ဝိမုတ္တိယုဂခေတ်
2.74K subscribers
2.58K photos
1 video
1 file
850 links
Download Telegram
မေး။ ​ ​ ငြိမ်းချမ်းခြင်းဆီကို သွားတဲ့ လမ်းကြောင်းနှစ်ခုမှာ 'နှာသီးဖျားက လေထိမှု' အာနာပါန ဆိုတဲ့ သိမ်မွေ့တဲ့တံခါးနဲ့ 'ဝမ်းဗိုက်ရဲ့ လှုပ်ရှားမှု' ဖောင်းပိန် ဆိုတဲ့ ထင်ရှားတဲ့တံခါး၊ ဘယ်တံခါးက စိတ်ကို ပိုပြီး လျင်လျင်မြန်မြန် တည်ငြိမ်စေသလဲ။ အာရုံစူးစိုက်မှု (Concentration) နဲ့ အသိဉာဏ် (Insight) ရရှိမှုမှာ ဒီနှစ်ခုက ဘယ်လို အားပြိုင်နေကြသလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ။



ဖြေ။ https://www.facebook.com/617850804736217/posts/122187315236762824
ဒီအချိန်မှာ သေမယ်ဆိုရင်
ဘယ်အရာကမှ အရေးကြီး
မနေတော့ပါဘူး..

-လက်ရှိအချိန်ထက်
ဘယ်အရာမှ အရေးကြီးနေတာ မဟုတ်တဲ့အတွက်
တို့ လောနေလည်း အလကားပဲ..

ဒီအခြေအနေလေးအတိုင်းပဲ

တို့တွေ သေရမှာ..

အတိတ်ဆိုတာလည်း မရှိတော့ဘူး၊
အနာဂတ်ဆိုတာလည်း မရှိသေးဘူး..

မိသားစုတွေဆိုတာလည်း
အကြောင်းဆုံလို့ ဆုံဆည်းကြရတာပဲရှိတာ..
ပြီးရင် ခုလိုပဲ ခွဲခွါကြရမှာပဲ..

အခုသေမယ်ဆိုရင်
စိတ်က သိနေတဲ့အရာတွေမှာ
တွယ်တာစရာ ဘာရှိသလဲ..

လက်မလွှတ်နိုင်ဘူးလို့
ထင်နေတဲ့အရာတွေ လုပ်မှဖြစ်မယ်လို့
ထင်ရတဲ့အရာတွေ
အရေးကြီးပါတယ်လို့ ထင်တဲ့အရာတွေ
အားလုံးဟာ အခု သေမယ်ဆိုရင်
ဘာမှ အရေးမကြီးတော့ပါဘူး..

အဲဒီလို နှလုံးသွင်းရင်းနဲ့
စိတ်မှာ ဘာမှမရှိရင်
အဲဒီအရှိတဲ့အတိုင်းပဲ
အတွေးကင်းနေတဲ့အတိုင်းပဲ
သတိထား..

အဲဒီအခြေအနေလေးကို
သတိလေးထား..

စိတ် ဘယ်ကိုမှ
မထွက်စေနဲ့တော့..

ဘယ်အာရုံကိုမှ မပြုနဲ့တော့..

မတွေးနဲ့တော့..

လျှောက်တွေးနေလည်း
အခု သေမယ်ဆိုရင်
ဘာမှထူးမနေဘူး..


ဒီအတိုင်းလေးပဲ
သတိထား၊
သတိထား..

━ သဒ္ဓမ္မဇောတိကဓဇ ဝိမုတ္တိဉာဏဓမ္မ ဆရာတော် ဘဒ္ဒန္တကုသလ


ယောဂီဟောင်း Shwe Than Thida မှ ရေးသားပူဇော်သည်။
Audio
ညခင်း မေတ္တာ ကျေးဇူးတရား အောက်မေ့မှု
Audio
မနက်ခင်း မေတ္တာ ကျေးဇူးတရား အောက်မေ့မှု