Myanmar (Republic of the Union of Myanmar)
355 subscribers
1.25K photos
250 videos
9 files
693 links
Download Telegram
Forwarded from Ko Myo Win (Ko Myo Win)
ပြည်ဖျက် မှတ်တမ်းအချို့
===================

ဦးထင်ကျော်
==========

-   ဧည့်စာရင်း ဥပဒေ

-  နယ်ခြားစောင့် စစ်ဆေးရေး ဥပဒေ

-  နောက်ယောင်ခံ စောင့်ကြည့်ရေးဥပဒေ

-  အရေးပေါ် စီမံချက် ဥပဒေ

- မြန်မာနိုင်ငံကို နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ် မှ ကာကွယ်စောင့်ရှောက်ရေးဥပဒေ

( ဒီ ဥပဒေတွေက နိုင်ငံတော်အတွက် ခြံစည်းရိုး နဲ့ CCTV သဖွယ် ဖြစ်နေတဲ့ ဥပဒေတွေပါပဲ ဒါတွေကို ဖျက်သိမ်းလိုကိတာ တိုင်းပြည်ရဲ့ ခြံစည်းရိုး ဖြဲပေးပြီး လုံခြုံရေးဝန်ထမ်းအား မျက်စိအဝတ်စီး စောင့်ခိုင်းခဲ့တာပါပဲ)

- မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ

( ဒီကနေ့ လူငယ် လူကြီး မူးယစ်ဆေး သုံးစွဲမှု မြင့်မားလာတဲ့ အကျိုးဆက်ရဲ့ အခြေခံအကြောင်းကြီးပါပဲ)

ဦး၀င်းမြင့်
=========

- အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့်  ဥပဒေ

( ယခင်က တိုင်းရင်းသား မျိုးနွယ် မိန်းခလေးများ ဘာသာခြား လူမျိုးခြားများနဲ့ လက်ထက်လျှင် အမျိုးဇာတ်ပျက်ပြီဟု ကြေညာကာ မိဘများက အမွေဖြတ်ခွင့်ရှိတဲ့ ဥပဒေ ပါ ။ အဲဒါ ဖယ်ရှားလိုက်လို့ ခင်ဗျားတို့ သမီး ဘယ်လင်ပဲ ယူယူ အချိန်တန်ရင် အမွေစု ဆက်ခံခွင့် ရှိသွားပါပြီ.. ဘယ်သူ့အတွက် ပယ်ဖျက်ခဲ့တာလဲ တွေးကြည့်ပါ)

          
          နဝတ လက်ထက်   ၁၉၉၂ ခုနှစ်မှာ. နယ်စပ်ဒေသ လူ၀င်မှု, စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ် ၊ မောင်တော ( ကျီးကန်းပြင် ) က ထုတ်ပြန်ထားတဲ့ အမိန့်.......
     
-  လက်ထပ်ထိမ်းမြှားခွင့်  စနစ်တကျဖြစ်စေရေး

- လက်ထပ်ထိမ်းမြှားခြင်းများ ခွင့်ပြုရေး

-  ဘင်္ဂလီ လူမျိုးများကွာရှင်းသည့်. ကိစ္စ

- တိုင်းရင်းသား မဟုတ်သည့် လူမျိုးခြားများအား အိမ်ထောင်စုစာရင်းတွင် ဗမာအမည်ဖြင့် ကနဦးမှတ်တမ်းရေးသွင်းသည့်. ကိစ္စ
 
-  ဘင်္ဂလီ လူမျိုးများအား သီးခြား,  အိမ်ထောင်စုရရှိရန်ဆောင်ရွက်လာသည့်ကိစ္စ

- ဘင်္ဂလီ အမည်များအား မြန်မာအမည်တွဲ၍ အသုံးပြုခြင်းကို မပြုရန်ကိစ္စ

          ဆိုပြီး တိုင်းပြည်နဲ့လူမျိုးအတွက် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါတယ် ။

            အဲဒီ အမိန့် ညွှန်ကြားချက်တွေကို 13 - 8 - 2018 နေ့မှာ NLD အစိုးရက ပယ်ဖျက်ပေးခဲ့ပါတယ် ။ ဘယ်သူ့အကျိုးအတွက် ပယ်ဖျက်ခဲ့တာလဲ...? မြန်မာပြည် နဲ့ မြန်မာလူမျိုးများအတွက် မဟုတ်တာ အခါတရာ သေချာပါ၏ ။

            နောက် နိုင်ငံခြားသား ကလေးသူငယ် မွေးစားခွင့် ဥပဒေပြဌာန်းတယ် ။ မိသားစုတခုက နိုင်ငံခြားသား ကလေး ၂ ဦး မွေးစားခွင့်ရှိပြီး အဲဒီ ကလေးတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရမယ်တဲ့ ။ ကလေးသူငယ်ဆိုလို့ နှပ်ချီးတွဲလန်းနဲ့ ရင်ခွင်ပိုက် ကလေးပေါက်စချည်း မြင်မနေနဲ့ အသက် ၁၈ နှစ် ပြည့်ဖို့ တရက်လိုရင်လည်း ကလေးသူငယ်ပဲ ဆိုတဲ့ ဥပဒေကိုလည်း ကြိုပြင်ထားသေးတယ် ။

              ခေတ်အဆက်ဆက် နိုင်ငံတော် လုံခြုံရေးအတွက် နဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ ပြဌာန်းထားတဲ့ ဥပဒေတွေကို NLD လက်ထက်မှာ အကုန်ပယ်ဖျက်ပစ်တယ် ။ ဒါ ဘယ်သူ့အကျိုးစီးပွား အတွက်လဲ...မေးခွန်းထုတ်စရာကို မလိုဘူး ။

            NLD သမ္မတ ၂ ဦးလုံးဟာ မြန်မာစစ်တွေ ဖြစ်ပါတယ် ။ ရုပ်သေးသမ္မတရာထူးအား တပ်မက်ပြီး ဒေါ်စုကြည် ကြိုးဆွဲရာ ကပြရင်း တိုင်းပြည်ဖျက်မိန့်တွေကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြတဲ့ သူတို့ သမိုင်းရိုင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး ။ တရုတ်ပြေးမင်း ၊ အင်းဝဘုရင် နရပတိ ၊  ဟံသာဝတီပါမင်း ၊ သီပေါမင်းတို့ကို ရာဇဝင်မှာ မင်းညံ့တွေ အဖြစ် မှတ်တမ်းတင်ကြသလို ဒီ သမ္မတဟောင်း ၂ ကိုတော့ မင်းယုတ်စာရင်းသွင်းရပါ့မယ် ။

               ဒါကြောင့် နိုင်ငံ နဲ့ လူမျိုးကို တန်ဖိုးထား ချစ်မြတ်နိုးသူတွေ နဲ့ အသိတရားရှိတဲ့ သူတွေက ဒေါ်စုကြည်ကို ချီးထက်ရွံတယ် ။ အမျိုးဂုဏ် ဇာတိဂုဏ်ဆိုတာ ဘာမှန်းမသိတဲ့ လူ့ နလပိန်းတုန်းတွေက ခုထိ ထမီခြုံနေကြတုန်း.....

        ကိုရွှေမျိုးဝင်း

  အချက်အလက် အချို့အား ဗက ကိုကိုဇော်. ( ငြိမ်း) ACC မှ ရယူထားပါတယ် ။
👍54💯1
သတင်းကိုအတည်ပြုကြည့်လိုက်တော့....
အထက်ဖော်ပြပါScreenshot အတိုင်းတွေ့ရပါသည်...

သမ္မတကြီး ထိုင်းသွားပြီးပြန်လာတာတောင် ၂၄နာရီမပြည့်သေးဘူး...

နီပိတ်ပြည်ပြေးတွေ အဖမ်းခံလိုက်ရပြီ...

ဘယ့်နဲ့ရှိစ...
#WN

Aug.8.2026
4
This media is not supported in your browser
VIEW IN TELEGRAM
ဒီလိုနေရာတွေကိုလဲ ရောက်အောင် သွားလှူကြအုံးလေ...ဗျာ
😁
Forwarded from Nay Zin Latt
.


☯️


ဉာဏ်စဉ် (၁၆) ပါး

၁။ နာမရူပပရိစ္ဆေဒဉာဏ် = နာမ်ရုပ်ကို ပိုင်းပိုင်းခြားခြား သိတတ်သောဉာဏ် (= ဒုက္ခသစ္စာကို သိသောဉာဏ်)၊

၂။ ပစ္စယပရိဂ္ဂဟဉာဏ်= နာမ်ရုပ်၏ အကြောင်းတရားကို ပိုင်းခြားယူတတ်သောဉာဏ် (= သမုဒယသစ္စာကို သိသောဉာဏ်)၊

၃။ သမ္မသနဉာဏ် = ယင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု ရှုပွားသုံးသပ်တတ်သော ဉာဏ်၊

၄။ (က) ဥဒယဗ္ဗယဉာဏ် (အနုပိုင်း) (တရုဏဝိပဿနာပိုင်း) = ယင်းသင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ရှုမြင်လျက် အနိစ္စဟု ဒုက္ခဟု အနတ္တဟု ရှုပွားသုံးသပ်တတ်သောဉာဏ်၊
( ခ ) ဥဒယဗ္ဗယဉာဏ် (အရင့်ပိုင်း) (ဗလဝဝိပဿနာပိုင်း) = ဝိပဿနာညစ်ညူးကြောင်း ဥပက္ကိလေသ အညစ်အကြေးတို့မှ လွတ်မြောက်သွားသော, အကြောင်းတရားနှင့် တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရား တို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်ရောက်အောင် ရှင်းရှင်းလင်းလင်း သိမြင်ကာ လက္ခဏာရေး သုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်တတ်သောဉာဏ်၊

၅။ ဘင်္ဂဉာဏ် = (ဉာတ+ဉာဏ အမည်ရသည့်) သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူကာ အနိစ္စ ဒုက္ခ အနတ္တဟု ရှုမြင်တတ်သောဉာဏ်၊

၆။ ဘယဉာဏ် = သင်္ခါရတရားတို့၏ ပြိုပြိုပျက်ပျက်နေသဖြင့် ကြောက်လန့်ဖွယ်ကောင်းသည့် သဘောကို အာရုံယူကာ အနိစ္စ ဒုက္ခ အနတ္တဟု ရှုမြင်တတ်သောဉာဏ်၊

၇။ အာဒီနဝဉာဏ် = ပြိုပြိုပျက်ပျက်နေသည့် သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တပြစ်ချက်တို့ကို ရှုမြင်တတ်သော ဉာဏ်၊

၈။ နိဗ္ဗိဒါဉာဏ် = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ ပြစ်ချက်တို့ကို ရှုမြင်နေရသည့်အတွက် သင်္ခါရ တရားတို့အပေါ်၌ ငြီးငွေ့ ရွံမုန်းသောဉာဏ်၊

၉။ မုစ္စိတုကမျတာဉာဏ် = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ ပြစ်ချက်တို့ကို ရှုမြင်နေရသည့်အတွက် သင်္ခါရတရားတို့မှ လွတ်မြောက်လိုသောဉာဏ်၊

၁၀။ ပဋိသင်္ခါဉာဏ် = သင်္ခါရတရားတို့မှ လွတ်မြောက်လိုသဖြင့် သင်္ခါရတရားတို့၏ အပျက်ကို အာရုံယူကာ အနိစ္စ ဒုက္ခ အနတ္တဟု တစ်ဖန် ပြန်ရှုသောဉာဏ်၊

၁၁။ သင်္ခါရုပေက္ခာဉာဏ် = သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ ပြစ်ချက်တို့ကို ကွက်ကွက်ကွင်းကွင်း ရှုမြင်နေရ သဖြင့် သင်္ခါရတရားတို့အပေါ်၌ ကြောင့်ကြမှု တောင့်တမှု မရှိတော့ဘဲ အညီအမျှ လျစ်လျူရှုတတ်သောဉာဏ်၊

၁၂။ အနုလောမဉာဏ် = ရှေ့ပိုင်း ဝိပဿနာဉာဏ်များနှင့် နောက်ပိုင်း အရိယမဂ်ဉာဏ်ကို ဆီလျော်အောင် ပြုလုပ် ပေးသောဉာဏ်၊

၁၃။ ဂေါတြဘုဉာဏ် = ပုထုဇန်အနွယ်ကို လွှမ်းမိုးလျက် အရိယအနွယ်သို့ ရောက်အောင် နိဗ္ဗာန်ကို အာရုံယူကာ ဖြစ်ပေါ်လာသောဉာဏ်၊

၁၄။ အရိယမဂ်ဉာဏ် = ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်လျက် နိဗ္ဗာန်ကို သိသောဉာဏ်၊

၁၅။ အရိယဖိုလ်ဉာဏ် = အရိယမဂ်ဉာဏ်က ပယ်သတ်ထားပြီးသည့် ကိလေသာတို့ကို ငြိမ်းသထက်ငြိမ်းအောင် ငြှိမ်းလျက် နိဗ္ဗာန်ကို သိမြင်နေသောဉာဏ်၊

၁၆။ ပစ္စဝေက္ခဏဉာဏ်––
(က) မဂ်ကို ဆင်ခြင်ခြင်း,
( ခ ) ဖိုလ်ကို ဆင်ခြင်ခြင်း,
( ဂ ) နိဗ္ဗာန်ကို ဆင်ခြင်ခြင်း,
(ဃ) ပယ်ပြီးကိလေသာကို ဆင်ခြင်ခြင်း,
( င ) မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်း ––

အားလုံးပေါင်းသော် ဉာဏ်စဉ်တရား (၁၆)ပါး ဖြစ်သည်။
ဤအရာဝယ် “အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီ”ဟု မိမိကိုယ်ကို မိမိ ယူဆသောအခါ ပစ္စဝေက္ခဏာငါးတန်တို့ကိုလည်း ဆရာသမားထံ၌ နည်းခံ၍ လေ့ကျင့်ပါလေ။

ဤမျှဖြင့် မကျေနပ်သေးဘဲ .. မိမိသန္တာန်ဝယ် ကုန်သင့် ကုန်ထိုက်သည့် ကိလေသာများ ကုန် မကုန်ကို နည်းအမျိုးမျိုးဖြင့် ကြိမ်ဖန်များစွာ ရက်ပေါင်းများစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာ စောင့်ဆိုင်း၍လည်း ဆန်းစစ်ပါ။

စိတ်ချလက်ချကား မနေသင့်လှသည်သာ ဖြစ်ပေသည်။

သစ္စာလေးပါးကို သိမှု၌ အသိဉာဏ် ခိုင်ခံ့မှု ရှိမရှိကိုလည်း အကြိမ်ကြိမ် အဖန်ဖန် ဆန်းစစ်လေရာသည်။ ပရိယတ် ပဋိပတ် နှစ်ဌာနတို့၌ ကျွမ်းကျင်လိမ္မာတော်မူကြသော ဆရာမြတ်ကြီးတို့နှင့်လည်း အဖန်ဖန် အထပ်ထပ် နှီးနှောတိုင်ပင်လေရာသည်။


ရုပ်ချမ်းသာ
စည်းစိမ်ဥစ္စာ
ဩဇာအာဏာ

..... တွေဆိုတာ ဒီဘဝမှာပဲထားခဲ့ရမဲ့အရာတွေဖြစ်ပြီး၊ အသိမြင့်ပြီး ရခဲလှတဲ့လူ့ဘဝလေးမှာ

ထိုက်သင့်တဲ့ကုသိုလ်
ထိုက်သင့်တဲ့ဉာဏ်နဲ့
ထိုက်သင့်တဲ့ ပါရမီ

တွေကိုတော့ ဖြည့်သွားကြပါ၊ သံသရာပါသွားမဲ့ အရာတွေ၊ အထောက်အပံ့တွေဖြစ်ပါတယ်၊

အားလုံးကို ပညာကုသိုလ်မျှဝေအပ်ပါတယ်


BaMg ☯️

.


https://t.me/nayzinlatt2023
👍2
မြေဆုံးရေဆုံးချေမှူန်းခံရလိမ့်မယ်

မနက်က BBC ကနေသတင်းတစ်ပုဒ်နားထောင်
လိုက်ရတယ်။ နိုင်ငံတော်အစိုးရ က ငြိမ်းချမ်းရေး
ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အထဲမှာ KIA နဲ့ AA မပါဘူးတဲ့။
ဝမ်းနည်းတဲ့လေသံနဲ့​ပြောတာကို ကြားလိုက်ရတော့
ခပ်ထေ့ထွေပြုံးမိတယ်။

တစ်ခါ AA မီဒီယာ တစ်ခုမှာ ဂျပန်က ငြိမ်းချမ်းရေး
အကျိုးဆောင် ဆာဆာကာဝါ ကအစိုးရနဲ့ လာတွေ့တာဟာ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဖြစ်လိမ့်မယ်ဆိုပြီး နှပ်ကြောင်းပေးရေးထားပြန်သေးတယ်။

KIA ဘက်ကို ကြည့်ပြန်ရင်လည်းKIA ခေါင်းဆောင်
အန်ဘန်လ ကနိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တယ်ဆိုပြီး လေသံ ပစ်လာပြန်ပါတယ်။

ဒီသတင်းတွေ အားလုံး ခြုံငုံပြီးသုံးသပ်ရရင်တော့ KIA ရော AAပါ စစ်ရေးအရေးနိမ့်လာလို့ ငြိမ်းချမ်းရေး လုပ်ချင်တဲ့ အကြောင်း သတင်းစကားပါးတယ်လို့ပဲ ယူဆမိတယ်။

ဘယ်ရမလဲ၊

မြန်မာ့တပ်မတော် ဆိုတာကစစ်ပွဲမျိုးဆက်အပြောင်းအလဲ မှာ၁၁ ရက် ပဲ ခံခဲ့တဲ့ ဆီရီးယား ရဲ့
အာဆက် စစ်တပ် မဟုတ်ဘူး။

ဒီလိုပဲ၊ နှစ်ပေါင်း ၂၀ အကြာ ဒေါ်လာ၈၈ဒသမ ၆ ဘီလီယံ ကျော် အကုန်ခံကာ အမေရိကန် တွေ လေ့ကျင့်​ပေး
၊ လက်နက်တွေ တပ်ဆင်ပေးခဲ့ပေမယ့် တာလီဘန်တွေကို ရက်ပိုင်းအတွင်း အရှူံးပေးခဲ့တဲ့ အာဖဂန် နစ္စတန်
စစ်တပ်လည်း မဟုတ်ပါဘူး။

၁၀၂၇ မှာ ဖြစ်ပျက်ခဲ့တာတွေကိုပြန်ဆန်းစစ်ကြည့်ရင်
နည်းပညာစစ်ပွဲမျိုးဆက်အပြောင်းအလဲမှာ ကိုယ့်တပ်တွေ အလစ်အငိုက်မိခဲ့တာ ဖြစ်သလို အဆင်
သင့် မဖြစ်သေးတာလည်းပါပါတယ်။

စစ်ရေးကို သာမာန်ကာ လျှံကာ လောက်သာ လေ့လာထားတဲ့ သူတွေ အတွက်တော့ ၁၀၂၇ ဟာ ကြီးမားတဲ့
ရှူံး​ဆုံးမှုကြီး တစ်ခု လို့ ထင်နိုင်ပါတယ်။

သို့သော် ...

ဒုတိယ ကမ္ဘာစစ် တုန်းက တတိယမျိုးဆက်စစ်ပွဲ အပြောင်းလဲမှာ ကမ္ဘာ့ကြီး ဘာတွေ ဖြစ်ခဲ့သလဲ
ဆိုပြီး နှိုင်းယှဥ် လေ့လာဖူးရင်တော့ ၁၀၂၇ ဆိုတာက နည်းဗျူဟာအဆင့်ဆုံးရှူံးမှုလို့ ပဲ ဆိုရမှာပါ။

ဘာကြောင့်လဲဆိုတာကို ဆက်ရှင်းပြရရင်

၁၉၄၁ ဒီဇင်ဘာလ မှာဂျပန် အမှတ်(၁၅) တပ်တော်မှူးဗိုလ်ချုပ်ကြီးအီးဒါးရဲ့ ထိုးစစ်ကို မြန်မာပြည်စစ်သေနာပတိချုပ် ဗြိတိသျှဗိုလ်ချုပ်ကြီး
အလန္ဇဒ္ဒါးနဲ့ အမှတ်(၁)မြန်မာတပ်မကြီး ဗိုလ်ချုပ်ကြီးဆာဝီလီယံစလင်း တို့ ဘာလိုမှ ခုခံနိုင်စွမ်းမရှိတော့ဘဲ အိန္ဒိယ ကို ခွာစစ်ဆင်ခဲ့ရတယ်။

တကယ်ဆိုရင် အဲဒီအချိန်တုန်းကဂျပန်နဲ့အတူပါလာတဲ့ ရဲဘော်သုံးကျိပ်အပါအဝင် ဂျပန်စစ်အင်အားက တစ်သိန်းဝန်းကျင်သာ ရှိခဲ့ပေမယ့် ​အင်္ဂလိပ်တပ်တွေ
၊ တရုတ်တပ်တွေ ၊ အမေရိကန်တပ်တွေနဲ့အခြားသော မဟာမိတ်တပ်တွေ အပါအဝင်ဗြိတိန်မဟာမိတ် စစ်အင်အားက တစ်သိန်းခုနှစ်သောင်းတောင် ရှိခဲ့ပါတယ်။

ဒီလို ဂျပန်နဲ့ အင်္ဂလိပ် စစ်အင်အား ၂ဆ ၊ တစ်ဆ နီးပါးကွာတာတောင် မြန်မာစစ်မြေပြင် မှာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလကနေ ၁၉၄၂ ခုနှစ် မေလ အထိပဲ ၆ လသာ
တောင့်ခံနိုင်ခဲ့ပြီး မြန်မာတစ်ပြည်လုံးကိုစွန့်လွှတ်ကာ အိန္ဒိယ ကို ဆုတ်ခွာပေးခဲ့ရပါတယ်။

ဒီစစ်ပွဲအတွင်း ဗြိတိသျှနဲ့ မဟာမိတ်တပ်တွေရဲ့ကျဆုံး ဒဏ်ရာရနဲ့ အဖမ်းခံရစစ်သုံ့ပန်း ပေါင်း ငါးသောင်းနီးပါးရှိခဲ့တယ်။

ဒါ့အပြင် ဗြိတိသျှ တပ်တွေကို စစ်ကူဖို့လာ ခဲ့တဲ့ တရုတ် အမှတ်(၅) တပ်တော်က တပ်မမှူးကြီးဗိုလ်ချုပ်ဆွန်းလိယန်နဲ့ ထိပ်တန်းစစ် ခေါင်းဆောင်တွေ အပါ
အဝင် တရုတ် စစ်သားပေါင်း လေးသောင်းနီးပါး ကျဆုံး သေဆုံး ဒဏ်ရာရခဲ့ပါတယ်။

​အိန္ဒိယရောက်တော့ ဗြိတိသျှတပ်တွေဟာ အမြောက်ကြီး ၃၀၀ လက် ၊တင့် ၊သံချပ် ကာ ယဥ်၊ ယန္တယား ၃၈၀၀ ကျော် မြန်မာစစ်မြေပြင်မှာ ရှူံးခဲ့ရတာမို့ စစ်လက်နက်စုစုပေါင်း ၉၀% လောက် ရှူံးဆုံး
ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်ကြီးစလင်းကွပ်ကဲခဲ့တဲ့ မြန်မာတပ်ဟာ (Burma Corps) စစ်ဌာနချုပ် ရော၊သူ့အောက်က အမှတ် (၁) မြန်မာတပ်မကြီး (1st Burma Division) ရော နှစ်ခုလုံး ကို ဖျက်သိမ်းခဲ့ရတယ်။

ရဲဘော်သုံးကျိပ်နဲ့အတူ ဝင်လာခဲ့တဲ့ဂျပန်အမှတ် (၁၅) တပ်တော် ကတော့ကျဆုံး၊ ဒဏ်ရာရ စုစုပေါင်း ၄,၅၀၀ မှ ၅,၀၀၀ ဝန်းကျင် သာ ရှိခဲ့ပါတယ်။

ဒါကိုလေ့လာကြည့်ရင် စစ်ပွဲမျိုးဆက်အပြောင်းအလဲမှာ အင်္ဂလိပ်နဲ့ မဟာမိတ် တပ်တွေက အသင့် ဖြစ်မနေလို့ ရှူံးရတာဆိုပြီး စစ်ပညာ ရှင်တွေ သုတေသနပြုတွေ့
ရှိခဲ့ကြတယ်။

ဒါက မြန်မာပြည်စစ်မြေပြင်​ပဲရှိပါသေးတယ်၊ ဂျာမန်တို့ ဥရောပတစ်ခုလုံးနီးပါးကို အချိန်တိုအတွင်း
သိမ်းပိုက်နိုင်ခဲ့တာလည်း တတိယမျိုးဆက်စစ်ပွဲ စစ်နည်းဗျူဟာကြောင့်ပါပဲ။

အထူးသဖြင့် ဥရောပမှာ ဂျာမန်၊ အာရှမှာ ဂျပန်တို့ ကျင့်သုံးခဲ့တဲ့ Blitzkrieg (လျှပ်တစ်ပြက်စစ်ဆင်ရေး) နည်းဗျူဟာနဲ့ သဘောတရားတူတဲ့ တတိယမျိုးဆက်စစ်ပွဲ (3rd Generation Warfare - 3GW) ရဲ့ မြန်ဆန်မှု၊
စိမ့်ဝင်မှုနဲ့ လှည့်ပတ်တိုက်ခိုက် (Manoeuvre Warfare) တဲ့ စစ်နည်းဗျူဟာကို မကျင့်သုံးနိုင်၊ မတုံ့ပြန်နိုင်ခဲ့လို့။

ဒါ့အပြင် မြန်မာ့ရေမြေ သဘာဝ တောတောင်နဲ့
ကိုက်ညီတဲ့ တောင်တွင်း၊ တောင်ပေါ်၊မြစ်ကူး၊ ပြောက်ကျာစစ်ဆင်ရေး ဆိုတဲ့ အထူးစစ်နည်းဗျူဟာ ကို မကျင့်သုံးနိုင်ခဲ့လို့ပါ။( ဒီအကြောင်းတွေ သိချင်ရင်
👍1
တော့ NDC၊ဥစတ မှာ သုတေသနပြုထားတဲ့ ဘွဲ့ယူကျမ်းတွေရှိလို့ နီးစပ်သူတွေလေ့လာနိုင်သလို စစ်ညောင်းတာရှည်မြန်မာပြည် ၊ မှန်ကင်းတစ်လှည့် ထင်း
တစ်လှည့် ၊ ၂၁ ရာစု စတုတ္ထမျိုးဆက်စစ်ပွဲ၊ စစ်မက်ရေးရာ အယူအဆများစတဲ့ စာအုပ်တွေမှာလည်း လေ့လာနိုင်ပါတယ်။ )

ဗြိတိသျှတို့ စစ်ရေး အရေးနိမ့်ခဲ့ရတာဟာ အခြားအကြောင်းရင်းတွေလည်း ရှိတယ်ဆိုပေမယ့်
ပြောင်းလဲလာတဲ့ တတိယမျိုးဆက်စစ်ပွဲ စစ်နည်း
ဗျူဟာ ကို မကျင့်သုံးနိုင်ခြင်းက အဓိက အချက်အဖြစ်
တွေ့ခဲ့ရတယ်။

ထားပါတော့။

ပြောချင်တာ ဒီနေ့အခါတပ်မတော်ဟာ ၁၀၂၇ မှာ ကြုံခဲ့ရတဲ့စစ်ပွဲမျိုးဆက်အပြောင်းအလဲ၊ စစ်မက်
ရေးရာတော်လှန်ပြောင်းလဲမှုတွေ ကိုသုတေသနပြုလေ့လာနိုင်ခဲ့ပြီမို့ ပြင်ဆင်နိုင်ခဲ့ပြီ ဖြစ်တယ်။

အဲဒီတော့ သောင်းကျန်းသူတွေအနေနဲ့ငြိမ်းချမ်းရေးဆွေးနွေပွဲကို လာသည်ဖြစ်စေ၊ မလာသည် ဖြစ်စေ၊ ဖိတ်သည်ဖြစ်စေ ၊ မဖိတ်သည်စေ နိုင်ငံတော်
အချုပ်အခြာအာဏာအတွက် ရှူံးဆုံးသွားတဲ့နယ်မြေတွေကို အနှေးနဲ့အမြန်ဆိုသလို ပြန်သိမ်းယူမှာပါပဲ။

ငြိမ်းချမ်းရေး ကို လက်နက်သဖွယ်အသုံးချခဲ့တဲ့ သောင်းကျန်းသူတွေရဲ့ စရိုက်ကို သိလို့လည်း KIA ရော AA ပါ မဖိတ်ဘဲ ကြိတ်ဖို့ ပြင်တာလည်း ဖြစ်နိုင်ပါ
တယ်။

ဘယ်လိုပဲ ဖြစ်ပါစေ၊

နိုင်ငံတော် အချုပ်အခြာအာဏာအတွက် ဆုံးရှူံးသွားတဲ့ နယ်မြေတွေပြန်ရဖို့ တပ်မတော် ဟာ နိုင်ငံရေး
နည်းနဲ့ရော စစ်ရေးနည်းလမ်းနဲ့ပါ မရရအောင် လုပ်မှာပါပဲ။

တစ်ဖက်ကလည်း နိုင်ငံတော်အစိုးရ ရဲ့မူဝါဒ အောက်ကနေ ၂၀၀၈ ခြေဥနဲ့အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ ကျရာ အခန်းကဏ္ဍ
ကနေ ​ပါဝင်ဆောင်ရွက်နေပါတယ်။

ဒါပေမယ့် ဖက်ဒရယ်ဟာ ဖက်ဒရယ်ပဲဖြစ်ဖို့လိုပါတယ်။

မလိုလားအပ်တဲ့ ကွန်ဖက်ဒရိတ်တွေ၊ ခွဲထွက်ခွင့် တွေ အသံတော့ထွက်မလာပါနဲ့။

နိုင်ငံတော်အချုပ်အာဏာကို ထိပါးလာမယ်ဆိုရင်တော့
ဘယ်သောင်းကျန်းသူ မဆို မြေဆုံးရေဆုံး ချေမှူန်းခံရမယ်ဆိုတာကိုတော့မမေ့ကြပါနဲ့။

အောင်နိုင်သူ(ဇွဲကပင်)
4👍2💯2
Forwarded from Ko Myo Win (Ko Myo Win)
အရှုံး အမြတ်
============

               ယခင် အစိုးရ အဆက်ဆက် မီတာခ တက်ဖို့ နှစ်တိုင်းကြိုးစားလေ့ရှိတယ် ။ ဦးသိန်းစိန် လက်ထက်...

-  2012 ဇန္နဝါရီလမှာ တယူနစ် ၁၅ိ ကနေ ၃၅ိ ထိ တိုးကောင်ခဲ့တယ် ။

- 2014 ဧပြီလမှာ အုပ်စုခွဲ ကောက်ခံခဲ့ပေမယ် အခြေခံလူတန်းစားများအတွက် ယူနစ် ၂၀၀ အထိ ၃၅ိ ပဲ ကောက်ခံလို့  မသိသာလှဘူး ( စက်ရုံတွေက ထိခိုက်တယ် သွယ်ဝှိက်ပြီး ကုန်စျေးနှုံးတက်လာရတယ်)

- 2019 ဇူလှိုင်လမှာ ယူနစ် ၂၀၀ အထိ တယူနစ်စျေးနှုံး ၁၂၀ိ ဖြစ်သွားပြီး စျေးနှုံးအဆမတန် ထပ်တက်သွားတယ် ( ဦးသိန်းစိန် စျေးတက်တုန်းက ဆန္ဒပြခဲ့တဲ့ သူတွေ အုပ်ချုပ်နေပြီ)

- 2024 စက်တင်ဘာလမှာ ယူနစ် ၂၀၀ အထိ တယူနစ်ကို ၁၅၀ိ တက်သွားပြီ ။

           စက်မှုလုပ်ငန်းရှင်တွေအတွက် သူ့အုပ်စုနဲ့သူ လိုက်တက်ကြပါတယ် နားရှုပ်မှာစိုးလို့ အခြေခံအုပ်စုအတွက်ပဲ ရှင်းပြလိုက်ရပါတယ် ။

            ကဲ အစိုးရ ၃ ရပ်ရဲ့ ၅ နှစ်အတွင်း ပြည်သူအပေါ် နှိပ်စက်ခြင်း ရာခိုင်နှုံးတွေကို တွက်ကြည့်ပါ့မယ် ။

- ဦးသိန်းစိန်                   133.33 %

- ဒေါ်စုကြည်                  242.86 %

- ဦးမင်းအောင်လှိုင်             25     %

             နောက်ဆက်တွဲ ထုတ်လုပ်မှုစရိတ် တိုးနှုံးတွေကတော့ သွေးတက်ကုန်မှာစိုးလို့ တွက်မပြတော့ပါဘူး ။

          ဘယ်အစိုးရ လက်ထက်ဖြစ်ဖြစ် မီတာခစျေးတက်ရတဲ့ အကြောင်းပြချက်က တခုတည်းပဲ ။ လျှပ်စစ်ဝန်ကြီးဌာန အရှုံးပေါ်လို့ဆိုတဲ့ အဖြေပဲ ။ OK ပါ အစိုးရအနေနဲ့ ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်ရတဲ့ နေရာမှာ အများပြည်သူခရီးသွာလာရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ ရေ ၊ လျှပ်စစ် ကဏ္ဏတွေအတွက် လိုအပ်ရင် အရှုံးခံရပါတယ် ။

- အခွန်အခ ပေါင်းစုံ....သယံဇာတပေါင်းစုံ... မြေ / ရေ ငှားရမ်းခ ပေါင်းစုံ ကနေ အစိုးရက ငွေပြန်ရှာရပါတယ် ။

             ကဲ လျှပ်စစ်ကဏ္ဏပြန်လေ့လာကြပါစို့ ။ ရှုံးတယ် ရှုံးတယ် နဲ့ ပြောခဲ့တဲ့ ဝန်ကြီးတွေ အစိုးရ ၃ ဆက်အထိ ရှိခဲ့ပါတယ် ။ ယခု လက်ရှိ ဝန်ကြီးလက်ထက်မှာ လျှပ်စစ်မီး ခိုးသုံးတဲ့ စက်မှုလုပ်ငန်းရှင် အနည်းငယ်ကို စစ်ဆေးလိုက်ရာ တဦးခြင်းကိုပဲ သိန်းပေါင်း သောင်းချီ ခိုးယူသုံးစွဲထားတာ မိပါတယ် ။

         ဝန်ထမ်းမပါပဲ ဘယ်လိုမှ ခိုးမရပါဘူး ။ ဒီတော့ ရှုံးပါတယ်ဆိုပြီး တက်ယူခဲ့တဲ့ မီတာခတွေဟာ သူခိုးဝန်ထမ်းနဲ့ သူခိုးစက်လုပ်ငန်းရှင်အတွက် ဖြစ်ခဲ့ရပြီ ။ ဒါဆို မီတာခတွေ ပြန်ချဖို့ သုံးသပ်ဖို့ မလိုဖူးလား တွေးချင်စရာနော်.....

        ဟော လာပြန်ပြီ ဘက်စ်ကားခတွေ တိုးတောင်းဖို့ လုပ်ပြန်ပြီ ။ YBS ဆိုတာ ဖြိုးမင်းသိန်း နိုင်ငံတော်ဘက်ဂျက်တွေသုံးပြီး အစုဝင်ထားတဲ့ ရှယ်ယာစီးပွားရေးလို့ သိထားပါတယ် ။

           ဆင်းရဲသားပဲ စီးနေရတဲ့ ဘက်စ်ကားကို ၁၀၀ ပဲ တိုးတိုး ၂၀၀ ပဲ တိုးတိုး နေ့စဥ် စီးနေရတဲ့ ပြည်သူတွေအတွက် စျေးကြီးနေတဲ့ ကြက်ဥ တလုံးစာမက အပိုကုန်ရပါတယ် ။ ဘက်စ်ကား ရှုံးတယ်ဆိုတော့ လျှပ်စစ်ဝန်ကြီးဌာန ရှုံးသလို သူခိုးတွေကြောင့် မဟုတ်တာ သေချာပြီလား.... အစိုးရက အမြတ်အစွန်းအတွက်ပဲ ပြည်သူ့ဝန်ဆောင်မှု ပေးတော့မှာလား... ? ရှုံးသင့်တဲ့ လုပ်ငန်း အရှုံးခံနိုင်တဲ့ ပမာဏထိ ရှုံးပေးကြဖို့ မစဥ်းစားတော့ဘူးလား...?

          အစိုးရ ဝန်ကြီးဌာနတွေကချည်း ချမ်းသာဖို့ စဥ်းစားလုပ်ကိုင်နေကြရင်ဖြင့် ပြည်သူကတော့ မွဲသထက် မွဲနေကြအုံးမှာပဲ ။ ယခု စျေးကွက်စီးပွားရေး ကျင့်သုံးရာမှာ ရောပြွန်းစီးပွားရေး စနစ်နဲ့ ဆောင်ရွက်နေတာ တွေ့ရပါတယ် ။

       ပုဂ္ဂလိက မတတ်နိုင်တဲ့ လုပ်ငန်းကြီးတွေကို အစိုးရက ရင်းနှီးမြှပ်နှံရတာ ရောပြွနိးစီးပွားရေး စနစ်ပါ ။ ဒီလို အများပြည်သူ အကျိုးပြု YBS လို လုပ်ငန်းကို အစိုးရပိုင် လုပ်ပြီး အရှုံးခံ လုပ်ပေးဖို့ လိုပါတယ် ။ မလုပ်နိုင်ရင် ပုဂ္ဂလိကကို EV ပါမစ်တွေ အခမဲ့ပေးပြီး အစိုးရက အားသွင်းစက်ထူထောင် ကူညီပေးသင့်ပါတယ် ။

       အစိုးရချမ်းသာပြီး ပြည်သူက မွဲသထက်မွဲလာရင် အဲဒီတိုင်းပြည်က ကျက်သရေတုံးတဲ့ တိုင်းပြည်ပဲ ဖြစ်နေပါလိမ့်မယ် ။

       ကိုရွှေမျိုးဝင်း
👍61
ဒီနေ့ .....
နိုင်ငံတော်ဘာသာနေ့....
#WN
Aug.28.2026
9
Media is too big
VIEW IN TELEGRAM
20-8-2026

"ကိုယ်တို့နိုင်ငံမှာ တန်ဖိုးအထားဆုံး ယောကျ်ား (၂)မျိုးပဲရှိတယ်"

နယ်​မြေခံတပ်မ​တော်သားများကို ဂုဏ်ပြုပွဲအခမ်းအနားမှာ သူရဲ​ကောင်းညီငယ်များကို ဂုဏ်ပြုစကား ​ပြောကြားခဲ့တဲ့
#ဒေါက်တာနန္ဒာလှမြင့် #ကလော #ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
1