V Tech Guide
6.74K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
၂၀၂၄ ခုနှစ်၊ ဧပြီလ (၉) ရက်၊ မြန်မာစံတော်ချိန် သန်းတည့် (၁၂) နာရီ၊ (၅၀) မိနစ်၊ (၄၁) စက္ကန့် အချိန်တွင် နေ့ဖက်ခြမ်းတွင်ရှိနေသော ကမ္ဘာခြမ်း၏ နိုင်ငံများတွင် နေအပြည့်ကြတ်မည်ဖြစ်ပြီး မွန်းတည့်နေသည် ညသို့ပြောင်းလဲချိန်သည် (၄) မိနစ် နှင့် (၂၈) စက္ကန့်သို့ တိတိကြာမြင့်မည်ဖြစ်သည်။ နေကြတ်ခြင်းကြာချိန်သည် (၃) နာရီ၊ (၁၆) မိနစ် နှင့် (၄၆) စက္ကန့် ကြာမြင့်မည်ဖြစ်ပြီး စုစုပေါင်း နှစ်ပေါင်း (၃၇၅) အတွင်း အချိန်အကြာဆုံး ကြာမြင့်မည့် နေကြတ်မှုဖြစ်သည်။
မက္ကစီကို၊ အမေရိကန်၊ ကေနဒါ နိုင်ငံများ၏ ဒေသအချို့တွင် နေ့သည်သည် ညညနေခင်းအဖြစ်သို့ ခေတ္တမျှ ပြောင်းလဲသွားမည် ဖြစ်သည်။
လက်ရှိ အပူချိန်နဲ့ ရာသိဥတုအခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီသိရဖို ဒီဆော့ဝဲလ်လေးဆောင်ထားပါ။

For Android - https://mm.nextworm.com/archives/3288

For IOS - https://mm.nextworm.com/archives/3290

နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023
နွေရာသီအစမှာပဲ အပူချိန်သိသိသာသာများလာတဲ့အတွက် မနှစ်က တင်ခဲ့ဖူးတဲ့ အပူဒဏ် အန္တရာယ် အသိပေးစာလေးကို ပြန်တင်လိုက်ပါတယ်။ SMS ၂ပိုင်းကို comment မှာ တင်ပေးထားပါတယ်။ ဆွေမျိုး၊ မိတ်ဆွေတွေဆီ SMS လေးပိုပေးရင်း ဂရုစိုက်ပေးကြရအောင်ခင်ဗျာ။



အပူဒဏ်အန္တရာယ်

လိုက်နာ

-အရိပ်ရအေးမြနေရာတွင်နေ

-အရောင်ဖျော့ချောင်ချိတာဝတ်

-ထီး၊ ဦးထုပ်ဆောင်း

-ရေများများသောက်



ရှောင်ကြဉ်

-နေပူမခံနဲ့

-နေပူထဲအလုပ်/လေ့ကျင့်ခန်းမလုပ်နဲ့

-အပြင်ကပြန်လာပြီးချက်ချင်းရေမချိုးနဲ့

-အရမ်းအေးတဲ့ နေရာကနေအပြင်ချက်ချင်းမထွက်နဲ့

-အရက်/ဘီယာမသောက်နဲ့



သတိပြု

-ဘိုးဘွား ကလေး ကိုယ်ဝန်ဆောင် နိုတိုက်မိခင်များ

-နာတာရှည်ရောဂါရှိသူ

-ကာယလုပ်သား၊ အားကစားသမား၊ အဝလွန်သူများ

-အရက်၊ ဆေးသုံးသူများ



ပင်ပန်းနွမ်းနယ်ခြင်း-Heat Exhaustion

-ဂဏှာမငြိမ်

-ခေါင်းမူး/ကိုက်

-နုံးချိပျော့ခွေ၊ ကြွက်တက်

-ချွေးထွက်လွန်အရေပြားအေး/စို

-ခန္ဓာကိုယ်အပူချိန်မြင့်



သတိလစ်ခြင်း-Heat Stroke

-ခန္ဓာကိုယ်အပူချိန်အလွန်မြင့်

-အရေပြားပူခြောက်သွေ့/ချွေးခန်းခြောက်

-ကယောင်ကတမ်းဖြစ်

-သတိလစ်/တက်



ရှေးဦးပြုစုခြင်း

-အရိပ်ရအေးမြနေရာကိုရွှေ့

-ပန်ကာ၊ ACဖွင့်ပေး၊ မရှိရင် ယပ်ခတ်ပေး

-ခြေရင်းဘက်ကိုမြှင့်ပေး၊ပက်လက်ထား

-အဝတ်တွေချွတ်

-လည်ပင်း၊ချိုင်း/ပေါင်ခြံကိုရေပတ်တိုက်

-သတိရှိနေရင်ရေအေး/ဓာတ်ဆားတိုက်

-ဆေးရုံ၊ဆေးခန်းချက်ချင်းပို
👍1
Forwarded from V Tech Guide
ပဋ္ဌာန်းပါဠိတော်နှင့်အသံထွက်
ဗုဒ္ဓဘာသာဝင်များအတွက် ပဋ္ဌာန်း ၂၄ ပစ္စည်း ပါဠိတော် နှင့် အသံထွက်ကိုအလွယ်တကူ နာကြားရွတ်ဖတ်၊ ပူဇော် ကုသိုလ်ပွားများနိုင်စေရန်အတွက် ဖြစ်ပါသည်။
- ပဋ္ဌာန်းအကျဉ်း အကျယ်ကို ဖော်ပြပေးထားပြီး၊
- ပါဠိတော်ကို မြန်မာပြန်ဆိုပေးထားတာကြောင့် တစ်ကြောင်းချင်းစီတိုင်းရဲ့ အဓိပ္ပာယ်ကို နားလည်သိရှိနိုင်မှာပါ၊
-ဒါ့အပြင် ရွတ်ဖတ်သံကိုပါ နားဆင်နိုင်တာကြောင့် ရွတ်ဖတ်တဲ့ အခါ မသိတဲ့ ပါဠိတော်တွေရဲ့ အသံထွက်အမှန်ကိုလည်း သိရှိနိုင်မှာပါ။
-ပဋ္ဌာန်းရွတ်ဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို လည်း သေချာလေးဖော်ပြပေးထားတာမို ဗုဒ္ဓဘာသာဝင်များအတွက် အရမ်းကို အကျိုးရှိစေမယ့် ဆော့ဝဲလ်လေးပါ။ ဆော့ဝဲလ်လေးကို Comment မှာချပေးထားပါတယ်။
သတ္တဝါအပေါင်း သူတော်ကောင်းတို ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။


ဆော့ဝဲလ်ဒေါင်းရန်လင့်- https://mm.nextworm.com/archives/1771

ဆော့ဝဲလ်ဒေါင်းနည်းကို VD နဲ့ဖော်ပြပေးထားပါတယ် - https://fb.watch/n0fjiuMH-D/
👍3
ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်လာပြီး အပူလှိုင်း ကျရောက်🥵
အပူလှိင်းဖြတ်မယ်လို သတိပေးထားတာ စပါပြီ 🤯
6/7/8 သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။
နိုင်ငံသားများကို နေ့ခင်းဘက်တွင် အိမ်ထဲတွင်သာနေရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။ ကျန်းမာရေးဌာနသည် ပြည်သူများအား အိမ်တွင်း၌နေရန်နှင့် အပူဒဏ်ကြောင့် လေသင်တုန်းဖြတ်ခြင်းမှ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပလှုပ်ရှားမှုများကို ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။
နိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၁ မှ ၄၂ ဒီဂရီစင်တီဂရိတ်နှင့် ဗန်ကောက်အပါအဝင် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ၃၉ မှ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနေသည့်အတွက် အိမ်တွင်းတွင်နေထိုင်ရန် အရေးကြီးကြောင်း တာဝန်ရှိသူများကပြောသည်။
ဒေသအများအပြားတွင် ပြီးခဲ့သည့်လကစတင်၍ အပူချိန်သည် ပုံမှန်ထက် မြင့်တက်နေခဲ့တယ်။
လက်ရှိ အပူချိန်နဲ့ ရာသိဥတုအခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီသိရဖို့ ထိုင်းရောက်ရွှေမြန်မာများ ဒီဆော့ဝဲလ်လေးဆောင်ထားပါ။
For Android - https://mm.nextworm.com/archives/3288
For IOS - https://mm.nextworm.com/archives/3290
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023
ကလေးငယ်ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။
အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြနော် ။
😍ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ။
👍3
လုပ်နေကြ ပုံစံအတိုင်း
လုပ်နေသမျှတော့

ရောက်နေကျ နေရာကိုပဲ
ပြန်ရောက်နေဦးမှာ

တူတာတွေလုပ်ပြီး
မတူတဲ့အဖြေလိုချင်နေလိုတော့မရ

ကိုယ်ကြိုးစားပုံတွေပြောင်းမှ
ရလဒ်တွေလဲပြောင်းလာမယ်မိတ်ဆွေ
👍4🔥2👏2
Facebook Password ထည့်ထားပြီး ဘာထည့်ထားလဲဆိုတာ

မေ့နေလို ပြန်ဝင်လိုမရဖြစ်နေပါသလား! မစိုးရိမ်ပါနဲ့တော့၊

အခုမျှဝေပေးသွားမဲ့နည်းလမ်းလေးကို ကြည့်ပြီးတာနဲ့ ဘာထည့်ထားခဲ့လဲဆိုတာကို

လွယ်လွယ်ကူကူ ပြန်ကြည့်လိုရမယ့်အပြင် အရင်ကဘာတွေထည့်ခဲ့ဖူးလဲဆိုတာတွေကိုပါပြန်ကြည့်လိုရတော့မှာပါ။

ရိုးရိုးရှင်းရှင်း ပုံနဲ့ပြထားပေးတာမလို မှတ်မိလွယ်ပြီးအဆင်ပြေစေမှာပါ။

နောက်လဲ ဒီလိုအကျိုးရှိစေမဲ့ ဗဟုသုတလေးတွေကိုလဲ မျှဝေပေးသွားမှာဖြစ်တဲ့အတွက်

မလွတ်တမ်းကြည့်နိုင်ဖို Page လေးကိုလဲ Join ထားပေးဖိုလိုပါတယ်နော်..😘😘

နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/vtechguide
👍3
ငယ်သေးတယ် ကြီးမှ လုပ်မယ်
အချိန်တွေ အများကြီးရှိသေးတယ်လိုတွေးရင်

Alexander The Great က အသက်၂၆ နှစ်မှာ
ပါရှန် အင်ပါယာကြီးကို သိမ်းပြီးပြီဆိုတာသတိရပါ
မြန်မာနိုင်ငံရှိ မိသားစုများထံသို့ ထိုင်းနိုင်ငံ ငွေလွှဲပေးပို့လိုပါသလား ?
လူကြီးမင်းအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကမော္ဘဇဘဏ်လီမိတက် ဘဏ်ခွဲများသို့ အောက်ပါနည်းလမ်း (၂) မျိုးတို့ဖြင့် တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ပါသည်။
ပထမနည်းလမ်းမှာ ထိုင်းနိုင်ငံရှိ Krung Thai Bank ၏ ATM မှတစ်ဆင့် ငွေလွှဲပေးပို့မည်ဆိုပါက ကမော္ဘဇဘဏ်တွင် ဘဏ်စာရင်းရှိရန် မလိုအပ်ဘဲ မြန်မာနိုင်ငံမှ ငွေလွှဲထုတ်ယူမည့်သူအား ATM စက်တွင် ဖေါ်ပြသည့် လျှို့ဝှက်နံပါတ်ပြောပြရန်သာလိုပါသည်။
မြန်မာနိုင်ငံမှ ငွေလွှဲထုတ်ယူသူသည် မိမိ၏မှတ်ပုံတင်မူရင်း ကို ယူဆောင်လာပြီး နီးစပ်ရာကမော္ဘဇဘဏ်ခွဲများတွင် လျှို့ဝှက်နံပါတ်ကို တင်ပြပြီး ငွေထုတ်ယူနိုင်ပါသည်။ ထို့အပြင် ဘဏ်စာရင်းရှိသူထံသို့လည်း ATM စက်မှ တဆင့် အထက်ပါအတိုင်း လွှဲပို့နိုင်ပါသည်။
ဒုတိယတစ်နည်းမှာ ထိုင်းနိုင်ငံရှိ Siam Commercial Bank (SCB) ATM စက်များမှတစ်ဆင့် မြန်မာနိုင်ငံရှိ ကမော္ဘဇဘဏ်ခွဲများအားလုံးသို့ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ပါသည်။ ငွေလွှဲပေးပို့ရာတွင် ထိုင်းနိုင်ငံမှ ငွေလွှဲသူအနေဖြင့် SCB ၏ ဘဏ်စာရင်းအမှတ်(သို့) ကဒ်နံပါတ်ရှိရမည်ဖြစ် ပြီး မြန်မာနိုင်ငံမှ လက်ခံထုတ်ယူမည့်သူ၏ ကမော္ဘဇဘဏ်စာရင်း (သို့) ကဒ်စာရင်း သို့တိုက်ရိုုက်လွှဲပို့ပေးနိုင်မည်ဖြစ်ပါသည်။ (SCB) ဘဏ်မှတဆင့် မြန်မာနိုင်ငံရှိ ဘဏ်စာရင်း မရှိသူထံသို့လည်း အမည် မှတ်ပုံတင်ဖြင့် လွှဲပို့ပေးနိုင်ပါသည်။ ထိုသို့ ပေးပို့လာသောငွေလွှဲများကိုမူ လွှဲပို့ထားသည် ဘဏ်ခွဲတွင်သာ ထုတ်ယူရရှိ န်ိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံးဖွင့်လှစ်ထားသော ကမော္ဘဇဘဏ်နှင့် ချိတ်ဆက်၍ အချိန်ကုန်သက်သာ
လုံခြုံစိတ်ချမှုရှိစွာဖြင့်သင့်မိသားစုထံသို့ ငွေလွှဲပေးပို့လိုက်ပါ ။
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023
👍2