UTD CHANNEL
315K subscribers
3.07K photos
44 videos
3.1K links
ADMIN>>> @noti1997
အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ဗျ😍
Download Telegram
Boyhood (2023)

Ep-1 to 10
[အစ-အဆုံး]

Jang Byeong Tae (Im Si Wan) ဟာ ချွန်းချောင်းခရိုင်မှာရှိတဲ့ လယ်ယာစိုက်ပျိုးရေးကျောင်းက

ပျော့တိပျော့ညံ့အထက်တန်း ကျောင်းသားလေးတစ်ယောက်ပါ။

သူဟာ ကျောင်းမှာအမြဲအနိုင်ကျင့်ခံနေရလို့ အရိုက်မခံရဘဲနေရဖို့ကပဲ သူ့အိပ်မက်ဖြစ်ခဲ့ပါတယ်။

အနိုင်ကျင့်ခံရတာကနေ လွတ်ချင်တဲ့ကောင်လေးဟာ တစ်နေ့မှာတော့

အခြေအနေတစ်ခုကြောင့် ကျောင်းပြောင်းပြီးတက်ရဖို့ ဖြစ်လာပါတော့တယ်။

သူတက်ရမယ့် ကျောင်းအသစ်မှာကတော့ ၁၇ယောက် ၁ယောက်ချခဲ့တဲ့

အာဆန်းရဲ့ ကျားဖြူဆိုတဲ့ လူဟာ သူတို့ကျောင်းကိုပြောင်းလာမယ်ဆိုပြီး သတင်းတွေပျံ့နေခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ကျောင်းအသစ်မှာ ပထမဦးဆုံး ကျောင်းတက်ရက်မှာပဲ Jang Byeong Tae (Im Si Wan) က

ရဲကားပေါ်ကနေ ဆင်းလာတာကိုမြင်သွားလို့ ကျောင်းသားတွေက သူ့ကို

အာဆန်းရဲ့ ကျားဖြူဆိုပြီး အထင်မှားသွားကြပါတော့တယ်။ ဒီလိုနဲ့ပဲ

ကျောင်းအသစ်မှာ ပင့်ကူအမည်းလို့ နာမည်ပြောင်ရှိတဲ့ Park Ji Young (Lee Sun Bin) ဆိုတဲ့

ကျောင်းသူအပြင် ၊ အတိုက်အခိုက်တော်တယ်လို့ နာမည်ကြီးတဲ့ ကျောင်းသား Jung Kyeong Tae (Lee Si Woo) ၊

ကျောင်းသားတွေကြားထဲမှာ နာမည်ကြီးတဲ့ ကျောင်းသူလေး

Kang Sun Hwa (Kang Hye Won) တို့နဲ့ပတ်သတ်ဖို့ဖြစ်လာတဲ့အခါမှာတော့...

ကျောင်းဟောင်းမှာ အမြဲတမ်းအနိုင်ကျင့်ခံရတဲ့ ပျော့တိပျော့ညံ့ကျောင်းသားလေးရဲ့ဘဝဟာ

ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုဟာသလေးတွေနှောပြီးရိုက်ကူးထားတာမလို့....


Movie link ➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
386👍85🥰26🤔26👏22🔥9👌8😁7
Ho*no*ur (20 26)

Ep-1 to 7 ရပါပြီ

ဒီတစ်ခေါက်မှာတော့ မင်းသား Wonတင်ဆက်ပေးလိုက်ပါတယ်။ Bin ရဲ့ ချစ်ဇနီးလေးဖြစ်ပြီး Romance Is a Bonus Book မှာ
Lee Jong-Suk နဲ့ အရမ်း အတွဲညီခဲ့တဲ့ မင်းသမီး Lee Na-Young ၊ Jeongnyeon: The Star is Born ထဲက Jung Eun-Chae ၊ My Dearest ထဲက Lee Chung-Ah စတဲ့ မမလှလှသုံးယောက်ကို
အတူတူ မြင်တွေ့ရမဲ့ ရှေ့နေစီးရီးသစ်လေးကို

- ဇာတ်လမ်းအကျဉ်း -

ယွန်းရာယောင်း (Lee Na-Young) ၊ ဂန်ရှင်းဂျယ် (Jung Eun-Chae) ၊
ဟွမ်ဟျွန်းဂျင် (Lee Chung-Ah) တို့ သုံးဦးဟာ တက္ကသိုလ်ကတည်းက ခင်မင်လာခဲ့ကြတဲ့
သူငယ်ချင်းတွေ ဖြစ်ကြပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ကျူးလွန်ခံရတဲ့ ည်ပေါ်ပေါက်လာပြီး
အထူးသီးသန့်ဥပဒေရုံးဖြစ်တဲ့  "Listen&Join" မှာ ရှေ့နေများအဖြစ် အတူတူ လုပ်ကိုင်နေကြပါတယ်။

သူငယ်ချင်းသုံးဦးအတူ နစ်နာသူတွေအတွက် ရှေ့နေလိုက်ပေးရင်းကနေ အနှစ် ၂၀ ကြာ
လူမသိအောင် ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်က တစ်စ တစ်စ ပြန်လည်ပေါ်ပေါက်လာပြီး
သူတို့သုံးဦးရဲ့ ဘဝတွေ စတင် လှုပ်ခတ်လာတဲ့အခါမှာတော့...

ဖုံးကွယ်ထားချင်တဲ့ အတိတ်နဲ့ ခြောက်လှန့်လာတဲ့ ရန်တွေကြားကနေ နစ်နာသူတွေရဲ့ ဂုဏ်သိက္ခာကို
ပြန်ဆယ်ပေးဖို့အတွက် သူငယ်ချင်းသုံးဦး ဘယ်လိုမျိုး အံကြိတ်တိုက်ပွဲဝင်သွားမလဲဆိုတာကို
အပတ်စဉ် တနင်္လာ ၊ အင်္ဂါနေ့တိုင်း စောင့်ကြည့်ကြစို့နော်။

Movie link
➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
18🥰1
a*m*e*r*i*c*a*n s*ni*p*er ( 2014 )
IMDb Rating (7.3)

အမေရိကန်သမိုင်းတစ်လျှောက် Most Deadliest Sniper အဖြစ်သတ်မှတ်ခံထားရတဲ့  စနိုက်ပါသမား Chris Kyle အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။

Chris Kyle ရဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိ စာအုပ်ကိုအခြေခံပြီး မင်းသားကြီး Clint Eastwood က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Bradly Cooper က အဓိကသရုပ်ဆောင် Chris Kyle အဖြစ်ပါဝင်ထားပါတယ်။

ဒီရုပ်ရှင်မှာ စစ်ပွဲကြားကအခြေအနေတွေအပြင် အိမ်မှာကျန်ခဲ့တဲ့ စစ်သားမိသားစုတွေရဲ့ ဘဝကိုလည်း ပေါ်လွင်အောင်ထည့်သွင်းရိုက်ကူးထားပါတယ်။
Chris Kyle ဟာ အစကတော့ တက္ကဆက်က သာမန်မြင်းစီးသမားလေးပေါ့။

ဒါပေမယ့် 9/11 ဖြစ်ရပ်ဆိုးကြီးအပြီး အမေရိကန်က အီရတ်ကိုစစ်ကြေငြာတဲ့အခါမှာ မျိုးချစ်ကြီးဖြစ်တဲ့ Chris ကလည်း စစ်တပ်ထဲစဝင်ပါတော့တယ်။
အမေရိကန်နဲ့ အီရတ်စစ်ပွဲဟာ လူတွေကြား ပြောစရာဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ ကျူးကျော်စစ်အပေါ် ဝေဖန်သံတွေဆူခဲ့ပေမယ့်

ဒီဇာတ်ကားက နိုင်ငံရေးကားမဟုတ်တာကြောင့် အဲဒါတွေကိုတော့ ထည့်သွင်းရိုက်ကူးထားတာမျိုးမရှိပါဘူး။


Movie link
➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
7
So*lo*m*on Ka*ne (2009)

မိစ္ဆာတွေ စွန့်စားခန်းတွေ တိုက်ပွဲတွေ မှော်ပညာပါတဲ့ ဇာတ်လမ်းတွေကိုမှ အားပေးချင်ပါတယ်ဆိုတဲ့ပုရိတ်သတ်ကြီးအတွက်ဆော်လမွန်ကိန်း လာပါပြီ။

ဇာတ်လမ်းကျောရိုးလေးကို နားလည်ထားမှ ဇာတ်ကားလေးက ကြည့်ရတာအရသာရှိနေတာကြောင့် တင်ပြလိုပါတယ်။

တစ်ချိန်တုန်းက ကမ္ဘာကြီး မိစ္ဆာအမှောင်ထုရဲ့ ကြီးစိုးမှု့အောက်ရောက်ရှိခဲ့ပါတယ်မှော်ဆရာတွေ မိစ္ဆာတွေ မကောင်းဆိုးရွားတွေ သူတစ်လူ ငါတစ်မင်းသောင်းကျန်းချင်တိုင်းသောင်းကျန်း နေတဲ့ခေတ်တစ်ခေတ်ပါပဲ။အားလုံးက အတည်တကျမဖြစ် ကျီးလန့်စာစားနေနေကြရပါတယ်။

ကိုယ့်ကိုယ်ကိုမပြောနဲ့ ကိုယ့်ဝိဉာဉ်ကိုယ်တောင်မပိုင်တဲ့ ခေတ်ကြီးပါပဲ။ဝိဉာဉ်ကို မိစ္ဆာတွေနဲ့ အလဲထပ် အလောင်းစားလုပ်လို့ရနေပြီး ကတိဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။ဆော်လမွန်ကိန်းတစ်ယောက် ဖခင်ရဲ့စေတနာကို နားလည်မှု့လွဲပြီး ဆန့်ကျင်ဘက်တွေလုပ်ရာမှသူ့ဝိဉာဉ်ကို မိစ္ဆာနဲ့အလောင်းစားလုပ်ပြီး ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေခဲ့ပါတယ်။ 

မိစ္ဆာကလည်း အချိန်စေ့တာကတစ်ကြောင်း မနိုင်တော့တာလဲတစ်ကြောင်းမို့ ဝိဉာဉ်ပြန်လာနှုတ်ပါတယ်…

Movie link ➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
10👍1
D-y-l-a-n D-o-g (2010)

ဒီဇာတ်လမ်းကတော့ Italian Supernatural horror တစ်ကားဖြစ်ပြီး လူသားလောကနဲ့ ဇွန်ဘီ၊ ဗန်ပိုင်းယား၊ သမန်းဝံပုလွေတွေ စုနေတဲ့ သေလူအမျိုးအစားလောကကြားက အမှုတွေကို လိုက်စုံစမ်းစစ်ဆေးပေးရတဲ့ စုံထောက် Dylan Dog ရဲ့ လျှိဝှက်ဆန်းကြယ်အမှုတွေအကြောင်းကို သဲထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

တစ်နေ့မှာ သူ့ရဲ့အမှုဖြေရှင်းသူ လက်တွဲဖော်ဖြစ်တဲ့ သူ့သူငယ်ချင်း Marcus က ဇွန်ဘီအကိုက်ခံရပြီး  ဇွန်ဘီတစ်ကောင်ဖြစ်သွားတဲ့အချိန်မှာတော့ သူ့ရဲ့အမှုနောက်ကွယ်က လျှိဝှက်ဆန်းကြယ်တဲ့ မကောင်းဆိုးဝါးကို လိုက်ဖမ်းပြီးအဖြေရှာဖို ကြိုးစားပါတော့တယ်။

အခုမှ ဇွန်ဘီအသစ်လေးစဖြစ်တဲ့  သူ့သူငယ်ချင်း Marcus နဲ့ အခွီတွေကို dark humor နှောပြီးကြည့်ရမဲ့အပြင် သေလူလောကကြားက စွန့်စားခန်းတွေကို Psychological depth နဲ့ ကောင်းကောင်းကြည့်ရှုရမဲ့ သဘာဝလွန်ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။


Movie link ➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
4
M*a*n o*n th*e Ed*ge (2013)

IMDb Rating (6.6)

ဂိုဏ်းစတားဟာသကားတွေကို ပိုင်ပိုင်နိုင်နိုင်ရိုက်ပြနိုင်တဲ့ My Wife Is a Gangster ရုပ်ရှင်တွေရဲ့
ဒါရိုက်တာကြီး Jo Jin Kyu ရဲ့ IMDb 6.6 ရှိတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ကြည့်ရှုနိုင်အောင်
တင်ဆက်ပေးလိုက်ပါတယ်။ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ Lovers In Paris ဇာတ်လမ်းတွဲက
မင်းသားကြီး Park Shin Yang နဲ့အတူ နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်တွေဖြစ်တဲ့ Kim Jung Tae,
Uhm Ji Won နဲ့ Jung Hye Young တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်…။

ဇာတ်လမ်း အနှစ်ချုပ်ကိုပြောပေးရမယ်ဆို…
ဂွမ်ဟို (Park Shin Yang) ဟာဆိုရင် အင်အားကြီးမားတဲ့ဂိုဏ်းစတားအဖွဲ့က ဥက္ကဌကြီးရဲ့ ညာလက်ရုံးပဲ
ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဂွမ်ဟိုဟာ ထူးဆန်းတဲ့ အတွေ့အကြုံတွေ ကြုံတွေ့နေရလို့ နတ်ဝင်သည်ဆီ
သွားပြီး သူ့ကို မကောင်းဆိုးဝါးနှင်ပေးဖို့ ပြောပါတော့တယ်။ ဒါပေမဲ့ နတ်ဝင်သည်ကြီးရဲ့ စကားအရ
ဂွမ်ဟိုရဲ့ ကံကြမ္မာက လူတွေကို ကူပေးဖို့ နတ်ဝင်သည်ဖြစ်ရမယ့် ကံကြမ္မာဖြစ်ပါတယ်တဲ့။
ဂိုဏ်းစတားတစ်ယောက်က ဘယ်လိုလုပ် နတ်ဝင်သည်အဖြစ် နေနိုင်မှာလဲနော်…
ဒါပေမဲ့ ဂွမ်ဟိုလည်း မတတ်နိုင်တဲ့အဆုံး နတ်ဝင်သည်လုပ်လိုက်ရပါတော့တယ်။
လူတွေကိုရိုက်နှက်ရတဲ့အလုပ်ဖြစ်တဲ့ ဂိုဏ်းစတားအလုပ်၊ လူတွေကို ကူညီရတဲ့အလုပ်ဖြစ်တဲ့ နတ်ဝင်သည်အလုပ်…
ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဒီအလုပ်၂ခုကြားမှာ ဂွမ်ဟို ဘယ်လိုရှေ့ဆက်မလဲဆိုတာ ကြည့်ရှုခံစားကြည့်ပါနော်။
ဟာသလေးလည်းနှောထားတဲ့အတွက် ပေါ့ပေါ့ပါးပါး ကြည့်ရှုချင်တဲ့သူတွေအတွက် သင့်လျော်တဲ့ ဇာတ်လမ်းကောင်းတစ်ခုပါပဲ။


Movie link
➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
5
(မိသားစုနဲ့ကြည့်ရှုဖို့ မသင့်လျော်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ကြောင်း ကြိုတင်သတိပေးပါ‌ရစေ။)
 
ဒီတစ်ခါမှာတော့ မင်းသမီးကြီး Kim Hye Soo, မင်းသားကြီး Lee Sun Kyunနဲ့ Lee Hee Joonတို့
အဓိကပါဝင်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

ဇာတ်လမ်းကတော့…. နာဟျွန်းဂျောင် (Kim Hye Soo) ဟာ တရားမဝင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့
ဂျယ်ချောလုပ်ငန်းစုရဲ့ အတွင်းရေးမှူးဖြစ်ပြီး သူမ ထောင်ကျခဲ့တုန်းက ထောင်မှာ သားလေးတစ်ယောက်
မွေးဖွားခဲ့ဖူးတယ်ဆိုတဲ့ လျှို့ဝှက်ချက်ရှိသူလည်း ဖြစ်ပါတယ်။

အင်ဆန်းဟွန်း (Lee Sun Kyun)ကတော့ အဖွဲ့အစည်းရဲ့ ပြဿနာ‌တွေကို ဖြေရှင်းပေးတဲ့သူဖြစ်တဲ့အပြင်
နာဟျွန်းဂျောင်အတွက်ဆိုရင် ဘာမဆိုလုပ်ရဲပြီး သူမကို တစ်ဖက်သတ်ချစ်နေတဲ့သူပါ။
တစ်နေ့မှာတော့ နာဟျွန်းဂျောင်ရဲ့ လျှို့ဝှက်ချက်ကို သူမကို လက်စားချေချင်နေတဲ့
အမှုစစ်ချွဲဒယ်ရှစ် (Lee Hee Joon) က  စုံစမ်းသိရှိသွားပြီး အဲဒီအမှန်တရားကို မသိသေးတဲ့
အင်ဆန်းဟွန်းကို ပြောပြလိုက်ပါတော့တယ်..

ဒါကြောင့်ပဲ အင်ဆန်းဟွန်းတစ်ယောက် သစ္စာဖောက်ခံရတဲ့ ခံစားချက်ဝင်သွားပြီး
အမှုစစ်ချွဲဒယ်ရှစ်နဲ့ ပူးပေါင်းကာ နာဟျွန်းဂျောင်နဲ့ သားဖြစ်သူကို မကောင်းကြံပါတော့တယ်…
ဒီလိုအခက်အခဲတွေကြားကနေ နာဟျွန်းဂျောင်တစ်ယောက် သားဖြစ်သူကို ဘယ်လိုကာကွယ်ပေးသွားမလဲ…

အမျိုးသမီးတစ်ယောက်ရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ မိခင်မေတ္တာကိုပါဖော်ပြထားတဲ့
အက်ရှင်ကားကောင်းမို့လို့ ညွှန်းပေးလိုက်ပါတယ်…

 
Movie link ➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
6
မင်းသားကြီး ဂျက်ကီချမ်းရဲ့
ဇာတ်ကားသစ်

U_n-e_x-p_e-c_t-e_d Fa*mi*ly (2026)
=====================
သူစိမ်းမိသားစု

ဒါကတော့ ကမ္ဘာကျော်အက်ရှင်မင်းသားကြီးဂျက်ကီချန်းနဲ့ လူငယ်မင်းသားချော Peng Yuchang တို့ ပထမဆုံးအကြိမ် လက်တွဲရိုက်ကူးထားပြီး ပုံမှန် ဂျက်ကီချန်းကားတွေလို အက်ရှင်သက်သက်မဟုတ်ဘဲ မိသားစုမေတ္တာနဲ့ ဘဝအဓိပ္ပာယ်ကို ဖော်ကျူးထားတဲ့ Drama အမျိုးအစားဖြစ်လို့ လက်မလွတ်တမ်းကြည့်သင့်ပါတယ်ခင်ဗျာ

"သွေးမတော် သားမစပ်ပေမဲ့ တစ်အိမ်တည်းနေတဲ့ သူစိမ်းမိသားစု"

ဇာတ်လမ်းအကျဉ်း

နေရပ်နဲ့ဝေးရာမှာ လာရောက်အခြေချနေထိုင်ပြီး ပိုက်ဆံလည်း သိပ်မရှိတဲ့ လူငယ်လေး Zhong Bufan တစ်ယောက်ဟာ တစ်နေ့မှာ အိမ်ပိုင်ရှင်အဘိုးအို Ren ရဲ့ သတိမေ့တတ်တဲ့ရောဂါကြောင့် သူ့ကို နှစ်ပေါင်းများစွာ ခွဲခွာနေတဲ့ သားအရင်းလို့ မှားယွင်းမှတ်ယူသွားပါတော့တယ်

ပိုက်ဆံအခက်အခဲရှိနေတဲ့ Bufan ဟာ ဒီအခြေအနေကို အသုံးချပြီး အိမ်မှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ရပါတယ် ဒီလိုနဲ့ အိမ်ငှားဖြစ်သူ Su Xiaoyue အိမ်ခြံမြေအကျိုးဆောင် Jia နဲ့ အိမ်နီးချင်း Jin တို့က အဘိုးအို Ren ရဲ့ အိမ်ခေါင်မိုးအောက်မှာ မိသားစုဝင်တွေအဖြစ် ဟန်ဆောင်ပြီး အတူတူ နေထိုင်လာကြပါတော့တယ်

သွေးမတော် သားမစပ်ပေမဲ့ တစ်အိမ်တည်းသားတွေဖြစ်လာကြတဲ့ သူတို့တစ်သိုက် အဘိုးအိုရဲ့ ခဏခဏ ဖောက်တတ်တဲ့ သတိမေ့ရောဂါကို ဘယ်လိုရင်ဆိုင်ကြမလဲ နောက်ဆုံးမှာ အဘိုးအို Ren နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြီးက ဘာဖြစ်မလဲဆိုတာကို  အားပေးကြည့်ရှုလို့ရပါပြီ

မင်းသားကြီး Jackie Chan ရဲ့ အက်ရှင်မဟုတ်ဘဲ သရုပ်ဆောင်ပိုင်းကို အားပြုထားတဲ့ "နူးညံ့တဲ့ အဘိုးအို" ပုံစံကို မြင်တွေ့ရမှာဖြစ်သလို လူငယ်မင်းသား Peng Yuchang နဲ့ သူတို့ကြားက သူစိမ်းသားအဖ ဆက်ဆံရေး ပုံဖော်ချက်တွေက ရယ်လည်းရယ်ရသလို ရင်လည်း နင့်စေမှာပါအထူးသဖြင့် ဝူဟန့်ဒေသစကားနဲ့ ရိုက်ကူးထားလို့ ဒေသန္တရအငွေ့အသက်ကိုလည်း ခံစားရမှာ ဖြစ်ပါတယ်နော်


Movie link ➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
21👍2
Ho*no*ur (20 26)

Ep-1 to 8 ရပါပြီ

ဒီတစ်ခေါက်မှာတော့ မင်းသား Wonတင်ဆက်ပေးလိုက်ပါတယ်။ Bin ရဲ့ ချစ်ဇနီးလေးဖြစ်ပြီး Romance Is a Bonus Book မှာ
Lee Jong-Suk နဲ့ အရမ်း အတွဲညီခဲ့တဲ့ မင်းသမီး Lee Na-Young ၊ Jeongnyeon: The Star is Born ထဲက Jung Eun-Chae ၊ My Dearest ထဲက Lee Chung-Ah စတဲ့ မမလှလှသုံးယောက်ကို
အတူတူ မြင်တွေ့ရမဲ့ ရှေ့နေစီးရီးသစ်လေးကို

- ဇာတ်လမ်းအကျဉ်း -

ယွန်းရာယောင်း (Lee Na-Young) ၊ ဂန်ရှင်းဂျယ် (Jung Eun-Chae) ၊
ဟွမ်ဟျွန်းဂျင် (Lee Chung-Ah) တို့ သုံးဦးဟာ တက္ကသိုလ်ကတည်းက ခင်မင်လာခဲ့ကြတဲ့
သူငယ်ချင်းတွေ ဖြစ်ကြပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ကျူးလွန်ခံရတဲ့ ည်ပေါ်ပေါက်လာပြီး
အထူးသီးသန့်ဥပဒေရုံးဖြစ်တဲ့  "Listen&Join" မှာ ရှေ့နေများအဖြစ် အတူတူ လုပ်ကိုင်နေကြပါတယ်။

သူငယ်ချင်းသုံးဦးအတူ နစ်နာသူတွေအတွက် ရှေ့နေလိုက်ပေးရင်းကနေ အနှစ် ၂၀ ကြာ
လူမသိအောင် ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်က တစ်စ တစ်စ ပြန်လည်ပေါ်ပေါက်လာပြီး
သူတို့သုံးဦးရဲ့ ဘဝတွေ စတင် လှုပ်ခတ်လာတဲ့အခါမှာတော့...

ဖုံးကွယ်ထားချင်တဲ့ အတိတ်နဲ့ ခြောက်လှန့်လာတဲ့ ရန်တွေကြားကနေ နစ်နာသူတွေရဲ့ ဂုဏ်သိက္ခာကို
ပြန်ဆယ်ပေးဖို့အတွက် သူငယ်ချင်းသုံးဦး ဘယ်လိုမျိုး အံကြိတ်တိုက်ပွဲဝင်သွားမလဲဆိုတာကို
အပတ်စဉ် တနင်္လာ ၊ အင်္ဂါနေ့တိုင်း စောင့်ကြည့်ကြစို့နော်။

Movie link
➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
10
Dh*aa*ka*d (2022)

အထူးအေးဂျင့် အက်ဂါနီနဲ့ အဖွဲ့ဝင်နောက်တစ်ယောက်တို့ဟာ မစ်ရှင်တစ်ခုထမ်းဆောင်ဖို့ စတင်လှုပ်ရှားခဲ့တယ်လျှို့ဝှက်လုပ်ဆောင်တယ်ဆိုပေမဲ့ သတင်းပေါက်ကြားသွားပုံကြောင့်အက်ဂါနီတို့ ၂ယောက်ကို စစ်တပ်တစ်တပ်စာလောက်ကအသင့်စောင့်နေလို့အဖွဲ့ဝင်တစ်ယောက်သေဆုံးသွားတယ်။

ဌါနချုပ်က အက်ဂါနီကို မစ်ရှင်ဖျက်သိမ်းဖို့ အမိန့်ပေးခဲ့ပေမဲ့အက်ဂါနီက ရူးမိုက်စွာ ဆက်လုပ်ခဲ့တဲ့အပြင် မလိုအပ်ဘဲ လူများစွာသတ်ဖြတ်ခဲ့တယ်ဒီအခြေအနေကို ဌါနချုပ်က သူတွေလည်းအတော်စိတ်ပျက်သွားတယ်။

အဲ့ဒီနောက်မှာတော့ အေးဂျင့်အက်ဂါနီကို လုံးဝခက်ခဲတဲ့ တာဝန်တစ်ခုထမ်းဆောင်ဖို့ သီးခြားစေလွှတ်လိုက်တယ်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့မင်းသမီးကြီး Kangana Ranaut အဓိက ပါဝင်ထားသလို စတန့်ခန်းတွေလည်း သူကိုယ်တိုင်ပါဝင်ထားပြီး

အဖော်အချွတ် မူးယစ်ဆေး စတဲ့ အိန္ဒိယ သိပ်မဆန်တဲ့ ဇာတ်ဝင်ခန်းများစွာနဲ့ သူမရဲ့ ပြင်ပလူနေမှုပုံစံက ဒီရုပ်ရှင်ရဲ့ Rating အပေါ်သက်ရောက်မှုရှိခဲ့ပုံပါပဲ..

မင်းသားကြီး Arjun Rampal လည်းပါဝင်ပွဲကြမ်းထားတာမို့ ဘာပဲဖြစ်ဖြစ် အမိုက်စားအက်ရှင်တွေနဲ့ တမူထူးတဲ့ တင်ဆက်ပုံတွေကြောင့် ခံစားကြည့်ကြပါလို့..


Movie link ➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
7🥰1
ဘယ်နိုင်ငံကိုမဆို လူလိုက်သတ်ပေးတဲ့ ကြေးစားလူသတ်သမား အချောလေး.....

Ep-1 to 8
[အစ-အဆုံး]

အခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲအသစ်လေးကတော့
Action ကားကြိုက်သူတွေနဲ့ မှုခင်းရေးရာအဖြစ်အပျက် ဇာတ်ကားတွေကိုနှစ်သက်ကြသူတွေ သဘောတွေ့စေမဲ့  Action Thriller ဇာတ်လမ်းတွဲအသစ်လေးပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲလေးထဲမှာတော့ ကျွန်တော်တို့ အကုန်လုံးသိပြီးသား
မင်းသား မင်းသမီးကြီးတွေဖြစ်ကြတဲ့
Jo Jin Woong၊ Yoo Jae Myung၊
Yeom Jung Ah၊ Kim Mu Yeol၊ Lee Kwang Soo၊ Kim Sung Chul တို့နဲ့အတူထိုင်ဝမ်က နာမည်ကြီးမော်ဒယ်မင်းသား Greg Hsu က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့...
ရက်စက်လှတဲ့ပြစ်မှုကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်တဲ့ဂင်ဂုဟို (Yoo Jae Myung) ဟာ ထောင်ထဲမှာ 13နှစ်ကြာ အပြစ်ဒဏ်ခံယူပြီးလွတ်မြောက်လာတဲ့အခါ မျက်နှာဖုံးစွပ်ပြီး ဆုံလည်ကိုလှည့်ကာ ပစ်မှတ်ကိုရွေးတတ်တဲ့အမည်မသိသူတစ်ယောက်က ဂင်ဂုဟိုရဲ့ ခေါင်းကို ဖြတ်ပြီး သတ်နိုင်တဲ့သူကိုဝမ် 15 ဘီလီယံပေးမယ်လို့ ပြည်သူလူထုကို ကမ်းလှမ်းခဲ့ရပါတယ်။

ဂင်ဂုဟိုဟာ ရှေ့နေအီဆန်ဘုံး (Kim Mu Yeol) ကို သူ့တရားရေးရာဆိုင်ရာပြောခွင့်ဆိုခွင့်ရှိသူတစ်ယောက်အဖြစ်ခန့်အပ်ခဲ့ပြီး စုံထောက်ဘဲ့ဂျုံရှစ် (Jo Jin Woong) ဟာ ထိုရာဇဝတ်သားဂင်ဂုဟိုကို ပိုက်ဆံရရင် ဘာမဆိုလုပ်မယ်ဆိုတဲ့သူတွေရဲ့လက်ထဲကနေ လွတ်မြောက်အောင် ဘယ်လိုကယ်တင်သွားမလဲ။

တစ်ဖက်မှာလည်း ပိုက်ဆံတွေ ဆုံးရှုံးထားတဲ့ သားသတ်သမားယွန်းချန်းဂျယ် (Lee Kwang Soo) ကရော သူ့ပိုက်ဆံတွေပြန်ရဖို့ ဘယ်လိုလုပ်ကိုင်သွားမလဲ..။ဘယ်လိုအခြေအနေတွေထဲ ပါဝင်သွားမလဲဆိုတာကိုတော့အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။


Movie link ➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
67🥰5👍4🤔4
Lo*st Ho*ri*zo*n (2025)

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Patrick Garcia ရိုက်ကူးထားတဲ့ စစ်ပွဲ၊ အက်ရှင်နဲ့ စွန့်စားခန်း ( War, Action, Adventure) အမျိုးအစား ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းချုပ်
+++++++++++++++++++

ဒီဇာတ်လမ်းမှာတော့ စစ်သားဟောင်း တစ်ယောက်အကြောင်းကို အဓိကထား ရိုက်ကူးထားတာပါ သူဟာ တစ်ကိုယ်တော် အငှားလိုက် လုပ်ကိုင်သူ တစ်ယောက် အဖြစ် လုပ်ကိုင်နေတာပါ။

သူ့ရဲ့ တာဝန်ကတော့ စစ်ပွဲတွေကြောင့် စုတ်ပြတ်သတ် နေတဲ့ နယ်မြေတစ်ခုမှာ ပိတ်မိနေတဲ့ အပြစ်မဲ့ပြည်သူ တွေကို ကယ်ထုတ်ဖို့ပါ ဒီလို ကယ်တင်ဖို့ ကြိုးစားရင်း ရက်စက်ကြမ်းကြုတ်တဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရသလို မမျှော်လင့်ထားတဲ့ သစ္စာဖောက်မှုတွေကိုလည်း ကြုံတွေ့ရပါ တယ်။

နောက်ဆုံးမှာတော့ သူဟာ အသက်ရှင်ရပ်တည်ရေး ၊ တရားမျှတမှု ရရှိရေးနဲ့ သူ့ဘဝရဲ့ အပြစ် တွေကို ပြန်လည်ပေးဆပ်ဖို့အတွက် အစွမ်းကုန် ရုန်းကန်တိုက်ခိုက်ရမယ့် စစ်ပွဲအက်ရှင်ကားတစ်ကား ဖြစ်ပါတယ်။


Movie link
➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
5
Th*e Ch*as*e (2017)

ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် အချိန်ပေးရတန်ပြီး plot twist တွေပါတဲ့ Thriller, Mystery ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအညွှန်း .....

အာရီဒုံမှာ တိုက်ခန်းပိုင်ဆိုင်ထားတဲ့ ရှင်းဒေါ့ဆူ (Baek Yoon-Sik ) ဟာ အိမ်ငှားတွေကို အိမ်လခ မညှာမတာ တောင်းတတ်တဲ့ မျက်နှာထားဆိုးတဲ့ အိမ်ပိုင်ရှင်ဆိုပြီး  နာမည်ကြီးဆိုးနဲ့ ကျော်ကြားသူပါ ။

တစ်နေ့မှာတော့ သူတို့ရပ်ကွက်ထဲက လူကြီးတွေ တစ်ယောက်ပြီးတစ်ယောက် မတော်တဆဖြစ်ပြီး သေသူကသေ ပျောက်သူက ပျောက်နဲ့  ဖြစ်လာပါတယ် ။

ဒီအချိန်မှာပဲ ဘတ်ဖြောင်းဒါလ် (Sung Dong-Il) ဆိုတဲ့ စုံထောက်ဟောင်း တစ်ယောက်က ရုတ်တရက် ရှင်းဒေါ့ဆူနဲ့ ဆုံမိရာကနေ 

လူကြီးတွေ သေဆုံးမှုက မတော်တဆ လူသေမှုဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းကလိုပဲ ကွင်းဆက်လူသတ်မှုဖြစ်ကြောင်းပြောပြီး  အမှုကို အတူစုံစမ်းဖို့ ရှင်းဒေါ့ဆူကို ကမ်းလှမ်းလာတဲ့အခါမှာတော့ ....

ပိုက်ဆံတစ်မျက်နှာပဲကြည့်ပြီး မျက်နှာထားဆိုးတဲ့ ရှင်းဒေါ့ဆူ တစ်ယောက် အတူပူးပေါင်းပြီး တရားခံကို ရှာသွားမလား .....

လွန်ခဲ့တဲ့ နှစ် ၃၀ က အမှုနဲ့ရော ဘယ်လိုတွေ ဆက်စပ်နေမလဲဆိုတာကို  .... ဟာသနှောပြီး ရိုက်ကူးထားတဲ့ ကားကောင်းလေးဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးနော်။


Movie link ➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
11
Th*is-Ci*ty-I*s-a-Ba*tt*le*fi*el*d (2025)
===============================
IMDb Rating (6.4)

ဇာတ်လမ်းကို ၁၉၄၆ ဒုတိယကမ္ဘာစစ်အပြီး ဂျကာတာမြို့မှာ အခြေတည်ထားတာဖြစ်ပါတယ်။ ဂျပန်တွေထွက်ခွာသွားပြီဆိုပေမယ့် နယ်ချဲ့ဒတ်ချ်တွေက အင်ဒိုနီးရှားကိုပြန်ပြီးသိမ်းပိုက်ဖို့ကြိုးစားနေတဲ့ကာလပါ။

အီဆာက ကျောင်းဆရာတစ်ဦးဖြစ်ပေမယ့် တစ်ဖက်က တော်လှန်ရေးသမားတစ်ယောက်လည်းဖြစ်ပါတယ်။ စစ်အတွင်းကာလဖြစ်တဲ့အတွက် ကျောင်းသားမိဘတွေကျောင်းကိုမလွှတ်ရဲကြတာကြောင့် ဝင်ငွေမရသလိုတစ်ဖက်အလုပ်ကလည်း ဝင်ငွေမရတဲ့အလုပ်ဖြစ်နေတော့ အီဆာဟာ အိမ်ထောင်ဦးစီးတာဝန်မကျေပွန်သလိုခံစားနေရပြီးစစ်အတွင်းရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် ပန်း‌​ေသပန်းညှိုးရောဂါကိုခံစားနေရတဲ့ သူဟာ လင်ယောက်ျားတစ်ယောက်ရဲ့စွမ်းဆောင်ရည်အတွက်ပါ သောကရောက်နေရပါတယ်။

သူ့ဇနီးဖြစ်သူကတော့ သူ့အလုပ်အတွက်ဂုဏ်ယူပြီး သူ့ချို့ယွင်းချက်တွေကိုနားလည်ပေးပေမယ့် တစ်ခါတစ်လေတော့ သာမန်လူသားတစ်ယောက်ပီပီထွက်ပေါက်ရှာချင်တတ်ပါတယ်။ ဒီဇာတ်ကားမှာတော့အီဆာကိုအခြေတည်ထားပြီး ဖြစ်ပျက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့အခင်းအကျင်း၊ မြို့ပြပျောက်ကျားစစ်ပွဲရဲ့ရက်စက်မှုတွေ၊ ဒီအခြေအနေကနေလွတ်မြောက်မှုအတွက် ကြိုးစားအားထုတ်မှုတွေကိုရှုစားရမှာဖြစ်ပါတယ်။

(အင်ဒိုနီးရှား၊ စင်ကာပူ၊ နယ်သာလန်၊ ပြင်သစ်) အစရှိတဲ့နိုင်ငံတွေနဲ့ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပြီး Production Design၊ နောက်ခံတေးဂီတ၊ သရုပ်ဆောင်မှုတွေဟာ ထိပ်တန်းအဆင့်မှာရှိနေတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးတွေမှာ တင်ဆက်ပြသခဲ့တဲ့လက်ရာမြောက်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

(ဇာတ်လမ်းအနေအထားအရ လင်မယားနှစ်ယောက်ကြားက အိပ်ခန်းတွင်းပြဿနာ၊ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကိုအတွင်းကျကျဖော်ပြထားတဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပါရှိပါတယ်။)

Movie link ➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
10👍1
Sh*el*te*r (20 26)
===============
IMDb Rating (6.4) / Rotten Tomatoes (64%)

Jason Statham ရုပ်ရှင်အသစ်လာပါပြီ။ အသစ်ဆိုပေမဲ့ အဟောင်းတွေလိုပါပဲ။ တစ်ယောက်တည်းနဲ့ အကုန်လုံးကိုချမှာပါ။ ဒီတစ်ခေါက်တော့ အမ်အိုင် ၆ တစ်ဖွဲ့လုံး နဲ့ ကြေးစားတွေအကုန်လုံးကို တစ်‌ယောက်တည်း တီးမှာပါ။ ကြည့်နေတဲ့သူတွေကိုပါ ထွက်တီးနိုင်ပါတယ်။

ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းကတော့ စကော့တလန်က လူသူဝေးတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ တစ်ယောက်တည်း အေးအေးဆေးဆေး နေထိုင်နေတဲ့ Michael Mason (Statham) ဆိုတဲ့ လူတစ်ယောက်အကြောင်းပါ။ သူက အရင်က အစိုးရရဲ့ ထိပ်တန်းလူ-တ်သမားဟောင်းတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ပြင်းထန်တဲ့ မုန်တိုင်းတစ်ခုကြောင့် ဒုက္ခရောက်နေတဲ့ ဂျက်ဆီဆိုတဲ့ ကောင်မလေးကို သူက ကယ်တင်လိုက်မိရာကနေ ဇာတ်လမ်းက စတာပါပဲ။

ဒီလို ကယ်တင်လိုက်ရာကနေ သူ့ရဲ့ တည်နေရာကို ရန်သူတွေ သိသွားပြီးနောက်မှာတော့ မေဆင် တစ်ယောက် ကောင်မလေးကို ကာကွယ်ရင်းနဲ့ သူ့ကို သတ်ဖို့ လိုက်နေတဲ့ MI6 အေးဂျင့်တွေ၊ ကြေးစားတွေနဲ့ တစ်နိုင်ငံလုံး အနှံ့ ပြေးလွှားတိုက်ခိုက်ရပါတော့တယ်။

ဒါရိုက်တာ Ric Roman Waugh (Greenland ဒါရိုက်တာ) က ရိုက်ထားတာဖြစ်လို့ အက်ရှင်ခန်းတွေက ခပ်ကြမ်းကြမ်းနဲ့ ကြည့်ကောင်းပါတယ်။ အထူးသဖြင့် Statham ရဲ့ တိုက်ခိုက်ခန်းတွေက ပရိသတ်အကြိုက် ဖြစ်ဦးမှာပါ။

Jason Statham ရဲ့ အကြမ်းစား အက်ရှင်တွေကို ကြည့်ချင်တဲ့သူတွေအတွက်တော့ ဒီကားက လက်မလွှတ်သင့်တဲ့ကားပါ။ အထူးအဆန်း မဟုတ်ပေမဲ့ အပန်းဖြေရင်းနဲ့ ကြည့်ဖို့အတွက်တော့ အဆင်ပြေတဲ့ Action Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။


Movie link
➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
17
Our Universe (2026)

Ep-1 to 7 ရပါပြီ

ဒီတစ်‌ခေါက်မှာတော့ "Cheer Up" ဇာတ်ကားမှ မင်းသား Bae In Hyuk, "Crushology 101" ဇာတ်ကားမှ
မင်းသမီး Roh Jeong Eui နဲ့ "Semantic Error" မှ မင်းသား Park Seo Ham, ကလေးလေး Park Yu Ho တို့
အဓိကပါဝင်ထားတဲ့ အချစ်ဟာသဇာတ်ကားသစ်လေးက ပရိသတ်တွေဆီကို ရောက်ရှိလာပါပြီ။

ဇာတ်လမ်းကတော့

ဆွန်းထယ်ဟျောင်း (Bae In Hyuk)တကျက်ကျက်ရန်ဖြစ်နေကြသူတွေပါ။ ဟာ အပြင်ပန်းကြည့်ရင် အေးတိအေးစက်နိုင်ပေမဲ့ စိတ်ရင်းနွေးထွေးတဲ့
လက်ထောက်ဓာတ်ပုံဆရာတစ်ဦးဖြစ်ပြီး အူဟျွန်းဂျင် (Roh Jeong Eui) ကတော့ သာမန်ဘဝလေးတစ်ခုကို
ပိုင်ဆိုင်ချင်တဲ့ အလုပ်ရှာဖွေနေသူပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ခမည်းခမက်တော်စပ်ကြပေမဲ့ တွေ့လိုက်တာနဲ့ 

ဒါပေမဲ့ တစ်နေ့မှာ မထင်မှတ်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် ထယ်ဟျောင်းရဲ့ အစ်ကိုနဲ့ ဟျွန်းဂျင်ရဲ့ အစ်မတို့
ဆုံးပါးသွားပြီး ကျန်ရစ်ခဲ့တဲ့ ၂၀ လသားအရွယ် သူတို့ရဲ့ တူလေး ဆွန်းအူဂျူ (Park Yu Ho) ကို ပြုစုစောင့်ရှောက်ဖို့အတွက်
ထယ်ဟျောင်းနဲ့ ဟျွန်းဂျင်တို့ဟာ တစ်အိမ်တည်းမှာ မတည့်အတူ နေကြရပါတော့တယ်။

ကလေးထိန်းရတဲ့ အခက်အခဲတွေကို အတူတူရင်ဆိုင်ပြီး သူတို့ကြားက နားလည်မှုလွဲတာတွေကို ဖြေရှင်းရင်း သံယောဇဉ်တွေ
ဘယ်လိုကြီးထွားလာမလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်လို့ အပတ်စဉ် စောင့်ကြည့်လိုက်ကြပါဦးနော်။


Movie link
➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
6🤩1
Bloody Flower (2026)

Ep-1 to 8
[အစ-အဆုံး]ရပါပြီ

ဒီဇာတ်ကားသစ်လေးက‌တော့ စာရေးဆရာ Lee Dong Geonရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ "The Flower of Death" ကိုအခြေခံရိုက်ကူးထားပြီး "ရက်စက်တဲ့လူသတ်သမားလား ဒါမှမဟုတ် လူသားမျိုးနွယ်ကိုကယ်တင်မယ့် ကယ်တင်ရှင်လား"ဆိုတဲ့ မေးခွန်းထုတ်စရာတွေနဲ့ ပရိသတ်ကိုဆွဲဆောင်သွားမယ့် Crime, Thriller အမျိုးအစား ဇာတ်ကားပဲ ဖြစ်ပါတယ် ..

Cast တွေအဖြစ် "Reply 1988"မှာ ဒေါ့ဆွန်းရဲ့အဖေအဖြစ်ပါဝင်ခဲ့တဲ့ မင်းသားကြီး Sung Dong-il, "Twinkling Watermelon"ဇာတ်ကားမှ မင်းသား Ryeoun နဲ့ "Youth of May "ဇာတ်ကားမှ မင်းသမီး Keum Sae Rok တို့က အဓိကပါဝင်ထားပါတယ် ..

ဇာတ်လမ်းကတော့ ..

ဆေးကျောင်းထွက် အီအူဂယောင်း (Ryeoun)ဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ပေမဲ့ ကုသလို့ မရနိုင်တဲ့ရောဂါတွေကိုတောင် ပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ ထူးခြားတဲ့ဆေးပညာပါရမီရှင်တစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။

ရှေ့နေဘတ်ဟန်ဂျွန်း (Sung Dong-il)ကတော့ ဦးနှောက်အကျိတ်ရောဂါကိုခံစားနေရတဲ့ သူ့ရဲ့သမီးလေးကို ကုသပေးနိုင်ဖို့အတွက် အီအူဂယောင်းကို အစွမ်းကုန်ကာကွယ်ပေးချင်နေသူပါ။

အမှုစစ်ချာအီယွန်း (Keum Sae Rok)ကတော့ မတရားသေဆုံးခဲ့ရတဲ့ နစ်နာသူတွေအတွက် အီအူဂယောင်းကို သေဒဏ်ပေးဖို့ကြိုးစားနေသူပဲဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်စီဇာတ်လမ်းတွေနဲ့ ဒီလူ၃ယောက်ကြားက တင်းမာမှုတွေက ဘယ်လိုရှေ့ဆက်ဖြစ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ သည်းထိတ်ရင်ဖို စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော် ..

(သွေးထွက်သံယိုများ ပါဝင်သောကြောင့် ကြောက်ရွံ့တတ်သူများ၊ နှလုံးရောဂါရှိသူများနှင့် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါ)


Movie link
➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
8😍1
Ok*am*ur*o-s*a*n (2022)
=====================
 
ဒဏ္ဍာရီလာ ဆာမူရိုင်းမကောင်းဆိုးဝါးလို့ သိထားကြတဲ့ အိုကာမူရို…
သူ့ရဲ့နာမည်ကိုခေါ်ရင် Okamuro လို့ လိုင်းပေါ်မှာရှာရင် ပေါ်လာပြီးတော့
အားလုံးကို ခေါင်းဖြတ်သတ်တတ်တဲ့ မကောင်းဆိုးဝါး…
အိုကာမူရိုကို ပြန်ပျောက်သွားစေချင်ရင် အိုကာမူရို အိုကာမူရို အိုကာမူရိုလို့
၃ ကြိမ်ရွတ်ရတယ်ဆိုတဲ့ယုံတမ်းစကားလေးတစ်ခုရှိတာပေါ့။

ဒါပေမဲ့ ခေတ်အမြင်နဲ့ကြည့်တော့ မကောင်းဆိုးဝါးက အွန်လိုင်းမှာပဲ အက်တစ်ဖြစ်သလိုလို
ဘာလိုလိုနဲ့ ရယ်စရာကြီးဖြစ်နေတော့ လူငယ်တွေကတော့ မယုံကြပါဘူး။
ဒီလိုနဲ့ ဆုဇုတို့သူငယ်ချင်းတစ်စု campထွက်ရင်း သရဲပုံပြင်တွေပြောကြ စနောက်ကြရာကနေ
အိုကာမူရိုယုံတမ်းပုံပြင်လေးကို စမ်းသပ်ဖို့လုပ်ကြပါတော့တယ်။

ဒါပေမဲ့ ထူးဆန်းစွာနဲ့ ကမ့်ပ်ထွက်တဲ့လူတွေအကုန် ထူးထူးခြားခြား ခေါင်းဖြတ်သတ်ခံရပြီး
ဆုဇုတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့ချိန်မှာတော့…

 
Movie link ➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
5🤩1
Ki*ng^do*m (2025)

Vijay Deverakonda ရဲ့ ရုံတင်အက်ရှင်ဇာတ်ကားကြီး ထွက်ရှိလို့ လာခဲ့ပါပြီ။

1920ခုနှစ်မှာ ဗြိတိသျှတွေရဲ့ ရွှေတူးဖော်မှုကြောင့်နဲ့ လူမျိုးနွယ်တစ်စုလုံး ဖျက်ဆီးခံရပြီး သူတို့မျိုးနွယ်စုရဲ့ ဘုရင်ဟာလည်း အသက်ဆုံးပါးသွားခဲ့ရပါတယ်။

ဒီမျိုးနွယ်စုကို ဆက်လက်ရှင်သန်နိုင်ဖို့ မျိုးဆက်သစ်လူငယ်လေးတွေကိုတော့ လူကြီးများဟာ အသက်ပေးကာကွယ်သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ လူငယ်လေးတွေဟာ သူတို့ရဲ့ ဘုရင် သူတို့ဆီ ပြန်လာဖို့ စောင့်မျှော်နေပါတော့တယ်။

၁၉၉၁ ကာလမှာတော့ ဆီဗာနဲ့ ဆူရီဆိုတဲ့ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။ အစ်ကိုကြီးဆီဗာဟာ ငယ်စဉ်အရွယ်မှာတင် ပျောက်ဆုံးသွားခဲ့ပါတယ်။

ညီဖြစ်သူ ဆူရီဟာ သူ့အစ်ကို ကို ရှာဖွေချင်တာနဲ့ ရဲအရာရှိဖြစ်အောင်ကြိုးစားပြီး ရဲအရာရှိဖြစ်လာတဲ့အချိန်မှာလည်း ဆက်တိုက်ဆိုသလို အစ်ကိုဖြစ်သူကို ရှာဖွေလို့နေပါတယ်။

ဒီလိုနဲ့ ဆူရီတစ်ယောက် ကျွန်းတစ်ကျွန်းက အကြမ်းဖက်သမားတွေကို သွားရောက်ဖမ်းဆီးဖို့ အမိန့်ကျလာတဲ့အချိန်မှာတော့ ဆူရီဖမ်းဆီးရမဲ့ အကြမ်းဖက်သမားတွေထဲမှာ သူ့အစ်ကို ဆီဗာပါဝင်နေတာကို တွေ့ရှိလိုက်ရပါတော့တယ်။

တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတဲ့ ညီဖြစ်သူ ဆူရီနဲ့ အကြမ်းဖက်သမားဖြစ်နေတဲ့ ဆီဗာတို့ ညီအစ်ကိုနှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ ……?

အပေါ်မှာ ညွှန်းဆိုခဲ့တဲ့ မျိုးနွယ်စုရဲ့ ဘုရင်နေရာကိုရော ဘယ်သူက ဆက်ခံသွားမလဲ ….? ဆိုတာတွေကို ကြည့်ရှုရမဲ့ အက်ရှင်ဒရာမာကားကောင်းလေးဖြစ်ပါတယ်။


Movie link ➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
18👍5
Do-n't B.u.y the Se*ll*er  (2023)

Shin Hye Sun ရဲ့ ဇာတ်လမ်းအသစ်လေး ထွက်လာပါပြီ၊
Kang Tae Oh ကလည်း စစ်မှုမထမ်းခင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းမို့ အလွမ်းပြေလေး ကြည့်လို့ရပါပြီ

ဒီဇာတ်လမ်းကတော့ သရဲထက်ပိုကြောက်ဖို့ကောင်းတဲ့ လူတွေရဲ့ လောဘစိတ်ကြောင့်ဖြစ်လာတာကို
အခြေခံပြီး ရိုက်ကူးထားတဲ့ Thriller ဇာတ်လမ်းကောင်းကောင်းလေးဖြစ်ပါတယ်

လစာနဲ့လည်ပတ်နေတဲ့ လခစားတွေဆိုရင် ပေါချောင်ကောင်းပစ္စည်းလေးတွေကို ရှာဝယ်တတ်ကြပါတယ်..
ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် ဂျန်ဆူဟျွန်းဟာဆိုလည်း အဝတ်လျှော်စက်ကို
တစ်ပတ်ရစ် website ကနေမှာလိုက်ရာကနေ မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းစလာပါတော့တယ်

တစ်ပတ်ရစ်ဈေးကနေ အလိမ်ခံလိုက်ရပြီးတော့ အဲလူလိမ်ကို ဖော်ထုတ်ဖို့ကြိုးစားရင်းကနေ
ဖုန်းနံပါတ်၊ အိမ်လိပ်စာကစလို့ ကိုယ်ရေးအချက်အလက်တွေ အကုန်ပေါက်ကြားသွားပြီး
အိမ်မှာနေရတာကိုက ထိတ်တလန့်လန့်ဖြစ်နေရပါတော့တယ်

တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ဒုက္ခပေးနိုင်လွန်းတဲ့ အဲလူလိမ်ကို ဂျန်ဆူဟျွန်းက ဘယ်လိုအနိုင်တိုက်မလဲ..
ဖြစ်လာသမျှကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော်


Movie link ➡️➡️➡️    နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️   နှိပ်ပါ
Please open Telegram to view this post
VIEW IN TELEGRAM
7