V Tech Guide
6.75K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
အခုလျှောက်လို့ရပြီလားဆိုပြီး အမေးများတဲ့ DTV visa( Digital Nomad Visa) ဆိုတာလည်း လတ်တလောမှာတော့လျှောက်လို့မရသေးပါဘူး။
ပေးမှာတော့သေချာသလောက်ရှိပါတယ်
ထိုင်းနိုင်ငံအပြင်ကနေပဲလျှောက်လို့ရပါမယ်။
သက်ဆိုင်ရာ Visaလျှောက်ခွင့်ပေးထားတဲ့ နိုင်ငံအတွင်းက ထိုင်းသံရုံးတွေမှာလျှောက်လို့ရသလို
Evisa Systemကိုလည်းထည့်သွင်းမှာဖြစ်လို့ EvisaVisa ကိုတော့Emailလည်းနေလည်းပို့ပေးမှာ
ဝင်လာလာချင်းကို ရက်ပေါင်း180ပေးမှာဖြစ်ပြီး
နောက်ထပ် 180ကိုတော့ immigration မှာ extension သွားလုပ်ရမှာပါ။
ငါးနှစ်အထိ DTV visaနဲ့နေထိုင်ခွင့်ရတယ်ဆိုပေမယ့် ပထမဆုံးဝင်လာလာချင်းမှာ ရက်ပေါင်း180ရမှာဖြစ်ပြီး အကယ်လို့ နောက်ထပ်ရက်ပေါင်း 180ထပ်နေချင်သေးတယ်ဆိုရင်တော့ Immigration မှာ visaသက်တမ်းတိုးလို့ရနိုင်ပြီး
စုစုပေါင်းရက်ပေါင်း 360ပြည့်ရင်တော့ ထိုင်းနိုင်ငံအပြင်ကိုပြန်ထွက်ပြီးတော့ DTV visaလျှောက်ပြီး ပြန်ဝင်လာရမှာပါ။
ဒါဆိုရင် ရက်ပေါင်း180ပြန်ရမှာဖြစ်ပြီး တစ်နှစ်ထပ်နေချင်ပါက သက်တမ်း 180ထပ်တိုးရမှာပါ။
အကယ်လို့ ရက်ပေါင်း180မပြည့်ခင် ထိုင်းနိုင်ငံကနေထွက်ခွာခဲ့မယ်ဆိုလျှင်လည်း ငါးနှစ်အတွင်း ရက်ပေါင်း180မကုန်မချင်း unlimitedဝင်ထွက်ခွင့်ရမှာပါ။
Financial Requirement အနေနဲ့ ဘတ်ငါးသိန်းပြဖို့လိုအပ်ပြီး ဘယ်currencyနဲ့ဖြစ်ဖြစ်ပြလို့ရပါတယ်။
ထိုင်းဘတ်ငါးသိန်းနဲ့ညီမျှပမာဏဖြစ်ရင်ရပါပြီ။
Visa feesကတော့ ဘတ်တစ်သောင်းကျသင့်မှာပါ။
လျှောက်ထားလို့ရနိုင်တဲ့လူတွေကတော့ အမျိုးအစား သုံးခုရှိပါတယ်။
Category 1 အနေနဲ့
Freelancers
Digital nomad
Remote Job worker
Category 2အနေနဲ့ကတော့
Groverment ကို promoteလုပ်ပေးတဲ့ classတွေ Activitiesတွေဖြစ်တဲ့
Muay Thai courses
Music Fetival
Organization Seminar
Cooking courses
Category 3အနေနဲ့ကတော့
DTV visaကိုင်ဆောင်ထားသူတွေရဲ့ ဇနီးတွေနဲ့ ကလေးတွေပါ
Category 1ကလူတွေအတွက် လိုအပ်ချက်ကတော့ Professional ဖြစ်ကြောင်း portfolioလိုအပ်ပါမယ်။
Catergory 2 ကလူတွေအတွကတော့ Classတွေ Activities တွေက invitation letterလိုအပ်ပါမယ်။
Category 3ကလူတွေအတွက်တော့ DTV visaကိုကိုင်ဆောင်ထားတဲ့လူရဲ့ ဇနီး သားသမီးဖြစ်ကြောင်း အထောက်အထားတွေလိုအပ်ပါမယ်။
DTV visaကတော့ စိတ်ရှည်ရှည်နဲ့တော့ စောင့်ရမှာပါ။
မြန်မာနိုင်ငံအတွက်ပါမပါဆိုတာတော့ သူတို့လျှောက်လို့ရပြီဆိုပြီး လျှောက်ထားလို့ရတဲ့နိုင်ငံတွေကိုကြော်ငြာချက်ထုတ်မှပဲသေချာသိရမှာပါ။
ဒါကြောင့် ဒီDigital Nomade Visaလို့ခေါ်တဲ့ DTV visaဟာလတ်တလောမှာ ဘယ်နိုင်ငံကလူမှလျှောက်လို့မရသေးပါဘူး။
👍31
တစ်ပြားမှ မကုန်ပဲ ရက်( ၉၀ ) တုံးထုနည်း ⚡️
ထိုင်းရောက်ရွှေမြန်မာများမင်္ဂလာပါ 🙏🙏🙏
90 Days Report ဆိုတာကတော့ ထိုင်းနိုင်ငံတွင်းမှာနေတဲ့ နိုင်ငံခြားသားတိုင်း ရက်၉၀ ပြည့်အောင် ထိုင်းနိုင်ငံထဲမှာနေရင် ထိုင်းလဝက ကိုအကြောင်းကြားရတဲသဘောပါ၊
ကိုယ်က ထိုင်းနိုင်ငံအတွင်းမှာ ကျောင်းတက်လိုပဲဖြစ်ဖြစ် အလုပ်လုပ်လိုပဲ ဖြစ်ဖြစ်ဘယ်လိုနေနေ ရက် ၉၀ ပြည့်တိုင်း 90 Days Report လုပ်ရပါတယ်( Smart Visa ကိုင်ထားတဲ့သူကတော့ မလိုပါဘူး ) ။
90 Days Report ကို ထိုင်းရောက်ရွှေမြန်မာတော်တော်များများကတော့ အလုပ်ပျက်လို ပွဲစား ဒါမှမဟုတ် သူငယ်ချင်းတွေကို ဘတ်၂၀၀ ပေးပြီးလုပ်ခိုင်းလေ့ရှိကြပါတယ်။
တစ်ချို အတွက် ဘတ်၂၀၀ ကဘာမှမဟုတ်ပေမယ့် ချွေးနဲ့ရင်းပြီး ရှာထားရတဲ့ ရွှေမြန်မာတွေအတွက် ပိုက်ဆံမကုန်ပဲ ဆော့ဝဲလ်နဲ့ ရက်၉၀ တုံးထုနည်းကို မျှဝေလိုက်ရပါတယ်။
ဆော့ဝဲလ်ထဲမှာ ပြုလုပ်နည်းတွေကို တစ်ဆင့်ချင်းဖော်ပြပေးထားပါတယ်၊👇🏻👇🏻

ဆော့ဝဲလ်ဒေါင်းရန်လင့်- https://mm.nextworm.com/archives/2674
IOS USER များအတွက် ဆော့ဝဲလ်လင့်- https://mm.nextworm.com/archives/2674
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/vtechguide
တင်ဆက်သူ Victor ။
လိုချင်တာကိုသိအောင်လုပ်တယ်

သိသွားရင် ရမယ့်နည်းဘယ်နှစ်ခုရှိလဲရှာတယ်

ရှာလိုတွေ့သွားရင် ဖြေးဖြေးမှန်မှန်လုပ်သွားတယ်

အချိန်တန်တော့ရသွားတယ် ဘာများခက်လိုလဲ ?
10
ထိုင်းထီပေါက်စဉ်
ထိုင်းထီပေါက်စဉ်ကို အချိန်နဲ့တစ်ပြေးညီ သိနိုင်မယ့်ဆော့ဝဲလ်
ဒီဆော့ဝဲလ်လေးရဲ့ ထူးခြားချက်တွေကတော့
ထိုင်းထီပေါက်စဉ်ကို ကြံ့ကြာမှုမရှိဘဲ ချက်ချင်းသိနိုင်မယ့်အပြင် ကိုယ့်ရဲ့ ထီနံပါတ်ကိုထည့်ထားရုံနဲ့ ဘာဆုပေါက်လဲဆိုတာ ဖော်ပြပေးမှာဆိုတော့ ထီထိုးထားတဲ့ သူဠေးလောင်းများအတွက် အကျိုးများစေလိုမျှဝေလိုက်ရပါတယ်။
ဆော့ဝဲလ်ဒေါင်းရန်လင့်ကို Comment မှာချပေးထားပါတယ်။
ဆော့ဝဲလ်ဒေါင်းရန်လင့်
For Android - https://mm.nextworm.com/archives/1735
For IOS - https://mm.nextworm.com/archives/3232
ဆော့ဝဲလ်ဒေါင်းနည်းကို VD နဲ့ဖော်ပြပေးထားပါတယ် - https://fb.watch/n0fjiuMH-D/
2024 က ၇ လတော့ ကုန်သွားပြီ

ကျန်တဲ့ ၅ လမှာ တကယ်လုပ်မယ်ဆိုရင်
New year resolution က မပြီးသေးတာတွေ

ပြီးအောင်လုပ်ဖို အချိန်မှီသေးတယ် 🤘🏻
12
လူတွေကြည့်နေမှ ကြိုးစားနေရင်
အဲ့ဒါ သရုပ်ဆောင်နေတာပဲဗျ

တကယ်လုပ်မယ်လို ဆုံးဖြတ်ပြီးပြီဆိုရင်
ဘယ်သူမှ မကြည့် ဘယ်သူမှအားမပေး
ဘယ်သူမှ မထောက်ခံလဲ ကြိုးစားနေဖိုလိုတယ်

အချိန်တန်ရင် result ကသူဟာသူ
ပြောပြသွားလိမ့်မယ်
23👍10
Rolex ပတ်ပြီး ကိုယ်မလုပ်ချင်တဲ့
အလုပ်ကိုသွားဖို အချိန်ကြည့်နေရရင်
အလကားပဲ

Iphone ကိုင်ပြီး fb နဲ့ viber လောက်
သုံးနေရင်လဲ အလကားပဲ

Macbook ကြီးကိုင်ပြီး gmail နဲ့
Netflix လောက်သုံးလဲအလကားပဲ

ပစ္စည်းတွေပေါ်မှာ တန်ကြေးအများကြီးသုံးပြီး
လူထင်ကြီးအောင်လုပ်နေပေမယ့်

ဘဝထဲမှာ မပြေလည်နေတဲ့ပြဿနာတွေ
မပြည့်ဝတဲ့စိတ်တွေများနေအုံးမယ်ဆို
အလကားပဲ

ထိုအတူပဲ ဦးနှောက်ရှိပြီး
မစဉ်းစားတတ်ရင်အလကားပဲ
24👍4
ပြဿနာတစ်ခုကို ရင်ဆိုင်တဲ့သူရော
ထွက်ပြေးတဲ့သူရော ၂ ယောက်လုံးမှန်တယ်

ခံနိုင်ရည်ရှိမယ်လိုသိတဲ့သူက
ဘာဖြစ်ဖြစ်ရအောင်ကျော်ဖြတ်မယ်လိုရင်ဆိုင်တယ်

ခံနိုင်ရည်မရှိလောက်ဘူးလိုသိတဲ့သူက
အသက်ရှင်ရပ်တည်ဖိုအတွက် ပြေးမယ်

ဒီလူ ၂ မျိုးလုံးက
ကိုယ့်အကြောင်းကိုယ်သိသူတွေမို
၂ ယောက်လုံးမှန်တယ်

ထွက်ပြေးတိုင်း ငကြောက်မဟုတ်သလို
ရင်ဆိုင်တိုင်းလဲ သူရဲကောင်းမဟုတ်ဘူး
15👍4
ဂျပန်ရောက်ပြီဆို ဆောင်ကိုဆောင်ထားသင့်တဲ့ ဆော့ဝဲလ်
ဂျပန်ကို အလည်ပဲဖြစ်ဖြစ် ၊ အလုပ်နဲ့ပဲဖြစ်ဖြစ် ဂျပန်ရောက်ရွှေမြန်မာ တို ဒီဆော့ဝဲလ်လေးကိုဆောင်ထားလိုက်ပါ။
ဘာကြောင့်ဆောင်သင့်တာလဲ?
- ဒီဆော့ဝဲလ်လေးက ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့ ကားမှတ်တိုင်တွေကိုပြပေးမယ့်အပြင် ကိုယ်နဲ့အနီးစပ်ဆုံး ကားမှတ်တိုင်ကိုလည်း ရှာဖွေနိုင်ပါတယ်၊
- ဒါ့အပြင် ဘယ်ချိန်မှာ ကားလာမယ်၊ ဘယ်ကားစီးရင် ဘယ်ကို ရောက်လဲက အစ အသေချာဖော်ပြပေးထားပါသေးတယ်
- ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ Taxi ဂိတ်တွေ ၊ ဆိုင်ကယ်၊ စက်ဘီး ငှားလိုရတဲ့နေရာတွေ ကို အသေချာလေးဖော်ပြပေးထားပါသေးတယ်။
ဂျပန်ရောက်ရွှေမြန်မာတွေ အတွက် အရမ်းကို အဆင်ပြေစေမှာဖြစ်လို မျှဝေလိုက်ရပါတယ်၊
နေရာသစ်မှာ စိတ်သစ်လူသစ်နဲ့ အောင်မြင်မှုများဆွတ်ခူးနိုင်ကြပါစေ။🙏🙏🙏
ဆော့ဝဲလ်ဒေါင်းရန်လင့်
For Android - https://mm.nextworm.com/archives/1608
For IOS - https://mm.nextworm.com/archives/2942
👍91
တင်တဲ့ post ထဲမှာ Source တွေပါရင်
Information Sharing post

တင်တဲ့ post ထဲမှာ အတွေ့အကြုံပါရင်
Knowledge sharing post

တင်တဲ့ post ထဲမှာ ထင်မြင်ချက်ပါရင်
Opinion sharing post

တင်တဲ့ post ထဲမှာ product/service
အကြောင်းပါရင် Product Selling post

တင်တဲ့ post ရဲ့စာနဲ့ ရေးသူရဲ့ ပုံပါရင်
Personal Promotion post

စာနဲ့ ဘာမှမဆိုင်ပဲ ကိုယ့်ပုံကြီးပဲ
ဇွတ်ဦးစားပေးနေရင် Attention Post
👍51
PV စာအုပ်နဲ့ဘတ်လုပ်ပြီး
NON L-A Visaထည့်ထားသူများ လောလောဆယ်
မြန်မာပြည်အသွား/အပြန်
မလုပ်ကြပါနဲ့လို့ သတိပေးချင်ပါတယ်။

မြန်မာနိုင်ငံမှာ
သတ်မှာထားတာက PV Passport
စာအုပ်ကိုနိုင်ငံခြားအလည်အပတ်
ထွက်ဖို့အတွက်ပဲ ခွင့်ပြုပေးထားလို့ပါ...
အခုက ထိုင်းကို PVပတ်စပို့နဲ့
ဝင်လာကြပြီး ထိုင်းမှာဘတ်
ရိုက်ပြီးတော့ရလာတဲ့
အလုပ်သမားVisaကို
PVစာအုပ်ထဲပြောင်းထည့်
လိုက်ပြီးထိုင်းမှာတရားဝင်
နေကြပါတယ်....
အဲ့ဒီလိုပုံစံနဲ့ ထိုင်းမှာနေတာက
ဘာပြသနာမှ မရှိပေမယ့်
မြန်မာပြည်ကိုပြန်ဆင်းပြီး
ထိုင်းကိုပြန်တက်လာမယ်ဆိုရင်
PVစာအုပ်မှာအလုပ်သမား Visa
ဖြစ်နေတဲ့အတွက် မြန်မာ
လဝက ရစ်တာကိုခံရပါမယ်...
အရင်အချိန်တုန်းကတော့ လဝကကို
ပိုက်ဆံပေးပြီး လမ်းကြောင်းညှိလို့
ရပေမယ့် အခုနောက်ပိုင်း
ရန်ကုန်လေဆိပ်မှာ PV Passportနဲ့
အလုပ်ထွက်လုပ်တာကို တားမြစ်ဖို့
စစ်ဆေးရေးအဖွဲ့တွေရှိနေတာမို့
PV Passport မှာအလုပ်သမား
Visaရှိနေရင် ပေးမထွက်တော့ပါဘူး...
👍6
ြန်မြန်အောင်မြင်ချင်ရင်
အလွယ်လမ်းလိုက်နေမယ့်အစား

ဖြေးဖြေးမှန်မှန်နဲ့ ပုံမှန်လုပ်ခြင်းက
အမြန်ဆုံးနည်းလမ်းပါပဲ

ပုံမှန်လေးလုပ်သွားဖိုကခက်နေရင်
System ရှိပြီးသား ခရီးရောက်ပြီးသား
သူတွေနဲ့ ဝန်းရံပါမိတ်ဆွေ 🚀
14👍3
Forwarded from V Tech Guide
Telegram မှာ Myanmar Font မှန်အောင်လုပ်နည်း
ပုံမှန်အားဖြင့် မိမိရဲ့ဖုန်းထဲက Telegram မှာမြန်မာ font မှန်ကြပေမယ့် Laptop ၊ PC တို့နဲ့သုံးတဲ့အခါမှာတော့ font မမှန်တာကိုလူအများကြုံရမှာဖြစ်ပါတယ်။ ဒီပြဿနာကိုအလွယ်ကူဆုံးဖြေရှင်းလို့ရတဲ့နည်းလမ်းလေးကို မသိသေးသူများအတွက်မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023
တင်ဆက်သူ- Victor
👍5
Content Creator တွေအတွက် Policy Issue, Community Standard Warning ကို ဖယ်ထုတ်ရှင်းပေးနိုင်မယ့် Tool တစ်ခုကို Facebook မှာ မိတ်ဆက်
Community Standard ပြဿနာတွေကို ကိုယ့်ရဲ့ အကောင့် Status ကနေ ဖယ်ရှားနိုင်ဖို့အတွက် Tool တစ်ခုကို Professional Mode On ထားတဲ့ သူတွေအရင်ဆုံး ရရှိအသုံးပြုနိုင်မယ်လို့ သိရပါတယ်။
ဒါပေမယ့် အခုလို Warning Issue တွေကို Clean လုပ်ပေးနိုင်မယ့် Tool ဟာ တစ်နှစ်မှာ တစ်ကြိမ်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Policy Issue Warning Fixing Tool သဘောတရားကတော့ Educational Purpose အနေနဲ့ Community Standard ဆိုင်ရာ သဘောတရားတွေ၊ ပေါ်လစီတွေ၊ စည်းကမ်းချက်တွေကို App ထဲမှာ Learn လုပ်သွားရမှာဖြစ်ပြီးတော့ Learning Process ပြီးတာနဲ့ မိမိ အကောင့်မှာ ထိနေတဲ့ Warning က တစ်ခါထဲ ရှင်းသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တစ်နှစ်မှာ တစ်ခါသာ အသုံးပြုနိုင်မှာဖြစ်လို့ နောက်တစ်ကြိမ် Warning ထပ်ထိရင် အဆိုပါ Warning ကိုတော့ ဖျောက်ဖျက်လို့ရမှာ မဟုတ်ပါဘူး။
အကယ်၍ ကိုယ်က တစ်နှစ်အတွင်းမှာ Policy Issue Fixing Tool ကို တစ်ခါ အသုံးပြုထားမယ်၊ တစ်နှစ်အတွင်းမှာ နောက်ထပ် Warning တွေ ထပ်မရှိဘူးဆိုရင်တော့ နောက်ထပ် တစ်နှစ်အတွင်းမှာလည်း Warning ကိစ္စတွေဖြစ်လာခဲ့ရင် Policy Issue Fixing Tool ကို ထပ်မံအသုံးပြုနိင်မှာ ဖြစ်ပါတယ်။
အကျဉ်းချုပ်ပြောမယ်ဆိုရင် Policy Issue Fixing Tool ကို တစ်နှစ်မှာ တစ်ခါဘဲ သုံးလို့ရမယ်။ တစ်နှစ်ထဲမှာ ၂ ခါ ဖြစ်သွားခဲ့ရင် နောက် တစ်နှစ်မှာ Fixing Tool ကို အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် Warning Status ကိုလည်း ဖျောက်လို့ရမှာ မဟုတ်တော့ပါဘူး။ အကျိုးဆက်အနေနဲ့ Reach လျော့ချခြင်းနဲ့ Monetization ကိစ္စတွေမှာ ကန့်သတ်ခြင်း ခံရနိုင်တယ်လို့ Meta က ထုတ်ပြန်ကြေငြာထားပါတယ်။
Policy Issue Fixing Tool က Content Creator အားလုံးဆီ မကြာမှီ ရောက်ရှိ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
3
မလေးတစ်နိုင်ငံလုံးကို အသေးစိတ်ကြည့်လိုရမယ့် မလေးမြေပုံ

ကိုယ်ဘယ်နေရာပဲရောက်ရောက် အခက်ခဲရှိတဲ့အချိန် အင်တာနက်မလိုပဲ Offine ကြည့်နိုင်တာကြောင့် မလေးရောက်ရွှေမြန်မာများအားလုံးဆောင်ထားသင့်ပါတယ်။

Malaysia Map For Android

https://mm.nextworm.com/archives/4844

Malaysia Map For IOS

https://mm.nextworm.com/archives/4847

နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/vtechguide
1👍1
ပိတ်ရက်တွေ အနားယူချိန်တွေကို
ကိုယ့်ကိုယ်ကိုတည်ဆောက်ဖိုသုံးပါ

- ခန္ဓာကိုယ် ကြံ့ခိုင်လာဖို
- အပိုဝင်ငွေရလာဖို
- ပါးစပ်စည်းကမ်းရှိဖို
- ပညာအသစ်တွေ သင်ယူဖိုသုံးပါ

အချိန်တန်ရင် သိသိသာသာကွာလာပါလိမ့်မယ်
17👍4🙈1
တလွဲတွေလုပ်နေရင် ကွယ်ရာမှာ
ထိုင်ဟားနေတဲ့သူတွေထက်

ကိုယ်မှားနေတာကို အမုန်းခံပြောတဲ့
သူငယ်ချင်းတွေမိတ်ဆွေတွေရှိဖိုလိုတယ်
20