ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂-၉-၂၀၂၆)ရက် နေ့တွင် လေးမျက်နှာမြို့နယ် ၊စာရေးကွင်းရေဘေးရှောင်စခန်းတွင်ဖွင့်လှစ်ထားသောတိုင်းရင်းဆေးခန်း မှကျား ( ၃)ဦး မ (၈) စုစုပေါင်း လူနာဦးရေ(၁၁)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
❤1
ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဟင်္သာတခရိုင်နှင့်မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ (၂-၉-၂၀၂၆)ရက်နေ့တွင် လေးမျက်နှာမြို့နယ် အမှတ်(၃)ရပ်ကွက်၊ ဒဏ္ခိာပရဟိတ ကျောင်းသို့ ကွင်းဆင်းကုသမှုဆောင်ရွက်ခဲ့ရာ ကျားလေး(၄၀)ဦး၊မလေး(၅) ဦး၊ကျားလူကြီး(၁၂)ဦး၊ မလူကြီး(၁၅)ဦး၊ စုစုပေါင်း(၇၂)ဦးတို့အားတိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၃-၉-၂၀၂၆)ရက်နေ့တွင် ကျုံပျော်မြို့နယ် အားကစားခန်းမရေဘေးရှောင်စခန်း၌ ဖွင့်လှစ်ထားသောတိုင်းရင်းဆေးခန်းမှ ကျား(၄)ဦး၊မ(၁၀)ဦး၊ လူနာစုစုပေါင်း(၁၄)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
မွန်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ခုတင် ၅၀ဆံ့တိုင်းရင်းဆေးရုံ ၊ခရိုင်၊မြို့နယ်တို့ ပူးပေါင်း၍ (၃-၉-၂၀၂၆) ရက်နေ့တွင် မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်ရှိပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျား(၃၁)ဦး ၊ မ(၄၀)ဦး စုစုပေါင်း(၇၁)ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး ဆေးရုံအုပ်ဦးဆန်းလင်းမှ တိုင်းရင်းဆေးပညာ အကြောင်းသိကောင်းစရာများ ဟောပြောပို့ချခဲ့ပါသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိုင်းရင်းဆေးမှူး ဒေါ်နန်းထွေးနုသည် ၃.၉.၂၀၂၆ ရက်နေ့ တွင် ဆရာစံရပ်ကွက် ငှက်ပျောတောကျောင်းရေဘေးကယ်ဆယ်ရေးစခန်းရှိ ကျား ၁၆ဦး မ ၂၃ ဦး စုစုပေါင်း ၃၉ ဦးအား မိုးရာသီတွင်အဖြစ်များသော ရောဂါအကြောင်းကျန်းမာရေး ပညာပေးဟောပြောခြင်းနှင်း တိုင်းရင်းဆေးဖြင်း ကျန်းမာရေးစောက်ရှောက်မှုများ ပြုလုပ်ပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၃-၉-၂၆)ရက်နေ့တွင် အမှတ်(၁)ရပ်ကွက် ၊ရတနာပုံဘုန်းကြီးကျောင်း၊ရေဘေးရှောင်စခန်း၌ ဖွင့်လှစ်ထားသောတိုင်းရင်းဆေးခန်းမှ ကျား(၁၀)ဦး၊မ(၁၄)ဦးစုစုပေါင်းလူနာဦးရေ (၂၄)ဦးအားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၃-၉-၂၀၂၆) ရက်၊ နံနက်(၉:၀၀) နာရီအချိန်တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး ဦးဆောင်သောအဖွဲ့သည် အ.မ.က(၄)၊ အလုံသို့သွားရောက်၍ "ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ပုံနှင့်ဖြစ်ပွားပါကဆောင်ရွက်ရန်အချက်များ" အကြောင်းအား ကျောင်းသားကျောင်းသူ(၁၀၀)ဦးခန့်အားအသိပညာပေးဟောပြောခဲ့ပြီး ကျား(၁၃)ဦး၊ မ(၂၀)ဦး၊ စုစုပေါင်း(၃၃)ဦးအားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။