V Tech Guide
6.75K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
Dtacဆင်းကဒ် အဟောင်းရော အသစ်ရော
ကိုယ့်နာမည်နဲ့ အမြန်မှတ်ပုံတင်နည်း။

datc Internet စမတ်နည်း မှတ်ပုံတင်ထားခြင်းရှိမရှိ နည်းလမ်းအပြင်၊ တစ်ခြား datc နဲ့သက်ဆိုင်ရာ "bonus plan"တွေကိုလည်း ဒီဆော့ဝဲလ်ထဲမှာဖော်ပြထားပါတယ်။

Datac ဆော့ဝဲလ် Link ဒေါင်းရန် -👇
Dtac
ဒီမှာဒေါင်းယူပါ - https://bit.ly/44TnDjI

Dtac IOS
ဒီမှာဒေါင်းယူပါ - https://bit.ly/4dLkHtA

**အရမ်းတန်တဲ့ datc စမတ် နည်း plan တွေကို အမြဲတင်ဆက်ပေးသွားမယ့် တယ်လီဂရမ် channel link- https://t.me/vtechguide
နံပါတ် 3 🚌🚌 (မော်ချစ် -- ခွန်ထွန်ပူရီ )
(မော်ချစ်ကားဝင်/ဂျတူကျက်ပန်းခြံ/ပဟိုရိုထင်၁၈လမ်း/
စဖန်ခွိင်btsဘူတာ/စန်ဆမ်လမ်း၂၀/vajira hospital/
စန်ဆမ်လမ်း၁၁/၁၃/national library/
ထေဝေ့လ်/ဘန်လဖိုလ်/ခေါက်ဆန်လမ်း/ national ပြတိုက်/
စနမ်မလွန်းမြဘုရားကွင်း/စဖန်ဖုပန်းစျေး/ဝန်ဝင်ယိုင်လ်အဝိုင်း/
တက်စင်လ်/ဆာထောလ် တာဝါး / ခွန်ထွန်ပူရီ bts ဘူတာ) 🚌ကိုရောက်ပါတယ်။
ထိုင်းရောက်ရွှေမြန်မာများ သွားလာရေးအဆင်ပြေစေရန်မျှဝေလိုက်ရပါတယ်။
ထိုင်းမှာ လိုင်းကားစီးဖို ဆော့ဝဲလ်လေးတစ်ခုလိုပါတယ်။ ဒီဆော့ဝဲလ်ထဲမှာ ရောက်တဲ့နေရာကနေ ကိုယ်သွားချင်တဲ့နေရာထည့်လိုက်တာနဲ့ ကြာချိန် ကုန်ကျငွေနဲ့ ဘယ်လိုင်းကားတွေရောက်တယ်။ ဘယ်လိုင်းကားက လာနေပြီ စသဖြင့်ဖော်ပြပေးထားတာကြောင့် အဆင်သင့် တက်စီးရုံပါပဲ။
တင်ဆက်သူ Victor
ထိုင်းလိုင်းကားဆော့ဝဲလ်လင့်-
(နောက်ဆုံးထွက် ဗားရှင်းဖြစ်လို ကိုယ့်ဖုန်းမှာ ရှိနေရင်တောင် Update ဒေါင်းထားလိုက်ပါ)
For Android - https://mm.nextworm.com/archives/1602
For IOS - https://mm.nextworm.com/archives/2868
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/vtechguide
👍3
နေ့တိုင်းကတော့
သာယာတဲ့နေ့ဖြစ်ချင်မှဖြစ်မယ်

ဒါပေမယ့်.. မသာယာတဲ့နေ့တွေ့ကို
သာယာတဲ့ စိတ်နဲ့ ဖြတ်သန်းလိုတော့ရတယ်

အရေးကြီးတာကိုယ့်စိတ်ပဲ
အခက်အခဲတွေ မကောင်းတဲ့သူတွေ

ထင်သလိုမဖြစ်တဲ့နေ့တွေဆိုတာ
ရှိလာနိုင်တယ်ဆိုတာ

အမြဲသတိရှိပါမိတ်ဆွေ 🫰🏻
11👍1
ဂျပန်နိုင်ငံရှိ လုပ်ငန်းများ လုပ်သားရှားပါးမှုကြောင့် ဒေဝါလီခံမှုများလုပ်သားရှားပါးမှုကြောင့် 10 နှစ်အတွင်း အမြင့်ဆုံးသို ရောက်ရှိ
ဂျပန်နိုင်ငံရှိ လုပ်ငန်းများဒေဝါလီခံမှု အရေအတွက်ဟာ 2024 ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာတင် 10 နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါတယ်။ ဒေဝါလီခံသောကုမ္ပဏီများမှာ လုပ်သားရှားပါးမှုနှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် ထိခိုက်နစ်နာခဲ့ရတယ်လို့ ကြွေးမြီစာရင်းလေ့လာတဲ့ကုမ္ပဏီတစ်ခုက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ ယန်းငွေတန်ဖိုးကျဆင်းမှုကြောင့် မြင့်တက်လာတဲ့ကုန်ဈေးနှုန်းတွေကို လိုက်မမီနိုင်တဲ့ ကုမ္ပဏီတွေ များလာတယ်လို့ Tokyo Shoko Research မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ လုပ်သားရှားပါးမှု ကြောင့်ဖြစ်ရတဲ့ အကြောင်းရင်းများဟာ ၂ ဒသမ ၂ ဆ တိုးလာကာ စစ်တမ်းစတင်တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးကာလဖြစ်ပါတယ်။
ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဒေဝါလီခံမှုများသည် ၂၃.၄ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ဒေဝါလီခံခဲ့ရတဲ့ ကုမ္ပဏီ ၃၂၇ ခုမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း အစိုးရမှ ထုတ်ပေးထားတဲ့ အတိုးမဲ့ချေးငွေများကို ပြန်ဆပ်ရန် ရုန်းကန်နေရတဲ့ ကုမ္ပဏီများ ပါဝင်ပါတယ်။ ဧပြီလ (၁) ရက်နေ့မှ စတင်၍ တင်းကျပ်သော အချိန်ပိုအလုပ်ဆင်းခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ဈေးတက်ခြင်းတို့ကြောင့် စက်မှုလုပ်ငန်းများထဲမှာ ဆောက်လုပ်ရေးကဏ္ဍ ဒေဝါလီခံမှုဟာ ဒုတိယအများဆုံးဖြစ်ပါတယ်။ ဇန်န၀ါရီမှ ဇွန်လအတွင်း ထိုဒေဝါလီခံသောကုမ္ပဏီများမှ ထားခဲ့သော စုစုပေါင်း ကြွေးမြီများမှာ ယန်းငွေ 721.04 ဘီလီယံရှိခဲ့ပါတယ်။
Nikkei နှင့် Topix စတော့အညွှန်းကိန်းများသည် သောကြာနေ့မှာ တစ်ချိန်လုံး အမြင့်ဆုံးသို့ ခေတ္တရောက်ရှိခဲ့ပြီး ယန်းငွေတန်ဖိုးဆက်လက်ကျဆင်းမှုဟာ အဓိကကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အမြတ်အစွန်းများ တိုးလာမည်ဟု မျှော်မှန်းနေကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအကျပ်အတည်းအပြီးမှာ ၂၀၀၉ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း ဒေဝါလီခံမှုများ 8,169 အထိ တိုးလာခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်ဖြစ်ပွားနေစဉ်အတွင်းပင် ကျဆင်းသွားခဲ့ပါတယ်။ ဇွန်လတစ်လတည်းမှာ ဒေဝါလီခံမှုဟာ ယခင်နှစ်ကထက် ၆ ဒသမ ၄၉ ရာခိုင်နှုန်း တိုးလာခဲ့ပြီး အကြွေး ယန်း ၁၀၉.၈၈ ဘီလီယံအထိ ဆုံးရှုံးသွားကာ လေးလဆက်တိုက် ကျဆင်းမှုအဖြင့် မှတ်တမ်းတင်ခဲ့ပါတယ်။
Japan Today Knowledge မှတင်ဆက်ပေးခြင်းဖြစ်ပါသည်။
👍2
မီးရထားလမ်းပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများအတွက် စက်ရုပ်များဖြင့် အစားထိုးမည့် ဂျပန်
July လမှ စပြီး မီးရထားလမ်း‌ပေါ်တွင်‌မောင်းနိုင်သော ထရပ်ကားပေါ်မှာတပ်ဆင်ထားသော အကြမ်းထည်ခေါင်းနဲ့ coke ပုလင်းအဖုံးမျက်လုံးပုံစံရှိတဲ့စက်ကို ကုမ္ပဏီရဲ့ကွန်ရက်မှာ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအတွက် အသုံးပြုတော့မှာဖြစ်ပါတယ်။ စက်မောင်းသမားသည် ထရပ်ကားပေါ်ရှိ ထိန်းချုပ်ခန်းခန်းတွင် ထိုင်ကာ စက်ရုပ်မျက်လုံးမှာ တပ်ဆင်ထားတဲ့ ကင်မရာမှတစ်ဆင့် မြင်နိုင်ပြီး ၎င်း၏အစွမ်းထက်သော ခြေလက်များကို အဝေးမှ ထိန်းချုပ်ပြီး လုပ်ဆောင်စေမှာ ဖြစ်ပါတယ်။
ထိုစက်ရုပ်သည် ၄၀ ကီလိုဂရမ်အထိ လေးတဲ့အရာဝတ္ထုများကို သယ်ဖို့၊ စုတ်တံကိုင်ဖို့ ဒါမှမဟုတ် ဆွဲလွှကို အသုံးပြုဖို့ ၎င်း၏ လက်များမှာရှိတဲ့ အမျိုးမျိုးသော ချိတ်တွဲများကို အသုံးပြုနိုင်ပါတယ်။ စက်ရုပ်၏ အဓိကတာဝန်မှာ ရထားလမ်းတစ်လျှောက် ကေဘယ်ကြိုးများများကို ဖြတ်တောက်ခြင်းနှင့် သတ္တုဘောင်များကို ဆေးသုတ်ခြင်းတို့ကို အဓိကလုပ်ဆောင်လုပ်ဆောင်သွားမယ့်အ‌ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ အနာဂတ်မှာ ကျွန်ုပ်တို့အခြေခံအဆောက်အဦးတွေရဲ့ အမျိုးမျိုးသော ပြုပြင်ထိန်းသိမ်းမှု‌တွေမှာ စက်တွေကို အသုံးပြုဖို့ မျှော်လင့်ပြီး လုပ်သားရှားပါးမှုကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ လေ့လာမှုတစ်ခုကိုလည်း အထောက်အပံ့ပေးလိမ့်မယ်လို့ ကုမ္ပဏီဥက္ကဋ္ဌ Kazuaki Hasegawa က မကြာမီက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Japan Today Knowledge မှတင်ဆက်ပေးခြင်းဖြစ်ပါသည်။
3👍1
Forwarded from V Tech Guide
ဂျပန်နိုင်ငံရဲ့ နေ့စဉ်သတင်းတွေကို တင်ဆက်ပေးသွားမယ့် Japan Today Knowledge page ကို Follow လုပ်ထားနော်
Page မှာ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ သတင်းတွေကို နေ့စဉ်တင်ဆက်ပေးသွားပါမယ်။

FB Page link- Japan Today Knowledge
👍2
ထိုင်းရောက်ရွှေမြန်မာများအတွက် အရမ်းမိုက်တဲ့ ထိုင်းကီးဘုတ်😍
ထိုင်းရောက်ပြီး ထိုင်းကီးဘုတ်မရှိသေးဘူးလား?
- Facebook အကောင့်ကို ထိုင်းလိုရေးမလား?
-ထိုင်းစာလေ့လာပြီး ထိုင်းလက်ကွက်ရေးမလား?
- ထိုင်းတွေနဲ့ လိုင်းပေါ်မှာ အပြန်အလှန် စာပိုမလား?
ကံကောင်းရင် ထိုင်းမလေးတွေပါ ရသွားမှာနော်🤩
ဆော့ဝဲလ်ဒေါင်းရန်လင့်

For Android - https://mm.nextworm.com/archives/2145

For IOS - https://mm.nextworm.com/archives/2975

နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/vtechguide
👍32
အရေးပေါ်သတိပေးချက်
ရန်ကုန်တိုင်းဒေသကြီးမှာ ကာလဝမ်းရောဂါ (Cholera) ပျံ့နှံမှု စတင်နေတာကို တွေ့ရပါတယ်။
အဲ့အတွက်
* လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။
* တကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။
* ရေကိုကြိုချက်သောက်ပါ။
* အခုရက်အတွင်း အပြင်စာစားသောက်မှုကို တတ်နိုင်သမျှရှောင်ပါ။
* အသီးအရွက်များကို သေချာစွာဆေးကြောပါ။ အစိမ်းစားခြင်းရှောင်ပါ။
* အစားအစာများကို သေချာစွာကျက်အောင်ချက်ပါ။ ပူပူနွေးနွေးစားပါ။
* ယင်နားစာများမစားပါနှင့်။
* ဆန်ဆေးရေကဲ့သိုဝမ်းများသွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသိုပြသ၍ ချက်ချင်းကုသမှုခံယူပါ။
👍7😱2😁1
July 9, 2024 (11:30 AM )

🇲🇲 MMK to 🇹🇭 THB
1 THB = 130.20 MMK ( 100,000 MMK=768 THB )

🇹🇭 THB to 🇲🇲 MMK
1 THB = 126.90 MMK (100,000 MMK =788 THB)
3
မလေးရှားရောက်ရွှေမြန်မာများ ဒီဆော့ဝဲလ်ရှိရင် ရထားမစီးတတ်စရာအကြောင်းမရှိတော့ဘူး
မလေးရှားမှာ ရထားစီးဖိုအတွက် ရထားလမ်းပြမြေပုံဆော့ဝဲတစ်ခု တော့လိုအပ်ပါတယ်။
Bus ကားကတော့ ကဒ်ရှိမှာ စီးလိုရမှာဖြစ်ပြီး ရထားကတော့ ရထားဘူတာမှာ ကဒ်လုပ်ပြီးစီးနိုင်သလို ရထားလတ်မှတ်ဝယ်ပြီးလည်းစီးနိုင်ပါတယ်။( ရထားနဲ့ဆို အတော်လေး ပိုက်ဆံကုန်သက်သာပါတယ် )
ဒီဆော့ဝဲကို ဆောင်ထားလိုက်မယ်ဆိုရင် ကိုယ်သွားချင်တဲ့ ခရီးကို ထောက်လိုက်တာနဲ့ ဘယ်ဘူတာကနေပြီးတော့ စီးရမယ် စသည်ဖြင့် ပြပေးပါတယ်။မလိုအပ်ပဲနဲ့ ငွေကုန်ကြေးကျ မများပဲ ခရီးရောက်မယ့်အထောက်ကူပြု ဆော့ဝဲဖြစ်တာကြောင့် မလေးက ရွှေမြန်မာတွေအနေနဲ့ ဆောင်ထားသင့်ပါတယ်။
ရထားမြေပုံဆော့ဝဲ ‌ရယူရန် နှိပ်ပါ -

For Android - https://mm.nextworm.com/archives/2202

For IOS -https://mm.nextworm.com/archives/2889

နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/vtechguide
👍2❤‍🔥1
ယနေ့မှာတော့ ထူးခြားမှုတွေနဲ့ အတူ Telegram Version သစ်ထွက်ရှိလာပါတယ်။
ဘာတွေထူးခြားသွားလဲ?
- ကုတ်မကျတဲ့ မိတ်ဆွေများအတွက် အခု Update မှာဖြေရှင်းပေးထားပါတယ်။ Owner ချိန်းတဲ့အချိန်,အကောင့်ပြောင်းတဲ့အချိန်,ဖုန်းနံပါတ်ပြောင်းတဲ့အချိန် ကုတ်မကျတာ ၊ အချိန်ကြာမှ ကုတ်ကျတာဒါတွေကို ဖြေရှင်းပေးထားတာတွေ့ရပါတယ်။
- Emoji, Sticker တွေကို အရင်က အကန့်သတ်နဲ့သုံးရပြီး ခု Update မှာတော့ Animation sticker နဲ့ အလှုပ်အရွ Emoji ၄၀၀၀ ကျော်ကို အသစ်ထပ်မံဖြည့်ပေးထားပါတယ်။
- ရိုးရိုးဖုန်းခေါ်ခြင်း,ဗီဒီယိုcall ခေါ်ခြင်းတွေမှာလည်း လိုင်းကိုသိသိသာသာ ငြိမ်ပြီး ပိုကြည်အောင် ဖြေရှင်းပေးထားတာတွေ့ရပါတယ်။
Telegram User တွေအတွက်ကတော့ သတင်းကောင်းပါပဲ။
Version သစ်မရှိသေးသူများအတွက် တယ်လီဂရမ် ဗားရှင်းသစ်
For Android- https://mm.nextworm.com/archives/4694
For Ios- https://mm.nextworm.com/archives/4699
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/vtechguide
👍8
မလေးတစ်နိုင်ငံလုံးကို အသေးစိတ်ကြည့်လို့ရမယ့် မလေးမြေပုံ

ကိုယ်ဘယ်နေရာပဲရောက်ရောက် အခက်ခဲရှိတဲ့အချိန် အင်တာနက်မလိုပဲ Offine ကြည့်နိုင်တာကြောင့် မလေးရောက်ရွှေမြန်မာများအားလုံးဆောင်ထားသင့်ပါတယ်။

Malaysia Map For Android

https://mm.nextworm.com/archives/4844

Malaysia Map For IOS

https://mm.nextworm.com/archives/4847

နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/vtechguide
👍2
ရုပ်ရှင်တွေကြည့်ဖို့ အဆင်ပြေဆုံး Torrent Streaming Site များ
မိတ်ဆွေအနေနဲ့ ရုပ်ရှင်တွေလည်း ကြိုက်တယ်။ ထွက်သမျှကို Quality ကောင်းကောင်းနဲ့၊ အခမဲ့ကြည့်ချင်တယ်ဆိုရင်တော့ ဒီ Torrent တွေက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ Torrent ဆိုတဲ့အတိုင်း အင်တာနက်လိုင်းကောင်းဖို့လိုပါတယ်။ ဒါ့အပြင် ဗမာစာတန်းထိုးပါမှာမဟုတ်တာတော့ သတိချပ်ရပါမယ်။ ဒါပေမယ့် ထွက်သမျှ ရုပ်ရှင်တွေကို အချိန်နဲ့ တပြေးညီ Update ပေးတဲ့အတွက် မစောင့်နိုင်တဲ့ သူတွေကတော့ သုံးကြည့်ဖို့ အကြံပေးလိုပါတယ်။
1. sflix
ဒီကောင်က Streaming ထဲမှာမှ ကိုယ်တိုင်လည်း အမြဲသုံးဖြစ်နေတဲ့ ကောင်လေးပါ။ Neftflix မှာမရှိတာ၊ Streaming Platform ပေါ်မှာမရှိတော့တဲ့ ဇာတ်လမ်းတွေကို ရှာကြည့်လို့အဆင်ပြေပါတယ်။ Speed လည်းကောင်းတဲ့အပြင် Server တွေလည်း အများကြီးမို့ ထိပ်ဆုံးက Recommend ပေးပါတယ်။ CAM, HD တွေကိုမှ 720P, 1080P ဆိုပြီး အများကြီး ရွေးနိုင်ပါတယ်။ Movies, Series, Sitcom, Anime Category အများကြီးပါပဲ။
2. watchsomuch
ဒီကောင်ကလည်း သုံးလိုအဆင်ပြေတဲ့ထဲမှာပါပါတယ်။ ဒီကောင်က Member ဝယ်ရင် 4K resolution ထိရပေမယ့် Free Version မှာ 720, 1080 ပေးထားတော့ မဆိုးဘူးလို့ပဲပြောရပါမယ်။
3. 1337x
ဒီကောင်ကတော့ ရုပ်ရှင်တွေအပြင်၊ Games တွေ၊ Software တွေလည်း Download လို့ရနိုင်ပါတယ်။ ဒီကောင်မှာ ထူးခြားတာက Download ပါဆွဲလို့ရတာပါ။ Stream ပြီးချက်ချင်းကြည့်မလား။ Download ထားပြီး နောက်မှ ကြည့်မလား။ သင့်သဘောအတိုင်းပါပဲ။
4. fmovie
ဒီကောင်ကို အရင်က သုံးကြည့်ဖူးပေမယ့် နောက်ပိုင်းမှာ Update မဖြစ်ဘူးလို့ ခံစားရလို့ မသုံးဖြစ်တာပါ။ ဒါပေမယ့် အားသာချက်က ခေတ်ဟောင်းရုပ်ရှင် တော်တော်များများ စုံလင်အောင်ရှိတာပဲဖြစ်ပါတယ်။
5. kimcartoon
နောက်ဆုံးတစ်ခုက Cartoon ပရိသတ်တွေအတွက် သီးသန့်ဖြစ်ပါတယ်။ Site တစ်ခုလုံး Cartoon ပဲသီးသန့်တင်ထားပေးတာမို့ အိမ်မှာကာတွန်းကား ကြိုက်တဲ့ သားသားမီးမီးရှိရင် ကွက်တိပါပဲ။
နောက်ဆုံးသပ်သပ်ပြောချင်တာက ဒါတွေအပြင် App အနေနဲ့ သွင်းထားချင်ရင်တော့ Stremio ဆိုတဲ့ App ကို Download ဆွဲထားပြီး Torrent Source တွေအကုန် Plug-in အနေနဲ့ သွင်းထားလိုက်ရင် အဆင်ပြေပါပြီ။
👍2
ဝန်ထမ်းကအလုပ်ထွက်ပြီးတော့
တစ်စင်ထောင်သွားမှာစိုးနေရင်

အဲ့အလုပ်ရှင်က ၂၀ ရာစုမှာ
ကျွန်မွေးမြူရေးစနစ်ကို
ကြိုက်နေတာနဲ့အတူတူပဲ 🫢

ဘယ်သူမှ ဝန်ထမ်းတစ်သက်လုံးလုပ်ဖို့
မွေဖွားလာတာမဟုတ်တဲ့အတွက်

တတ်သွားလို့ တစ်စင်ထောင်ရင်
ဝမ်းတောင်သာရဦးမှာမဟုတ်လား
21👍9👏3
ထိုင်းမှာ ဘဏ်အကောင့်ဖွင့်ထားပြီး အပိတ်မခံရအောင် ဒါတွေ သတိထားပါ ‼️
ထိုင်းနိုင်ငံမှာ စီးပွါးရေးလုပ်တာပဲဖြစ်ဖြစ်၊ ကျောင်းတက်တာပဲဖြစ်ဖြစ်၊ အလည်သွားတာပဲဖြစ်ဖြစ် ကိုယ်ပိုင် ဘဏ်အကောင့်တစ်ခုဖွင့်ထားဖို့ လိုတယ်နော်။
ဒါဆို ဘဏ်အကောင့်ဖွင့်ထားပြီးတဲ့အခါမှာ ပြန်အပိတ်မခံရအောင် ဘာတွေ သတိထားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်ရှင့်။⤵️
1️⃣ ထိုင်းနိုင်ငံမှာ ရှိနေတဲ့အချ်ိန်နဲ့ ရေရှည် အသုံးပြုဖို့ Sim Card ဝယ်ရပါမယ်။
2️⃣ ကိုယ့်ရဲ့ passport နဲ့ ပြ ဝယ်ပြီး ရေရှည် သုံးလို့ရတာ သေချာတဲ့ Sim Card ဖြစ်မှရပါမယ်။ ယာယီ Tourist Sim Card တွေနဲ့ ဘဏ်အကောင့် မဖွင့်စေချင်ပါဘူးနော်။
3️⃣ မြန်မာပြည်ကို ပြန်လာမယ့်သူတွေအတွက် ထိုင်းနိုင်ငံမှာ ရှိနေစဉ်ကတည်းက International Roaming ဖွင့်ထားခဲ့ရပါမယ်။
ဘယ်လို ဖွင့်ရမလဲ
Card အမျိုးအစားအလိုက် Call Center (or) Operator နဲ့ ချိတ်ဆက်ပြီး Roaming ဖွင့်ခိုင်းရပါမယ်။ Roaming မဖွင့်ထားရင် ထိုင်းနိုင်ငံပြင်ပမှာ Card က အလုပ်မလုပ်တာကြောင့် Sim Card အသုံးပြုရမယ့် iBanking တို့ဆို အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် တခါတည်း Roaming ဖွင့်လာခဲ့ပါရှင်။
4️⃣ Bank Account ဖွင့်ပြီး iBanking ကို ၃ရက်အတွင်း Log In ဝင်ကို ဝင်ရပါမယ်။ ၃ရက်အတွင်း Log In မဝင်ရင် ID Expire ဖြစ်တာကြောင့် ထိုင်းနိုင်ငံတွင်းမှာ ရှိနေသေးရင် ဘဏ်ပြန်သွားပြီး ပြောလို့ရပေမယ့် နိုင်ငံပြင်ပ ပြန်ထွက်ပြီးတဲ့အချိန်ဆို ဘာမှ လုပ်လို့မရနိုင်တော့ပါဘူးရှင့်။
5️⃣ ဘဏ်နဲ့ ပတ်သက်တဲ့ services တွေ၊ Passwords တွေရိုက်ရမယ့်အခါကျရင် ၃ကြိမ်ထက် မှားလို့မရပါဘူး။ မှားရင် Lock ကျတဲ့အတွက် ဘဏ်ရဲ့ Call Center ကို ဖုန်းဆက်ပြီး ပြန်ပြင်မှ ရမှာပါ။
6️⃣ နောက်ဆုံး သတိထားရမယ့်အချက်ကတော့ ဘဏ်အကောင့်ဖွင့်မယ်ဆို ထိုင်းကိုရောက်နေတဲ့ Visa က ရက် ၃၀ သက်တမ်းကျန်ရပါမယ်။
👍5
Outline VPN သုံးတဲ့ မိတ်ဆွေများရှိပါသလား ( Key လိုအပ်သူများ Comment မှာ ပြောထားပေးပါ Free မျှဝေပေးသွားပါမယ် )
👍6
ပျော်တာမပျော်တာ နောက်ထား
အလုပ်က လုပ်ရမှာပဲ။
ပျင်းတာ မပျင်းတာ နောက်ထား
အလုပ်က ဆက်လုပ်ရမှာပဲ။
ခံစားချက်တွေ နောက်ထား
ကိုယ့်သတ်မှတ်အလုပ် လုပ်ဖို့လိုတယ်။

လူမှန်ရင် အလုပ်လုပ်ရမယ်ဆိုတဲ့
ယဥ်ကျေးမှုနဲ့ ကြီးလာတော့
ခံစားချက်က ခံစားချက်ပဲ။​
အလုပ်က အလုပ်ပဲ။

မိဘကို ပြန်ပြုစုပေးချင်ရင်
အလုပ်လုပ်။
မိသားစုကို ပြန်ကြည့်ပေးချင်ရင်
အလုပ်လုပ်။​
ကိုယ့်ဘဝ အပြောင်းအလဲလုပ်ချင်ရင်
အလုပ်လုပ်။
အတွေ့အကြုံကောင်းကောင်းတွေခံစားချင်ရင်
အလုပ်လုပ်။
အနားယူချင်တဲ့အချိန် အနားယူလို့ရအောင်
အလုပ်လုပ်။
မျက်နှာမငယ်ချင်ရင်
အလုပ်လုပ်။

အလုပ်ဆိုတာ အချိန်တိုင်းလုပ်လို့မရဘူး။​
အနောက်နိုင်ငံအချို့လို
အလုပ်က ပေါများကြွယ်ဝပြီး
Work-Life Balance လဲ မဟုတ်ပြန်ဘူး။

အလုပ်ကောင်းတဲ့ အချိန်
အလုပ်ကို ပိုးစိုးပက်စက်လုပ်။
အလုပ်မကောင်းတဲ့အချိန် ပုံမှန်လုပ်။
အလုပ်မရှိတဲ့အချိန် ခဏနား။
နည်းလမ်းပြန်ရှာ။

အလုပ်လုပ်ခွင့်ရနေတယ်ဆိုတာ
ကံကောင်းလို့။
ကျန်းမာနေလို့။
လုပ်ဖို့အလုပ်လဲရှိနေလို့။

ရည်မှန်းချက်ချ၊
အလုပ်လုပ်၊ သင်ခန်းစာယူ၊
လိုချင်တဲ့ ပန်းတိုင်မရောက်ရင်
လုပ်နည်းပြန်ပြောင်း။

ကွန်ဖြူးရှပ် အဆုံးအမတွေနဲ့
ကြီးလာတော့
Work is life ဖြစ်လာတတ်တယ်။

တစ်သက်လုံးအလုပ်မလုပ်လို့မရဘူး။
အလုပ်လုပ်တယ်လို့ မခံစားပဲ
အလုပ်ပြီးအောင်လုပ်လို့ရတယ်။
ဒါကတော့ ကိုယ့်အလုပ်ကို ချစ်တာပဲ။
ကိုယ်မစဥ်းစားပဲ​ မနေနိုင်တဲ့
အလုပ်ကို လုပ်။

အလုပ် နိကာယ ဆိုပြီး
အဲ့လိုလေး ရေးချင်တာ။
လူတိုင်းကတော့
ကိုယ့်အမြင်နဲ့ ကိုယ်ပေါ့။
👏10👍87
တစ်ယောက်ယောက်က
စောင့်ကြည့်နေတယ်ဆိုရင်

လူတွေက အနဲနဲ့အများတော့
ဟန်ဆောင်ကြတာကြီးပဲ

ကိုယ့်ရဲ့ စစ်မှန်တဲ့ စရိုက်ဆိုတာ
ဘယ်သူမှ မကြည့်နေတော့မှထွက်လာတာ

အဲ့အချိန်မှာသင်က
ဘာတွေလုပ်သလဲပေါ်မူတည်ပြီး

ဘာ result တွေရလာတယ်ဆိုတာ
ကွာသွားတော့တာပါပဲ

လူတွေကြည့်နေမှ မကြိုးစားပါနဲ့
ကွယ်ရာမှာလဲကြိုးစားပါ

လူတွေကြည့်နေမှ စိတ်ကောင်းမရှိပါနဲ့
ကွယ်ရာမှာလဲစိတ်ကောင်းရှိပါ

လူတွေကြည့်နေမှ သီလမစောင့်ပါနဲ့
ကွယ်ရာမှာလဲ သီလစောင့်ပါ
15👍1