Veil & Echo 🌘
346 subscribers
129 photos
12 videos
9 links
ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေပြောပြချင်တယ်ဆို ဒီ က တစ်ဆင့် @Megan_Han25 လာပြောပါနော်
Download Telegram
ဂျိန်း... ဂျိန်း... တံခါးဖွင့်စမ်း။ ညကြီးမင်းကြီး ဘာလုပ်နေတာလဲ
အိမ်ရှင်ရဲ့ အသံက ချက်ချင်းဆိုသလို အေးစက်နေရာကနေ မာထန်တဲ့ လေသံပြောင်းသွားတယ်။ အထဲက ဘာသံမှ ပြန်မကြားရလို့ သူ သံသယဝင်သွားပြီဆိုတာ သေချာတယ်။
ကျွန်မ ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲမတတ် တုန်ရင်နေပေမယ့် လက်ထဲက ရေစိုဒိုင်ယာရီကို ပွေ့ပိုက်ပြီး အခန်းထဲကို ကယောင်ကတမ်း လှည့်ကြည့်မိတယ်။ ဝှက်စရာ နေရာမရှိဘူး။ အိမ်ရှင်သာ ဝင်လာလို့ အဝတ်အစားတွေ ဗရပွဖြစ်နေတဲ့ ဗီဒိုကြီးနဲ့ ဒိုင်ယာရီကို မြင်သွားရင် ကျွန်မပါ ဒီည ကန်ထဲကို ရောက်သွားလိမ့်မယ်။
ဂျိန်း!! တံခါးကို အပြင်ကနေ အတင်းတွန်းဖွင့်ဖို့ ကြိုးစားတဲ့အသံနဲ့အတူ လက်ကိုင်ဖုက တုန်ခါသွားတယ်။ တစ်ချက်၊ နှစ်ချက်... တံခါးက သိပ်ခံနိုင်မှာမဟုတ်ဘူး။
ကျွန်မ စဉ်းစားမနေတော့ဘဲ အဝတ်ဗီဒိုကြီးဆီကိုပဲ ပြန်ပြေးသွားပြီး ဒိုင်ယာရီကို အောက်ခြေပျဉ်ချပ်အောက်ထဲ အမြန်ပြန်ထိုးထည့်လိုက်တယ်။ ပြီးတော့ ကြမ်းပြင်ပေါ်က အင်္ကျီတွေကို ဗီဒိုထဲ ကမန်းကတမ်း ပြန်ကောက်ထည့်ပြီး တံခါးကို ဝုန်းခနဲ ပိတ်ချလိုက်တဲ့ အချိန်မှာပဲ...
ဂျိန်း... ခနဲ! ဆိုတဲ့ အသံနဲ့အတူ အိပ်ခန်းတံခါးပွင့်ထွက်သွားပြီး အိမ်ရှင် ဝင်လာခဲ့တယ်။
သူ့လက်ထဲမှာ ကောင်မလေးပြောခဲ့သလိုပဲ သေနတ်တစ်လက်ကို တင်းတင်းဆုပ်ထားတယ်။ သူ့မျက်နှာက ပုံမှန်မြင်နေကျ သဘောကောင်းတဲ့ အိမ်ရှင်တစ်ယောက်နဲ့ လုံးဝမတူတော့ဘဲ သွေးအေးတဲ့ လူသတ်သမားတစ်ယောက်ရဲ့ မျက်လုံးမျိုး ဖြစ်နေပြီ။ သူ အခန်းထဲကို ဝေ့ဝဲကြည့်လိုက်တော့ ကြမ်းပြင်ပေါ်က ရေကွက်တွေနဲ့ ရေစိုခြေရာတွေကို ချက်ချင်း သတိထားမိသွားတယ်။
"မင်း... ဘာတွေ သိသွားပြီလဲ" သူက သေနတ်ကို ကျွန်မဆီ ဖြည်းဖြည်းချင်း ချိန်ရင်း အနားကို တိုးလာတယ်။
"ကျွန်မ... ကျွန်မ ဘာမှမသိဘူး... အိမ်မက်ဆိုးမက်လို့..." ကျွန်မ အနောက်ကို ဆုတ်ရင်း ကုတင်နဲ့ ခလုတ်တိုက်ပြီး လဲကျလုနီးပါး ဖြစ်သွားတယ်။
"မုသားမပါစမ်းနဲ့! ဒီအိမ်က ဗီဒိုကို ငါ မသုံးနဲ့လို့ ပြောထားရက်နဲ့ မင်း ဖွင့်ကြည့်တယ်မလား။ အဲ့ဒီ အကောင်မလေးက မင်းကို ဘာတွေ ပြောပြလဲ!" သူက ရူးသွပ်နေတဲ့ လေသံနဲ့ အော်ဟစ်ပြီး သေနတ်မောင်းကို ဖြုတ်ဖို့ လက်ညှိုးကို ကွေးလိုက်တဲ့ အချိန်မှာပဲ...
ဝူး... ခနဲ...
အခန်းမီးလုံးတွေ အကုန်လုံး ဖျတ်ခနဲ ငြိမ်းသွားပြီး တစ်ခန်းလုံး မှောင်အတိ ကျသွားခဲ့တယ်။ အေးစက်လွန်းတဲ့ လေပြင်းတွေက ဘယ်ကနေ တိုက်ခတ်လာမှန်းမသိဘဲ အခန်းထဲ ဝုန်းဒိုင်းကြဲနေပြီး ရေစက်လက်ကျသံတွေက နေရာအနှံ့ကနေ ထွက်ပေါ်လာတယ်။
"ဟေး... ဘာ... ဘာဖြစ်တာလဲ!" အိမ်ရှင်ရဲ့ လေသံထဲမှာ ကြောက်ရွံ့မှုတွေ ဝင်လာတယ်။
အမှောင်ထဲမှာ... ကုတင်ခြေရင်းက အဝတ်ဗီဒိုတံခါးကြီးက ဝုန်းခနဲ ပွင့်ထွက်သွားပြီး အထဲကနေ တောက်လျှောက် စီးကျလာတဲ့ ရေတွေက အခန်းကြမ်းပြင်တစ်ခုလုံးကို ရေကန်တစ်ခုလို ချက်ချင်း ပြည့်လျှံသွားစေတယ်။
ပြီးတော့... ရေပုပ်နံ့တွေနဲ့အတူ ဗီဒိုထဲကနေ ရေစိုနေတဲ့ လက်ချောင်းဖြူဖြူတွေ ထွက်လာပြီး ကြမ်းပြင်ပေါ်ကို တရွတ်တိုက် ဆွဲဆန့်လာတယ်။ တစ်ကိုယ်လုံး ရေစိုရွှဲနေပြီး ဆံပင်တွေ ဖားလျားချထားတဲ့ ကောင်မလေးရဲ့ ဝိညာဉ်က ဗီဒိုထဲကနေ လျှောခနဲ ထွက်လာပြီး အိမ်ရှင်ရဲ့ ခြေထောက်တွေကို အောက်ကနေ အတင်းလှမ်းဆွဲလိုက်တယ်!
"အားးးး! လွှတ်... လွှတ်စမ်း! ငါ့ကိုလွှတ်!"
အိမ်ရှင်က ကြောက်လန့်တကြားနဲ့ အမှောင်ထဲကို သေနတ်တွေ ရမ်းသန်းပစ်ဖောက်တော့တယ်။ ဒိုင်း... ဒိုင်း... ဒိုင်း... သေနတ်သံတွေက နားကွဲမတတ် ထွက်ပေါ်လာပေမယ့် ရေစိုနေတဲ့ မိန်းကလေးရဲ့ ဝိညာဉ်ကတော့ အိမ်ရှင်ရဲ့ ကိုယ်ပေါ်ကို တဖြည်းဖြည်းချင်း ရေညှိတွေလို ကပ်ငြိတွယ်တက်သွားပြီး သူ့လည်ပင်းကို အတင်းညှစ်ထားလိုက်ပြီ။
အိမ်ရှင်က အသက်ရှူကျပ်ပြီး ရုန်းကန်ရင်း ကျွန်မရှိရာဘက်ကို လက်လှမ်းပြတယ်... "ကယ်... ကယ်ပါဦး..."
ကျွန်မ ကြောက်လွန်းလို့ အခန်းထောင့်မှာ ကပ်ပြီး ဒူးနှစ်ဖက်ကို ပွေ့ထားမိတယ်။ ရေစိုနေတဲ့ ကောင်မလေးက အိမ်ရှင်ကို ချုပ်ကိုင်ထားရင်း ကျွန်မဘက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လာတယ်။ သူမရဲ့ မျက်နှာက ငိုမဲ့မဲ့ မဟုတ်တော့ဘဲ... ကျွန်မကို ကျေးဇူးတင်တဲ့ အကြည့်မျိုးနဲ့ ကြည့်ပြီး တိုးတိုးလေး နှုတ်ဆက်လိုက်တယ်...
"ကျေးဇူးတင်ပါတယ်..."
ထိုနောက်မှာတော့... အိမ်ရှင်ရဲ့ အော်သံနဲ့အတူ သူတို့နှစ်ယောက်စလုံးဟာ ဟောင်းလောင်းပွင့်နေတဲ့ အဝတ်ဗီဒိုကြီးထဲကို ရေစီးကြောင်းနဲ့အတူ ဆွဲသွင်းခံလိုက်ရပြီး ဗီဒိုတံခါးကြီးက ဝုန်း ဆိုပြီး ပြန်ပိတ်သွားခဲ့တယ်။
အခန်းထဲမှာ သေနတ်သံတွေ၊ ရုန်းကန်သံတွေ အကုန်လုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး မီးတွေ ပြန်ပွင့်လာတယ်။
ကြမ်းပြင်ပေါ်မှာ ရေကွက်တချို့ကလွဲလို့ အိမ်ရှင်ရော၊ ကောင်မလေးရော လုံးဝ မရှိတော့ဘူး။ ကျွန်မ တုန်ရီနေတဲ့ ခြေလှမ်းတွေနဲ့ ဗီဒိုအရှေ့ကို သွားပြီး အောက်ခြေပျဉ်ချပ်ထဲက ဒိုင်ယာရီစာအုပ်ကို ပြန်ထုတ်လိုက်တယ်။ ပြီးတော့ အနောက်ကို လှည့်မကြည့်ဘဲ အိမ်ပြင်ကို အမြန်ဆုံး ပြေးထွက်ခဲ့တော့တယ်။
❤4💘1
နောက်နေ့မနက်မှာပဲ ကျွန်မ ရဲစခန်းကို သွားပြီး အဲ့ဒီဒိုင်ယာရီကို အပ်လိုက်တယ်။ ရဲတွေက အိမ်ရှင်ကို လူပျောက်တိုင်ချက်နဲ့ လိုက်ရှာပေမယ့် ဘယ်မှာမှ ရှာမတွေ့တော့ဘူး။ ဒါပေမဲ့ အဲ့ဒီအိမ်ရဲ့ အနောက်က ရေမရှိတော့တဲ့ ကန်ဟောင်းကြီးကို တူးဖော်ကြည့်တဲ့အခါမှာတော့... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပျောက်ဆုံးသွားခဲ့တဲ့ ကောင်မလေးရဲ့ အရိုးစုကို ရှာတွေ့ခဲ့ကြတယ်။
ကျွန်မကတော့ တစ်နှစ်စာချုပ်ကို အဆုံးရှုံးခံပြီး အဲ့ဒီအိမ်ကနေ ချက်ချင်း ပြောင်းရွှေ့ခဲ့ပါတယ်။ အခုဆိုရင် အဲ့ဒီဖြစ်ရပ်ဆိုးကြီး ပြီးသွားခဲ့တာ ကြာပြီဖြစ်ပေမယ့်... ကျွန်မ ဘယ်နေရာမှာပဲ အိပ်အိပ်၊ ကုတင်ခြေရင်းမှာ အဝတ်ဗီဒိုရှိတဲ့ အခန်းမျိုးဆိုရင်တော့ ဘယ်တော့မှ မနေရဲတော့ပါဘူး။
❤4💘1
ဒီ story တင်ထားတာ 2 ပဲတက်သွားတယ် ၁-၃ under review တဲ့ မပျော်ပါ
😭7💔1
ဒီည Leotam အဆက်တင်မယ်နော်
❤4
Leotam part-7
💘2❤1
​"ဒီနေ့ အသစ်သမားတွေသင်ရမယ့် အစွမ်းစာတွေကို လိုက်သင်မယ်"
​သူ့ပါးစပ်ကနေ အေးအေးလူလူ ထွက်လာတဲ့ စကားကြောင့် ကျွန်မ မျက်လုံးအစုံ ပြူးသွားရသည်။ ဘာလို့လဲဆိုတော့ လမ်းပြအဖြစ် မြို့ဝန်က ထည့်ပေးလိုက်တဲ့၊ ကျွန်မနဲ့ အသက်မတိမ်းမယိမ်းတူတူပဲလို့ ထင်ထားတဲ့ Leotam က အခုတော့ ဆရာတစ်ယောက်လို ခန့်ခန့်ညားညား ဖြစ်နေလို့ပင်။
​"နေဦး... နင်က..."
​"ဒီကမ္ဘာမှာတော့ ငါ့ကို Mr. Leotam လို့ ခေါ်ကြတယ်၊ မင်းတို့လို အသစ်တွေကို စွမ်းအားတွေ သင်ပေးရမယ့် Senior ဆရာပေါ့"
​သူက ခပ်နောက်နောက် အပြုံးတစ်ခုကို နှုတ်ခမ်းဖျားမှာ ဆင်မြန်းရင်း ပြောလိုက်သည်။ ကျွန်မ ကြောင်အမ်းအမ်းဖြင့် ဘာမှပြန်မပြောနိုင်ခင်မှာပဲ စိတ်ပျက်အားလျော့မှုက ရင်ထဲကို ဒိန်းခနဲ တိုးဝင်လာပြန်သည်။ Fairy ရေစင် သောက်တုန်းကလည်း တောင်ပံမထွက်လာ၊ Mermaid ရေစင် သောက်တော့လည်း အမြှီးမပေါ်။ ကျွန်မက အပြင်ကမ္ဘာမှာ ရေကူးတွေအထိ ကြိုသင်ပြီးမှ မျှော်လင့်ချက်အပြည့်နဲ့ ဒီကျောင်းကို တက်ခဲ့တာ မဟုတ်ပါလား။
​"ဒါဆို... ကျွန်မက တောင်ပံမပါတဲ့ လူပုလေး (Elf/Dwarf) မျိုးနွယ် ဖြစ်သွားတာပေါ့လေ..." ကျွန်မက လေသံမှိန်မှိန်လေးနဲ့ ရေရွတ်မိတော့ Mr. Leotam က စာအုပ်ကြီးကို ပိတ်ပြီး ကျွန်မအနား တိုးလာသည်။
​"စိတ်မပျက်စမ်းပါနဲ့။ ဒီ Green World မှာ လူပုလေးတွေက သာမန်ထက် ဉာဏ်ပညာ ပိုကြီးမားကြတယ်။ ရုပ်ဝတ္ထုတွေနဲ့ ဒြပ်စင်တွေကို စိတ်နဲ့ထိန်းချုပ်တဲ့နေရာမှာ သူတို့က ထိပ်ဆုံးပဲ။ ကဲ... လာ၊ လက်မှတ်လည်း ထိုးပြီးပြီဆိုတော့ စာစသင်ရအောင်"
​Mr. Leotam က ကျွန်မကို သီးသန့် စာသင်ခန်းကျယ်ကြီးတစ်ခုထဲ ခေါ်လာခဲ့သည်။ အခန်းအလယ်က ကျောက်သားစားပွဲဝိုင်းပေါ်မှာတော့ လှပတဲ့ ဖန်ကရိုစတယ်လုံးကြီးတစ်လုံး ရှိနေသည်။ ဘေးပတ်ပတ်လည်က အတန်းဖော်အသစ်တွေကတော့ တောင်ပံတဖျတ်ဖျတ်ခတ်ရင်း၊ ဒါမှမဟုတ် ရေပူဖောင်းလေးတွေ မှုတ်ရင်း သူတို့အစွမ်းတွေကို စမ်းသပ်နေကြပြီ။
​"လူပုလေးတွေရဲ့ အခြေခံအစွမ်းက ကိုယ့်ခန္ဓာကိုယ်ထဲက စွမ်းအင်ကို အပြင်အရာဝတ္ထုတစ်ခုဆီ စီးဆင်းစေပြီး လှုပ်ရှားစေတာပဲ"
​Mr. Leotam က လေသံကို ခပ်ဆတ်ဆတ်ပြောင်းပြီး ဆရာတစ်ယောက်ပီပီ သေချာရှင်းပြသည်။
​"မျက်လုံးကိုမှိတ်၊ ရင်ထဲက နွေးခနဲဖြစ်လာတဲ့ ခံစားချက်ကို ဒီခရိုစတယ်လုံးဆီ ပို့လိုက်။ ပြီးရင် အဲဒီအလုံးကို စိတ်နဲ့တင်မြှောက်ကြည့်"
​ကျွန်မ သက်ပြင်းတစ်ချက်ချပြီး မျက်လုံးကို မှိတ်လိုက်သည်။ အပြင်ကမ္ဘာမှာ ၁ ပတ်တိတိ လျှို့ဝှက်ချက် ထိန်းသိမ်းရမယ်ဆိုတဲ့ စာချုပ်ကို သတိရရင်း၊ တစ်ဖက်မှာလည်း ငါတစ်ခုခုတော့ အစွမ်းပြနိုင်မှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ အာရုံစိုက်လိုက်သည်။
​ရင်ဘတ်ထဲကနေ နွေးအိအိ စွမ်းအင်တစ်ခု တရွေ့ရွေ့ တက်လာတာကို ခံစားရသည်။ ဒါပေမဲ့ ထူးဆန်းတာက... အဲဒီစွမ်းအင်က နွေးရုံတင်မကဘဲ တစ်ကိုယ်လုံးကို ပေါ့ပါးသွားစေသလို၊ တစ်ပြိုင်နက်တည်းမှာပဲ အေးစိမ့်တဲ့ ရေလှိုင်းတွေလိုပါ ကရက်ထလာခြင်းဖြစ်သည်။
​"ဟင်..." Mr. Leotam ရဲ့ အံ့သြတုန်လှုပ်သွားတဲ့ လေသံကို ဖျတ်ခနဲ ကြားလိုက်ရသည်။
​ကျွန်မ မျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာတော့... စားပွဲပေါ်က ခရိုစတယ်လုံးကြီးတင်မကဘဲ အခန်းထဲက ကုလားထိုင်တွေ၊ စာအုပ်တွေအကုန်လုံး လေထဲမှာ ဝဲပျံနေကြပြီဖြစ်သည်။ ထို့ထက်ပိုပြီး ထိတ်လန့်စရာကောင်းတာက ကျွန်မရဲ့ ခြေဖဝါးအောက်မှာ ရေလှိုင်းအလွှာပါးလေးတစ်ခု ရုတ်တရက် ဖြစ်တည်လာပြီး၊ ခန္ဓာကိုယ်အနောက်မှာတော့ လင်းလက်တောက်ပနေတဲ့ အလင်းတောင်ပံအစုံက ခဏချင်း ပေါ်လာပြီးမှ ဖျတ်ခနဲ ပြန်ပျောက်ကွယ်သွားတာပင်။
​"ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ..."
​ကျွန်မ ကိုယ်တိုင်လည်း ကြောက်လန့်တကြားနဲ့ နောက်ဆုတ်မိတော့ လေထဲက ပစ္စည်းတွေအကုန်လုံး ဝုန်းခနဲ ပြန်ပြုတ်ကျကုန်သည်။
​Mr. Leotam က မျက်လုံးအစုံ အဝိုင်းသားနဲ့ ကျွန်မကို စိုက်ကြည့်နေသည်။ သူ့မျက်နှာတစ်ခုလုံး သွေးဆုတ်မတတ် ဖြူလျော်သွားပြီးမှ တိုးညှင်းပြတ်သားတဲ့ လေသံနဲ့ ရေရွတ်လိုက်တယ်—
​"မင်းက... ရေစင်နှစ်ခုလုံးရဲ့ အစွမ်းကိုပါ စုပ်ယူထားနိုင်တဲ့ Hybrid (ဒွန်တွဲစွမ်းအားရှင်) လား... မဟုတ်မှလွဲရော... Green World က နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ Freyja
မျိုးဆက်ပဲရော"
❤4💘1
မနက်ဖန်
red door yellow door game ဆော့ထားတဲ့ review အသစ်လေးတင်ပေးမယ်နော်
❤4💘1
https://vt.tiktok.com/ZSQEhNrvB/

ဒါလေး like 100 ပြည့်ရင် မဲဖောက်ပေးမယ်နော်🙏🏻
❤4💘1
Forwarded from Luna Gleam Jewerly
လူလုပ် မြ

စိတ်ဖိစီးမှုနဲ့ သောကတွေကို လျော့ကျစေပြီး စိတ်တည်ငြိမ်စေတယ်။

အချစ်ရေးနဲ့ အိမ်ထောင်ရေးကို မြဲမြံစေပြီး အပြန်အလှန် ယုံကြည်မှု တိုးစေတယ်။

စီးပွားရေး အောင်မြင်မှု၊ ငွေကြေးဓနနဲ့ ကံကောင်းခြင်းတွေကို ဆွဲဆောင်နိုင်တယ်။

နှလုံး၊ အဆုတ်နဲ့ အာရုံကြောစနစ်ကို ကောင်းမွန်စေတယ်လို့ ယုံကြည်ကြပါတယ်။

ဗုဒ္ဓဟူး / ရာဟု - အကောင်းဆုံး။ (ဉာဏ်ပွင့်၊ စီးပွားတက်)

တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး၊ သောကြာ - ကောင်းသည်။ (အေးချမ်း၊ အောင်မြင်)

အင်္ဂါ၊ စနေ - မသင့်တော်ပါ။ (စိတ်ပူပန်၊ အဆင်မပြေဖြစ်တတ်)

1ct-15000
❤1💘1
Red door yellow door (review)

https://vt.tiktok.com/ZSCJXtv3o/
😭4
Tomorrow အသစ်ရှိ
💘2👏1
Tarot card resell
12000 နဲ့ယူပါ
❤2
Diary
ခြောက်သွေ့တဲ့ အောက်တိုဘာ ညတစ်ည။ အချိန်က မီးပျက်နေကျ ညဉ့်နက် ၂ နာရီ။ ဖယောင်းတိုင်မီး မှိတ်တုတ်မှိတ်တုတ်အောက်မှာ မေဦး တစ်ယောက်တည်း စာရေးကော်ပီစာအုပ်အဟောင်းတစ်အုပ်ကို လှန်လှော အလုပ်ရှုပ်နေမိတယ်။

သူမဟာ လူမှုကွန်ရက်ပေါ်မှာ ထိတ်လန့်စရာ သရဲစာပေတွေ ရေးသားပြီး အောင်မြင်နေတဲ့ စာရေးဆရာမတစ်ယောက်ပေါ့။ ဒါပေမဲ့ ဒီရက်ပိုင်း ဇာတ်ကွက်အသစ် စဥ်းစားမရဘဲ စိတ်ကျပ်တည်းနေတာမို့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ရေးခဲ့ဖူးတဲ့ ဒိုင်ယာရီနဲ့ မှတ်စုဟောင်းတွေကို စိတ်ကူးရနိုးနဲ့ ပြန်ရှာဖတ်နေတာ ဖြစ်တယ်။

စာမျက်နှာတွေကို တစ်ရွက်ချင်း လှန်ရင်း သိပ်မထူးခြားတဲ့ စာသားတွေကြားထဲမှာ စာအုပ်ရဲ့ အလယ်ဗဟိုလောက် ရောက်တော့ မေဦး လက်ချောင်းတွေ တုန်ခနဲ ဖြစ်သွားတယ်။
"သူ ရောက်နေပြီ။"

စာမျက်နှာအပြည့်မှာ အနီရောင် မှင်ခြစ်ရာကြီးတွေနဲ့ အဲဒီစာသားတစ်ခွန်းတည်းကိုပဲ ထပ်ခါတလဲလဲ ရေးထားတာ။ ပြီးတော့ ဖောင်တိန်အချွန်နဲ့ ဖိရေးထားလွန်းလို့ စာရွက်တွေတောင် ပေါက်ပြဲနေတယ်။ မေဦး မျက်မှောင်ကုတ်မိသွားတယ်။

‘ငါ ဒီလိုမျိုး အောက်လမ်းဆန်းတဲ့ ဇာတ်ကွက်တွေကို ရေးခဲ့ဖူးလို့လား?'
သူမ ကိုယ့်မှတ်ဉာဏ်ကိုယ် ပြန်တွေးကြည့်ပေမဲ့ လုံးဝ သတိမရဘူး။ အဲဒီအချိန်မှာပဲ အခန်းထောင့်က မှောင်ရိပ်ခိုနေတဲ့ မှန်တင်ခုံဆီကနေ "ကျွိ..." ဆိုတဲ့ အသံ ခပ်တိုးတိုး ထွက်လာတယ်။

မေဦး ဖယောင်းတိုင်မီးကို မြှောက်ပြီး ကြည့်လိုက်တော့ ဘာမှမရှိ။ လေတို
က်လို့ ဗီရိုတံခါး လှုပ်တာပဲ ဖြစ်မှာပါလို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ရတယ်။
သူမ စာအုပ်ကို နောက်တစ်မျက်နှာ ထပ်လှန်လိုက်တယ်။ ဒီတစ်ခါတော့ စာသားက ပြောင်းသွားပြီ။ ဒါပေမဲ့ လက်ရေးကတော့ သူမရဲ့ လက်ရေးအတိုင်းပဲ။

"မင်း ဘာလို့ နောက်လှည့်မကြည့်တာလဲ?"

အေးစက်တဲ့ ချွေးစေးတွေ မေဦး ဂျပိုးဆီကနေ စီးကျလာတယ်။ အခန်းထဲမှာ လေထုက ရုတ်တရက် အေးခဲသွားသလိုပဲ။

အခန်းအပြင်ဘက်က ကြောင်ကလေးရဲ့ အော်သံကလည်း စူးစူးဝါးဝါး ထွက်ပေါ်လာပြီး ချက်ချင်း ပြန်ငြိမ်ကျသွားတယ်။

အမှောင်ထုက သူမကို ဝါးမြိုတော့မလို ထုထည်ကြီးမားလာသလို ခံစားရတယ်။ မေဦး ရင်ဘတ်တွေ တဒုန်းဒုန်း ခုန်နေပြီ။ စာအုပ်ကို ပိတ်ပစ်ဖို့ ကြိုးစားပေမဲ့ လက်တွေက နာခံမှုမရှိဘဲ နောက်ဆုံးစာမျက်နှာကို ထပ်လှန်မိသွားပြန်တယ်။

နောက်ဆုံးစာမျက်နှာမှာတော့... စာသားက ဒီနေ့ရက်စွဲနဲ့ အချိန်အတိအကျ ရေးထားတာကို တွေ့လိုက်ရတယ်။

"၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်။ ညဉ့်နက် ၂ နာရီ ၃၅ မိနစ်။ မင်းအနောက်မှာ ငါ ရပ်နေတာ ကြာပြီ။"
မေဦးရဲ့ လက်ကိုင်ဖုန်းကို ကြည့်လိုက်တော့ အချိန်က ညဉ့်နက် ၂ နာရီ ၃၅ မိနစ် အတိအကျ။
တစ်ပြိုင်နက်တည်းမှာပဲ... သူမရဲ့ ပုခုံးပေါ်ကို အေးစက်ပြီး အရိုးငေါငေါ ထွက်နေတဲ့ လက်ချောင်းတွေက ခပ်ဖွဖွ လာတင်တာကို ခံစားလိုက်ရတယ်။ ဖယောင်းတိုင်မီးတောက်ဟာ ဖျတ်ခနဲ ငြိမ်းသွားပြီး အခန်းတစ်ခုလုံး လုံးဝ မှောင်အတိ ကျသွားပါတော့တယ်။
❤2
အမှောင်ထုထဲမှာ မေဦးရဲ့ အသက်ရှူသံကလွဲလို့ ဘာသံမှ မရှိတော့ဘူး။ ပုခုံးပေါ်က အေးစက်စက် လက်ချောင်းတွေကြောင့် သူမ တစ်ကိုယ်လုံး တောင့်တင်းပြီး လှုပ်လို့တောင် မရတော့တဲ့အထိ ကြောက်လန့်နေမိတယ်။
စိတ်ထဲကနေ 'ဒါ အိပ်မက်ဆိုးတစ်ခုပဲ... ငါ အိပ်မက်မက်နေတာ' လို့ အကြိမ်ကြိမ် အော်ဟစ်နေပေမဲ့ ပုခုံးပေါ်က အထိအတွေ့ကတော့ တကယ့်ကို အစစ်အမှန်ကြီး။
အဲဒီအချိန်မှာပဲ အမှောင်ထဲကနေ ကုတ်ခြစ်သံတစ်ခု ထွက်လာတယ်။ မေဦး ကြောက်ကြောက်လန့်လန့်နဲ့ စားပွဲပေါ်ကို စမ်းတဝါးဝါး လုပ်ရင်း မီးခြစ်ဗူးကို ရှာပြီး ဒိုင်ယာရီစာအုပ်ဘေးတင်ထားတဲ့ ဖယောင်းတိုင်ကို အသည်းအသန် ပြန်ထွန်းလိုက်တယ်။
"ဖျတ်..."
မီးတောက် သေးသေးလေး ပြန်လင်းလာတဲ့အချိန်မှာ... သူမရဲ့ အနောက်မှာ ဘယ်သူမှ ရှိမနေခဲ့ဘူး။ လေထုကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသလိုပဲ။
မေဦး သက်ပြင်းအရှည်ကြီး ချလိုက်မိတယ်။ 'ငါ စာရေးလွန်းလို့ စိတ်ချောက်ချားပြီး အာရုံချောက်ခြားတာ နေမှာပါ' ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရင်း စားပွဲပေါ်က ဒိုင်ယာရီစာအုပ်ကို အပြီးပိတ်ပစ်ဖို့ ကြည့်လိုက်တဲ့အချိန်...
သူမ သွေးပျက်သွားရပြန်တယ်။
ခုနက ဖွင့်ထားတဲ့ စာမျက်နှာရဲ့ အောက်ခြေမှာ လက်ရေးအသစ်တစ်ခု ထပ်တိုးနေတယ်။ ဒီတစ်ခါတော့ ဖောင်တိန်နဲ့ ရေးထားတာ မဟုတ်ဘူး။ လတ်လတ်ဆတ်ဆတ် သွေးညိုတွေနဲ့ လက်သည်းနဲ့ ကုတ်ခြစ်ပြီး ရေးထားတဲ့ လက်ရေးကြီး။
"မင်းအနောက်မှာ မဟုတ်ဘူး... မင်းရဲ့ အထဲမှာ။"
မေဦး အလန့်တကြားနဲ့ စာအုပ်ကို လွှတ်ချလိုက်ပြီး အခန်းထောင့်က မှန်တင်ခုံဆီကို ပြေးကြည့်မိတယ်။ မှန်ထဲမှာ ပေါ်နေတဲ့ သူမရဲ့ ပုံရိပ်ဟာ... သူမ ကိုယ်တိုင် မဟုတ်တော့ဘူး။
မှန်ထဲက မေဦးရဲ့ ရုပ်က သွေးဆုတ်ဖြူလျော်နေပြီး နှုတ်ခမ်းထောင့်ကနေ တွဲကျမတတ် ဖြဲပြုံးကြီး ပြုံးပြနေတယ်။ ပြီးတော့ မှန်ထဲက ပုံရိပ်က လက်လှမ်းပြီး မေဦးရဲ့ ပုခုံးကို လာကိုင်လိုက်တယ်။
တကယ်တော့... ခုနက ပုခုံးပေါ်က အေးစက်စက် လက်ချောင်းတွေဟာ သူမရဲ့ ကိုယ်ပိုင် လက်ချောင်းတွေ ဖြစ်နေခဲ့တာပါ။
နောက်တစ်နေ့ မနက်မှာတော့ မေဦးရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စာသားအသစ်တစ်ပုဒ် တက်လာခဲ့တယ်။ အမြဲတမ်း ရေးနေကျ စာသားတွေနဲ့ မတူဘဲ ထူးဆန်းလွန်းတဲ့ စာသားတစ်ခွန်းတည်း...
"ဒီအကောင့်ကို ဒီနေ့ကစပြီး ငါပဲ သုံးတော့မယ်။"
❤2
ဘယ်လို သရဲကြောင်းရေးသင့်လဲ
အသစ်ရေးမလို့ idea မရလို့ပါ
Anonymous Poll
22%
Psychological
22%
Horror scary
15%
Pilot twist
42%
အရမ်းကြမ်း အောက်လမ်းပါ
47%
ငြိမ်ငြိမ်လေးနဲ့ကျောချမ်းလာတာ
❤5❤‍🔥1
Comment မှာ အကြံပေးလို့ရပါတယ်နော်
❤5❤‍🔥1
နံရံနောက်က တံခါးခေါက်သံ

Part-1
❤‍🔥3💘1
မေလင်း တစ်ယောက်တည်း နေဖို့အတွက် မြို့ဟောင်းဘက်က တိုက်ခန်းအဟောင်းလေးတစ်ခုကို စျေးပေါပေါနဲ့ ငှားလိုက်ရလို့ တော်တော်ဝမ်းသာသွားတယ်အခန်းက ကျယ်ကျယ်ဝန်းဝန်း၊ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ပြီး အေးချမ်းတာပဲ

ပထမဆုံးအိပ်တဲ့ည
ညသန်းခေါင် ၂ နာရီ ဝန်းကျင်မှာ မင်းခန့် နိုးလာတယ်

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လွန်းလို့ ကိုယ့်နှလုံးခုန်သံကိုယ်တောင် ပြန်ကြားနေရတယ်

အဲဒီအချိန်မှာပဲ
မေလင်း အိပ်ရာဘေးက ကပ်လျက်နံရံဆီကနေ အသံတစ်ခု ကြားလိုက်ရတယ်

တောက်... တောက်... တောက်...

လက်သည်းနဲ့ နံရံကို ဖြည်းဖြည်းချင်း ခြစ်လိုက်၊ ခေါက်လိုက်သံမျိုး
မေလင်းက ဘေးခန်းကလူ တစ်ခုခုလုပ်နေတာနေမှာပါဆိုပြီး ဂရုမစိုက်ဘဲ ပြန်အိပ်လိုက်တယ်

ဒုတိယည၊ တတိယညတွေမှာလည်း အဲဒီအချိန်ရောက်ရင် အဲဒီအသံက ပုံမှန်လေး ထပ်ထွက်လာတယ်

တောက်... တောက်... တောက်...

ဘေးခန်းကလူက ညဉ့်နက်သန်းခေါင် ဘာတွေ လျှောက်လုပ်နေမှန်း မသိတာမို့ နောက်နေ့မနက်မှာ အိမ်ရှင်ဆီ ဖုန်းဆက်ပြီး တိုင်တော့တာပေါ့

"အန်တီ... ကျွန်မဘေးခန်းကလူက ညဘက်ဆို နံရံကို ခေါက်ခေါက်နေလို့ အိပ်လို့မရဘူး။ နည်းနည်းလောက် ပြောပေးပါလား"

အိမ်ရှင်အန်တီကြီးက ဖုန်းထဲကနေ ခဏလောက် တိတ်သွားပြီးမှ တုန်တုန်ရီရီအသံနဲ့ ပြန်ပြောတယ်

"သမီး အခန်းရဲ့ ဘေးပတ်ပတ်လည်မှာ ဘယ်သူမှမရှိဘူးကွယ် သမီး အခန်းက အဲဒီအထပ်ရဲ့ အစွန်းဆုံးအခန်း လေ
သမီး ပြောတဲ့ နံရံရဲ့ တစ်ဖက်ခြမ်းက... အပြင်ဘက် လေဟာနယ်ကြီး..."

မေလင်း ကြက်သီးတွေ ဖြန်းခနဲ ထသွားတယ်
ဖုန်းကို ချလိုက်ပြီး အခန်းထဲက အဲဒီနံရံကို ကြောင်ကြည့်နေမိတယ်

‘ငါ့အခန်းက အစွန်းဆုံးအခန်းပဲ။ အပြင်ဘက်မှာက တိုက်နံရံအပြင် ဘာမှမရှိတာ’
တွေးရင်းနဲ့ပဲ အဲဒီနံရံဆီကို ဖြည်းဖြည်းချင်း လျှောက်သွားမိတယ်။ နံရံကို သေချာစိုက်ကြည့်နေတုန်းမှာပဲ...

ညဘက်မှ ကြားရလေ့ရှိတဲ့ အသံက နေ့ခင်းကြောင်တောင်ကြီးမှာ တိုးတိုးလေး ထွက်လာပြန်တယ်။

တောက်... တောက်... တောက်...
ဒီတစ်ခါတော့
မေလင်း သေချာနားထောင်လိုက်မိတယ် အသံက နံရံရဲ့ အပြင်ဘက်ကနေ ခေါက်နေတဲ့အသံ မဟုတ်ဘူး

အုတ်ရိုးတွေ၊ ဘိလပ်မြေတွေရဲ့ အထဲထဲကနေ... တစ်စုံတစ်ယောက်က သူ့ဆီကို ရောက်အောင် နံရံကို အတွင်းထဲကနေ ကုတ်ခြစ်ပြီး ခေါက်နေတဲ့အသံ..
❤‍🔥2❤1💘1
နံရံနောက်က တံခါးခေါက်သံ

Part-2
❤‍🔥3💘1