်နိုင်တာတွေကိုတောင်တွေးနိုင်သေးရင်
သင့်မှာ creativity ရှိကိုရှိတယ်

ပြဿနာတွေတောင် ရှာနိုင်သေးရင်
ကောင်းကွက်တွေကို ကြည့်နိုင်တဲ့ မျက်စိရှိကိုရှိတယ်

အတင်းပြောတတ်တဲ့ ပါးစပ်ရှိရင်
သတင်းကောင်းပါးတတ်တဲ့ ပါးစပ်လဲရှိတယ်

မကောင်းတဲ့ဘက်တွေမှာတလွဲသုံးမိနေလိုသာ
အကျိုးထက် အပြစ်ကများနေတာပါ 🫰🏻

You can be amazing human too
👍115
သင်တန်းတွေ ဖွင့်ပြီး သင်နေကြတာလည်း ဒီစာတွေပဲနော် ။
ကိုယ်ကသာ တစ်ကယ် တတ်ချင်တယ် ကွန်ပြူတာအခြေခံကို ပိုင်နိုင်ချင်တယ် ဆိုရင်တော့ ဒီဆော့ဝဲလ်လေး မှာ သင်ပေးတာတွေကို သေချာလိုက်လုပ် ရင် ကျွမ်းကျင်သွားပါလိမ့်မယ်။
ရုံးမှာ အလုပ်လျှောက် တဲ့နေရာတွေလည်း မျက်နှာ မငယ်ဘူး။
ကျောင်းသား ကျောင်းသူတွေဆိုရင်တော့ ပိုပြီးတော့တောင် အသုံးဝင်သေးတယ်။
ဘာသင်ချင်လဲ ကွန်ပြူတာနဲ့ပတ်သတ်တာအားလုံးဒီမှာရှိတယ်။
။ အားလုံးကျန်းမာချမ်းသာလိုရာပြည့်ကြပါစေ။ဆော့ဝဲလ်ဒေါင်းရန်လင့် -

For Android - https://bit.ly/4bTJDO0

For IOS - https://bit.ly/4bNOTSY

နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023
8👍2
အချိန်မရှိဘူးအော်နေတဲ့သူတွေမှာ
Social media သုံးတဲ့ screen time က
၄ နာရီနဲ့အထက်မှာရှိနေတတ်တယ်

အဲ့ထဲမှာကိုယ်ပါတယ်ဆိုရင်
ဘဝမှာ ဘာကပိုအရေးကြီးတယ်

မလုပ်ရင်ဘာတွေဆုံးရှုးမယ်ဆိုတာကို
ပြန်စဉ်းစားကြည့်ဖိုလိုနေပါပြီ 🫰🏻

အရေးကြီးတာတွေကို အရာပေးဖို
အချိန်ရောက်နေပါပြီ
27👏2👍1
ဘယ်အသက်အရွယ်ရောက်မှ ဘယ်လိုမျိုး ပျော်မယ် ။
ဘယ်လိုမျိုး ခရီးတွေ သွားမယ် ။
ဘာတွေလုပ်မယ် ။
ဘယ်လိုကဲမယ်ဆိုတဲ့ မရေရာတဲ့ အနာဂါတ်အပေါ်မှာ
တွေးပြီး planတွေဆွဲနေတာထက် လက်ရှိအချိန်မှာ
အကောင်းဆုံး ပျော်အောင်နေတတ်ဖို့လိုတယ်။

ပျော်ရွှင်မှုမှာ ကန့်သတ်ချက်တွေရှိတယ်တဲ့။
အသက်အရွယ် ၁၈, ၁၉ ,၂၀,၂၁ ,၂၂ .....စသဖြင့်
လူငယ်အရွယ်မှာ လုပ်ခဲ့ရမဲ့ ပျော်ရွှင်မှုတစ်ခုကို
အသက် ၄၀ အရွယ်မှာ သွားလုပ်လို့လည်း ဘယ်လိုမှ
အဆင်မပြေနိုင်တော့ဘူးလေ ။

အဲ့ဒါကြောင့်မို့ ဘယ်အချိန်ကျမှ ပျော်မယ်ဆိုတဲ့
မရေရာတဲ့အနာဂါတ်ကို တွေးပြီး တောင့်တနေတာထက်
လက်ရှိအချိန်မှာလည်း ကိုယ့်စိတ်ကိုယ် ပျော်အောင်
ထားဖိူ့လိုပါတယ် ။

စိတ်ညစ်စရာတွေကို သိပ်မတွေးပါနဲ့ ။
ခေါင်း‌ထဲကို depressionတွေ အရမ်းအ၀င်မခံပါနဲ့ ။

ကိုယ့်ပျော်ရွှင်မှုလေးတွေကို ကိုယ်တိုင်ပဲ ဖန်တီးယူရမှာပါ။တစ်ခုရှိတာက ကိုယ်ဖန်တီးယူထားတဲ့
ပျော်ရွှင်မှုဟာ ကိုယ့်ကိုကိုယ် မထိခိုက်ဖို့ ၊
တစ်ဖက်သားကို မထိခိုက်ဖို့တော့လိုပါတယ် ။

ကိုယ့်ရဲ့ ပျော်ရွှင်မှုအတွက် သူများကိုလည်း
အရမ်းကြီးမအားကိုးပါနဲ့ ။
သူများကို အားကိုးထားတဲ့ ပျော်ရွှင်ခြင်းတွေက
တစ်ချိန်ချိန်မှာ ကိုယ်ကိုတိုင်ပဲ ပြန်နာကျင်ရပါလိမ့်မယ် ။

ကိုယ်ဝါသနာပါတဲ့ အရာတွေအတွက် အချိန်ပေးပါ။
ကိုယ်လုပ်ချင်တဲ့ အရာတွေအပေါ်မှာ
စိတ်လွတ်လက်လွတ် လုပ်ပါ။
တစ်ခုသတိထားရမှာက ပျော်ရွှင်မှုကို မကောင်းတဲ့
အရာတွေနဲ့ ဖန်တီးယူထားခြင်းတွေတော့
မဖြစ်ပါစေနဲ့ ။
လက်ရှိအချိန်ကိုလည်း အကောင်းဆုံးပျော်တတ်ပါစေ ။
24👍5
ရှိသမျှအကုန်သိနေဖိုမလိုဘူး
ဒါပေမယ့် သိသမျှအကုန်တော့

ခေါင်းထဲမှာရှိနေဖိုလိုတယ်

ဖတ်ထားမှတ်ထားလေ့လာထားတာတွေဆိုကို
ခေါင်းထဲမှာရှိနေဖိုဆိုရင်

အရင်ဆုံးနားလည်ဖိုလိုတယ်
နားလည်သွားရင်သုံးချရတယ်

အသုံးချလိုက်တော့မှ
ငါဘယ်တုန်းကဘယ်လိုလုပ်ခဲ့တာဆိုတာက
ခေါင်းထဲမှာပိုမြဲတယ်မိတ်ဆွေ
26👍4