Veil & Echo 🌘
347 subscribers
129 photos
12 videos
9 links
ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေပြောပြချင်တယ်ဆို ဒီ က တစ်ဆင့် @Megan_Han25 လာပြောပါနော်
Download Telegram
နောက်ရက်မနက်မှာတော့ မေလင်း ရဲစခန်းကို သွားပြီး တိုင်ချက်ဖွင့်ဖို့ ကြိုးစားပေမဲ့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မရှိတာမို့ ရဲတွေက လူပျောက်တိုင်ချက်တွေကိုပဲ လှန်လှော ရှာဖွေပေးရှာတယ်

အဲဒီမှာတင် ထိတ်လန့်စရာ အမှန်တရားတစ်ခုကို သူမ သိလိုက်ရတော့တယ်

လွန်ခဲ့တဲ့ သုံးနှစ်က အဲဒီတိုက်ခန်းမှာ နေထိုင်သွားတဲ့ တက္ကသိုလ်ကျောင်းသူ မိန်းကလေးတစ်ယောက်ဟာ အိမ်လခပေးပြီးနောက်ပိုင်း လုံးဝ အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားခဲ့တာ

အိမ်ရှင်အန်တီကြီးကတော့ အဲဒီမိန်းကလေး ဆင်းသွားတာကြာပြီလို့ပဲ ရဲတွေကို အမြဲလိမ်ပြောနေခဲ့တာပေါ့

မေလင်း ရဲတွေ၊ အဆောက်အအုံ အင်ဂျင်နီယာတွေနဲ့အတူ အဲဒီတိုက်ခန်းဟောင်းဆီကို ပြန်ရောက်လာခဲ့တယ်

စိတ်ချောက်ချားစရာ ကောင်းလှတဲ့ အစွန်းဆုံးက နံရံကြီးကို ရဲတွေက လူအင်အားနဲ့ စတင်ပြီး ထုခွဲပစ်ကြတယ်။
ဘုန်း... ဘုန်း... ခွန်း...!!
အင်္ဂတေတွေ၊ အုတ်ခဲတွေ ကွာကျလာပြီး နံရံအလယ်ဗဟိုကို ရောက်တဲ့အချိန်မှာတော့ အခန်းထဲက လူအားလုံး သွေးပျက်မတတ် နောက်တွန့်သွားကြတော့တယ်

အုတ်ရိုးနှစ်ထပ်ရဲ့ ကြား လေဟာနယ်ကျဉ်းကျဉ်းလေးထဲမှာ... ဆံပင်စုတ်ဖွားနဲ့ မိန်းကလေးတစ်ယောက်ရဲ့ ရုပ်အလောင်းဟာ မတ်တတ်အနေအထားအတိုင်း ဘိလပ်မြေတွေ ကပ်ညှိပြီး ခြောက်သွေ့ပုပ်သိုးနေပြီ။ ပိုပြီး ရင်နာစရာကောင်းတာက... အဲဒီ ရုပ်အလောင်းရဲ့ လက်ချောင်းတွေက နံရံဘက်ကို ကုတ်ခြစ်ထားရင်း လက်သည်းခွံတွေ အကုန်ကွာကျပြီး အရိုးတွေပါ ထွက်နေတာပဲ။ သူမဟာ အဲဒီနံရံထဲမှာ အရှင်လတ်လတ် ပိတ်လှောင်ခံထားရရင်း အပြင်ကလူ ကြားအောင် သေအံမူးမူးနဲ့ နံရံကို ခေါက်ခဲ့တာ

ဒါဆို... အိပ်မက်ထဲက ဒေါသတကြီးနဲ့ ပြောသွားတဲ့ စကားက...

"နောက်တစ်ယောက်ပဲ မင်းက ငါ့အိမ်ကို ဝင်လာရဲတယ်ပေါ့လေ..." ဆိုတာ...
မေလင်း ကြက်သီးတွေ ဖြန်းခနဲ ထသွားရင်း အနောက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်မိတယ်။ တိုက်ခန်းတံခါးဝမှာ ရပ်ပြီး သွေးပျက်နေတဲ့ သူမကို သရော်သလိုမျိုး တိတ်တဆိတ် စိုက်ကြည့်နေတဲ့ အိမ်ရှင်အန်တီကြီးရဲ့ အကြည့်တွေနဲ့ ဆုံမိသွားတဲ့အချိန်မှာတော့... ဒီမိန်းကလေးကို ဘယ်သူက နံရံထဲ အရှင်လတ်လတ် ထည့်ပြီး အုတ်စီခဲ့တာလဲဆိုတဲ့ အဖြေကို မေလင်း သဘောပေါက်သွားခဲ့ရပါတော့တယ်

အိမ်ရှင်အန်တီကြီးဟာ ဒီတိုက်ခန်းကို လာငှားသမျှ မိန်းကလေးတွေကို ညဘက်ဆို ဆေးခတ်ပြီး နံရံထဲ အရှင်လတ်လတ် အုတ်စီထည့်လေ့ရှိတဲ့ လူသတ်သမား ဖြစ်နေခဲ့တာ။ အဲဒီကျောင်းသူလေးဟာ အန်တီကြီးရဲ့ ပထမဆုံးသားကောင်ဖြစ်ပြီး မေလင်းကတော့ သူမ စီစဉ်ထားတဲ့ ဒုတိယမြောက် သားကောင်ပေါ့

အိမ်ရှင်အန်တီကြီးကို ရဲတွေက ချက်ချင်းပဲ လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထိုတိုက်ခန်းအဟောင်းကြီးကိုလည်း အပြီးတိုင် ပိတ်သိမ်းလိုက်ကြတယ်။ မေလင်းလည်း အထုပ်အပိုးတွေကို အသည်းအသန်သိမ်းပြီး အဲဒီမြို့ဟောင်းဘက်က တိုက်ခန်းဆီကနေ ထာဝရ ပြေးထွက်ခဲ့တော့တယ်။
ဒါပေမဲ့... ဇာတ်လမ်းက ဒီတင်ပဲ ပြီးသွားခဲ့လားဆိုတော့ မဟုတ်ပါဘူး။
အခုထိ... ညဉ့်နက်သန်းခေါင် ၂ နာရီရောက်တိုင်း... မေလင်း ဘယ်တိုက်ခန်းအသစ်မှာပဲ ပြောင်းအိပ်အိပ်၊ သူမရဲ့ ကုတင်ဘေးက နံရံဆီကနေ အဲဒီအသံကတော့ ပုံမှန်လေး ပြန်လည် ထွက်ပေါ်လာဆဲ ဖြစ်နေခဲ့ရပါတော့တယ်...။
"တောက်... တောက်... တောက်..."
(မင်း ဘယ်ပြေးပြေး... ငါ့လက်ထဲကနေ လွတ်မယ်မထင်နဲ့...)
❤5💘1
နံရံနောက်က တံခါးခေါက်သံ review plz
🙏🏻💕
Anonymous Poll
5%
5/10
7%
6/10
7%
7/10
21%
8/10
26%
9/10
35%
10/10
❤6🔥1
lucid dream ဖြစ်ရပ်မှန်
❤1💘1
ကျွန်မညဘက် ကိုယ်လက်ကိုက်ပြီ အိပ်မပျော်လို့ မနက်သုံးနာရီလောက်မှာတစ်ခုခုစားပြီ ဒီဂိုဂျင်ကိုသောက်လိုက်မိတယ်

ဒီဂိုဂျင်သောက်ပြီ ခဏအကြာမှာပဲကျွန်မ စအိပ်ပျော်သွားတယ်
❤2💘1
ကျွန်မအိပ်ပျော်သွားပြီနော်ကျွန်မအိပ်မက်တယ်။ ကျွန်မ depression နောက်ဆုံးအဆင့်ဖြစ်နေပြီတဲ့
❤3💘1
ကျွန်မကတော့ကျောင်းပြီးသွားပြီးသွပေမဲ့အိပ်မက်ထဲမှာတော့ကျောင်းမပြီးသေးဘူး။

ဒီလိုနဲ့ကျောင်းတက်နေရင်း ကျွန် မွမ်းကြပ်လာလို့ဆိုပြီ တိုက်ပေါ်ကနေခုန်ချမို့ကြိုးစားခဲ့တယ်
❤2💘1
ကြိုးစားရင်းကိုယ့်ကိုကိုယ်ညှာရင်ကောင်းမလား မညှာရမလားစဉ်စားနေရင်း ကျွန်မ မညှာတော့ဘူးဆိုပြီ တိုက်ပေါ်ကခုန်ချခဲ့တယ်တဲ့
💘3
တိုက်အောက်ရောက်တော့ ကျွန်မ မသေဘူး ခန္ဓာကိုယ်တစ်ခုလုံးနာကျင်နေတာပဲ အရမ်းကိုမှနာကျင်ခံစားရတာ
💘2
ကိုယ်မသေလို့ကိုယ့်ကိုသူများလာသော်ကတ်ရင်ကောင်းမှာပဲ‌ဆိုပြီတွေးနေရင်း ကျွန်မ ခြေထောက်နာနာ နဲ့ပဲ အရှေ့ကခုန်တန်းဆီ ထိုင်မို့ အမြန်လျှောက်ခဲ့တယ်
💘3
ခဏအကြာ ကျွန်မ အတန်း မသွားတော့ဘဲ အဆောင်ပဲပြန်မယ် လုပ်နေတုန်းမှာ ကျွန်မ ခုန်ချလိုက်တဲ့နေရာက လူတွေအုပ်အုပ်ကြပ်ကြပ်ဖြစ်လာတယ် ကျွန်မလဲ ဘာလဲဆိုပြီသွားကြည့်တာ ကျွန်မရဲ့ အသက်မရှိတော့တဲ့ခန္ဓာကိုယ်ကိုမြင်ခဲ့ရတယ်
💘2
အဲ့ချိန်မှကျွန်မက အသက်မရှိတော့တဲ့ ဝိဉာဉ် ဖြစ်နေမှန်းနောက်မှသိရတယ်
💘2
ကျွန်မ ရက်လည် မရောက်ခင်ကျွန်မ အိမ်ထဲဝင်ချင်ပေမဲ့ ကျွန်မ အိမ်ထဲဝင်မရဘဲ အိမ်ရှေ့မှာ မိုးရေထဲမှာ စိုစိုနဲ့နေနေရတယ်

တစ်ကိုယ်လုံးချမ်းတက်လာလို့ အိမ်ပတ်ပတ်လည်လိုက်ကြည့်နေတုန်း ကျွန်မလိုမျိုးလူကိုတွေ့ခဲ့ရတယ် သူက ခန္ဓာကိုယ်ကြီးကြီးနဲ့ သူ့ကိုတွေ့ပြီ ကျွန် လန့်သွားတယ် ကျွန်မကိုသူက ငါ့ကိုမြင်တာ နင်က သေပြီးသားလူဖြစ်နေလို့တဲ့ဆိုပြီ စကားပြောအပြီးမှာကျွန်မ နှိုးလာခဲ့တယ်
💘2
အိပ်မက်ထဲမှာ ချမ်းနေတဲ့ အချမ်းက အပြင်မှာပါ မေးရိုက်ပြီ တုန်နေတဲ့အထိ တကယ်ခံစားနေခဲ့ရလို့ အဲကွန်းများအေးတာလားဆိုပြီထကြည့်တာ မီးပျက်နေခဲ့တယ် ပန်ကာတောင်မလည်ပါဘူး မိုးလဲ မရွာဘူး
💘2
ကျွန်မ နှိုးလာတော့အရမ်းချမ်းတာ တုန်နေတာ မရပ်လို့ထ ထိုင်ပြီ အချမ်းပြေအောင်ရေနွေးထ သောက်ခဲ့ရတယ်
💘2
💘2
From- Elysian

အဲ့တုံးကညီမက၆တန်း အသက်အားဖြင့် ၁၂/၁၃ပဲရှိသေးတယ် အဲ့အချိန်တုံးက ကလေးသဘာ၀ သရဲတစေတွေကိုစူးစမ်းလိုစိတ်ရှိတယ် ကျောင်းခန်းထဲမှာလဲအားရင်အားသလိုအဲ့အကြောင်းကိုပြောလေ့ရှိတယ် ညီမ‌တို့နေတဲ့အဆောင်နားမှာ အပင်သုံးပင်ရှိတယ် ပထမအပင်မှာသရဲ ဒုတိယအပင်မှာပြိတ္တာ တတိယအပင်မှာ သဘတ် နေတယ်ဆိုပြီးလူပြောများတယ် အဲ့အပင်တွေနောက်မှာလဲအိမ်အိုကြီးတစ်ခုရှိတယ် အဲ့အ်ိမ်အိုကြီးမှာ ခေါင်းပြတ်သရဲတို့ ဒူးပြတ်သရဲတို့ ဇောက်ထိုးကြီးခြောက်တာတို့အဲ့လိုမျိုးတွေခနခနခြောက်တယ်
ညီမတို့အခန်းကနေအဲ့အိမ်ကြီးကိုသေချာမြင်နေရတယ်
တစ်နေ့လဲကြရောညီမနဲ့ညီမသူငယ်ချင်းက‌ပျင်းလို့ဆိုပြီး ‌ဟိုကြည့်ဒီကြည့်လုပ်နေရင်းနဲ့အဲ့အိမ်ရဲ့ပြတင်းပေါက်ကနေ လူလိုလိုဘာလိုလို အကောင်သေးသေးလေး ကလေးလိုမျိုးပေါ့ ကချင်တိုင်းရင်းသား၀တ်စုံလိုမျိုးနဲ့၀တ်ပြီးညီမတို့ကိုကြည့်နေတာ အဲ့တုံးကညီမကတော့မကြောက်ဘူး အေးဆေးပဲနေတာ နေ့တိုင်းကြည့်တာခံရတယ်၁ပတ်၂ပတ်ပေါ့
အဲ့လိုဖြစ်နေချိန် အဲ့အိမ်နားကအပင်သုံးပင်ထဲက အလယ်ခေါင်တည့်တည့်ကအပင် သဘတ်နေတဲ့အပင်က သဘတ်က လူစားလဲချင်တယ်ဆိုတဲ့သတင်းတွေထွက်လာတယ်
အရင်ကလဲအဲ့လိုခနခနပြောတယ် ပြောတိုင်းလဲ အထက်တန်းကဆရာမက ကိုယ်၀န်ရတယ် လူစားလဲတာမအောင်မြင်ရင်ပျက်ကြရောတဲ့
ဒီတစ်ခါလဲကြရော ကိုယ်၀န်ကအတော်လေးရင့်‌နေပြီ
‌အဲ့အချိန်ကျောင်းမှာအကတိုက်နေတာတွေနဲ့ရှုပ်နေလို့ အဲ့သတင်းကိုမေ့မေ့လျော့လျော့ပဲနေကြတယ် ညီမတို့နှစ်ယောက်ကတော့မ‌မေ့ဘူး အဲ့တာကိုအမြဲတွေးပြီးစိုးရိမ်နေတာ
အဲ့လူစားလဲချင်တယ်ဆိုတဲ့အကြောင်းကိုအခန်းထဲကကောင်လေးတစ်ယောက်ကိုပြောပြတော့ သူက အက ကတဲ့နေရာမှာလဲမယ်ထင်ပြီး အခန်းထဲမှာလူတွေအများကြီးတစ်ယောက်ယောက်နဲ့လဲလိုက်ပေါ့ တဲ့အဲ့လိုပြောရော
အဲ့လိုပြောပြီး အခန်းထဲကတစ်ယောက်က ဆိုင်ကယ်တွေခနခနစလဲတာပဲ လဲတိုင်းလဲသူပဲထိတယ် နတ်ကြီးတဲ့နေရာတွေမှာပိုလဲတာ
အဲ့လိုတွေလဲဖြစ်တော့သူ့မှာပတ်တီးတွေနဲ့ကျောင်းလာရတာ နည်းနည်းနောနောဒဏ်ရာတွေမဟုတ်ဘူးး
တစ်နေ့လဲကြရော ညီမတို့နိုင်ငံတော်သီချင်းဆိုရော သူကနေလို့မကောင်းဘူးဆိုပြီးညည်းနေတာ ညီမတို့လဲသူ့မှာဒဏ်ရာတွေနဲ့မလို့နေလို့မကောင်းတာပဲဆိုပြီးအများကြီးမတွေးလိုက်မိဘူး တကယ်တော့အဲ့ကတည်းက သဘတ်ကလူထဲကို၀င်နေတာ သူကစိတ်တင်းထားလို့
ဆိုလို့ပြီးတော့အခန်းထဲပြန်၀င်ကြတယ် အဲ့အချိန်သူကတခါးလက်ကိုင်နဲ့တိုက်မိပြီးသတိတစ်ချက်လွတ်သွားတယ် အဲ့အချိန်မှာသူ့ကိုစပူးတော့တာပဲ
အဲ့သဘတ်က သူ့ဟာသူနေမကောင်းလို့မူးလဲတာပါဆိုပြီးအသက်ကိုနှုတ်မယ်လုပ်ထားတာတဲ့
ညီမတို့ကလဲအဲ့လိုသူ့ဟာသူမူးတယ်ထင်တာ
ဒါပေမယ့်မူးလဲတဲ့အချိန်ညီမသေချာမြင်လိုက်တယ် သူ့မျက်ဆံက မျက်လုံးအိမ်ထဲမှာ ၃၆၀°ကိုလည်သွားတာ ‌
ဆရာမတွေကသူ့ကိုဆေးရုံပို့ကြတယ်
ဆေးရုံမှာလဲသောင်းကျန်းတယ်တဲ့
ညီမတောင်အသာလေးကောက်ချီရတဲ့ခန္ဓာကိုယ်သေးသေးလေးကို လူကောင်ထွားထွားအမျိုးသား၃ယောက်တောင်အင်အားခြင်းမယှဉ်နိုင်ဘူးတဲ့
အဲ့ကတည်းကသိလိုက်ပြီလေ ၀င်နေပြီဆိုတာ
အဲ့တာကြောင့်ရွှေရင်ကျော်ဆရာနဲ့သွားပြတယ်တဲ့
သူလူစားလဲချင်တဲ့အကြောင်းတွေဘာတွေပြောတယ်ပေါ့နော် အဲ့လိုတွေဖြစ်နေချိန်ဟိုအပင်ကိုအမဲသားတွေလဲလာချိတ်ပြီးကျွေးကြတယ်
အဲ့လိုတွေလဲဖြစ်ပြီးရော စာမေးပွဲလဲနီးတော့သူကကျောင်းပြန်လာတက်တယ် သူ့နားလူတွေအုံပြီးမေးမြန်းကြတာပေါ့ ညီမရယ်ညီမနဲ့ခင်တဲ့အမတစ်ယောက်ရယ်က စိတ်ထဲမသိုးမသန့်ဖြစ်လို့ဆရာမနဲ့တိုင်ပင်ပြီး Bluetooth speaker နဲ့ ပဌာန်းဖွင့်ကြတယ် အဲ့တာကိုသူ့ကပူလာလို့ပိတ်ပေးပါဆိုပြီးထပြောရော ညီမရယ်သူ့ခေါင်းကိုကိုင်ပြီးဘုရားစာရွတ်တော့လဲလက်ကိုဖြတ်ချပြီးဖယ်ပစ်တယ်
အဆောင်၀တ်ပေးလို့လဲမရဘူး
သူ့မျက်လုံးတွေကလဲအနီဘက်ကိုတဖြည်းဖြည်းသန်းလာတာ
ဘယ်လောက်ထိဆိုးလဲဆို အဲ့တာတွေမဖြစ်ခင်အစကအခြောက်ခံရတဲ့ညီမနဲ့ညီမသူငယ်ချင်းဆိုလေ ဘုရားစာတွေပါဆိုရင်းဆိုရင်းရောလာသလိုလိုမေ့လာသလိုလိုနဲ့စိတ်ရိုင်းတွေ၀င်လာတဲ့အထိပဲ အရမ်းအခြေအနေဆိုးမှာစိုးလို့ညီမတို့နှစ်ယောက်ကဘာမှမပြောတာပဲရှိတယ် ဟိုအပူးခံရတဲ့ကောင်မလေးကမျက်လုံးနီနီကြီးနဲ့ညီမတို့ကိုမျက်စောင်းလှမ်းလှမ်းထိုးတာ
နောက်ကြတော့လဲအဆင်ပြေသွားတာပါပဲ
💘2❤1
Story ရေးတာ ခဏ ရပ်ထားပါရစေနော် 💕
😭5💔3
စိတ်ကျန်းမာရေးက အရေးကြီးတာကိုမသိဘဲ အလကားပါလို့ မြန်မာပြည်မှာထင်နေကြတုန်းပါ
💘1
ကျွန်မ ညဘက်အိပ်မရတာ ၃ နှစ်ရှိခဲ့ပြီ ကျွန်မ အိပ်မရတာ ဘယ်လောက်ဆိုးခဲ့လဲဆိုတော့ မနက် ၁၀ ထိုးတဲ့ချိန်ထိ ၁၂ နာရီထိုးတဲ့ချိန်ထိ ကျွန်မ အိပ်မရခဲ့ပါဘူး ကျွန်မ အိပ်မရတိုင်း အိမ်ကိုမပြောရဲခဲ့ဘူး ဖုန်းကြည့်လို့ နင်က ညဘက်ထိမအိပ်တာကိုး စသဖြင့် အပြစ်ပြောကြတာပေါ့လေ

အမှန်တော့ ကျွန်မ အိပ်မရတာက အမြဲလိုလို childhood Trauma ၃ တန်းတုန်းက ဆရာမဆီက ရခဲ့တဲ့ အတိတ်ဆိုးကို အမြဲ ပြန်ပြန်တွေးမိနေတယ် တစ်ခါတလေ ကိုယ့်ကိုကိုယ် အဆုံးဆီရင်မို့တောင် တွေးမိလာတယ်

ငါကဆရာမဆီက အချစ်ခံချင်လို့ လုပ်နေခဲ့ပေမဲ့ အမြဲအသုံးမကျဘူးလို့ ဘာလို့ပြောခံထိရတာလဲပေါ့ အိမ်ကိုပြောပြတော့လဲ ဆရာမပြောတာသည်သာ အမှန်ပါပေါ့ရှင် ထားပါ

ငါဘာလို့အချစ်မခံရတာလဲပေါ့ဆိုတဲ့အတွေးနဲ့ ကျွန်မ အမှောင်ပိတ်နေခဲ့တယ် ကျွန်မ ကိုယ် ကျွန်မ သိပါတယ် ကျွန်မ မရူးဘူးဆိုတာ ဒါမဲ့ ကျွန်မ ခံစားရတာတွေပြောတိုင်း မေ့ပြစ်ဖို့နဲ့ ကျွန်မက အစွဲလမ်းကြီးကြောင်း ရူးနေကြောင်းသာပြောကြတယ်

တကယ်တော့ ကျွန်မ ဖြစ်နေတာတွေကို ရင်ဖွင့်ချင်တိုင်း ဘယ်သူမှလက်မခံပေးကြတော့ ကျွန်မ စိတ်ပညာမေဂျာယူခဲ့တယ် ကျွန်မသာ စိတ်ပညာမေဂျာမယူခဲ့ရင် ကျွန်မ ခုချိန်ထိ အသက်မရှင်တော့ဘူးထင်ပါတယ်

ကျွန်မ အိပ်မရတာတွေ အတွေးထဲ နွန်နစ်နေတာတွေကို မခံနိုင်လို့ တိတ်တိတ်လေးစိတ်ဆေးခန်းခိုးပြခဲ့တယ် ဆေးခန်းမှာကျွန်မ ငိုခဲ့တယ် ဆေးခန်းပြတော့ ကျွန်မ ‌ပုံထဲက အတိုင်း အဲ့တာဖြစ်နေတယ်ပေါ့လေ

ကျွန်မ အိပ်ဆေးမပါဘဲ အိပ်မရတာ ခုထိပါ ဒါကို အသက်ငယ်ငယ်လေးပဲရှိသေးတယ် အိပ်ဆေးသောက်အိပ်ရတယ် လို့ အပြစ်မမြင်နေကြတုန်းပါ

ကျွန်မ တစ်ခုခုမူမမှန်တာ စိတ်တစ်ခုခု မကောင်းနေတာ ပြောပြခဲ့တာပဲ စိတ်ကျန်းမာရေးက မြန်မာပြည်မှာ အလကား လို့သတ်မှတ်ထားကြတော့ ကျွန်မကသာ အရူးတစ်ယောက်ဖြစ်နေရတာပေါ့ရှင်
😢5💔1
မနက်ဖန် story အသစ်ရှိပါတယ်
👏3🍓3
ခရီးက ပြန်ရောက်တုန်း

Yes or no free ask
💘1