Veil & Echo 🌘
347 subscribers
129 photos
12 videos
9 links
ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေပြောပြချင်တယ်ဆို ဒီ က တစ်ဆင့် @Megan_Han25 လာပြောပါနော်
Download Telegram
နံရံနောက်က တံခါးခေါက်သံ

Part-1
❤‍🔥3💘1
မေလင်း တစ်ယောက်တည်း နေဖို့အတွက် မြို့ဟောင်းဘက်က တိုက်ခန်းအဟောင်းလေးတစ်ခုကို စျေးပေါပေါနဲ့ ငှားလိုက်ရလို့ တော်တော်ဝမ်းသာသွားတယ်အခန်းက ကျယ်ကျယ်ဝန်းဝန်း၊ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ပြီး အေးချမ်းတာပဲ

ပထမဆုံးအိပ်တဲ့ည
ညသန်းခေါင် ၂ နာရီ ဝန်းကျင်မှာ မင်းခန့် နိုးလာတယ်

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လွန်းလို့ ကိုယ့်နှလုံးခုန်သံကိုယ်တောင် ပြန်ကြားနေရတယ်

အဲဒီအချိန်မှာပဲ
မေလင်း အိပ်ရာဘေးက ကပ်လျက်နံရံဆီကနေ အသံတစ်ခု ကြားလိုက်ရတယ်

တောက်... တောက်... တောက်...

လက်သည်းနဲ့ နံရံကို ဖြည်းဖြည်းချင်း ခြစ်လိုက်၊ ခေါက်လိုက်သံမျိုး
မေလင်းက ဘေးခန်းကလူ တစ်ခုခုလုပ်နေတာနေမှာပါဆိုပြီး ဂရုမစိုက်ဘဲ ပြန်အိပ်လိုက်တယ်

ဒုတိယည၊ တတိယညတွေမှာလည်း အဲဒီအချိန်ရောက်ရင် အဲဒီအသံက ပုံမှန်လေး ထပ်ထွက်လာတယ်

တောက်... တောက်... တောက်...

ဘေးခန်းကလူက ညဉ့်နက်သန်းခေါင် ဘာတွေ လျှောက်လုပ်နေမှန်း မသိတာမို့ နောက်နေ့မနက်မှာ အိမ်ရှင်ဆီ ဖုန်းဆက်ပြီး တိုင်တော့တာပေါ့

"အန်တီ... ကျွန်မဘေးခန်းကလူက ညဘက်ဆို နံရံကို ခေါက်ခေါက်နေလို့ အိပ်လို့မရဘူး။ နည်းနည်းလောက် ပြောပေးပါလား"

အိမ်ရှင်အန်တီကြီးက ဖုန်းထဲကနေ ခဏလောက် တိတ်သွားပြီးမှ တုန်တုန်ရီရီအသံနဲ့ ပြန်ပြောတယ်

"သမီး အခန်းရဲ့ ဘေးပတ်ပတ်လည်မှာ ဘယ်သူမှမရှိဘူးကွယ် သမီး အခန်းက အဲဒီအထပ်ရဲ့ အစွန်းဆုံးအခန်း လေ
သမီး ပြောတဲ့ နံရံရဲ့ တစ်ဖက်ခြမ်းက... အပြင်ဘက် လေဟာနယ်ကြီး..."

မေလင်း ကြက်သီးတွေ ဖြန်းခနဲ ထသွားတယ်
ဖုန်းကို ချလိုက်ပြီး အခန်းထဲက အဲဒီနံရံကို ကြောင်ကြည့်နေမိတယ်

‘ငါ့အခန်းက အစွန်းဆုံးအခန်းပဲ။ အပြင်ဘက်မှာက တိုက်နံရံအပြင် ဘာမှမရှိတာ’
တွေးရင်းနဲ့ပဲ အဲဒီနံရံဆီကို ဖြည်းဖြည်းချင်း လျှောက်သွားမိတယ်။ နံရံကို သေချာစိုက်ကြည့်နေတုန်းမှာပဲ...

ညဘက်မှ ကြားရလေ့ရှိတဲ့ အသံက နေ့ခင်းကြောင်တောင်ကြီးမှာ တိုးတိုးလေး ထွက်လာပြန်တယ်။

တောက်... တောက်... တောက်...
ဒီတစ်ခါတော့
မေလင်း သေချာနားထောင်လိုက်မိတယ် အသံက နံရံရဲ့ အပြင်ဘက်ကနေ ခေါက်နေတဲ့အသံ မဟုတ်ဘူး

အုတ်ရိုးတွေ၊ ဘိလပ်မြေတွေရဲ့ အထဲထဲကနေ... တစ်စုံတစ်ယောက်က သူ့ဆီကို ရောက်အောင် နံရံကို အတွင်းထဲကနေ ကုတ်ခြစ်ပြီး ခေါက်နေတဲ့အသံ..
❤‍🔥2❤1💘1
နံရံနောက်က တံခါးခေါက်သံ

Part-2
❤‍🔥3💘1
မေလင်း ခြေဖျားလက်ဖျားတွေ အေးစက်ပြီး သွေးပျက်သွားရတယ်နေ့ခင်းကြောင်တောင်ကြီးမှာတင် အုတ်နံရံအထဲက ထွက်လာတဲ့ အဲဒီ "တောက်... တောက်... တောက်..." ဆိုတဲ့ အသံက

သူမရဲ့ အသိစိတ်ကို ခြောက်ခြားစေလွန်းလို့ အခန်းထဲကနေ ဝုန်းခနဲ ပြေးထွက်ခဲ့မိတော့တယ်

အဲဒီနေ့ကစပြီး မေလင်း အိမ်ပြန်ဖို့ တော်တော်လေး ဝန်လေးနေခဲ့တယ်။ ဒါပေမဲ့ အိမ်လခတွေ ပေးထားရတာမို့လို့ ချက်ချင်းကြီး အထုပ်ဆွဲပြီး ဆင်းသွားဖို့ကျတော့လည်း မတတ်နိုင်ပြန်ဘူး

“ငါ စိတ်ချောက်ချားပြီး နားကြားမှားတာ နေမှာပါ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အတင်းနှစ်သိမ့်ရင်း အဲဒီညမှာ အိပ်ရာထဲ ဇွတ်မှိတ်ပြီး ဝင်လှဲလိုက်တယ်။

ဘယ်အချိန်ရှိသွားပြီလဲမသိဘူး... မေလင်း တစ်ကိုယ်လုံး လှုပ်မရဘဲ အိပ်စီးကပ်သလိုမျိုး ဖြစ်ပြီး အိပ်မက်ကမ္ဘာထဲကို နစ်ဝင်သွားခဲ့တယ်။

အိပ်မက်ထဲမှာ... သူမဟာ အခုလက်ရှိ နေနေတဲ့ တိုက်ခန်းအဟောင်းလေးထဲမှာပဲ ရောက်နေတာ ဒါပေမဲ့ အခန်းက ခုနကလို မဟုတ်ဘဲ အေးစက် ညစ်ထေးပြီး သွေးညှီနံ့လိုလို၊ ပုပ်စော်နံတာလိုလို အနံ့အသက်တွေက နှာခေါင်းထဲ စူးခနဲ ဝင်လာတယ်

သူမ ကုတင်ဘေးက နံရံဆီကို လှမ်းကြည့်လိုက်မိတဲ့အခါ... တုန်လှုပ်စရာကောင်းတာကို မြင်လိုက်ရတယ်

ဖြူဖျော့ပြီး အက်ကွဲကြောင်းတွေ ထနေတဲ့ အုတ်နံရံပေါ်မှာ သွေးညိုရောင် အရည်တွေက စီးကျနေပြီး နံရံတစ်ခုလုံးက တဖြည်းဖြည်း ပျော့ဖတ်လာသလိုမျိုး လှုပ်ရှားနေတယ်

အဲဒီနောက်... နံရံထဲကနေ လူတစ်ယောက်ရဲ့ ပုံသဏ္ဌာန်က ဖောင်းကြွပြီး ထွက်လာတယ်။ ရုန်းကန်နေတဲ့ ပုံစံမျိုး။

"တောက်... တောက်... တောက်..."

အသံက ပိုကျယ်လာပြီး ပိုပြီးလည်း မြန်လာတယ်နံရံထဲကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ အဲဒီအရာက လက်သည်းတွေနဲ့ အုတ်ရိုးကို ကုတ်ခြစ်နေတာ

လက်သည်းခွံတွေ ကွာကျပြီး သွေးတွေ ရွှဲနေတဲ့ လက်ချောင်း ဖြူဖြူပြာပြာတွေက နံရံဘိလပ်မြေတွေကို ဖောက်ပြီး အပြင်ကို ထိုးထွက်လာတယ်

မေလင်း ကြောက်လန့်တကြားနဲ့ အော်ဖို့ ကြိုးစားပေမဲ့ လည်ချောင်းထဲမှာ အသံက တစ်ဆို့ပြီး ထွက်မလာဘူး
ခဏနေတော့ နံရံထဲကနေ ခေါင်းတစ်လုံး ပြူးထွက်လာတယ်။

အဲဒါ... ဆံပင်စုတ်ဖွားနဲ့ မိန်းကလေးတစ်ယောက်။ သူမရဲ့ မျက်နှာက ဖြူဆုတ်ပြီး ညှိုးခြောက်နေတယ်၊ မျက်လုံးအိမ်တွေက သွေးတွေ စီးကျနေပြီး မျက်တွင်းတွေက ဟောင်းလောင်းပေါက်ကြီး ဖြစ်လို့

အသားအရေတွေကတော့ ဘိလပ်မြေတွေ ကပ်ညှိပြီး ပုပ်သိုး စုတ်ပြတ်နေပြီ

အဲဒီ မိန်းကလေးက မေလင်းကို စိုက်ကြည့်ပြီး သွေးချင်းချင်းနီနေတဲ့ ပါးစပ်ကြီးကို ဟကာ... ကူညီဖို့ တောင်းပန်မယ့်အစား၊ ကြောက်စရာကောင်းတဲ့ အက်ကွဲသံကြီးနဲ့ သရော်သလိုမျိုး တဟားဟား အော်ရယ်တော့တယ်
❤‍🔥2❤2💘1
နံရံနောက်က တံခါးခေါက်သံ

Part-3
❤‍🔥3❤1💘1
"နောက်တစ်ယောက်ပဲ...!! မင်းက ငါ့အိမ်ကို ဝင်လာရဲတယ်ပေါ့လေ...

သူမရဲ့ ဒေါသတကြီးနဲ့ အော်ဟစ်သံက အခန်းတစ်ခုလုံးကို တုန်ခါသွားစေပြီး အရိုးပေါ် အရေတင် လက်ချောင်းကြီးတွေနဲ့ မေလင်းရဲ့ ခြေထောက်ကို လှမ်းဆွဲဖို့ ကြိုးစားလိုက်တဲ့အချိန်မှာပဲ

"ဟင်...!!"

မေလင်း လန့်ဖြန့်ပြီး အိပ်ရာကနေ ဆတ်ခနဲ နိုးလာခဲ့တယ်။ တစ်ကိုယ်လုံးလည်း ချွေးစေးတွေ ပြန်လို့။
ညဘက် ပတ်ဝန်းကျင်က တိတ်ဆိတ်ဆဲ။ အသက်ကို လုရှူရင်း ရင်ဘတ်ကို ဖိထားတုန်း သူမရဲ့ ခြေထောက်နားဆီက အေးစက်စက် အထိအတွေ့တစ်ခုကြောင့် ငုံ့ကြည့်လိုက်မိတဲ့အခါ

အိပ်မက်ထဲကအတိုင်း

ကုတင်ခြေရင်း နံရံနားကနေ ဖြူဖျော့ပြီး သွေးတွေ ပေကျံနေတဲ့ လက်တစ်ဖက်က အုတ်ရိုးကို ဖောက်ပြီး အပြင်ကို တကယ်ကြီး ထိုးထွက်နေတာကို မြင်လိုက်ရတော့တယ်

မဖြစ်နိုင်တာ... ဒါ အိပ်မက်ဆိုးပဲ ဖြစ်ရမယ်!"
မေလင်း ကိုယ့်ကိုယ်ကိုယ် အတင်းအော်ပြောရင်း အိပ်ရာပေါ်ကနေ ဝုန်းခနဲ ထထိုင်လိုက်ပြီး အခန်းမီးခလုတ်ဆီကို အသည်းအသန် ပြေးဖွင့်လိုက်တယ်။
ဖျတ်...!!

မီးလင်းသွားတဲ့အချိန်မှာတော့ ကုတင်ခြေရင်းက လက်ကြီးက ရုတ်တရက် ပျောက်ကွယ်သွားတယါ

ဒါပေမဲ့... အုတ်နံရံပေါ်မှာတော့ အက်ကွဲကြောင်းအသစ်တွေနဲ့အတူ လက်သည်းနဲ့ ကုတ်ခြစ်ထားတဲ့ သွေးကွက်တွေက ထင်ထင်ရှားရှားကြီး ကျန်ရစ်ခဲ့တယ်

အိပ်မက်မဟုတ်ဘဲ အပြင်မှာ တကယ်ဖြစ်နေတာကို သေချာသွားတဲ့အခါ မေလင်း ညတွင်းချင်းပဲ ဖုန်းနဲ့ ပိုက်ဆံအိတ်ကို ဆွဲပြီး တိုက်ခန်းပြင်ပကို အလန့်တကြား ပြေးထွက်ခဲ့တော့တယ်
❤4❤‍🔥1💘1
နောက်ရက်မနက်မှာတော့ မေလင်း ရဲစခန်းကို သွားပြီး တိုင်ချက်ဖွင့်ဖို့ ကြိုးစားပေမဲ့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မရှိတာမို့ ရဲတွေက လူပျောက်တိုင်ချက်တွေကိုပဲ လှန်လှော ရှာဖွေပေးရှာတယ်

အဲဒီမှာတင် ထိတ်လန့်စရာ အမှန်တရားတစ်ခုကို သူမ သိလိုက်ရတော့တယ်

လွန်ခဲ့တဲ့ သုံးနှစ်က အဲဒီတိုက်ခန်းမှာ နေထိုင်သွားတဲ့ တက္ကသိုလ်ကျောင်းသူ မိန်းကလေးတစ်ယောက်ဟာ အိမ်လခပေးပြီးနောက်ပိုင်း လုံးဝ အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားခဲ့တာ

အိမ်ရှင်အန်တီကြီးကတော့ အဲဒီမိန်းကလေး ဆင်းသွားတာကြာပြီလို့ပဲ ရဲတွေကို အမြဲလိမ်ပြောနေခဲ့တာပေါ့

မေလင်း ရဲတွေ၊ အဆောက်အအုံ အင်ဂျင်နီယာတွေနဲ့အတူ အဲဒီတိုက်ခန်းဟောင်းဆီကို ပြန်ရောက်လာခဲ့တယ်

စိတ်ချောက်ချားစရာ ကောင်းလှတဲ့ အစွန်းဆုံးက နံရံကြီးကို ရဲတွေက လူအင်အားနဲ့ စတင်ပြီး ထုခွဲပစ်ကြတယ်။
ဘုန်း... ဘုန်း... ခွန်း...!!
အင်္ဂတေတွေ၊ အုတ်ခဲတွေ ကွာကျလာပြီး နံရံအလယ်ဗဟိုကို ရောက်တဲ့အချိန်မှာတော့ အခန်းထဲက လူအားလုံး သွေးပျက်မတတ် နောက်တွန့်သွားကြတော့တယ်

အုတ်ရိုးနှစ်ထပ်ရဲ့ ကြား လေဟာနယ်ကျဉ်းကျဉ်းလေးထဲမှာ... ဆံပင်စုတ်ဖွားနဲ့ မိန်းကလေးတစ်ယောက်ရဲ့ ရုပ်အလောင်းဟာ မတ်တတ်အနေအထားအတိုင်း ဘိလပ်မြေတွေ ကပ်ညှိပြီး ခြောက်သွေ့ပုပ်သိုးနေပြီ။ ပိုပြီး ရင်နာစရာကောင်းတာက... အဲဒီ ရုပ်အလောင်းရဲ့ လက်ချောင်းတွေက နံရံဘက်ကို ကုတ်ခြစ်ထားရင်း လက်သည်းခွံတွေ အကုန်ကွာကျပြီး အရိုးတွေပါ ထွက်နေတာပဲ။ သူမဟာ အဲဒီနံရံထဲမှာ အရှင်လတ်လတ် ပိတ်လှောင်ခံထားရရင်း အပြင်ကလူ ကြားအောင် သေအံမူးမူးနဲ့ နံရံကို ခေါက်ခဲ့တာ

ဒါဆို... အိပ်မက်ထဲက ဒေါသတကြီးနဲ့ ပြောသွားတဲ့ စကားက...

"နောက်တစ်ယောက်ပဲ မင်းက ငါ့အိမ်ကို ဝင်လာရဲတယ်ပေါ့လေ..." ဆိုတာ...
မေလင်း ကြက်သီးတွေ ဖြန်းခနဲ ထသွားရင်း အနောက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်မိတယ်။ တိုက်ခန်းတံခါးဝမှာ ရပ်ပြီး သွေးပျက်နေတဲ့ သူမကို သရော်သလိုမျိုး တိတ်တဆိတ် စိုက်ကြည့်နေတဲ့ အိမ်ရှင်အန်တီကြီးရဲ့ အကြည့်တွေနဲ့ ဆုံမိသွားတဲ့အချိန်မှာတော့... ဒီမိန်းကလေးကို ဘယ်သူက နံရံထဲ အရှင်လတ်လတ် ထည့်ပြီး အုတ်စီခဲ့တာလဲဆိုတဲ့ အဖြေကို မေလင်း သဘောပေါက်သွားခဲ့ရပါတော့တယ်

အိမ်ရှင်အန်တီကြီးဟာ ဒီတိုက်ခန်းကို လာငှားသမျှ မိန်းကလေးတွေကို ညဘက်ဆို ဆေးခတ်ပြီး နံရံထဲ အရှင်လတ်လတ် အုတ်စီထည့်လေ့ရှိတဲ့ လူသတ်သမား ဖြစ်နေခဲ့တာ။ အဲဒီကျောင်းသူလေးဟာ အန်တီကြီးရဲ့ ပထမဆုံးသားကောင်ဖြစ်ပြီး မေလင်းကတော့ သူမ စီစဉ်ထားတဲ့ ဒုတိယမြောက် သားကောင်ပေါ့

အိမ်ရှင်အန်တီကြီးကို ရဲတွေက ချက်ချင်းပဲ လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထိုတိုက်ခန်းအဟောင်းကြီးကိုလည်း အပြီးတိုင် ပိတ်သိမ်းလိုက်ကြတယ်။ မေလင်းလည်း အထုပ်အပိုးတွေကို အသည်းအသန်သိမ်းပြီး အဲဒီမြို့ဟောင်းဘက်က တိုက်ခန်းဆီကနေ ထာဝရ ပြေးထွက်ခဲ့တော့တယ်။
ဒါပေမဲ့... ဇာတ်လမ်းက ဒီတင်ပဲ ပြီးသွားခဲ့လားဆိုတော့ မဟုတ်ပါဘူး။
အခုထိ... ညဉ့်နက်သန်းခေါင် ၂ နာရီရောက်တိုင်း... မေလင်း ဘယ်တိုက်ခန်းအသစ်မှာပဲ ပြောင်းအိပ်အိပ်၊ သူမရဲ့ ကုတင်ဘေးက နံရံဆီကနေ အဲဒီအသံကတော့ ပုံမှန်လေး ပြန်လည် ထွက်ပေါ်လာဆဲ ဖြစ်နေခဲ့ရပါတော့တယ်...။
"တောက်... တောက်... တောက်..."
(မင်း ဘယ်ပြေးပြေး... ငါ့လက်ထဲကနေ လွတ်မယ်မထင်နဲ့...)
❤5💘1
နံရံနောက်က တံခါးခေါက်သံ review plz
🙏🏻💕
Anonymous Poll
5%
5/10
7%
6/10
7%
7/10
21%
8/10
26%
9/10
35%
10/10
❤6🔥1
lucid dream ဖြစ်ရပ်မှန်
❤1💘1
ကျွန်မညဘက် ကိုယ်လက်ကိုက်ပြီ အိပ်မပျော်လို့ မနက်သုံးနာရီလောက်မှာတစ်ခုခုစားပြီ ဒီဂိုဂျင်ကိုသောက်လိုက်မိတယ်

ဒီဂိုဂျင်သောက်ပြီ ခဏအကြာမှာပဲကျွန်မ စအိပ်ပျော်သွားတယ်
❤2💘1
ကျွန်မအိပ်ပျော်သွားပြီနော်ကျွန်မအိပ်မက်တယ်။ ကျွန်မ depression နောက်ဆုံးအဆင့်ဖြစ်နေပြီတဲ့
❤3💘1
ကျွန်မကတော့ကျောင်းပြီးသွားပြီးသွပေမဲ့အိပ်မက်ထဲမှာတော့ကျောင်းမပြီးသေးဘူး။

ဒီလိုနဲ့ကျောင်းတက်နေရင်း ကျွန် မွမ်းကြပ်လာလို့ဆိုပြီ တိုက်ပေါ်ကနေခုန်ချမို့ကြိုးစားခဲ့တယ်
❤2💘1
ကြိုးစားရင်းကိုယ့်ကိုကိုယ်ညှာရင်ကောင်းမလား မညှာရမလားစဉ်စားနေရင်း ကျွန်မ မညှာတော့ဘူးဆိုပြီ တိုက်ပေါ်ကခုန်ချခဲ့တယ်တဲ့
💘3
တိုက်အောက်ရောက်တော့ ကျွန်မ မသေဘူး ခန္ဓာကိုယ်တစ်ခုလုံးနာကျင်နေတာပဲ အရမ်းကိုမှနာကျင်ခံစားရတာ
💘2
ကိုယ်မသေလို့ကိုယ့်ကိုသူများလာသော်ကတ်ရင်ကောင်းမှာပဲ‌ဆိုပြီတွေးနေရင်း ကျွန်မ ခြေထောက်နာနာ နဲ့ပဲ အရှေ့ကခုန်တန်းဆီ ထိုင်မို့ အမြန်လျှောက်ခဲ့တယ်
💘3
ခဏအကြာ ကျွန်မ အတန်း မသွားတော့ဘဲ အဆောင်ပဲပြန်မယ် လုပ်နေတုန်းမှာ ကျွန်မ ခုန်ချလိုက်တဲ့နေရာက လူတွေအုပ်အုပ်ကြပ်ကြပ်ဖြစ်လာတယ် ကျွန်မလဲ ဘာလဲဆိုပြီသွားကြည့်တာ ကျွန်မရဲ့ အသက်မရှိတော့တဲ့ခန္ဓာကိုယ်ကိုမြင်ခဲ့ရတယ်
💘2
အဲ့ချိန်မှကျွန်မက အသက်မရှိတော့တဲ့ ဝိဉာဉ် ဖြစ်နေမှန်းနောက်မှသိရတယ်
💘2
ကျွန်မ ရက်လည် မရောက်ခင်ကျွန်မ အိမ်ထဲဝင်ချင်ပေမဲ့ ကျွန်မ အိမ်ထဲဝင်မရဘဲ အိမ်ရှေ့မှာ မိုးရေထဲမှာ စိုစိုနဲ့နေနေရတယ်

တစ်ကိုယ်လုံးချမ်းတက်လာလို့ အိမ်ပတ်ပတ်လည်လိုက်ကြည့်နေတုန်း ကျွန်မလိုမျိုးလူကိုတွေ့ခဲ့ရတယ် သူက ခန္ဓာကိုယ်ကြီးကြီးနဲ့ သူ့ကိုတွေ့ပြီ ကျွန် လန့်သွားတယ် ကျွန်မကိုသူက ငါ့ကိုမြင်တာ နင်က သေပြီးသားလူဖြစ်နေလို့တဲ့ဆိုပြီ စကားပြောအပြီးမှာကျွန်မ နှိုးလာခဲ့တယ်
💘2
အိပ်မက်ထဲမှာ ချမ်းနေတဲ့ အချမ်းက အပြင်မှာပါ မေးရိုက်ပြီ တုန်နေတဲ့အထိ တကယ်ခံစားနေခဲ့ရလို့ အဲကွန်းများအေးတာလားဆိုပြီထကြည့်တာ မီးပျက်နေခဲ့တယ် ပန်ကာတောင်မလည်ပါဘူး မိုးလဲ မရွာဘူး
💘2
ကျွန်မ နှိုးလာတော့အရမ်းချမ်းတာ တုန်နေတာ မရပ်လို့ထ ထိုင်ပြီ အချမ်းပြေအောင်ရေနွေးထ သောက်ခဲ့ရတယ်
💘2
💘2