V Tech Guide
6.74K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
နွေရာသီအစမှာပဲ အပူချိန်သိသိသာသာများလာတဲ့အတွက် မနှစ်က တင်ခဲ့ဖူးတဲ့ အပူဒဏ် အန္တရာယ် အသိပေးစာလေးကို ပြန်တင်လိုက်ပါတယ်။ SMS ၂ပိုင်းကို comment မှာ တင်ပေးထားပါတယ်။ ဆွေမျိုး၊ မိတ်ဆွေတွေဆီ SMS လေးပိုပေးရင်း ဂရုစိုက်ပေးကြရအောင်ခင်ဗျာ။



အပူဒဏ်အန္တရာယ်

လိုက်နာ

-အရိပ်ရအေးမြနေရာတွင်နေ

-အရောင်ဖျော့ချောင်ချိတာဝတ်

-ထီး၊ ဦးထုပ်ဆောင်း

-ရေများများသောက်



ရှောင်ကြဉ်

-နေပူမခံနဲ့

-နေပူထဲအလုပ်/လေ့ကျင့်ခန်းမလုပ်နဲ့

-အပြင်ကပြန်လာပြီးချက်ချင်းရေမချိုးနဲ့

-အရမ်းအေးတဲ့ နေရာကနေအပြင်ချက်ချင်းမထွက်နဲ့

-အရက်/ဘီယာမသောက်နဲ့



သတိပြု

-ဘိုးဘွား ကလေး ကိုယ်ဝန်ဆောင် နိုတိုက်မိခင်များ

-နာတာရှည်ရောဂါရှိသူ

-ကာယလုပ်သား၊ အားကစားသမား၊ အဝလွန်သူများ

-အရက်၊ ဆေးသုံးသူများ



ပင်ပန်းနွမ်းနယ်ခြင်း-Heat Exhaustion

-ဂဏှာမငြိမ်

-ခေါင်းမူး/ကိုက်

-နုံးချိပျော့ခွေ၊ ကြွက်တက်

-ချွေးထွက်လွန်အရေပြားအေး/စို

-ခန္ဓာကိုယ်အပူချိန်မြင့်



သတိလစ်ခြင်း-Heat Stroke

-ခန္ဓာကိုယ်အပူချိန်အလွန်မြင့်

-အရေပြားပူခြောက်သွေ့/ချွေးခန်းခြောက်

-ကယောင်ကတမ်းဖြစ်

-သတိလစ်/တက်



ရှေးဦးပြုစုခြင်း

-အရိပ်ရအေးမြနေရာကိုရွှေ့

-ပန်ကာ၊ ACဖွင့်ပေး၊ မရှိရင် ယပ်ခတ်ပေး

-ခြေရင်းဘက်ကိုမြှင့်ပေး၊ပက်လက်ထား

-အဝတ်တွေချွတ်

-လည်ပင်း၊ချိုင်း/ပေါင်ခြံကိုရေပတ်တိုက်

-သတိရှိနေရင်ရေအေး/ဓာတ်ဆားတိုက်

-ဆေးရုံ၊ဆေးခန်းချက်ချင်းပို
👍1
Forwarded from V Tech Guide
ပဋ္ဌာန်းပါဠိတော်နှင့်အသံထွက်
ဗုဒ္ဓဘာသာဝင်များအတွက် ပဋ္ဌာန်း ၂၄ ပစ္စည်း ပါဠိတော် နှင့် အသံထွက်ကိုအလွယ်တကူ နာကြားရွတ်ဖတ်၊ ပူဇော် ကုသိုလ်ပွားများနိုင်စေရန်အတွက် ဖြစ်ပါသည်။
- ပဋ္ဌာန်းအကျဉ်း အကျယ်ကို ဖော်ပြပေးထားပြီး၊
- ပါဠိတော်ကို မြန်မာပြန်ဆိုပေးထားတာကြောင့် တစ်ကြောင်းချင်းစီတိုင်းရဲ့ အဓိပ္ပာယ်ကို နားလည်သိရှိနိုင်မှာပါ၊
-ဒါ့အပြင် ရွတ်ဖတ်သံကိုပါ နားဆင်နိုင်တာကြောင့် ရွတ်ဖတ်တဲ့ အခါ မသိတဲ့ ပါဠိတော်တွေရဲ့ အသံထွက်အမှန်ကိုလည်း သိရှိနိုင်မှာပါ။
-ပဋ္ဌာန်းရွတ်ဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို လည်း သေချာလေးဖော်ပြပေးထားတာမို ဗုဒ္ဓဘာသာဝင်များအတွက် အရမ်းကို အကျိုးရှိစေမယ့် ဆော့ဝဲလ်လေးပါ။ ဆော့ဝဲလ်လေးကို Comment မှာချပေးထားပါတယ်။
သတ္တဝါအပေါင်း သူတော်ကောင်းတို ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။


ဆော့ဝဲလ်ဒေါင်းရန်လင့်- https://mm.nextworm.com/archives/1771

ဆော့ဝဲလ်ဒေါင်းနည်းကို VD နဲ့ဖော်ပြပေးထားပါတယ် - https://fb.watch/n0fjiuMH-D/
👍3
ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်လာပြီး အပူလှိုင်း ကျရောက်🥵
အပူလှိင်းဖြတ်မယ်လို သတိပေးထားတာ စပါပြီ 🤯
6/7/8 သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။
နိုင်ငံသားများကို နေ့ခင်းဘက်တွင် အိမ်ထဲတွင်သာနေရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။ ကျန်းမာရေးဌာနသည် ပြည်သူများအား အိမ်တွင်း၌နေရန်နှင့် အပူဒဏ်ကြောင့် လေသင်တုန်းဖြတ်ခြင်းမှ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပလှုပ်ရှားမှုများကို ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။
နိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၁ မှ ၄၂ ဒီဂရီစင်တီဂရိတ်နှင့် ဗန်ကောက်အပါအဝင် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ၃၉ မှ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနေသည့်အတွက် အိမ်တွင်းတွင်နေထိုင်ရန် အရေးကြီးကြောင်း တာဝန်ရှိသူများကပြောသည်။
ဒေသအများအပြားတွင် ပြီးခဲ့သည့်လကစတင်၍ အပူချိန်သည် ပုံမှန်ထက် မြင့်တက်နေခဲ့တယ်။
လက်ရှိ အပူချိန်နဲ့ ရာသိဥတုအခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီသိရဖို့ ထိုင်းရောက်ရွှေမြန်မာများ ဒီဆော့ဝဲလ်လေးဆောင်ထားပါ။
For Android - https://mm.nextworm.com/archives/3288
For IOS - https://mm.nextworm.com/archives/3290
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023
ကလေးငယ်ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။
အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြနော် ။
😍ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ။
👍3
လုပ်နေကြ ပုံစံအတိုင်း
လုပ်နေသမျှတော့

ရောက်နေကျ နေရာကိုပဲ
ပြန်ရောက်နေဦးမှာ

တူတာတွေလုပ်ပြီး
မတူတဲ့အဖြေလိုချင်နေလိုတော့မရ

ကိုယ်ကြိုးစားပုံတွေပြောင်းမှ
ရလဒ်တွေလဲပြောင်းလာမယ်မိတ်ဆွေ
👍4🔥2👏2
Facebook Password ထည့်ထားပြီး ဘာထည့်ထားလဲဆိုတာ

မေ့နေလို ပြန်ဝင်လိုမရဖြစ်နေပါသလား! မစိုးရိမ်ပါနဲ့တော့၊

အခုမျှဝေပေးသွားမဲ့နည်းလမ်းလေးကို ကြည့်ပြီးတာနဲ့ ဘာထည့်ထားခဲ့လဲဆိုတာကို

လွယ်လွယ်ကူကူ ပြန်ကြည့်လိုရမယ့်အပြင် အရင်ကဘာတွေထည့်ခဲ့ဖူးလဲဆိုတာတွေကိုပါပြန်ကြည့်လိုရတော့မှာပါ။

ရိုးရိုးရှင်းရှင်း ပုံနဲ့ပြထားပေးတာမလို မှတ်မိလွယ်ပြီးအဆင်ပြေစေမှာပါ။

နောက်လဲ ဒီလိုအကျိုးရှိစေမဲ့ ဗဟုသုတလေးတွေကိုလဲ မျှဝေပေးသွားမှာဖြစ်တဲ့အတွက်

မလွတ်တမ်းကြည့်နိုင်ဖို Page လေးကိုလဲ Join ထားပေးဖိုလိုပါတယ်နော်..😘😘

နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/vtechguide
👍3
ငယ်သေးတယ် ကြီးမှ လုပ်မယ်
အချိန်တွေ အများကြီးရှိသေးတယ်လိုတွေးရင်

Alexander The Great က အသက်၂၆ နှစ်မှာ
ပါရှန် အင်ပါယာကြီးကို သိမ်းပြီးပြီဆိုတာသတိရပါ
မြန်မာနိုင်ငံရှိ မိသားစုများထံသို့ ထိုင်းနိုင်ငံ ငွေလွှဲပေးပို့လိုပါသလား ?
လူကြီးမင်းအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကမော္ဘဇဘဏ်လီမိတက် ဘဏ်ခွဲများသို့ အောက်ပါနည်းလမ်း (၂) မျိုးတို့ဖြင့် တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ပါသည်။
ပထမနည်းလမ်းမှာ ထိုင်းနိုင်ငံရှိ Krung Thai Bank ၏ ATM မှတစ်ဆင့် ငွေလွှဲပေးပို့မည်ဆိုပါက ကမော္ဘဇဘဏ်တွင် ဘဏ်စာရင်းရှိရန် မလိုအပ်ဘဲ မြန်မာနိုင်ငံမှ ငွေလွှဲထုတ်ယူမည့်သူအား ATM စက်တွင် ဖေါ်ပြသည့် လျှို့ဝှက်နံပါတ်ပြောပြရန်သာလိုပါသည်။
မြန်မာနိုင်ငံမှ ငွေလွှဲထုတ်ယူသူသည် မိမိ၏မှတ်ပုံတင်မူရင်း ကို ယူဆောင်လာပြီး နီးစပ်ရာကမော္ဘဇဘဏ်ခွဲများတွင် လျှို့ဝှက်နံပါတ်ကို တင်ပြပြီး ငွေထုတ်ယူနိုင်ပါသည်။ ထို့အပြင် ဘဏ်စာရင်းရှိသူထံသို့လည်း ATM စက်မှ တဆင့် အထက်ပါအတိုင်း လွှဲပို့နိုင်ပါသည်။
ဒုတိယတစ်နည်းမှာ ထိုင်းနိုင်ငံရှိ Siam Commercial Bank (SCB) ATM စက်များမှတစ်ဆင့် မြန်မာနိုင်ငံရှိ ကမော္ဘဇဘဏ်ခွဲများအားလုံးသို့ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ပါသည်။ ငွေလွှဲပေးပို့ရာတွင် ထိုင်းနိုင်ငံမှ ငွေလွှဲသူအနေဖြင့် SCB ၏ ဘဏ်စာရင်းအမှတ်(သို့) ကဒ်နံပါတ်ရှိရမည်ဖြစ် ပြီး မြန်မာနိုင်ငံမှ လက်ခံထုတ်ယူမည့်သူ၏ ကမော္ဘဇဘဏ်စာရင်း (သို့) ကဒ်စာရင်း သို့တိုက်ရိုုက်လွှဲပို့ပေးနိုင်မည်ဖြစ်ပါသည်။ (SCB) ဘဏ်မှတဆင့် မြန်မာနိုင်ငံရှိ ဘဏ်စာရင်း မရှိသူထံသို့လည်း အမည် မှတ်ပုံတင်ဖြင့် လွှဲပို့ပေးနိုင်ပါသည်။ ထိုသို့ ပေးပို့လာသောငွေလွှဲများကိုမူ လွှဲပို့ထားသည် ဘဏ်ခွဲတွင်သာ ထုတ်ယူရရှိ န်ိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံးဖွင့်လှစ်ထားသော ကမော္ဘဇဘဏ်နှင့် ချိတ်ဆက်၍ အချိန်ကုန်သက်သာ
လုံခြုံစိတ်ချမှုရှိစွာဖြင့်သင့်မိသားစုထံသို့ ငွေလွှဲပေးပို့လိုက်ပါ ။
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023
👍2
Gmail Acc တစ်ခု မလုံခြုံဘူးလို ခံစားရတဲ့အခါ

1. Pw change
2. Two steps ခံထား
3. Backup codes တွေ သိမ်းထား
4. Your devices ကနေ မလိုတော့တဲ့ devices တွေကို ပြန်ထွက်
5. Third party app တွေမှာ ဝင်ထားတာတွေကို ပြန်စစ်
မလိုအပ်တာတွေ မသင်္ကာတာတွေကို ဖယ်

အဲဒါတွေအားလုံးကို

https://myaccount.google.com/security

အဲ တစ်နေရာတည်းမှာတင် လုပ်လိုရပါတယ်

အဲလိုသေချာလုပ်ထားရင် ဘယ်သူမှ ထပ်ဝင်လို မရနိုင်ပါဘူးဗျာ

ဒီမှာကြုံနေကြတဲ့ ပြဿနာအများစုက ကိုယ့် Gmail Acc တွေကို ကိုယ့်ဘာသာ Pw မမှတ်မိကြတာပါ။
ပိုဆိုးတာက ဖုန်းဟောင်းပြန်ရောင်းတဲ့အခါ သေချာ ရှင်းလင်းမှုမလုပ်ကြတာပါ။

အချိုဆို gallery ဖျက်၊ Facebook & Viber app ဖျက်ရုံလောက်နဲ့ လက်လွှ ပြန်ရောင်းနေဲတာတောင် တွေ့ဖူးပါတယ်။

Gmail က app တွေမှာကျန်ခဲ့တယ်။
Browser တွေထဲမှာ ဝင်ပြီးသား ကျန်နေတတ်ပါတယ်။
နောက်ဆက်တွဲ ဘာတွေဖြစ်လာမယ်ဆိုတာ ကြိုသိထားဖိုလိုပါတယ်။
နောက်ပြီး ဖုန်းကွဲသွားလို ဒီတိုင်းကြီး စွန့်ပစ် (သိုမဟုတ်) စက်ပြားဈေးနဲ့ရောင်း တာတွေလည်း ရှိတတ်ပါသေးတယ်

တကယ်တော့ security risk တွေကို user တွေ ကိုယ်တိုင်က သိထားဖိုလိုပါတယ်။
စိတ်ဖိစီးမှုတွေကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။

၁) ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ။

၂) အာဟာရဖြစ်တဲ့အစားအစာတွေ စားပါ

၃) အပြင်ထွက်လမ်းလျှောက်ပါ။

၄) အိမ်တွင်းမှာ အပင်သေးလေးတွေစိုက်ကြည့်ပါ။

၅) ကိုယ့်ကိုယ်ကိုယ်သိပါ။

၆) သီချင်းနားထောင်ပါ။

၇) ကိုယ့်ကိုယ်ကိုယ်အားပေးပါ။

၈) ကိုယ့်ကိုယ်ကိုယ်ပိုချစ်ပါ။

၉) သန့်ရှင်းသပ်ရပ်စွာ ဝတ်စားပြင်ဆင်ပါ။
👍61
Residence Certificate အကြောင်း

Residence Certificate ဆိုတာ မိမိလက်ရှိနေထိုင်ရာ လိပ်စာဟာ မှန်ကန်ကြောင်း ထိုင်း Immigration ဌာနက ထောက်ခံပေးတဲ့ ထောက်ခံစာ ဖြစ်ပါတယ်။

Residence Certificate ရဲ့ သက်တမ်းဟာ Certificate စတင်ရရှိတဲ့နေ့ကစပြီး ရက် ၃၀ အတွင်းသာ အကျုံးဝင်ပါတယ်။

Residence Certificate ကို ဘယ်ချိန်မှာ လိုတာလဲ?

Residence Certificate ကို ဥပဒေဆိုင်ရာကိစ္စတွေလုပ်တဲ့အခါ ဖြစ်ဖြစ်၊ ပိုင်ဆိုင်မှုဆိုင်ရာ ရွှေ့ပြောင်းတဲ့အခါ၊ ကား၊ဆိုင်ကယ်အသစ် ဝယ်တဲ့အခါဖြစ်ဖြစ် ပြုလုပ်တဲ့အခါ မိမိရဲ့ နေရပ်လိပ်စာ မှန်ကန်ကြောင်းကို ပြဖို့အတွက် လိုအပ်ပါတယ်။

ဟိုးအရင်ကတော့ နိုင်ငံခြားသားတွေ ဘဏ်အကောင့်ဖွင့်တဲ့အခါမှာလည်း Residence Certificate လိုအပ်ခဲ့ပေမယ့် အခုချိန်မှာတော့ Residence Certificate မလိုဘဲ လျှောက်နိုင်ပါပြီ။

Residence Certificate ဘယ်လိုလျှောက်မလဲ?

Residence Certificate လျှောက်ဖို့အတွက် TM30 document လိုပါတယ်။ မိမိရဲ့ ဓာတ်ပုံနဲ့ အတူ၊ နေရပ်လိပ်စာနဲ့ TM30 တို့ကို ယူပြီး လက်ရှိနေထိုင်တဲ့ မြို့နယ်မှာရှိတဲ့ Immigration Office ဆီသွားပြီး Residence Certificate ကို လျှောက်နိုင်ပါတယ်။

Residence Certificate ကို လျှောက်ပြီး ၂ ပတ်မှ ၁လအတွင်း Immigration Office က မိမိနေထိုင်ရာ လိပ်စာအထိ ထောက်ခံစာကို အမြန်ချောပို့နဲ့ ပို့ပေးပါလိမ့်မယ်။

အကယ်၍ ကိုယ်က အမြန်လိုတယ်ဆိုရင်တော့ Agent တွေကနေ တစ်ဆင့်လျှောက်မယ်ဆိုရင် ၃ ရက်အတွင်း ရနိုင်ပါတယ်။

Residence Certificate Fees တွေကတော့ မိမိနေထိုင်ရာ ခရိုင်၊မြို့နယ်အလိုက် ကွဲပြားနိုင်ပါတယ်။

ဘန်ကောက်မှာဆိုရင်တော့ ကိုယ်တိုင်ရုံးထိသွားလျှောက်မယ်ဆိုရင် ၂၀၀ ဘတ် ကျသင့်မှာ ဖြစ်ပါတယ်။

ချင်းမိုင်မှာဆိုရင်တော့ ကိုယ်တိုင် ရုံးထိသွားလျှောက်မယ်ဆိုရင်တော့ ဘတ် ၆၀ သာ ကျသင့်မှာ ဖြစ်ပါတယ်။

ကျနော်ကတော့ ကိုယ်တိုင်လျှောက်ခဲ့ပါတယ်။

အကယ်၍ ကိုယ်က Agent နဲ့ တစ်ဆင့်လျှောက်မယ်ဆိုရင်တော့ ဘတ် ၂၀၀၀ ကနေ ၃၀၀၀ ကြား ကျသင့်မှာ ဖြစ်ပါတယ်။
နံပါတ် 59 ( လန်စစ် --မြဘုရား )
( လန်စစ် ကားဂိတ် / ဖူဂျေ့ လန်စစ် /zeer လန်စစ် / စူဖလပ်ရ် / don maung airport-လေယဉ်ကွင်း /လက်စီ လမ်းဆုံ /ဝိဖရ်ဝတီ လမ်းဆုံ/ ဝိဖရ်ဝတီဆေးရုံ /တူကျက်စျေး/မော်ချစ်bts/စဖန်ခွိုင်bts/အာရီလ်bts/အနုစါဝရီအဝိုင်း/ ဥလုဖွန်ရ် လမ်း / မဟာန စျေး /ဘိုဘေလ်စျေးဘေလမ်း /ခေါက်ဆန်လမ်း /စနန်လွန် မြဘုရား )
.
နံပါတ် 60 ( Siam park စွန်ရ်စယမ်-- မြဘုရား )
( Siam park စွန်ရ်စယမ် / စွန်ရ်စယမ်လမ်း/နွတ်ဖရာလရ် ဆေးရုံ /လာမင်ထာရ် လမ်း /နဝမင်ရ်လမ်း/ဖရာထိုင်းနဝမင်ရ်ဆေးရုံ/စီဘိုလ်လဖာရ်လမ်း/ဘန်ကပိစျေး/လန်ကရ်ဖန်ရ်ဆေးရုံ/လရ်ချမင်္ဂလာ ဘောလုံးကွင်း / ဒမော လန်ကရ်ဖန်ရ် ၂/ခေါင်ရ်တန်း/ခေါင်ရ်တန်းစျေး/ပတိုနမ်း/မဟာန /ဘိုဘေလ်စျေး/ခေါက်ဆန်လမ်း/စနန်လွန် မြဘုရား )
ဆော့ဝဲလ်နှင့်ကြည့်ရန် (New Version)
အသုံးပြုနည်းလမ်းညွှန်ဆော့ဝဲလ်လင့် - https://mm.nextworm.com/download/viabus-mm-guide
ဆော့ဝဲလ်ဒေါင်းရန်လင့် -
For Android - https://mm.nextworm.com/archives/1602
For IOS - https://mm.nextworm.com/archives/2868
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023