V Tech Guide
6.75K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
Messenger မှာ ဖုန်းခေါ်ရင်အသံမကြားရတာ၊ စာပိုလိုမရတာတွေအတွက် ဖြေရှင်းနည်း (၂) မျိုး

နည်းလမ်းလေးကအရမ်းလွယ်ကူတာကြောင့် လက်ရှိမိမိဖုန်းMessenger မှာ ဖုန်းခေါ်ရင်အသံမကြားရတာ၊ စာပိုလိုမရတာ ဖြစ်နေရင် ပုံမှာပြထားတဲ့အတိုင်းလုပ်ကြည့်လိုက်ပါ၊ အဆင်ပြေသွားပါလိမ့်မယ်။ Messenger နောက်ဆုံးထွက် Version ကိုဒီမှာ ဒေါင်းယူပါ👇

ဆော့ဝဲလ်ဒေါင်းရန်လင့်

For Android User - https://mm.nextworm.com/archives/4572

For Ios User - https://mm.nextworm.com/archives/4577

ဆော့ဝဲလ်လမ်းညွှန် Telegram channel - https://t.me/techworlds2023
👍7
Facebook မှာနည်းပညာနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို အမြဲတင်ဆက်ပေးသွားမယ့် Facebook Page ကို Follow လုပ်ထားဖို့မမေ့နဲ့နော်😍👇
Facebook Page Link-

https://www.facebook.com/profile.php?id=61561109320196
👍4
ကိုယ့်စိတ်က တကယ်
အရေးမကြီးဘူးဆိုတဲ့
အရာတွေအတွက် လူတွေမှာ
အချိန်မရှိကြပါဘူး

တကယ်အရေးကြီးတဲ့သူ
တကယ် အရေးကြီးတဲ့
အရာတွေအတွက်ဆိုရင်
အချိန်ကိုအလိုလိုရှာကြတာပါပဲ

လူတိုင်း ၂၄ နာရီပဲရှိတယ်
တချိုက အလုပ်ပိုပြီးတယ်
တချိုက သိပ်အလုပ်မပြီးဘူးဆိုတာ

အရေးကြီးတာတွေကို
အချိန်သေချာပေးပြီးမလုပ်လိုပဲ

Prioritize လုပ်နိုင်မှ သာ
အလုပ်ပိုပြီးနိုင်မယ် မိတ်ဆွေ
👍6
အာဖရိက ကလေးငယ်တစ်ဦးမှ သူ့ရဲ့ idolဖြစ်တဲ့ ရော်နယ်ဒို ရဲ့ပုံကို ၉ရက်ကြာ ထုဆစ်ခဲ့ပါတယ်
11👍7🔥5👏3🥰2😁1
Channel photo updated
Channel name was changed to «V Tech Guide»
အားလုံးပဲ မင်္ဂလာပါ
ယနေ့မှာတော့ ဖုန်းထဲက ဖျက်ရခက်တဲ့ App တွေကို playstore ထဲကနေ အလွယ်တကူဖျက်နည်းကိုတင်ဆက်ပေးသွားပါမယ်။
👍4
လူတွေအမြင် ဂရုစိုက်နေသရွှေ့ ရှေ့ရောက်ဖို့မလွယ်ဘူး

သူများဘယ်လိုထင်သွားမလဲ
အခုတွေးကြည့်လိုက်

အဲ့အတွက် mental energy
တစ်ခုသုံးလိုက်ရပြီ

သူတိုဘယ်လိုထင်မလဲတွေးလို
သူတိုထင်တာပြောင်းသွားနိုင်သလား?

အထင်အမြင်ဆိုတာ ကိုယ်ကတောင်းလို
ဖြေတဲ့ အထင်အမြင်ကိုပဲ နားထောင်သင့်တယ်

မဟုတ်ရင်တော့ အချိန်ရော energy ရောကုန်တယ်
ကိုယ်လုပ်စရာရှိတာသာလုပ်ပါ

ကိုယ့်ဘဝကိုယ်ကြောင်း ကိုယ်လုပ်စရာရှိတာတော့
ကိုယ်ပြီးအောင်လုပ်ရမှာပဲ မဟုတ်လား
👍8
မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာ (၇)မျိုး

(1)Tourist Visa
တိုးရစ်ဗီဇာက ထိုင်းမှာ ရက်ကြာကြာလည်ပတ်ချင်သူတွေအတွက် ထုတ်ပေးတဲ့ဗီဇာပါ
သက်တမ်းကတော့ နှစ်လ(ရက်၆၀)ရပါတယ် ထိုင်းနိုင်ငံထဲရောက်ပြီး ရက်၆၀နေထိုင်ပြီးလျှင်
တစ်လထပ်မံသက်တမ်းတိုးခွင့်ရှိပါတယ် ဒါကြောင့် တိုးရစ်ဗီဇာလျှောက်ပြီး ထိုင်းနိုင်ငံထဲ ဝင်လာမယ်ဆိုရင် နေထိုင်ခွင့် သုံးလ ရပါမယ်
တိုးရစ်ဗီဇာလျှောက်မယ်ဆိုရင်တော့ ကိုယ်ရောက်နေတဲ့နိုင်ငံရဲ့ ထိုင်းသံရုံးမှာ သွားလျှောက်လို့ရပါတယ်
မြန်မာနိုင်ငံမှာ နေထိုင်သူတွေအတွက်ကတော့ ရန်ကုန်မြို့မှာ ထိုင်းသံရုံးရှိပါတယ်
ဗီဇာလျှောက်ဖို့အတွက် လိုအပ်ချက်တွေကတော့
*Passport သက်တမ်း (၆)လ ကျန်ရပါမယ်
*Visa formမှာ အချက်အလက်အပြည့်အစုံ ဖြည့်စွက်ထားရပါမယ်
*Passport Size ဓာတ်ပုံ
*လေယာဉ်လက်မှတ်အသွားအပြန်
*နေထိုင်ဖို့ ဟိုတယ်ဘိုကင် (သို့မဟုတ်) အိမ်ငှားစာချုပ်
*ဘဏ်စာအုပ်ထဲမှာ လူတစ်ယောက်စာ ဘတ် ၂သောင်းနှင့် ညီမျှတဲ့ပမာဏ၊ မိသားစုအတွက်ဆိုရင် ဘတ် ၄သောင်းနှင့် ညီမျှတဲ့ပမာဏကို show money ပြနိုင်ရပါမယ်
သံရုံးမှာ ဗီဇာကြေး ဒေါ်လာ ၄၀ပေးသွင်းရပါမယ်။

(2)Business Visa (Non-immigrant B Visa)
Non-B ဗီဇာကတော့ အလုပ်အကိုင်အတွက် ထုတ်ပေးတဲ့ဗီဇာပါ ဒီဗီဇာမှာ အမျိုးအစား နှစ်မျိုးရှိပါတယ်
(1) Conducting Visa (ထိုင်းနိုင်ငံမှာ စီးပွားရေးလုပ်ငန်းထူထောင်မယ့်သူများအတွက် ဗီဇာ)
(2) Employment Visa (ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်မယ့် နိုင်ငံခြားသားတွေအတွက် ဗီဇာ)
ဗီဇာသက်တမ်းက ရက်ပေါင်း (၉၀)ရမှာဖြစ်ပြီးတော့ သက်တမ်းကုန်လျှင် (၇)ရက် သက်တမ်းတိုးခွင့်ရှိပါတယ်
ဒီဗီဇာထုတ်ပေးရတဲ့ရည်ရွယ်ချက်က ထိုင်းနိုင်ငံမှာ စီးပွားရေးထူထောင်မယ့်သူအတွက် ရက်ပေါင်း (၉၀)အတွင်း စာရွက်စာတမ်းကိစ္စ လုပ်စရာရှိတာတွေ လုပ်နိုင်ရန်ဖြစ်ပါတယ် အလုပ်သမားအတွက်ဆိုရင်လည်း work permit၊ အလုပ်လုပ်ကိုင်ခွင့်စာရွက်စာတမ်းတွေ လျှောက်ထားနိုင်ရန် ဖြစ်ပါတယ်
ဒီရက်ပေါင်း (၉၀)အတွင်းမှာ ရေရှည်နေထိုင်နိုင်ဖို့အတွက် One year Non immigrant business Visa (သို့မဟုတ်) One year business Visa extension or others ကို ပြောင်းရမှာ ဖြစ်ပါတယ်
ဒီဗီဇာလျှောက်ထားဖို့အတွက်ကလည်း တိုးရစ်ဗီဇာလျှောက်သလိုပါပဲ ထိုင်းသံရုံးတွေမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ လျှောက်ရမှာဖြစ်ပါတယ်

(3)Investment Visa
Investment ဗီဇာကိုတော့ တော်တော်များများက ထိုင်းမှာ ကွန်ဒိုတိုက်ခန်းဝယ်လိုက်ရင် ပေးတဲ့ဗီဇာလို့ သိထားကြမှာပါ ထိုင်းနိုင်ငံမှာ ဘတ်ဆယ်သန်း ရင်းနှီးမြှုပ်နှံတဲ့သူတွေကို ထုတ်ပေးတဲ့ဗီဇာအမျိုးအစားပါ ဘတ်ဆယ်သန်းကို ကွန်ဒိုဝယ်တာဖြစ်ဖြစ် တခြားရင်းနှီးမြှုပ်နှံမှုတွေမှာဖြစ်ဖြစ် ထိုင်းအစိုးရရဲ့ bondsတွေဝယ်ယူတာဖြစ်ဖြစ် သုံးတဲ့သူတွေက ဒီဗီဇာရရှိမှာ ဖြစ်ပါတယ်
ဗီဇာသက်တမ်းက စစချင်း(၃)လဆိုပေမယ့် နောက်ပိုင်းမှာ နှစ်စဉ်သက်တမ်းတိုးလို့ရပါတယ် ဒါပေမယ့် ထိုင်းနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ပမာဏက အမြဲတမ်းဘတ်ဆယ်သန်းရှိနေရပါမယ် ဒီဗီဇာကိုင်ဆောင်သူက ထိုင်းနိုင်ငံအတွင်း လခစားအလုပ်လုပ်ကိုင်ခွင့်မရှိပါဘူး

(4)Education Visa
Ed ဗီဇာကတော့ ထိုင်းနိုင်ငံမှာ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်း၊ အလုပ်သင် စတာတွေအတွက်ထုတ်ပေးတဲ့ ဗီဇာအမျိုးအစားပါ တက္ကသိုလ်ကောလိပ်တက်သူတွေရှိသလို ထိုင်းဘာသာစကားသင်တန်းကျောင်းတက်ပြီးတော့ ဒီED ဗီဇာကိုင်ထားသူတွေလည်း ရှိပါတယ် Ed ဗီဇာက ရက်ပေါင်း (၉၀) သက်တမ်းစရပြီး နောက်ပိုင်းမှာ ကိုယ်တက်တဲ့ကျောင်းပေါ်မူတည်ပြီး သက်တမ်းတိုးသွားလို့ရပါတယ် တက်တဲ့ကျောင်း၊ သင်တန်းအမျိုးအစားတွေပေါ်မူတည်တာမို့လို့ ဗီဇာဘယ်လောက်ရမယ်ဆိုတာ အတိအကျပြောလို့မရပါဘူး
လျှောက်ထားဖို့အတွက်ကတော့
*Passport
*Visa form
*ပညာရေးဝန်ကြီးဌာနက ကိုယ့်ကိုကျောင်းသားအဖြစ်လက်ခံကြောင်းစာ
တခြားလိုအပ်တာတွေ ရှိသေးပေမယ့် လိုအပ်တာတွေအားလုံးကို ကျောင်းဘက်ကလုပ်ပေးတာမို့ စိတ်ပူစရာမလိုဘဲ လျှောက်ရလွယ်ကူပါတယ်
ထိုင်းနိုင်ငံပြင်ပက ထိုင်းသံရုံးတွေမှာ လျှောက်ထားနိုင်သလို ထိုင်းနိုင်ငံအတွင်းရောက်နေသူအနေနဲ့လည်း ကိုယ်လက်ရှိကိုင်ဆောင်ထားတဲ့ဗီဇာအမျိုးအစားကနေ Ed ဗီဇာကို ပြောင်းပြီးလျှောက်လို့ရပါတယ်
👍2
(5)Marriage Visa (Non-immigrant O Visa)
ထိုင်းအမျိုးသား (သို့မဟုတ်) ထိုင်းအမျိုးသမီးနဲ့လက်ထပ်ထားတဲ့ နိုင်ငံခြားသားတွေကို ထုတ်ပေးတဲ့ဗီဇာအမျိုးအစားဖြစ်ပါတယ် ထိုင်းနိုင်ငံပြင်ပက ထိုင်းသံရုံးတစ်ခုခုမှာ အရင်ဆုံး ရက် (၉၀)သက်တမ်းရှိတဲ့ Non-immigrant O ဗီဇာရဖို့ လုပ်ရပါမယ် ဗီဇာရပြီဆိုရင် ‌ဗီဇာအသက်ဝင်ဖို့အတွက် ထိုင်းနိုင်ငံထဲ ဝင်ရောက်ရပါမယ် ထိုင်းနိုင်ငံထဲရောက်ပြီးပြီဆိုရင်တော့ ရထားတဲ့ ရက် ၉၀ အတွင်း ဗီဇာကို တစ်နှစ်သက်တမ်းတိုးလျှောက်ရမှာဖြစ်ပါတယ် ပြီးရင်တော့ နှစ်တိုင်းတစ်နှစ်စီသက်တမ်းတိုးလို့ရပါတယ် ထိုင်းနိုင်ငံမှာ သုံးနှစ်နေထိုင်ပြီးရင်တော့ Permanent Resident လျှောက်လို့ရပါတယ်
လျှောက်ထားဖို့ လိုအပ်ချက်တွေကတော့
*Visa Form
*Passport
*ထိုင်းလက်ထပ်စာချုပ်
*ထိုင်းလူမျိုးဇနီးသည်ရဲ့မှတ်ပုံတင်ကတ်
*ထိုင်းလူမျိုးဇနီးသည်ရဲ့ နေထိုင်ရာအထောက်အထားစာရွက်
*ဘတ်လေးသိန်းအထက်ကို ၃လထားထားတဲ့ ဘဏ်အကောင့် (သို့မဟုတ်) တစ်လ‌ဝင်ငွေ ဘတ်၄သောင်းရှိကြောင်းအထောက်အထားတို့ လိုပါမယ်
ထိုင်းအမျိုးသားနဲ့လက်ထပ်ထားတဲ့အမျိုးသမီးဆိုရင်တော့ လစဉ်ဝင်ငွေတို့ စီးပွားရေးကိစ္စတို့ ပြစရာမလိုပါဘူး အမျိုးသားဖြစ်သူရဲ့ ဝင်ငွေခွန်စာရွက်ကို ပြပေးရင် ရပါပြီ

(6) Retirement Visa
ဒီဗီဇာကတော့ အငြိမ်းစားဗီဇာပါ အသက်ငါးဆယ်အထက်ရှိတဲ့ လူကြီးတွေကိုပဲ ထုတ်ပေးပါတယ် ဒီဗီဇာနဲ့ ထိုင်းမှာ အလုပ်လုပ်ခွင့်မရှိပါဘူး ဒီဗီဇာကိုတော့ ထိုင်းနိုင်ငံအတွင်းမှာဖြစ်စေ ထိုင်းပြင်ပသံရုံးမှာဖြစ်စေ လျှောက်ထားလို့ရပါတယ် ဒီဗီဇာမှာ တစ်နှစ်ဗီဇာနဲ့ ငါးနှစ်ဗီဇာဆိုပြီးတော့ နှစ်မျိုးရှိပေမယ့် မြန်မာနိုင်ငံသားတွေအတွက်က တစ်နှစ်ဗီဇာပဲရနိုင်ပါတယ် ဒီဗီဇာက ထိုင်းနိုင်ငံအတွင်း တစ်နှစ်နေထိုင်ခွင့်ရှိပြီးတော့ နှစ်စဉ်သက်တမ်းတိုးလို့ရပါတယ် ဗီဇာလျှောက်ထားဖို့ လိုအပ်ချက်တွေကတော့
*အသက်ငါးဆယ်အထက်ဖြစ်ရပါမယ်
*အချို့သောရောဂါတွေကင်းရှင်းသူဖြစ်ရပါမယ်
*အဓိကအနေနဲ့ ထိုင်းဘဏ်အကောင့်ထဲမှာ ဘတ်၈သိန်း ၂လထားထားတဲ့ Bank statement (သို့မဟုတ်) လစဉ်ဝင်ငွေ ဘတ်‌၆၅၀၀၀ရှိကြောင်း အထောက်အထားလိုပါမယ်
*၃လအတွင်း ရထားတဲ့ ကျန်းမာရေးလက်မှတ်ရှိရပါမယ်

(7)Smart Visa
Smart ဗီဇာကတော့ အခုနောက်ပိုင်းထုတ်ပေးတဲ့ဗီဇာပုံစံအသစ်ပါ အရည်အချင်းရှိတဲ့ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ ထိုင်းနိုင်ငံမှာ သတ်မှတ်ထားတဲ့ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမယ့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို ထုတ်ပေးတဲ့ ဗီဇာအမျိုးအစားပါ ဒီဗီဇာကိုင်ဆောင်ထားတဲ့သူက ထိုင်းနိုင်ငံအတွင်း ၄နှစ်လောက်ထိ နေလို့ရမယ့်ဗီဇာနဲ့ တခြားအခွင့်အရေးတွေလည်း ရနိုင်ပါတယ်
Smart ဗီဇာအတွက် တခြားကဏ္ဍတွေရှိနိုင်ပေမယ့် လက်ရှိမှာ Smart ဗီဇာကိုင်ဆောင်ထားတဲ့ မြန်မာအများစုကတော့ နည်းပညာပိုင်း ITပိုင်းကလူတွေပဲဖြစ်ပါတယ် Smart ဗီဇာအမျိုးအစား (၅)မျိုးရှိပါတယ်
Smart T (Talent)
Smart I (Investment)
Smart E (Executive)
Smart S (Startup entrepreneur)
Smart O (Spouse and Children of Smart Visa holders)
ဗီဇာအမျိုးအစားအလိုက် လိုအပ်ချက်တွေကွာခြားသွားမှာဖြစ်ပါတယ်
ဒီနေ့ဖော်ပြထားတာတွေကတော့ ထိုင်းနိုင်ငံကထုတ်ပေးတဲ့ ဗီဇာ (၇)မျိုးဖြစ်ပြီး အခြေခံလုပ်သားတွေကိုထုတ်ပေးတဲ့ Non-LA ဗီဇာအပြင် အခြားဗီဇာအမျိုးအစားတွေလည်း ရှိနိုင်ပါသေးတယ်။

တင်ဆက်သူ- Victor
👍4
ဖြေးဖြေးစီ အောင်မြင်လာတဲ့သူက
ရင့်ကျက်တယ် စိတ်ရှည်တယ်

မြန်မြန် အောင်မြင်လာတဲ့သူက
မာန်တက်တယ် ဘဝင်မြင့်တယ်
👍4
အားလုံးပဲ မင်္ဂလာပါ
ယနေ့မှာတော့ဆော့ဝဲလ်လေးကတော့ မလေးရောက်ရွှေမြန်မာများအတွက်ပါ။
Digi ဆင်းကဒ်သုံးတဲ့မလေးရောက်ရွှေမြန်မာများ အတွက် Digi ဆော့ဝဲလ်လေးကိုမျှဝေလိုက်ပါတယ်။
ဒီဆော့ဝဲလ်ကိုဘာကြောင့်သုံးသင့်တာလဲဆိုတော့
- ဘေစစ်လို့ရခြင်း
- စမတ်ချင်တဲ့ အင်တာနက် Plan များကိုဖော်ပြပေးထားခြင်း
- ကိုယ့်ဆင်းကဒ် မှတ်ပုံတင်ထားခြင်းရှိမရှိစစ်ဆေးနိုင်ခြင်း
- ဆင်းကဒ် သက်တမ်းကိုလည်းစစ်နိုင်ခြင်း
- တခြားဖုန်းထဲသို့ဘေလွဲနည်းအပြင် ဆော့ဝဲလ်သုံးခြင်းကြောင့် Bonus တွေကိုလည်း လစဉ်ပေးသွားတာဖြစ်လို့ မိမိက မလေးမှာနေပြီးDigi ဆင်းကဒ်သုံးတယ်ဆိုရင်
Digiဆော့ဝဲလ်ကို ဖုန်းထဲမှာ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။

Digi ဆော့ဝဲလ်လင့်

For Android - https://mm.nextworm.com/archives/4738

For IOS - https://mm.nextworm.com/archives/4741

နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/vtechguide
👍4