Veil & Echo 🌘
346 subscribers
129 photos
12 videos
9 links
ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေပြောပြချင်တယ်ဆို ဒီ က တစ်ဆင့် လာပြောပါနော်
Download Telegram
ဒီည ဖြစ်ရပ်မှန်လေးနှစ်ပုဒ်ထပ်တင်ဖို့ရှိပါတယ်
❤6🍓1💘1
ဖြစ်ရပ်မှန်
❤‍🔥3❤2🍓1💘1
From- Hailey

အခုအကြောင်းကသူများတွေလိုတိုက်ရိုက်ကြီးအခြောက်ခံရတာမဟုတ်ပေမဲ့လို့ အရိပ်ပြတာ တွေလိုမျိုးပါ
ညီမအိမ်မှာဖြစ်တာပါ အခုအိမ်က အဖေနဲ့အမေတို့စယူကတည်းကနေလာတာ 25 နှစ်ရှိပါပြီ ဘာမှမဖြစ်ခဲ့ပါဘူး
အိမ်မှာ လူ4ယောက်ရှိတာ သူတို့ဘာမှမဖြစ်ကြပဲ ညီမတစ်ယောက်ထဲဖြစ်နေတာရယ်

အဲ့တုန်းက ညီမအသက် 6 နှစ်လောက်ပဲရှိအုံးမယ်
အိမ်မှာတစ်ယောက်ထဲ နေ့လည်ဘက် မိုးအုံ့တော့မှောင်နေတာရယ်
အဲ့ချိန် ဆေးသောက်ဖို့ဆိုပြီးညီမက နောက်ဖေးတံခါးပေါက်နားမှာရပ်နေတာ ညီမအနောက်ကနေ လူတစ်ယောက်ဖြတ်သွားသလိုခံစားလိုက်ရတယ် မျက်လုံးထောင့်ကနေမြင်လိုက်ပုံအရတော့ လူတစ်ယောက်အရပ်အမောင်းပဲ အရိပ်မဲကြီး လုံးဝဖြတ်ခနဲပဲ
အဲ့တာကိုမိဘတွေကိုပြန်ပြောပြတော့သူတို့ကမယုံကြဘူးရယ်

နောက်တစ်ခုက
ညီမပုံမှန်စောစောအိပ်တဲ့နေ့တွေဆိုဘာမှမဖြစ်ပေမဲ့
ညလယ်ခေါင် 2နာရီ 3နာရီထိမအိပ်ပဲဖုန်းသုံးတဲ့နေ့တွေဆိုဖြစ်ပါတယ်
ဘာလဲဆိုတော့ ခြေသံတွေကြားရတာပါ ညီမအခန်းကတံခါးမရှိဘဲ ‌လိုက်ကာပဲကာထားတာပါ အခန်းပြင်ထွက်တာနဲဧည့်ခန်းတန်းရောက်ပါတယ်
အဲ့လိုမအိပ်ပဲနေတဲ့နေ့တိုင်းဖြစ်ပါတယ် အဲ့ခြေသံတွေကအတိုင်းသားကြီးကိုကြားရတာပါ ဧည့်ခန်းမှာလမ်းလျှောက်နေတဲ့တစ်ရှက်ရှက်အသံတွေကြားရတာပါ ညဘက်ကဖုန်းခိုးသုံးတာဆို‌ေတာ့တစ်ခါတစ်လေ အမေနိုးလာတယ်ထင်ပြီး ဖုန်းဖွက်ရတာအမောပဲ

နောက်ပြီး ပုံမှန်ဆိုညီမကအခန်းပြတင်းပေါက်ပိတ်အိပ်တာပါ
‌အဲ့နေ့က အလင်းရောင်လေးရချင်လို့ ဆိုပြီး ပြတင်းပေါက်တစ်ချက်ကိုဖွင့်ထားလိုက်တာ
ညဘက် 2နာရီဝန်းကျင်လောက်လဲရောက်ရော အပြင်ဘက်ကတစ်ကျွတ်ကျွတ်အသံတွေကြားရပါတယ် တစ်ခုခုကိုရှာနေသလိုမျိုး
အိမ်မှာမွေးထားတဲ့ခွေးလေးလားလို့ထကြည့်ပေမဲ့ ဘာမှရှိမနေခဲ့ဘူး
အဲ့တာနဲ့ ပြန်လှဲပြီးခနငြိမ်နေလိုက်တယ် နောက်တော့ ‌ညီမပြတင်းပေါက်ထောင့်ဘက်ကနေ အရိပ်ကြီးတွေ့လိုက်ရပြန်တယ် ညီမကိုချောင်းကြည့်နေတဲ့ပုံ အရိပ်ကြီး
အဲ့နေ့ကစပြီး ညဘက်အရမ်းနောက်ကျတဲ့ထိသိပ်ပြီးမနေတော့တာရယ်
‌ပြီးတော့သိပ်မကြာသေးခင်ကမှဖြစ်သွားတာ အဲ့နေ့ကကျူရှင်မှာစာတွေအရမ်းပိပြီး အရမ်းပင်ပန်းနေခဲ့တာနဲ့ အိမ်ရောက်တာနဲ့တန်းအိပ်လိုက်တာ
ညဘက်တစ်ရေးနိုးတော့ ညီမကုတင်ခြေရင်းမှာ ယောင်္ကျားတစ်ယောက်ရပ်‌ပြီးညီမကိုလက်ပိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ် သူ့ပုံစံကိုတော့သေချာမမြင်ရဘူး ညီမနဲ့အရမ်းနီးနေတော့ လန့်ပြီးဘုရားစာတွေဆို မျက်လုံးမှိတ်ပြီးပြန်အိပ်လိုက်ရတယ်။

နောက်ဆုံးတစ်ခုက အဲ့နေ့ကလဲ 1-2 နာရီဝန်းကျင်ပဲ ညီမတစ်ယောက်ပဲဖုန်းသုံးနေပြီးကျန်တဲ့လူတွေအကုန်အိပ်ပျော်နေကြပြီ
အဲ့အချိန် အထဲကဂျက်ထိုးထားတဲ့အိမ်ရှေ့တံခါးမကြီးကို လူတစ်ယောက်ကအတင်းတွန်းနေတဲ့အသံ တစ်ဒုန်းဒုန်းနဲ့ကြားရတယ်
6ချက်လောက်တွန်းပြီးငြိမ်သွားတယ်
ပုံမှန်အသံသေးသေးလေးကြားတာနဲ့နိုးတတ်တဲ့အမေကအဲ့တုန်းကမနိုးခဲ့ဘူး
မနက်ကျအဲ့အသံကြားလားဆိုတော့ဘယ်သူမှမကြားကြဘူးတဲ့
❤4💘2🍓1
ဖြစ်ရပ်မှန်
❤2🍓1💘1
From- Myat

ကျွန်တော် တစ်လ ပိုင်းတုန်းက စာမေးပွဲဖြေခါနီးတုန်းကပေါ့ ကိုယ်တွေသူငယ်ချင်း ရပ်ကွက်နားမှာ လူသတ်မှု နဲ့အဖွားတစ်ယောက် ဆုံးသွားတယ်

သူဆုံးပြီနှစ်ရက်လောက်ကြာတော့ ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းက အဲ့အမှုဖြစ်တဲ့အိမ်ကို ဖြတ်မိတယ် အဲ့ချိန်ကျွန်တော်က လဲ ကျွန်တော့်သူငယ်ချင်းကို ဒီအိမ်မှာလူသတ်မှုဖြစ်တာမလားဆိုပြီ အမှုမဲ့အမှတ်မဲ့နဲ့လက်ညိုးထိုးပြီ ပြောလိုက်မိတယ်

အဲ့မှာဆိုင်ကယ်မောင်းနေတဲ့သူငယ်ချင်းက အဲ့လိုလက်ညိုးမထိုးရဘူး တစ်ခုခုဖြစ်မယ်နော်ဆိုပြီပြောလိုက်တော့ကိုယ့်စိတ်က တစ်ချက်ထစ်သွားသေးတယ်

ဒါမဲ့ဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီ အေးဆေးပဲနေနေလိုက်တယ် အဲ့တာနဲ့ညရောက်တော့ပြဿနာကစတာပဲ

ကိုယ်တွေအခန်းထဲမှာတစ်ယောက်တည်းစာကျက်နေတုန်း စိတ်ကလေးလာပြီ မသက်မသာဖြစ်လာတယ်ကျောတွေလဲချမ်းလာပြီတစ်ယောက်ယောက်က စောင့်ကြည့်နေသလိုခံစားလာရတယ်

အဲ့တာနဲ့ဘယ်လိုမှစာကျက်လို့မရတော့သွားတိုက်မယ်ဆိုပြီရေချိုးခန်းထဲသွားတယ်အဲ့လိုသွားတိုက်နေရင်း ဘေစင်မှန်ကနေ အရိပ်တစ်ခု ဖြတ်ကနဲပြေးသွားတာမြင်လိုက်ရတယ်

မျက်စိမှားတာနေမယ်လို့တွေးပြီ အိပ်ယာဝင်လိုက်တယ် နောက်တစ်နေ့ညကျတော့အဲ့လိုထပ်ဖြစ်ပြန်တယ် ပိုစိုးလာသလိုခံစားရတယ်
တစ်ပတ်လောက်တိတိကို တစ်ယောက်ယောက်က စောင့်ကြည့်နေသလိုခံစားရတယ်

အိပ်လို့လဲ မပျော်တော့ဘူး ကိုယ့်စိတ်ထဲမှာ အဲ့အသတ်ခံရတဲ့အဖွားအကြောင်းပဲစဉ်းစားနေမိတယ် နေ့ဘက်ရောက်တော့လဲမီးဖိုချောင်ထဲမှာ အသံတွေစကြားရတယ်

ဇွန်းတွေသူ့အလိုလိုပြုတ်ကျတာ ပန်းကန်တွေလဲရောပဲ သူ့အလိုလိုပြုတ်ကျလို့ကွဲတယ် သွားကြည့်တော့ဘာမှမရှိနေဘူး အားလုံးကပုံမှန်ပဲ
အိမ်ကလူတွေကိုလဲပြောမပြဖြစ်ဘူး

စာမေးပွဲကလဲနီးနေပြီ စာတွေကလဲကျက်လို့မရတော့ စာမေးပွဲကျမှာကြောက်တဲ့စိတ်နဲ့ စောနက ခြောက်ခြားတဲ့စိတ်နဲ့ပေါင်းပြီးတော့ ကျွန်တော်ပိုပြီ အိပ်မရဖြစ်လာတယ် ကိုယ့်အိမ်မှာတောင်တစ်ယောက်တည်းမနေချင်တဲ့အထိဖြစ်လာတယ်

တစ်ရက်မှာရွာကအမျိုးတွေဘုန်းကြီးဆွမ်းကပ်ဖို့ရှိလို့ရွာကိုပြန်ဖြစ်သွားတယ်ရွာရောက်မှာပဲစိတ်ခြောက်ခြားတာတွေသက်သာလာတယ် စိတ်နည်းနည်းသန့်လာတော့ ရွာမှာတရားနားထောင်ပြီ ဘုရားတွေသွားဖြစ်တယ်

အဲ့နောက်ပိုင်းအိမ်ပြန်ရောက်တော့ဘာမှဆက်မဖြစ်တော့ဘူး ဒီလို စိတ်ခြောက်ခြားနေတာ အဲ့ကိစ္စကြောင့်များလာဆိုပြီတော့ တစ်ခါတလေ တော့ပြန်စဉ်းစားမိတယ်
❤5💘2
သရဲဖမ်းပြီး ကစားနည်းထပ်သင်ပေးရမလား
Anonymous Poll
89%
Yes
14%
No
From- Bubble
💘2🍓1
ညီမတို့အိမ်ကနှစ်ထပ်အိမ်ပါ အိပ်ခန်းက သုံးခန်းရှိပြီး မေမေတို့ကတစ်ခန်း ညီမအစ်မနဲ့ညီမလေးကတစ်ခန်းနေပါတယ် ညီမကဇီဇာကြောင်တတ်တော့ တစ်ယောက်တည်းအိပ်ပါတယ် အပေါ်ထပ် လှေကားကနေဆင်းပြီးဘယ်ဘက်ချိုးလိုက်ရင်ညီမအခန်းကိုတန်းရောက်ပါတယ် ညီမအခန်းကအောက်မှာပါ အမေတို့နဲ့အစ်မရဲ့အခန်းကအပေါ်မှာ အိမ်ကလဲကျယ်သလိုလိုထင်ရပေမဲ့ သိပ်မကျယ်ပါဘူး အနောက်ဘက်မှာတော့ ဆောက်လက်စအိမ်ရှိပါတယ် ခြံစည်းရိုးကတော့ခတ်ထားပေမဲ့ ဖရိုဖရဲပါပဲ သွပ်ပြားတွေကောဘာတွေကောနဲ့ရှုပ်နေတာပေါ့ ဧည့်ခန်းကကျဉ်းပေမဲ့ မီးဖိုချောင်ကတော့ကျယ်ပါတယ် အိမ်သာရေချိုခန်းကလဲအနောက်ဖက်မှာပါပဲ
အဲ့နေ့ကမိုးတစ်အားရွာတဲ့နေ့ပါ အဖေကမနက်ဆိုအစောကြီးထပြီး မနက်စာချက်လေ့ရှိပါတယ် မေမေကတော့ဘုရားရှိခိုးပါတယ် အဲ့နေ့ကမိုးတစ်အားရွာတော့ တစ်အိမ်သားလုံးအိပ်ကောင်းနေကြတာပေါ့နော် အနောက်ဘက်မီးဖိုချောင်ကနေအထွက်တံခါးပေါက်ရှိပါတယ် အနောက်ဘက်တံခါးလိုမျိုးပါ အဲ့နေ့ကအဖေလဲမထအမေလဲမထပါဘူး ညီမကအိမ်သာသွားချင်တော့ အလိုလိုနိုးလာတာပါ သွားမယ်ဆိုပြီးထွက်ခဲ့ပါတယ် နောက်တော့ညီမအစ်မကိုဧည့်ခန်းထဲကခုံမှာထိုင်နေတာတွေ့တယ် ဆံပင်ကစုတ်ဖွားနဲ့ပေါ့ အစ်မကအဲ့ကိစွတွေနဲ့ပက်သတ်ပြီးအတွေ့အကြုံတော်တော်ရှိပါတယ် တော်တော်လဲခံခဲ့ရပါတယ် တစ်ချို့ကလဲလိပ်ပြာလှလို့လို့ပြောကြပြီးတစ်ချို့က ဆံပင်ကြောင့်ဖြစ်တာလို့ပြောကြလို့ဆံပင်ညှပ်ပစ်ရတဲ့အထိတောင်ဖြစ်ခဲ့တာပါ အချိန်ကတော့ ၄ခွဲလောက်ရှိမယ်ထင်ရတယ် လင်းထိန်နေတာမျိုးတော့မဟုတ်ပေမဲ့ အစ်မဆိုတာသေချာမြင်ရပါတယ်
အဲ့တာနဲ့ညီမက ဟယ် မမ ဘာလုပ်နေတာလဲ အိပ်မရလို့လားလို့မေးတော့ ရယ်ပါတယ် ညီမကလဲအိပ်ချင်မူးတူးဆိုတော့ ကဲငါ့ကိစွအရင်လုပ်ပြီးမှမေးတော့မယ်ဆိုပြီးမီးဖိုချောင်ဘက်ကိုထွက်ခဲ့ပါတယ် အဲ့အချိန်မှာ အနောက်ဖေးတံခါးကိုမတရားထုသံရိုက်သံတွေထွက်လာပါတယ် မိုးကလည်းရွာတော့ စိတ်ပိုလှုပ်ရှားပြီး ဘယ်သူလဲ ဘာလိုချင်တာလဲလို့ လွှတ်ခနဲမေးမိသွားပါတယ် အဲ့တာကိုအဲ့ဒီဘက်ကနေ မိန်းမကြီးတစ်ယောက်ရဲ့အသံလိုမျိုး ငါလိုချင်တာနင်တို့ကပေးနိုင်မှာမလို့လားဆိုပြီးပြန်ဖြေတဲ့အသံမျိုးကြားရပါတယ် ညီမလဲအဲ့တော့မှအိပ်‌ချင်ပြေပြီး အမေတို့ဆီအပြေးသွားဖို့လုပ်ခဲ့ပါတယ် ဧည့်ခန်းထဲမှာလဲအစ်မကရှိမနေတော့ ပိုလန့်သွားတာပေါ့ အဲ့အချိန်လှေကားအပေါ်ကနေ ကုန်းနေတဲ့အနေအထားနဲ့မိန်းကလေးကိုတွေ့ရပါတယ် သူခြေထောက်ကောလက်ကောကိုကားကားကြီးထားပြီး ကုန်းကုန်းကွကွပါ ညီမကတော့အသံလဲမထွက်နိုင်ပဲအဲ့ဒီနေရာမှာတင်ရပ်နေခဲ့ပါတယ် မလှုပ်နိုင်ပဲရပ်နေရတာ‌ဆိုပိုမှန်ပါတယ် အဲ့မိန်းကလေးကတော့သူ့ကို ဗီရိုထဲကထုတ်ပေးဖို့ပဲအော်ဟစ်ပြောနေပါတယ်ညီမကို ညီမကဘယ်ဗီရိုလဲဘာတွေပြောနေတာလဲ လို့ပြန်မေးနေတာပါ ပါးစပ်ကအသံမထွက်ပဲစိတ်ထဲကမေးနေတာကို သူကလည်းပြန်ဖြေပါတယ် နင့်ဗီရိုထဲကတဲ့ နောက်တော့အပေါ်ထပ်ကဝုန်းဆိုပြီးအသံကြားပြီးနောက်သူလဲပျောက်ညီမလဲခွေခနဲလဲကျသွားပါတယ် ဖြစ်ချင်တော့အဖေက သူ့အိမ်မက်ထဲမှာညီမကဗီရိုထဲမှာပိတ်မိ‌ နေပြီးသူ့ကိုအကူအညီတောင်းလို့ ပြေးထွက်လာတာဖြစ်ပြီး တစ်စုံတစ်ခု‌‌ကြောင့်ချော်လဲကာလဲကျသွားတာလို့ပြောပါတယ်
အဲ့နေ့မနက်မှာပဲ အဖေကသူသိတဲ့ ဆရာကိုဖုန်းဆက်ပြီးအကျိုးအကြောင်းရှင်းပြပါတယ် ဆရာကလဲမအားတဲ့ကြားက ချက်ချင်းရောက်လာပြီးအကူအညီပေးခဲ့တာပါ အဲ့ဒီဗီရိုကိုလဲ ချက်ချင်းဖျက်စီးပစ်ခဲ့ပါတယ် ရောင်းလိုက်ရင်နောက်လူတွေဒုက္ခရောက်မှာဆိုးလို့ပါ အဲ့အိမ်မှာနေလာတာ သုံးနှစ်လောက်ပဲရှိပါဦးမယ် နောက်တစ်လနှစ်လကြာတော့ အိမ်ရောင်းခဲ့သူဦးလေးကြီးကိုအမေကဖုန်းဆက်လှမ်းမေးခဲ့တာပါ အမေလဲအိမ်မက်တွေခဏခဏမက်နေလို့သိချင်လို့မေးခဲ့တာပါတဲ့ အဲ့ဗီရိုထဲမှာမိန်းမ‌တစ်ယောက်ကိုအရိုးချိုးပစ်ပြီးရိုက်သတ်ကာထည့်ထားခဲ့ကြောင်း သတ်ခဲ့တာကလဲသူ့အ‌စ်မကိုယ်တိုင်ဖြစ်ကြောင်း နောက်ပိုင်းအဲ့အစ်မလဲသေသွားကြောင်းသိခဲ့ရပါတယ် ညီမအစ်မကိုအခုချိန်ထိမမေးဖြစ်ခဲ့တာကတော့ ဘာလို့ဧည့်ခန်းထဲမှာထိုင်နေတာလဲဆိုတဲ့မေးခွန်းပါပဲဘာလို့ဆိုထိုင်နေတဲ့သူကအစ်မ မဟုတ်လို့ပါ မေးလဲသူမသိပါဘူး

ဆရာတော့လူစားလဲချင်လို့ဒီလိုလုပ်တာဖြစ်ပြီး ညီမဘက်ကစည်းဖောက်မိလို့ဆိုပြီးလဲပြောခဲ့တာပါ ညီမကလဲအဲ့လိုတွေသိပ်မယုံတော့ ဆရာပြောတာလဲမယုံခဲ့ပါဘူး နောက်ပိုင်းတော့သိပ်အခြောက်မခံရပေမဲ့ရံဖန်ရံခါတော့ မိန်းမတစ်ယောက်အသံတွေဘာတွေကြားရပါတယ်
❤3💘1
Hello free yes or no ask လေး အတွက် ဘိုကင်တင်လို့ရပါပြီ မန့်အောက်မှာမန့်ပေးရုံနဲ့ရပါပြီ

11 ယောက်
❤5💘1
Tarot + counseling

Tarot မေးရင်း ရင်ဖွင့်သမျှနားထောင်ပြီ အကြံပေးမယ်

ကြိုက်တာမေးကြိုက်တာပြော

15000 💕
❤5❤‍🔥1💘1
ဒီည story အသစ်ရှိပါမယ်
❤3👏2
အဝတ်ဗီဒိုထဲက သူ
❤‍🔥3
ကျွန်မ အမရိက ရောက်တုန်း ၁ နှစ်
အကြာမှာ စျေးသက်သက်သာသာနဲ့ရတဲ့ အိမ်ကို တစ်နှစ်စာချုပ်နဲ့ အိမ်ငှါးနေနိုင်ခဲ့တယ်

အဲ့အိမ်ကအကုန်လှတယ်ဘာမှပြောစရာမလိုအောင်ကိုလှတယ် ထူးဆန်းတာကကုတင်ခြေရင်းမှာ အဝတ်ဗီဒိုရှိတယ်

ဒါမဲ့ အိမ်ငှါးကကျွန်မကိုအဲ့အဝတ်ဗီဒိုကိုမလိုရင်မသုံးဖို့ပြောတယ် ဒါမဲ့ ကျွန်မ လက်မခံနာမခံဘဲ ကျွန်မ အဝတ်တွေကိုထည့်ထားမိခဲ့ပါတယ်
❤‍🔥4
တနေ့ကျွန်မအိပ်နေတုန်းအိပ်မက်မက်တယ် ကျွန်မအိပ်နေတဲ့အချိန်မှာဘေးမှာ ခေါင်းအစခြေအဆုံးရေးစုနေတဲ့မိန်းမလေးတစ်ယောက်ကတော့ရပ်နေတယ်

ကျွန်မလန့်ပြီးသူ့အထဲကြည့်လိုက်တဲ့အချိန်မှာသူကတစ်ကိုယ်လုံးရေဆိုနေတယ်

သူ့ပုံကြည့်ရတာငိုမဲ့မဲ့ဖြစ်နေတယ်
❤‍🔥4
ကျွန်မလည်းလန့်တော့ထွက်ပြီးမလိုလုပ်တဲ့အချိန်မှာကျွန်မလှုပ်လို့မရဘူး။ကျွန်မလုံးဝလှုပ်လို့မရဘူး

ကျွန်မလှုပ်မယ်လုပ်တိုင်းသူကပိုပြီးကပ်လာတယ်။သူကိုပဲနီးကပ်လာလေကျွန်မတစ်ကိုယ်လုံးဆိုလာလေပဲ။

ရုတ်တရက် ဆိုသလိုကျွန်မနိုးလာပြီးဟိုကြည့်ဒီကြည့် ကြည့်တဲ့အချိန်မှာသူမရှိတော့ပါဘူး
❤‍🔥3
အဲ့တာနဲ့ကျွန်မလည်းမနက်မိုးလင်းတော့ကျွန်မအလုပ်သွားပြီးတော့ကျွန်မတစ်နေ့ကိုဘယ်လိုထဲမှာစိတ်မပါဘူး။

သူကဘယ်သူလဲ။ဘာလို့သူတစ်ကိုယ်လုံး ရေစိုနေတာလဲ။
❤‍🔥3
ကျွန်မစဉ်းစားရင်းနဲ့အလုပ်လုံးမနိုင်ခဲ့ဘူးဒါနဲ့ကျွန်မအိမ်ရောက်တော့ကျွန်မအနောက်ဘက်ကိုသွားကြည့်တဲ့အချိန်မှာရေကန်လေးတွေကိုတွေ့တယ်
ရေကန်ကရေမရှိတော့ပါဘူး
ဒီတိုင်းရေမရှိတဲ့ကန်ဖြစ်နေတယ်

ဘယ်လိုနဲ့ကျွန်မညာဘက်ပြန်အိပ်တဲ့အချိန်မှာကျွန်မဘီလူးစီးသလိုထပ်ဖြစ်တယ်။

ကျွန်မဘယ်လိုမှလှုပ်လို့မရဘူးအဲ့တာနဲ့တစ်ဖြည်းဖြည်းချင်း။

ကျွန်မခြေရင်းကအဝတ်ဗီဒိုကတဖြည်းဖြည်းချင်းပွင့်လာတယ်။

ပြီးတော့တစ်ကိုယ်လုံးကြီးဆိုနေတဲ့ကောင်မလေးကထပ်ထွက်လာပြန်ရော

သူ့ပုံကြည့်ရတာငိုမဲ့မဲ့ထပ်ဖြစ်နေပြန်တယ်။

နင်ဘာလိုချင်တာလဲဆိုပြီးကျွန်မကပြောပေမယ့်အသံမထွက်ခဲ့ပါဘူး။
❤‍🔥3
ခဏကြာတော့ဖြစ်ကြမှာတော့ကျွန်မလှုပ်လာလို့ရတဲ့အချိန်ချက်ချင်း သူငယ်ချင်းကိုဖုန်းဆက်ပြီးတော့သူ့အိမ်သွားခဲ့တယ်

အချိန်ကြည့်တော့မနက်၄နာရီရှိတယ်ကျွန်မဘီလူးစီးသလိုဖြစ်တာနဲ့အချိန်က လေးနာရီပဲ

ဒီလိုနဲ့ကျွန်မသူငယ်ချင်းစီအမြန်ပြေးပြီးတော့သူ့အိမ်ရောကျွန်မဆက်ပြီးအိပ်နိုင်ခဲ့တာ
❤‍🔥3
တတိယရက်ကျတော့ဘီလူးစီးသလိုထပ်မဖြစ်တော့ဘူးအိမ်မှာနေရင်တော့ကျွန်မနားမှာလူတစ်ယောက်ရှိနေသလိုခံစားလာရတယ်။
❤‍🔥3
ကျွန်မဘေးနားမှာတစ်ယောက်ယောက်ရှိနေသလိုခံစားရတာလှည့်ကြည့်လိုက်တာလူမှမရှိဘူး

စတုတ္ထ‌နေ့ကြတော့ထမင်းစားဆံနေရာပုဂံနေရာကျွန်မရဲ့ဗီဒိုအရှေ့ကိုရောက်နေတယ်ဆိုတာကျွန်မသတိထားမိတယ်။

အိမ်မှာကျွန်မတစ်ယောက်ဘဲနေတာ
❤‍🔥2
၅ရက်မြောက်နေ့ရောက်တော့ကျွန်မအိမ်ငှားကိုဖုန်းဆက်ပြီးဒီအိမ်မှာတစ်ယောက်ယောက်သေသွားတဲ့သူရှိလားဆိုပြီးတော့ ဒဲ့ပဲမေးလိုက်တယ်

အဲ့ကားကျတော့အိမ်ငှားဖြည့်တဲ့သူကဟုတ်တယ်။ရေကန်နားမှာအရင်တုန်းကဒီအိမ်ကိုငှားဖူးတဲ့ကောင်မလေးတစ်ယောက်ကသေသွားဖူးတယ်တဲ့။ရေနစ်ပြီးတော့ဆုံးသွားတာ

သူဆုံးပါးပြီး‌ေတ့ာနောက်နေ့မှာပဲရင်ခွဲခန်းဖို့လိုက်ပေမယ့်ဒီအိမ်ထဲမှာရှိနေတုန်းပဲ
❤‍🔥3