Department of Traditional Medicine, Myanmar
759 subscribers
18.9K photos
89 videos
31 files
1.45K links
DTM website တွင် ဖော်ပြသောသတင်းများ (ယခင် Channel Name = View of TM)
Download Telegram
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၃-၉-၂၆)ရက်နေ့တွင် အမှတ်(၁)ရပ်ကွက် ၊ရတနာပုံဘုန်းကြီးကျောင်း၊ရေဘေးရှောင်စခန်း၌ ဖွင့်လှစ်ထားသောတိုင်းရင်းဆေးခန်းမှ ကျား(၁၀)ဦး၊မ(၁၄)ဦးစုစုပေါင်းလူနာဦးရေ (၂၄)ဦးအားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၃-၉-၂၀၂၆) ရက်၊ နံနက်(၉:၀၀) နာရီအချိန်တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး ဦးဆောင်သောအဖွဲ့သည် အ.မ.က(၄)၊ အလုံသို့သွားရောက်၍ "ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ပုံနှင့်ဖြစ်ပွားပါကဆောင်ရွက်ရန်အချက်များ" အ‌ကြောင်းအား ကျောင်းသားကျောင်းသူ(၁၀၀)ဦးခန့်အားအသိပညာပေးဟောပြောခဲ့ပြီး ကျား(၁၃)ဦး၊ မ(၂၀)ဦး၊ စုစုပေါင်း(၃၃)ဦးအားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံသည် (၃.၉.၂၀၂၆)ရက်နေ့တွင် ဘိုးဘွားရိပ်သာသို့သွားရောက်၍ ကျား (၆)ဦး၊မ (၁၂)ဦး၊စုစုပေါင်းဘိုးဘွား(၁၈)ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ သာပေါင်းမြို့ ၊ခတ္တိယ ကျေးရွာအုပ်စု၊ မေရီကုန်းကျေးရွာသို့ ကွင်းဆင်းဆေးကုသပေးခဲ့ရာ လူနာဦးရေ ကျား- (၂၀) ဦးမ-(၇၈)ဦး၊ စုစုပေါင်း လူနာ (၉၈) ဦးကို ဆေးကုသမှုပေးခဲ့ပြီး သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာန တည်နေရာနှင့် ရာသီတုပ်ကွေးရောဂါအကြောင်းကို လူဦးရေ (၄၀)ဦး ခန့်အား အသိပညာပေးဟောပြောခဲ့ပါသည်။
တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) (၂၅)စောင်အား ထုတ်ပြန်ကြော်ငြာခြင်း
၃-၉-၂၀၂၆ နေပြည်တော်
တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) (၂၅)စောင်အား ထုတ်ပြန်ကြော်ငြာအပ်ပါသည်-
ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ ကတ်ပြားထုတ်ယူရန် တိုင်းဒေသကြီး/ပြည်နယ်များက အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး) ကတ်ပြားများကို ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၃-၉-၂၀၂၆) ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်စားသုံးသူရေးရာဌာနတို့နှင့် ပူးပေါင်း၍ ကွမ်းခြံ ကုန်းမြို့နယ် အ-မ-က ဒေးမြန်မာကျောင်း၌ ကျင်းပပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနား၌ ကျောင်းသား၊ ကျောင်းသူ (၁၃၅)ဦးအား “ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်း” အသိပညာပေး ဟောပြောခဲ့ပြီး လူကြီး ကျား (၁)ဦး၊ လူကြီး မ (၃)ဦး၊ ကလေး ကျား (၃၁)ဦး၊ ကလေး မ (၄၃)ဦး၊ စုစုပေါင်း (၇၇)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၃-၉-၂၀၂၆) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်သည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဌာနနှင့်ပူးပေါင်း၍ အ-မ-က (၇) ကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူ (၇၀)ဦးအား “မိုးရာသီတွင် အဖြစ်များသော ပြင်းထန် ဝမ်းပျက်ဝမ်းလျှောအကြောင်း” ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ရာ လူကြီး မ (၂)ဦး၊ ကလေး ကျား (၂၅)ဦး၊ ကလေး မ (၃၀)ဦး၊ စုစုပေါင်း (၅၇)ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊တိုင်းရင်းဆေးပညာဦးစီးဌာန ၊ ရေကြည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၃-၉-၂၆)ရက်နေ့တွင်ရေကြည်မြို့အားကစားရုံရေဘေးရှောင်စခန်း၌ ဖွင့်လှစ်ထားသောဆေးခန်းမှ ကျား(၃)ဦး၊မ(၁၀)ဦးစုစုပေါင်းလူနာဦးရေ(၁၃)ဦးအားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၃-၉-၂၀၂၆)ရက် နေ့တွင် လေးမျက်နှာမြို့နယ် ၊စာရေးကွင်းရေဘေးရှောင်စခန်းတွင်ဖွင့်လှစ်ထားသောတိုင်းရင်းဆေးခန်း မှကျား ( ၁၁)ဦး မ (၁၃) စုစုပေါင်း လူနာဦးရေ(၂၄)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊တိုင်းရင်းဆေးပညာဦးစီးဌာန၊ဟင်္သာတခရိုင်နှင့်မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍(၃-၉-၂၆)ရက်နေ့တွင်လေးမျက်နှာမြို့နယ်၊ခမောက်စုကျေးရွာ၊အာသောကရာမဘုန်းကြီးကျောင်းရေဘေးရှောင်စခန်းသို့ကွင်းဆင်းကုသမှုများဆောင်ရွက်ခဲ့ရာကျား(၃၃)ဦးမ(၄၁)ဦးစုစုပေါင်းဦးရေ(၇၄)ဦးတို့အားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
1