မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၃၁-၈-၂၀၂၆) ရက်နေ့တွင် cyclone shelter ရေဘေးရှောင်စခန်း၌ ကျား (၅)ဦး၊ မ (၂၅)ဦး၊ စုစုပေါင်း (၃၀)ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ (၂၅) ခုတင် ဆံ့ တိုင်းရင်းဆေးရုံမှ (၃၁-၈-၂၀၂၆) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီမှ ညနေ (၄:၀၀) နာရီအထိ ဆေးရုံအုပ် ဦးညီညီမောင်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဌေး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စန်းစန်းထွေးနှင့် ညောင်ဦးခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဦးတင်စိုး တို့ပါဝင်သော အဖွဲ့သည် ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့နှင့်ပူးပေါင်း၍ ညောင်ဦးမြို့၊ သာသနာ့ရောင်ခြည်သီလရှင် စာသင်တိုက်သို့ သွားရောက်၍ လူကြီး (မ) (၂၅)ဦး၊ ကလေး (မ) (၅)ဦး၊ စုစုပေါင်းလူနာ (၃၀)ဦး တို့အား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာနနှင့် ပုဇွန်တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ (၂၄-၈-၂၀၂၆) ရက်နေ့မှ (၃၁-၈-၂၀၂၆)ရက်နေ့ထိ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်နန်းယဉ်မိုးလတ်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန့်အိုင့်ပွားဟှီ တို့သည် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ သွားရောက်၍ ကျား (၃၀)ဦး၊ မ (၃၈)ဦး၊ စုစုပေါင်း (၆၈)ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှု များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂-၉-၂၀၂၆)ရက် နေ့တွင် လေးမျက်နှာမြို့နယ် ၊စာရေးကွင်းရေဘေးရှောင်စခန်းတွင်ဖွင့်လှစ်ထားသောတိုင်းရင်းဆေးခန်း မှကျား ( ၃)ဦး မ (၈) စုစုပေါင်း လူနာဦးရေ(၁၁)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
❤1
ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဟင်္သာတခရိုင်နှင့်မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ (၂-၉-၂၀၂၆)ရက်နေ့တွင် လေးမျက်နှာမြို့နယ် အမှတ်(၃)ရပ်ကွက်၊ ဒဏ္ခိာပရဟိတ ကျောင်းသို့ ကွင်းဆင်းကုသမှုဆောင်ရွက်ခဲ့ရာ ကျားလေး(၄၀)ဦး၊မလေး(၅) ဦး၊ကျားလူကြီး(၁၂)ဦး၊ မလူကြီး(၁၅)ဦး၊ စုစုပေါင်း(၇၂)ဦးတို့အားတိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၃-၉-၂၀၂၆)ရက်နေ့တွင် ကျုံပျော်မြို့နယ် အားကစားခန်းမရေဘေးရှောင်စခန်း၌ ဖွင့်လှစ်ထားသောတိုင်းရင်းဆေးခန်းမှ ကျား(၄)ဦး၊မ(၁၀)ဦး၊ လူနာစုစုပေါင်း(၁၄)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။