V Tech Guide
6.75K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်က မြန်မာပြည်ရဲ့ အကြီးဆုံးဂူဖြစ်တဲ့ ကျောက်ခေတ်လူသားများ နေထိုင်ခဲ့ရာ ပြဒါးလင်းဂူ သို့ ကျောက်ခတ်ပန်းဆွဲတွေပေါ်ကို အလင်းကျတဲ့အခါ ပြဒါးကဲ့သို့အရောင်တွေ တလက်လက်နဲ့ဖြစ်နေတဲ့ သဘာဝထုံးကျောက်ဂူ...
ဂူရဲ့အကျယ်ဆုံးနေရာ ပေ ၃၀၀ခန့် အမြင့်မှာ ပေ၉၀ခန့် ...
Photo by Than Zaw Htoo
3👍2
ကိုယ်ကယ်တင်ထားမိတဲ့ကောင်လေးက ကိုယ့်ရဲ့အလုပ်ရှင်ဖြစ်လာသောအခါ
.
( ထွက်ထားတဲ့အထိ )
.
အပိုင်း ( ၁ ကနေ ၅ ထိ ကြည့်လိုရပါပြီနော် )
.
( Group ကို Join ပြီး အခမဲ့ကြည့်ရှုနိုင်ပါတယ် )
.
Join ရန်လင့် - https://t.me/+xZ_dEcb0PNoyMDhl
.........................................................

တစ်ခြားသော ရှီချီးဇာတ်လမ်းပေါင်းများစွာကိုလဲ Facebook မှာလည်းကြည့်လိုရပါပြီနော်

👇👇👇

( https://web.facebook.com/profile.php?id=61555713030394&_rdc=10&_rdr )

..........................................................................................................
👍2
Forwarded from V Tech Guide
မလေးရှားမှာရှိတဲ့ Wifi တွေကို free ချိတ်ဆက်အသုံးပြုလိုရမယ့်ဆော့ဝဲလ်
PW မသိလည်း ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် မလေးရောက်ရွှေမြန်မာများ ကုန်ကျစရိတ်သက်သာစေရန်မျှဝေလိုက်ပါတယ်။
ဆော့ဝဲလ်လင့်
For Android - https://mm.nextworm.com/archives/3380
For IOS - https://mm.nextworm.com/archives/3384
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023
👍2
မလေးရှားမှာ ဒီဆော့ဝဲကို သုံးမယ်ဆိုရင် လိုင်းကားမစီးတတ်စရာအကြောင်းမရှိပါဘူး။
ဒီဆော့ဝဲရဲ့ အားသာချက်ကတော့ မလေးရှားနိုင်ငံတွင်းက ကားလမ်းကြောင်းတွေ ရထားလမ်းကြောင်းတွေကိုပါ တစ်ပါတည်းပြထားတာ ဖြစ်ပါတယ်။
ကိုယ်သွားမယ့်နေရာကိုထောက်လိုက်ရုံနဲ့ ဘယ်ချိန်မှာ ဘယ်လိုင်းကားလာမယ်၊
ဘယ်လိုင်းကားက ဘယ်ကိုရောက်လဲကအစ အသေးစိတ်ပြပေးထားပါတယ်။
မလေးရှားကို လာရောက်လည်ပတ်တဲ့လူတွေ သုံးကြတဲ့ ဆော့ဝဲတွေထဲမှာ
Top Tenစရင်းဝင် ဆော့ဝဲဖြစ်တာကြောင့် သုံးတတ်သလိုအကျိုးရှိမှာ ဖြစ်ပါတယ်။
မလေးမှာ ငွေအများကြီး ရှာကာ အိမ်ပိုနိုင်ကြပါစေနော်။
ဆော့ဝဲကို ဒီမှာဒေါင်းယူပါ - https://mm.nextworm.com/archives/2113
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023
1👍1
ဖုန်းပြောတဲ့အခါ အရေးကြီးစကားတွေကို အသံဖမ်းယူ
ထားနည်း။
👍8
နေ့ရက်တိုင်းက စာမေးပွဲတွေကြီးပဲ

ကိုယ့်ရဲ့ ယုံကြည်မှုတွေ
ကိုယ့်ရဲ့ သီလနဲ့ သမာဓိတွေ
ကိုယ့်ရဲ့ ကိုယ်ကျင့်တရားနဲ့
ကိုယ်က ဘယ်လိုလူဆိုတာကို

အချိန်တိုင်း test လုပ်ခံနေရတာပါပဲ

ဉာဏ်နဲမိရင် ရွေးချယ်မှုအမှားတွေကနေတဆင့်
ရလဒ်ဆိုးတွေ အဖြစ်ဆိုးတွေနဲ့ကြုံရနိုင်တယ်

အချိန်တိုင်း သတိလေးကပ်ပြီးနေနိုင်မှ
တော်ရုံကျမယ်မိတ်ဆွေ
👍7
80/20 rules ကိုလက်တွေ့ဘဝမှာ
ဘယ်လိုအသုံးချလဲဆိုတော့

🟡 ကျန်းမာရေး

၈၀% သော focus ကို ကိုယ်ဘာတွေစားသောက်သလဲ ဘယ်လိုအချိန်တွေ စားသလဲပေါ်မှာထားတယ်။ ကျန်တဲ့ ၂၀% ကိုသာ အားကစားလုပ်တဲ့ ပေါ်မှာထားတယ်။ ဇွတ်တွေ အားကစားလုပ်ပြီး ဝိတ်မတက်ဘူး ဝိတ်မကျဘူးဆိုတာ အစားအသောက်ပုံမှားနေလို့။

🟡 လူမှုဆက်ဆံရေး

ဆက်ဆံရေးကောင်းမွန်တဲ့သူတွေကြည့်ရင် သေချာဂရုတစိုက်နားထောင်ပြီးမှ ပြောတဲ့သူတွေများတယ်။ ဒါကြောင့် ၈၀% နားထောင် ၂၀% ပဲပြန်ပြော။ အများကြီးပြောတဲ့သူက သိပြီးသားတွေပဲအပ်ကြောင်းထပ်တယ် အသစ်သိပ်မသိရဘူး

🟡 Relationship

အပေးအယူမျှရင် RS တွေက ပိုတည်မြဲတယ်ပြောတယ်။ တချို့က ကိုယ်က အပြည့်ပေး ဘာမှ မမျှော်လင့်နဲ့ပြောတယ်။ ယူကြီးပဲနေရတဲ့ ဘက်ကိုနေကြည့် သိမ်ငယ်စေတယ်။ ပေးကြီးပဲနေရင်လဲ ပင်ပန်းတယ်။ ၅၀/၅၀ ဆိုရင်လဲ အမြဲတွက်ချက်နေရတာနဲ့ အဆင်မပြေဘူ။ ကိုယ့်ဘက်က ၈၀% ပေး သူပြန်ပေးတာကိုလဲ ၂၀% လက်ခံ။ ၂ ယောက်လုံးက အဲ့လိုစိတ်ရှိရင် ၂ ယောက်လုံးပျော်ရတယ်

🟡 အောင်မြင်မှု

အိမ်မက်တွေကြီးနေယုံနဲ့ မပြီးဘူး လက်တွေ့ကြိုးစားအားထုတ်မှလဲရတယ်။ အိမ်မက်ကို ၂၀% လောက်မက်ပြီး ကြိုးစားအားထုတ်မှုကို ၈၀% လောက်ထားနိုင်မှ အိမ်မက်ကနေ result မြင်လာလိမ့်မယ်

🟡 ကိုယ်ရည်ကိုယ်သွေး

သင်ယူနေတာနဲ့တိုင်ပတ်နေလို့မရဘူး လက်တွေ့လုပ်ဖို့လိုတယ် သင်ယူမှုက် လက်တွေ့ကို အားစိုက်နိုင်မှကို အတွေ့အကြုံနဲ့ result ကိုမြင်နိုင်မယ်။ ၂၀% သင်ယူ ၈၀% ကိုလက်တွေ့ချ ။ အလုပ်မဖြစ်တာတွေကို ပယ် အလုပ်ဖြစ်တာတွေ များများလုပ်
👍74
စကားပြောတတ်ဖိုသင်ယူရတာ
၂ နှစ်ပဲကြာခဲ့တယ်
ပါးစပ်ပိတ်ပြီး စကားမပြောဖြစ်အောင်
နေဖိုသင်တာတော့ နှစ် ၆၀ ကြာသွားတယ်
- Ernest Hemingway
👍5🍓1
🌏 CNN ကဓာတ်ပုံဆရာ Anil Prabhakar ဟာအင်ဒိုနီးရှားတောအုပ်ထဲမှာ လွန်ခဲ့ တဲ့ ၂နှစ်က ဓာတ်ပုံတစ်ပုံ ရိုက်ခဲ့တယ်။
ရွှံ့ရေကန်ထဲ ပြုတ်ကျ သွားတဲ့ ဘူမိဗေဒပညာရှင်တစ်ဦး ကို ကူညီ ဖို့ သူ့ရဲ့လက်ကို ဆန့်ထုတ် ပေးတဲ့လူဝံကြီးတစ်ကောင်ရဲ့ (လက်ရှိမှာ မျိုးတုန်းဖို့ ခြိမ်းခြောက်ခံနေရ)ပုံ ပါ။
ဓာတ်ပုံဆရာက📷 အဲသည့်ဓာတ်ပုံကို စာတန်းတစ်ခု ထိုးပြီးတင်လိုက်တယ် ...
💥'' လူတွေရဲ့လူသားဆန်မူ့ ကျင့်ဝတ်တွေမရှိတော့တဲ့အချိန်မှာ..တိရစ္ဆာန်တွေက ဦးဆောင်ပြီး လူ့ကျင့်ဝတ်တွေကို လမ်းပြသွားလိမ့်မယ် "💥
မူးမြင့်အောင်
၇ မေ ၂၀၂၄
Credit@🌏
👍14
အမေရိကန် Asylum အကြောင်း ရောက်တတ်ရာရာ (၈)
****************************************************
EAD လျှောက်ထားတာ Approved လဲ ဖြစ်နေပီ ကဒ်က ရောက်မလာသေးဘူး ဘယ်လို ဖြစ်တာလဲ ?
EAD Approved ဖြစ်တဲ့နောက်မှာ Status က တဆင့်ချင်းစီ ပြောင်းပါတယ် Approve ဖြစ်ပြီးတဲ့နောက်မှာ Card was produced ဆိုပြီး ပြောင်းပါတယ် ကိုယ်ရဲ့ case ဝင်ကြည့်တဲ့ အချိန် Case approve ပဲ ပြနေသေးတယ်ဆိုရင် Card Produce ဖြစ်တဲ့ အဆင့် ရယ် Card Was Delivered ဖြစ်တဲ့ အချိန်ရယ်စောင့်ရပါအုံးမယ်။ ဒါက ပုံမှန် Process ဖြစ်လို့ စိတ်ပူစရာ မရှိပါဘူး စိတ်ရှည် လက်ရှည်နဲ့ စောင့်နေလိုက်ပါ။
Case approve ကနေ Card was produced ဖြစ်တဲ့ အချိန်ဟာ တခါတရံ့ တပတ်လောက်ကြာတတ်ပြိး တခါတရံ ၂ ပတ်ဝန်းကျင် ကြာသွားတတ်တာမျိုးရှိတတ်ပါတယ်၊ Card Was Produced ကနေ Card was Delivered ဆိုတဲ့ ပို့လိုက်တဲ့ အဆင့်ကတော့ တပတ် ဝန်းကျင်လောက်ကြာတတ်ပါတယ်။
Card was delivered ဆိုတဲ့ အဆင့် ရောက်ရင်တော့ Status မှာ USPS Tracking number ပါ တခါထဲ ထည့်‌ပေးထားလို့ ဘယ်ရက်ရောက်မယ်ဆိုတာ ကြည့်နိုင်ပါတယ်။ ကြာသင့်တာထက် ပိုကြာနေတယ်ဆို ရင် USPS Tracking မှာလဲ Delivered လို့ ပြထားတယ် ကဒ်က mailbox ထဲမှာ မရှိဘူးဆိုရင်တော့ မိမိအိမ်က တယောက်ယောက်က စာအိတ်ယူထားမိသလား သေချာ မေးရပါမယ်။
အိမ်သားတွေလဲ ယူတာ မရှိဘူး ကဒ်ကလဲ ရောက်မလာဘူး USPS Tracking မှာလဲ Delivered လို့ ပြနေတယ်ဆိုရင် USCIS Call center ကို ခေါ်ပြီး ကဒ်ရောက်မလာတဲ့ အကြောင်းကို။
ချက်ချင်း အကြောင်းကြားရပါမယ်။
👍4
Practice make perfect လို့ပြောကြပေမယ့်

Perfect ဆိုတာကြီးက ရှိကိုမရှိနေဘူး
Practice များများလုပ်ရင်

အရင်ဆုံး presentable သူများကို
ဘာလုပ်နိုင်လဲဆိုတာပြလာနိုင်မယ်

နောက်တစ်ဆင့်အနေနဲ့ profession
အချိန်မရွေးနေရာမရွေး skill ကိုသုံးတတ်လာမယ်

နောက်ဆုံးအနေနဲ့ Mastery level ရောက်သွားဖို့ပဲရှိတယ်

လေ့ကျင့်သင်ကြားပြီး တစ်ခုခုကို
ပြီးဆုံးအောင်လုပ်နိုင်တဲ့သူဖြစ်ဖို့ကအရေးကြီးတယ် ✌🏻
🕊42
ထိုင်းဆင်းကဒ်သုံးသူတိုင်း ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်များ 📶

DTAC ၊ AIS ကိုင်ဆောင်သူများ ကိုယ်အသုံးပြုတဲ့ဆင်းကဒ်ရဲ့ဆော့ဝဲလ်ကို ဆောင်ထားသင့်ပါတယ်။
ဒီဆော့ဝဲလ်မှာ ဖုန်းဘေချေးတာ ၊ ဖုန်းစမတ်တာ ၊ အင်တာနက်စမတ်တာတွေပြုလုပ်နိုင်တဲ့အပြင် မြန်မာပြည်ဖုန်းခေါ်နည်းတွေဘေလွဲနည်းတွေ
လစဉ် Bonus တွေ Points တွေလည်း free ရယူနိုင်ပါတယ်။
ဆင်းကဒ်နဲ့ပတ်သတ်တဲ့ အခြားအသုံးပြုနိုင်တာတွေလည်းရှိသေးတာမို့ မရှိသေးတဲ့သူများဆောင်ထားသင့်ပါတယ်။
Dtac
ဒီမှာဒေါင်းယူပါ - https://mm.nextworm.com/archives/3113

Dtac IOS
ဒီမှာဒေါင်းယူပါ - https://mm.nextworm.com/archives/3115

AIS
ဒီမှာဒေါင်းယူပါ - https://mm.nextworm.com/archives/3124

AIS IOS
ဒီမှာဒေါင်းယူပါ -
For Android - https://mm.nextworm.com/archives/4040

For IOS - https://mm.nextworm.com/archives/4044

True -
For Android - https://mm.nextworm.com/archives/4040

For IOS - https://mm.nextworm.com/archives/4044


နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/vtechguide
ထိုင်းရောက်ရွှေမြန်မာများ အစစအရာရာ အဆင်ပြေကြပါစေ။
👍1
ကိုယ်ချစ်မိတဲ့သူက ကိုယ့်အစ်ကိုဖြစ်နေသောအခါ
.
အပိုင်း ( ၁ ကနေ ၅ ထိ ကြည့်လိုရပါပြီနော် )

( Group ကို Join ပြီး အခမဲ့ကြည့်ရှုနိုင်ပါတယ် )

Join ရန်လင့် - https://t.me/+BPfSYmEfl4AzYmI1
.........................................................

တစ်ခြားသော ရှီချီးဇာတ်လမ်းပေါင်းများစွာကိုလဲ Facebook မှာလည်းကြည့်လိုရပါပြီနော်

👇👇👇

( https://web.facebook.com/profile.php?id=61555713030394&_rdc=10&_rdr )

..........................................................................................................
ထိုင်းမှာ Developer လုပ်မယ်ဆိုရင်
Skill ကို Senior Level အထိ မြှင့်ထားပါ။ (Junior Level ကို မခန့်ပါ။ ခန့်မယ်ဆိုရင်တောင် သူတို့ လူမျိုးပဲ ခန့်ပါလိမ့်မယ်) Senior Level ဆိုတာ ဘယ်လိုမျိုးလဲ။
- English စာကို အတိုင်းအတာ တစ်ခုအထိ ပြောနိုင်ဖို့လိုပါတယ်။ အဓိက အားဖြင့် ငြင်းနိုင်ခုန်နိုင်တဲ့ အဆင့်အထိ ရှိဖို့ လိုပါတယ်။ ထိုင်းစာပါ တတ်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ထိုင်းစာဆိုရင်လဲ ငြင်းနိုင်ခုန်နိုင်တဲ့ အဆင့်အထိ ပြောနိုင်ဖို့ လိုပါတယ်။ (ငြင်းနိုင်ခုန်နိုင်တဲ့အဆင့်အထိ မတတ်ဘူးဆိုရင်တော့ သူတို့ပြောသမျှ ဘာမှပြန်မပြောပဲ Yes, I can လောက်နဲ့ ပြီးနေပါလိမ့်မယ်)
- အမှန်တကယ် လည်ပတ်နေတဲ့ Business Application Development ထဲမှာ အနည်းဆုံး တစ်နှစ် နှစ်နှစ်လောက် ဝင်ရေးဖူးဖို့ လိုပါတယ်။ အဲဒီ Business Application တွေကလဲ တော်ရိရော်ရိတွေ​ ဖြစ်လို့မရပါဘူး။ အဲဒီလို မရေးဖူးဘူးဆိုရင်လဲ Portfolio တစ်ခုအနေနဲ့ Application တွေကို အစအဆုံး ရေးဖူးထားဖို့လိုပါတယ်။ အဲဒါလဲ တော်ရီရော်ရိ ဖြစ်လို့မရပါဘူး။
- Concept Level အထိ တတ်ထားဖို့ လိုပါတယ်။ လက်တွေ့ Application​ တွေမှာလဲ​ အသုံးချဖူးဖို့ လိုပါတယ်။ တစ်ချို့ Concept တွေဆိုတာ ဓားနဲ့လက် တစ်သားတည်း ကျသလို ထမင်းစားရေသောက် ဖြစ်နေဖို့ လိုပါတယ်။
- Code Test တွေကို ဖြေနိုင်ဖို့ လိုပါတယ်။ ကိုယ်ရေးလိုက်တဲ့ ကုဒ်က ဘယ်လောက်အထိ စဉ်းစားပြီး ဖြေထားလဲဆိုတာ မေးတဲ့သူက ကြည့်လိုက်တာနဲ့ တန်းသိပါတယ်။ အဲဒီ Code Test တွေမှာတင် ဒီလူက ဘယ်အဆင့်ဆိုတာ တန်းပြီး သိပြီးသားပါ။ Senior Level ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာလဲ အဖြေထွက်ပြီးသား ဖြစ်ပါတယ်။
အခုလက်ရှိအနေအထားကတော့ Layoff တွေများနေပါတယ်။ များနေပါတယ်ဆိုတာ အတော့်ကို များပါတယ်။ အဲဒီ Layoff အလုပ်ခံရတဲ့သူတွေက မတော်လို့ မတတ်လို့ မဟုတ်ပါဘူး။ အခုမှ ဝင်လာမယ့် သူတွေအနေနဲ့ သူတို့တွေ ကိုယ့်ရှေ့မှာ ရှိနေမယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။ အဲဒီအပြင် စုပုံပြီး တိုးနေကြတယ်ဆိုတာလဲ သတိပြုဖို့ လိုပါတယ်။
ဒါပေမယ့် ထိုင်းက အိုင်တီ Business ကို ကောင်းကောင်း နားလည်ပုံရပါတယ်။ အဲဒီအခွင့်အလမ်းကိုလဲ ဘယ်လို ဖမ်းဆုတ်ရမလဲဆိုတာ ကောင်းကောင်း သိပုံရပါတယ်။ တစ်နှစ်လောက် အတွင်းမှာ ပြန်ပြီး အရှိန်ပြန်ကောင်းလာမယ်လို့ ကျွန်တော် ယူဆပါတယ်။
ဒါကတော့ ကျွန်တော် မြင်သလောက် ရေးပေးတာပါ။