Veil & Echo 🌘
346 subscribers
129 photos
12 videos
9 links
ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေပြောပြချင်တယ်ဆို ဒီ က တစ်ဆင့် လာပြောပါနော်
Download Telegram
Tarot + counseling

Tarot မေးရင်း ရင်ဖွင့်သမျှနားထောင်ပြီ အကြံပေးမယ်

ကြိုက်တာမေးကြိုက်တာပြော

15000 💕
❤5❤‍🔥1💘1
ဒီည story အသစ်ရှိပါမယ်
❤3👏2
အဝတ်ဗီဒိုထဲက သူ
❤‍🔥3
ကျွန်မ အမရိက ရောက်တုန်း ၁ နှစ်
အကြာမှာ စျေးသက်သက်သာသာနဲ့ရတဲ့ အိမ်ကို တစ်နှစ်စာချုပ်နဲ့ အိမ်ငှါးနေနိုင်ခဲ့တယ်

အဲ့အိမ်ကအကုန်လှတယ်ဘာမှပြောစရာမလိုအောင်ကိုလှတယ် ထူးဆန်းတာကကုတင်ခြေရင်းမှာ အဝတ်ဗီဒိုရှိတယ်

ဒါမဲ့ အိမ်ငှါးကကျွန်မကိုအဲ့အဝတ်ဗီဒိုကိုမလိုရင်မသုံးဖို့ပြောတယ် ဒါမဲ့ ကျွန်မ လက်မခံနာမခံဘဲ ကျွန်မ အဝတ်တွေကိုထည့်ထားမိခဲ့ပါတယ်
❤‍🔥4
တနေ့ကျွန်မအိပ်နေတုန်းအိပ်မက်မက်တယ် ကျွန်မအိပ်နေတဲ့အချိန်မှာဘေးမှာ ခေါင်းအစခြေအဆုံးရေးစုနေတဲ့မိန်းမလေးတစ်ယောက်ကတော့ရပ်နေတယ်

ကျွန်မလန့်ပြီးသူ့အထဲကြည့်လိုက်တဲ့အချိန်မှာသူကတစ်ကိုယ်လုံးရေဆိုနေတယ်

သူ့ပုံကြည့်ရတာငိုမဲ့မဲ့ဖြစ်နေတယ်
❤‍🔥4
ကျွန်မလည်းလန့်တော့ထွက်ပြီးမလိုလုပ်တဲ့အချိန်မှာကျွန်မလှုပ်လို့မရဘူး။ကျွန်မလုံးဝလှုပ်လို့မရဘူး

ကျွန်မလှုပ်မယ်လုပ်တိုင်းသူကပိုပြီးကပ်လာတယ်။သူကိုပဲနီးကပ်လာလေကျွန်မတစ်ကိုယ်လုံးဆိုလာလေပဲ။

ရုတ်တရက် ဆိုသလိုကျွန်မနိုးလာပြီးဟိုကြည့်ဒီကြည့် ကြည့်တဲ့အချိန်မှာသူမရှိတော့ပါဘူး
❤‍🔥3
အဲ့တာနဲ့ကျွန်မလည်းမနက်မိုးလင်းတော့ကျွန်မအလုပ်သွားပြီးတော့ကျွန်မတစ်နေ့ကိုဘယ်လိုထဲမှာစိတ်မပါဘူး။

သူကဘယ်သူလဲ။ဘာလို့သူတစ်ကိုယ်လုံး ရေစိုနေတာလဲ။
❤‍🔥3
ကျွန်မစဉ်းစားရင်းနဲ့အလုပ်လုံးမနိုင်ခဲ့ဘူးဒါနဲ့ကျွန်မအိမ်ရောက်တော့ကျွန်မအနောက်ဘက်ကိုသွားကြည့်တဲ့အချိန်မှာရေကန်လေးတွေကိုတွေ့တယ်
ရေကန်ကရေမရှိတော့ပါဘူး
ဒီတိုင်းရေမရှိတဲ့ကန်ဖြစ်နေတယ်

ဘယ်လိုနဲ့ကျွန်မညာဘက်ပြန်အိပ်တဲ့အချိန်မှာကျွန်မဘီလူးစီးသလိုထပ်ဖြစ်တယ်။

ကျွန်မဘယ်လိုမှလှုပ်လို့မရဘူးအဲ့တာနဲ့တစ်ဖြည်းဖြည်းချင်း။

ကျွန်မခြေရင်းကအဝတ်ဗီဒိုကတဖြည်းဖြည်းချင်းပွင့်လာတယ်။

ပြီးတော့တစ်ကိုယ်လုံးကြီးဆိုနေတဲ့ကောင်မလေးကထပ်ထွက်လာပြန်ရော

သူ့ပုံကြည့်ရတာငိုမဲ့မဲ့ထပ်ဖြစ်နေပြန်တယ်။

နင်ဘာလိုချင်တာလဲဆိုပြီးကျွန်မကပြောပေမယ့်အသံမထွက်ခဲ့ပါဘူး။
❤‍🔥3
ခဏကြာတော့ဖြစ်ကြမှာတော့ကျွန်မလှုပ်လာလို့ရတဲ့အချိန်ချက်ချင်း သူငယ်ချင်းကိုဖုန်းဆက်ပြီးတော့သူ့အိမ်သွားခဲ့တယ်

အချိန်ကြည့်တော့မနက်၄နာရီရှိတယ်ကျွန်မဘီလူးစီးသလိုဖြစ်တာနဲ့အချိန်က လေးနာရီပဲ

ဒီလိုနဲ့ကျွန်မသူငယ်ချင်းစီအမြန်ပြေးပြီးတော့သူ့အိမ်ရောကျွန်မဆက်ပြီးအိပ်နိုင်ခဲ့တာ
❤‍🔥3
တတိယရက်ကျတော့ဘီလူးစီးသလိုထပ်မဖြစ်တော့ဘူးအိမ်မှာနေရင်တော့ကျွန်မနားမှာလူတစ်ယောက်ရှိနေသလိုခံစားလာရတယ်။
❤‍🔥3
ကျွန်မဘေးနားမှာတစ်ယောက်ယောက်ရှိနေသလိုခံစားရတာလှည့်ကြည့်လိုက်တာလူမှမရှိဘူး

စတုတ္ထ‌နေ့ကြတော့ထမင်းစားဆံနေရာပုဂံနေရာကျွန်မရဲ့ဗီဒိုအရှေ့ကိုရောက်နေတယ်ဆိုတာကျွန်မသတိထားမိတယ်။

အိမ်မှာကျွန်မတစ်ယောက်ဘဲနေတာ
❤‍🔥2
၅ရက်မြောက်နေ့ရောက်တော့ကျွန်မအိမ်ငှားကိုဖုန်းဆက်ပြီးဒီအိမ်မှာတစ်ယောက်ယောက်သေသွားတဲ့သူရှိလားဆိုပြီးတော့ ဒဲ့ပဲမေးလိုက်တယ်

အဲ့ကားကျတော့အိမ်ငှားဖြည့်တဲ့သူကဟုတ်တယ်။ရေကန်နားမှာအရင်တုန်းကဒီအိမ်ကိုငှားဖူးတဲ့ကောင်မလေးတစ်ယောက်ကသေသွားဖူးတယ်တဲ့။ရေနစ်ပြီးတော့ဆုံးသွားတာ

သူဆုံးပါးပြီး‌ေတ့ာနောက်နေ့မှာပဲရင်ခွဲခန်းဖို့လိုက်ပေမယ့်ဒီအိမ်ထဲမှာရှိနေတုန်းပဲ
❤‍🔥3
Part_2 coming soon
❤‍🔥2
❤‍🔥3❤1🔥1
Yes or no free tomorrow အတွက်
မန့်မှာမန့်တဲ့သူသာရပါမယ်
💘1
❤3💘1
ဗီဒိုထဲကလူ part-2
Tomorrow ည ၁၁
❤‍🔥2❤1💘1
ကျွန်မအဲ့အကြောင်းကိုသိပြီ ချက်ချင်းပြောင်းချင်ပေမဲ့ တစ်နှစ်စာချုပ်ကြောင့်ကျွန်မကြောက်ရင်လဲ အောင့်အီပြီနေရမှာပဲ ဆိုတဲ့စိတ်နဲ့ဆက်နေခဲ့တယ်
💘2❤‍🔥1
ကျွန်မကိုညတိုင်းအိပ်မက်လာပေးတယ် ဗီဒိုထဲကနေကောင်မလေးတစ်ယောက်ထွက်လာပြီကျွန်မအိပ်နေတာကိုလာလာစိုက်ကြည့်နေတယ်
💘2❤‍🔥1
သူကျွန်မကိုစကားတွေပြောနေပေမယ့်ကျွန်မဘာကိုနားမလည်ဘူး။

help me ဆိုတဲ့စကားတစ်ခွန်းကိုတော့သေချာကြားလိုက်တယ်

နောက်ရက်နေကြတော့ကျွန်မရဲ့အခန်းထဲကအရုပ်တွေကိုလည်းဆွဲဖြဲထားတာ ကျွန်မပြီးတော့သည်လည်းအင်္ကျီတွေဆွဲထုတ်ထားတာ

သူ help me လို့ပြောပေမဲ့လို့ဘာလို့များကျွန်မပစ္စည်းတွေကိုပျက်စီးအောင်လုပ်တာလည်းကျွန်မနားမလည်ဘူး။

တစ်နေ့ကျွန်မ အဲ့ကောင်မလေးအကြောင်းစုံစမ်းကြည့်တော့ဒီကောင်မလေးက ဒီအိမ်ကကျွန်ဖြစ်နေတယ်

ဒီအိမ်ပိုင်ရှင်ရဲ့ကျွန်ဖြစ်နေပေမယ့်ဒီပိုင်ရှင်ကမဆိုးခဲ့တာမဟုတ်ဘူး။သူကတော့နေခြေချော်ပြီးတော့ရေကန်နဲ့ပြုတ်ကျပြီးတော့ဆုံးသွားတာ

ဒီကန်နဲ့သူ့သူပြုတ်ကျပြီးတော့ဆုံးသွားတာတွေဆိုပေမယ့်ဘာဖြစ်လို့ကျွန်မကို help me လို့ပြောရတာလဲ။
💘2❤‍🔥1
အဝတ်အစားတွေ ဗရပွနဲ့ ကြမ်းပြင်ပေါ်မှာ ဆွဲဖြဲခံထားရတဲ့ အရုပ်တွေကို ကြည့်ပြီး ကျွန်မ ခေါင်းတွေ နာကျင်လာရတယ်။ ကြောက်စိတ်ကနေတစ်ဆင့် ဒေါသနဲ့ စူးစမ်းချင်စိတ်က တဖြည်းဖြည်း အစားထိုးဝင်ရောက်လာခဲ့ပြီ။
"နင်... ငါ့ကို ဘာလုပ်စေချင်တာလဲ"
ကျွန်မ တိုးတိုးလေး မေးမိတော့ အခန်းထဲမှာ လေအေးတစ်ချက် ဖြတ်တိုက်သွားပြီး ကုတင်ခြေရင်းက အဝတ်ဗီဒိုတံခါးက ကျိခနဲ အသံနဲ့အတူ ဟောင်းလောင်းပွင့်သွားတယ်။ ဗီဒိုထဲကနေ ထွက်လာတဲ့ ရေညှိနံ့လိုလို၊ ကန်ရေပုပ်နံ့လိုလို အနံ့ဆိုးက နှာခေါင်းထဲ စူးခနဲ ဝင်လာတာကြောင့် ကျွန်မ လက်နဲ့ ပိတ်လိုက်ရတယ်။
ဗီဒိုရဲ့ အောက်ခြေ ပျဉ်ချပ်တွေပေါ်မှာ ရေကွက်တွေက ထူးဆန်းစွာနဲ့ စိမ့်ထွက်နေတုန်းပဲ။ ကျွန်မ ခြေလှမ်းတွေကို ခဲဆွဲထားသလို လေးလံစွာနဲ့ ဗီဒိုအရှေ့ကို တိုးသွားမိတယ်။ ဗီဒိုထဲကို သေချာ ငုံ့ကြည့်လိုက်တဲ့အခါ... အောက်ခြေ သစ်သားပျဉ်ချပ်တွေကြားမှာ တစ်ခုခု ညှပ်နေတာကို သတိထားမိလိုက်တယ်။
ကျွန်မ လက်ချောင်းတွေ တုန်ရင်စွာနဲ့ အဲ့ဒီအရာကို ဆွဲထုတ်ကြည့်လိုက်တော့... အဝါရောင်သန်းနေတဲ့ ဒိုင်ယာရီစာအုပ် အစိုတစ်အုပ်။ ရေစိုလွန်းလို့ စာမျက်နှာတွေက တစ်ခုနဲ့တစ်ခု ကပ်နေပေမယ့် နောက်ဆုံးစာမျက်နှာမှာ သွေးလို ရဲရဲတောက်နေတဲ့ စာလုံးတွေနဲ့ ကမန်းကတန်း ရေးထားတာကို ခပ်ဝါးဝါး မြင်လိုက်ရတယ်။
"သူ ကျွန်မကို ကန်ထဲ တွန်းချခဲ့တာ...။ အိမ်ရှင်က... လူသတ်သမား။ ကျွန်မကို ဒီဗီဒိုထဲမှာ ပိတ်ပြီး ရေနစ်အောင် လုပ်ခဲ့တာ... ကယ်ကြပါ..."
ကျွန်မ ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးသွားပြီး သွေးတွေ ခဲသွားသလို ခံစားလိုက်ရတယ်။ ခြေချော်ကျတာ မဟုတ်ဘူး။ သူမက ဒီဗီဒိုထဲမှာတင် ရေနစ်ပြီး အသက်ရှူကျပ် သေဆုံးခဲ့ရတာ!
ချက်ချင်းဆိုသလိုပဲ... ကျွန်မ အနောက်ကနေ ရေစက်လက်ကျသံတွေ ကြားလိုက်ရတယ်။
တောက်... တောက်... တောက်...
လှည့်ကြည့်စရာမလိုအောင်ကို သိနေတယ်။ သူမ ကျွန်မရဲ့ အနောက်တည့်တည့်မှာ ရပ်နေပြီ။ ပုခုံးပေါ်ကို အေးစက်ပြီး ရေစိုနေတဲ့ လက်တစ်ဖက်က ဖြည်းဖြည်းချင်း ကျလာရင်း၊ နားရွက်နားမှာ တိုးသာသာလေး ကပ်ပြောလိုက်တဲ့ အသံက အခန်းပျက်ကြီးတစ်ခုထဲက လာသလို အဝေးကြီးကနေ ထွက်ပေါ်လာခဲ့တယ်...
"နင်... အမှန်တရားကို သိပြီပဲ..."
💘2