Veil & Echo 🌘
346 subscribers
129 photos
12 videos
9 links
ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေပြောပြချင်တယ်ဆို ဒီ က တစ်ဆင့် လာပြောပါနော်
Download Telegram
ညီမတို့အိမ်ကနှစ်ထပ်အိမ်ပါ အိပ်ခန်းက သုံးခန်းရှိပြီး မေမေတို့ကတစ်ခန်း ညီမအစ်မနဲ့ညီမလေးကတစ်ခန်းနေပါတယ် ညီမကဇီဇာကြောင်တတ်တော့ တစ်ယောက်တည်းအိပ်ပါတယ် အပေါ်ထပ် လှေကားကနေဆင်းပြီးဘယ်ဘက်ချိုးလိုက်ရင်ညီမအခန်းကိုတန်းရောက်ပါတယ် ညီမအခန်းကအောက်မှာပါ အမေတို့နဲ့အစ်မရဲ့အခန်းကအပေါ်မှာ အိမ်ကလဲကျယ်သလိုလိုထင်ရပေမဲ့ သိပ်မကျယ်ပါဘူး အနောက်ဘက်မှာတော့ ဆောက်လက်စအိမ်ရှိပါတယ် ခြံစည်းရိုးကတော့ခတ်ထားပေမဲ့ ဖရိုဖရဲပါပဲ သွပ်ပြားတွေကောဘာတွေကောနဲ့ရှုပ်နေတာပေါ့ ဧည့်ခန်းကကျဉ်းပေမဲ့ မီးဖိုချောင်ကတော့ကျယ်ပါတယ် အိမ်သာရေချိုခန်းကလဲအနောက်ဖက်မှာပါပဲ
အဲ့နေ့ကမိုးတစ်အားရွာတဲ့နေ့ပါ အဖေကမနက်ဆိုအစောကြီးထပြီး မနက်စာချက်လေ့ရှိပါတယ် မေမေကတော့ဘုရားရှိခိုးပါတယ် အဲ့နေ့ကမိုးတစ်အားရွာတော့ တစ်အိမ်သားလုံးအိပ်ကောင်းနေကြတာပေါ့နော် အနောက်ဘက်မီးဖိုချောင်ကနေအထွက်တံခါးပေါက်ရှိပါတယ် အနောက်ဘက်တံခါးလိုမျိုးပါ အဲ့နေ့ကအဖေလဲမထအမေလဲမထပါဘူး ညီမကအိမ်သာသွားချင်တော့ အလိုလိုနိုးလာတာပါ သွားမယ်ဆိုပြီးထွက်ခဲ့ပါတယ် နောက်တော့ညီမအစ်မကိုဧည့်ခန်းထဲကခုံမှာထိုင်နေတာတွေ့တယ် ဆံပင်ကစုတ်ဖွားနဲ့ပေါ့ အစ်မကအဲ့ကိစွတွေနဲ့ပက်သတ်ပြီးအတွေ့အကြုံတော်တော်ရှိပါတယ် တော်တော်လဲခံခဲ့ရပါတယ် တစ်ချို့ကလဲလိပ်ပြာလှလို့လို့ပြောကြပြီးတစ်ချို့က ဆံပင်ကြောင့်ဖြစ်တာလို့ပြောကြလို့ဆံပင်ညှပ်ပစ်ရတဲ့အထိတောင်ဖြစ်ခဲ့တာပါ အချိန်ကတော့ ၄ခွဲလောက်ရှိမယ်ထင်ရတယ် လင်းထိန်နေတာမျိုးတော့မဟုတ်ပေမဲ့ အစ်မဆိုတာသေချာမြင်ရပါတယ်
အဲ့တာနဲ့ညီမက ဟယ် မမ ဘာလုပ်နေတာလဲ အိပ်မရလို့လားလို့မေးတော့ ရယ်ပါတယ် ညီမကလဲအိပ်ချင်မူးတူးဆိုတော့ ကဲငါ့ကိစွအရင်လုပ်ပြီးမှမေးတော့မယ်ဆိုပြီးမီးဖိုချောင်ဘက်ကိုထွက်ခဲ့ပါတယ် အဲ့အချိန်မှာ အနောက်ဖေးတံခါးကိုမတရားထုသံရိုက်သံတွေထွက်လာပါတယ် မိုးကလည်းရွာတော့ စိတ်ပိုလှုပ်ရှားပြီး ဘယ်သူလဲ ဘာလိုချင်တာလဲလို့ လွှတ်ခနဲမေးမိသွားပါတယ် အဲ့တာကိုအဲ့ဒီဘက်ကနေ မိန်းမကြီးတစ်ယောက်ရဲ့အသံလိုမျိုး ငါလိုချင်တာနင်တို့ကပေးနိုင်မှာမလို့လားဆိုပြီးပြန်ဖြေတဲ့အသံမျိုးကြားရပါတယ် ညီမလဲအဲ့တော့မှအိပ်‌ချင်ပြေပြီး အမေတို့ဆီအပြေးသွားဖို့လုပ်ခဲ့ပါတယ် ဧည့်ခန်းထဲမှာလဲအစ်မကရှိမနေတော့ ပိုလန့်သွားတာပေါ့ အဲ့အချိန်လှေကားအပေါ်ကနေ ကုန်းနေတဲ့အနေအထားနဲ့မိန်းကလေးကိုတွေ့ရပါတယ် သူခြေထောက်ကောလက်ကောကိုကားကားကြီးထားပြီး ကုန်းကုန်းကွကွပါ ညီမကတော့အသံလဲမထွက်နိုင်ပဲအဲ့ဒီနေရာမှာတင်ရပ်နေခဲ့ပါတယ် မလှုပ်နိုင်ပဲရပ်နေရတာ‌ဆိုပိုမှန်ပါတယ် အဲ့မိန်းကလေးကတော့သူ့ကို ဗီရိုထဲကထုတ်ပေးဖို့ပဲအော်ဟစ်ပြောနေပါတယ်ညီမကို ညီမကဘယ်ဗီရိုလဲဘာတွေပြောနေတာလဲ လို့ပြန်မေးနေတာပါ ပါးစပ်ကအသံမထွက်ပဲစိတ်ထဲကမေးနေတာကို သူကလည်းပြန်ဖြေပါတယ် နင့်ဗီရိုထဲကတဲ့ နောက်တော့အပေါ်ထပ်ကဝုန်းဆိုပြီးအသံကြားပြီးနောက်သူလဲပျောက်ညီမလဲခွေခနဲလဲကျသွားပါတယ် ဖြစ်ချင်တော့အဖေက သူ့အိမ်မက်ထဲမှာညီမကဗီရိုထဲမှာပိတ်မိ‌ နေပြီးသူ့ကိုအကူအညီတောင်းလို့ ပြေးထွက်လာတာဖြစ်ပြီး တစ်စုံတစ်ခု‌‌ကြောင့်ချော်လဲကာလဲကျသွားတာလို့ပြောပါတယ်
အဲ့နေ့မနက်မှာပဲ အဖေကသူသိတဲ့ ဆရာကိုဖုန်းဆက်ပြီးအကျိုးအကြောင်းရှင်းပြပါတယ် ဆရာကလဲမအားတဲ့ကြားက ချက်ချင်းရောက်လာပြီးအကူအညီပေးခဲ့တာပါ အဲ့ဒီဗီရိုကိုလဲ ချက်ချင်းဖျက်စီးပစ်ခဲ့ပါတယ် ရောင်းလိုက်ရင်နောက်လူတွေဒုက္ခရောက်မှာဆိုးလို့ပါ အဲ့အိမ်မှာနေလာတာ သုံးနှစ်လောက်ပဲရှိပါဦးမယ် နောက်တစ်လနှစ်လကြာတော့ အိမ်ရောင်းခဲ့သူဦးလေးကြီးကိုအမေကဖုန်းဆက်လှမ်းမေးခဲ့တာပါ အမေလဲအိမ်မက်တွေခဏခဏမက်နေလို့သိချင်လို့မေးခဲ့တာပါတဲ့ အဲ့ဗီရိုထဲမှာမိန်းမ‌တစ်ယောက်ကိုအရိုးချိုးပစ်ပြီးရိုက်သတ်ကာထည့်ထားခဲ့ကြောင်း သတ်ခဲ့တာကလဲသူ့အ‌စ်မကိုယ်တိုင်ဖြစ်ကြောင်း နောက်ပိုင်းအဲ့အစ်မလဲသေသွားကြောင်းသိခဲ့ရပါတယ် ညီမအစ်မကိုအခုချိန်ထိမမေးဖြစ်ခဲ့တာကတော့ ဘာလို့ဧည့်ခန်းထဲမှာထိုင်နေတာလဲဆိုတဲ့မေးခွန်းပါပဲဘာလို့ဆိုထိုင်နေတဲ့သူကအစ်မ မဟုတ်လို့ပါ မေးလဲသူမသိပါဘူး

ဆရာတော့လူစားလဲချင်လို့ဒီလိုလုပ်တာဖြစ်ပြီး ညီမဘက်ကစည်းဖောက်မိလို့ဆိုပြီးလဲပြောခဲ့တာပါ ညီမကလဲအဲ့လိုတွေသိပ်မယုံတော့ ဆရာပြောတာလဲမယုံခဲ့ပါဘူး နောက်ပိုင်းတော့သိပ်အခြောက်မခံရပေမဲ့ရံဖန်ရံခါတော့ မိန်းမတစ်ယောက်အသံတွေဘာတွေကြားရပါတယ်
❤3💘1
Hello free yes or no ask လေး အတွက် ဘိုကင်တင်လို့ရပါပြီ မန့်အောက်မှာမန့်ပေးရုံနဲ့ရပါပြီ

11 ယောက်
❤5💘1
Tarot + counseling

Tarot မေးရင်း ရင်ဖွင့်သမျှနားထောင်ပြီ အကြံပေးမယ်

ကြိုက်တာမေးကြိုက်တာပြော

15000 💕
❤5❤‍🔥1💘1
ဒီည story အသစ်ရှိပါမယ်
❤3👏2
အဝတ်ဗီဒိုထဲက သူ
❤‍🔥3
ကျွန်မ အမရိက ရောက်တုန်း ၁ နှစ်
အကြာမှာ စျေးသက်သက်သာသာနဲ့ရတဲ့ အိမ်ကို တစ်နှစ်စာချုပ်နဲ့ အိမ်ငှါးနေနိုင်ခဲ့တယ်

အဲ့အိမ်ကအကုန်လှတယ်ဘာမှပြောစရာမလိုအောင်ကိုလှတယ် ထူးဆန်းတာကကုတင်ခြေရင်းမှာ အဝတ်ဗီဒိုရှိတယ်

ဒါမဲ့ အိမ်ငှါးကကျွန်မကိုအဲ့အဝတ်ဗီဒိုကိုမလိုရင်မသုံးဖို့ပြောတယ် ဒါမဲ့ ကျွန်မ လက်မခံနာမခံဘဲ ကျွန်မ အဝတ်တွေကိုထည့်ထားမိခဲ့ပါတယ်
❤‍🔥4
တနေ့ကျွန်မအိပ်နေတုန်းအိပ်မက်မက်တယ် ကျွန်မအိပ်နေတဲ့အချိန်မှာဘေးမှာ ခေါင်းအစခြေအဆုံးရေးစုနေတဲ့မိန်းမလေးတစ်ယောက်ကတော့ရပ်နေတယ်

ကျွန်မလန့်ပြီးသူ့အထဲကြည့်လိုက်တဲ့အချိန်မှာသူကတစ်ကိုယ်လုံးရေဆိုနေတယ်

သူ့ပုံကြည့်ရတာငိုမဲ့မဲ့ဖြစ်နေတယ်
❤‍🔥4
ကျွန်မလည်းလန့်တော့ထွက်ပြီးမလိုလုပ်တဲ့အချိန်မှာကျွန်မလှုပ်လို့မရဘူး။ကျွန်မလုံးဝလှုပ်လို့မရဘူး

ကျွန်မလှုပ်မယ်လုပ်တိုင်းသူကပိုပြီးကပ်လာတယ်။သူကိုပဲနီးကပ်လာလေကျွန်မတစ်ကိုယ်လုံးဆိုလာလေပဲ။

ရုတ်တရက် ဆိုသလိုကျွန်မနိုးလာပြီးဟိုကြည့်ဒီကြည့် ကြည့်တဲ့အချိန်မှာသူမရှိတော့ပါဘူး
❤‍🔥3
အဲ့တာနဲ့ကျွန်မလည်းမနက်မိုးလင်းတော့ကျွန်မအလုပ်သွားပြီးတော့ကျွန်မတစ်နေ့ကိုဘယ်လိုထဲမှာစိတ်မပါဘူး။

သူကဘယ်သူလဲ။ဘာလို့သူတစ်ကိုယ်လုံး ရေစိုနေတာလဲ။
❤‍🔥3
ကျွန်မစဉ်းစားရင်းနဲ့အလုပ်လုံးမနိုင်ခဲ့ဘူးဒါနဲ့ကျွန်မအိမ်ရောက်တော့ကျွန်မအနောက်ဘက်ကိုသွားကြည့်တဲ့အချိန်မှာရေကန်လေးတွေကိုတွေ့တယ်
ရေကန်ကရေမရှိတော့ပါဘူး
ဒီတိုင်းရေမရှိတဲ့ကန်ဖြစ်နေတယ်

ဘယ်လိုနဲ့ကျွန်မညာဘက်ပြန်အိပ်တဲ့အချိန်မှာကျွန်မဘီလူးစီးသလိုထပ်ဖြစ်တယ်။

ကျွန်မဘယ်လိုမှလှုပ်လို့မရဘူးအဲ့တာနဲ့တစ်ဖြည်းဖြည်းချင်း။

ကျွန်မခြေရင်းကအဝတ်ဗီဒိုကတဖြည်းဖြည်းချင်းပွင့်လာတယ်။

ပြီးတော့တစ်ကိုယ်လုံးကြီးဆိုနေတဲ့ကောင်မလေးကထပ်ထွက်လာပြန်ရော

သူ့ပုံကြည့်ရတာငိုမဲ့မဲ့ထပ်ဖြစ်နေပြန်တယ်။

နင်ဘာလိုချင်တာလဲဆိုပြီးကျွန်မကပြောပေမယ့်အသံမထွက်ခဲ့ပါဘူး။
❤‍🔥3
ခဏကြာတော့ဖြစ်ကြမှာတော့ကျွန်မလှုပ်လာလို့ရတဲ့အချိန်ချက်ချင်း သူငယ်ချင်းကိုဖုန်းဆက်ပြီးတော့သူ့အိမ်သွားခဲ့တယ်

အချိန်ကြည့်တော့မနက်၄နာရီရှိတယ်ကျွန်မဘီလူးစီးသလိုဖြစ်တာနဲ့အချိန်က လေးနာရီပဲ

ဒီလိုနဲ့ကျွန်မသူငယ်ချင်းစီအမြန်ပြေးပြီးတော့သူ့အိမ်ရောကျွန်မဆက်ပြီးအိပ်နိုင်ခဲ့တာ
❤‍🔥3
တတိယရက်ကျတော့ဘီလူးစီးသလိုထပ်မဖြစ်တော့ဘူးအိမ်မှာနေရင်တော့ကျွန်မနားမှာလူတစ်ယောက်ရှိနေသလိုခံစားလာရတယ်။
❤‍🔥3
ကျွန်မဘေးနားမှာတစ်ယောက်ယောက်ရှိနေသလိုခံစားရတာလှည့်ကြည့်လိုက်တာလူမှမရှိဘူး

စတုတ္ထ‌နေ့ကြတော့ထမင်းစားဆံနေရာပုဂံနေရာကျွန်မရဲ့ဗီဒိုအရှေ့ကိုရောက်နေတယ်ဆိုတာကျွန်မသတိထားမိတယ်။

အိမ်မှာကျွန်မတစ်ယောက်ဘဲနေတာ
❤‍🔥2
၅ရက်မြောက်နေ့ရောက်တော့ကျွန်မအိမ်ငှားကိုဖုန်းဆက်ပြီးဒီအိမ်မှာတစ်ယောက်ယောက်သေသွားတဲ့သူရှိလားဆိုပြီးတော့ ဒဲ့ပဲမေးလိုက်တယ်

အဲ့ကားကျတော့အိမ်ငှားဖြည့်တဲ့သူကဟုတ်တယ်။ရေကန်နားမှာအရင်တုန်းကဒီအိမ်ကိုငှားဖူးတဲ့ကောင်မလေးတစ်ယောက်ကသေသွားဖူးတယ်တဲ့။ရေနစ်ပြီးတော့ဆုံးသွားတာ

သူဆုံးပါးပြီး‌ေတ့ာနောက်နေ့မှာပဲရင်ခွဲခန်းဖို့လိုက်ပေမယ့်ဒီအိမ်ထဲမှာရှိနေတုန်းပဲ
❤‍🔥3
Part_2 coming soon
❤‍🔥2
❤‍🔥3❤1🔥1
Yes or no free tomorrow အတွက်
မန့်မှာမန့်တဲ့သူသာရပါမယ်
💘1
❤3💘1
ဗီဒိုထဲကလူ part-2
Tomorrow ည ၁၁
❤‍🔥2❤1💘1
ကျွန်မအဲ့အကြောင်းကိုသိပြီ ချက်ချင်းပြောင်းချင်ပေမဲ့ တစ်နှစ်စာချုပ်ကြောင့်ကျွန်မကြောက်ရင်လဲ အောင့်အီပြီနေရမှာပဲ ဆိုတဲ့စိတ်နဲ့ဆက်နေခဲ့တယ်
💘2❤‍🔥1
ကျွန်မကိုညတိုင်းအိပ်မက်လာပေးတယ် ဗီဒိုထဲကနေကောင်မလေးတစ်ယောက်ထွက်လာပြီကျွန်မအိပ်နေတာကိုလာလာစိုက်ကြည့်နေတယ်
💘2❤‍🔥1