𝐓𝐡𝐮𝐧𝐝𝐞𝐫'𝐬 𝐓𝐮𝐭𝐨𝐫𝐢𝐚𝐥⚡(Rest)
252 subscribers
19.4K photos
4.28K videos
121 files
2.2K links
𝐇𝐞𝐲 𝐘𝐨! 𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐭𝐨 𝐨𝐮𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥.💗
𝐖𝐞 𝐰𝐢𝐥𝐥 𝐦𝐚𝐢𝐧𝐥𝐲 𝐩𝐨𝐬𝐭 𝐀𝐥𝐢𝐠𝐡𝐭𝐦𝐨𝐭𝐢𝐨𝐧 𝐓𝐮𝐭𝐨𝐫𝐢𝐚𝐥𝐬

𝐀𝐧𝐧𝐢 𝐝𝐚𝐭𝐞~ 25.8.2021
Download Telegram
Forwarded from â™Ťâ€˘â™Źâ€˘Euphoria•♬•♫
သေချာဖတ်ပါ

အာမချောင်နဲ့ နှင့် ဘူးသပိတ်

ခု ရရင်ရသလို သတ်ကြတော့မှာပါ
သတ်ပီး ပြေးထွက်သွားတာကို
ကိုယ်က တိုက်ပေါက လှမ်းမြင်လိုက်မိရင်

❎ ဟယ် အမလေး ဟိုမှာ ပြေးသွားပြီဟေ့
ဟိုလမ်းထဲ ဟိုတိုက်ထဲ အလိုအော်ရင်

သင်ကိုယ်တိုင်က ဒလန်ဖြစ်နေပါပြီနော်

❎ ကိုယ်က မြင်လိုက်တယ် မသိချင်ယောင်တော့ ဆောင်နေလိုက်တယ် ဒါပေမဲ့
စကစ က ရောက်လာပြီး ‌မေးတဲ့ခါ
ပုံစံတွေ အ၀တ်အစားတွေ
အတိအကျ ပြောလိုက်ရင်လည်း

သင်ကိုယ်တိုင်က ဒလန်ဖြစ်နေပါပြီနော်

✅ နောက်ဆုံး ပြေမရတဲ့ ဆုံးတော့
ဟိုဘက် လူဖြတ်ပေးသွားတယ် ကိုယ်တွေတာက ၂ ယောက် / ၅ ယောက်ဆိုခဲ့ရင်

✅ ဟိုဘက်ကို တယောက်တော့ ပြေးသွားတယ်ဆိုပြီး ညာပါ ။ လမ်းကိုလမ်း အမှားပြောလိုက်ပါ ။ အတတ်နိင်ဆုံး ဘူး သပိတ်လုပ်‌ပေးပါ ။

✅ ဒလန် ပုံစံ အော်တာတို့ / ပြေးတဲ့လမ်းတွေ အတိအကျ စကစ ကို ပြောပြနေတဲ့သူကိုလည်း မှတ်ထားပေးပါ
( အဲဒါက ဒလန္ မို့လို့ပါပဲ )

✅ အာမချောင်ပါနဲ့
❎ အာချောင်ခဲ့ရင် သင့်အသက်ကိုလည်း
ဘယ်သူမှ အာမ မခံနိင်တော့ပါ

D-Day စနေပြီ
အရေးတော်ပုံ အောင်တော့မည် ✊

#mumuaye #noname
#crd
အမျိုးသမီးများ မေ့လျောနေမှာစိုးလို့ အသိပေးခြင်းပါ။လစဥ်ဖြစ်တတ်တဲ့
Period Timeအတွက်
Padထုပ်တွေရယ်၊သောက်ဆေးတွေရယ်နဲ့ လိုတာတွေကို အရေးပေါ်စာရင်းထဲထည့်သွင်းထားကြပါ။အခြားပစ္စည်းများလိုပဲတစ်ခါတည်း ထည့်ထားကြပါ။အစစအရာရာဂရုစိုက်ကြပါ.....

#crd
#Admin_J_taeguk
LGBT✊အားလူံးတူတူတိုက်ပွဲဝင်ကြမယ်
Photo#crd
#Admin_Stella
PDFတွေကို
အဆုံးထိကာကွယ်သွားမယ်ဟုKNUတပ်ဖွဲ့ဝင်

များနှင့် ဒေသခံတွေ ပြောကြား
#crd
#Admin_Stella
Fbမှာလဲ အပျော်အပါးတွေရပ်စေချင်ပါတယ် ခုထိတွေ့နေရတုန်းပါနော်
#Admin_Stella
ဒီအချိန်မှာ "ငါကမိန်းကလေးမို့"
ဆိုပြီး နွဲ့နေမယ့်သူတစ်ယောက် မှမပါဘူး
#crd
#Admin_Stella
ပြင်ဆင်ထားပါ အခြားသူတွေကိုလည်းပြန်ဝေမျှပေးပါ❤️❤️❤️

တိုက်ပွဲ ခေါ်သြံကားနေရပြါပီ
🪖တိုက်ပွဲ စတင်ရင် စကစမှ
☑️မီးဖြတ်
☑️ရေဖြတ်
☑️ရိက္ခာ ဖြတ်
☑️လမ်းပမ်းဆက်သွယ်ရေးဖြတ်
☑️တယ်လီဖုံးလိုင်း ဖြတ်စသည်တို့ လုပ်လာနိုင်ပါတယ်။ဒါကြောင့်
ဒီရက်အတွင်းမှာပဲ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားပေးပါ။
🔥မီးဖြတ်ပါက ကြိုတင်ကာကွယ်ရန် ----
♂️မီးသွေး၊ ဂတ်မီးဖိုနဲ့ဂတ်များ၊ ဖယောင်းတိုင်၊
ဓါတ်မီးနဲ့ဓါတ်ခဲများ ဆောင်ထားကြပါ။
♂️မီးစက် တက်နိုင်ပါက ဝယ်ယူထားပါ။
💧ရေဖြတ် ခဲ့သော် ---
♂️ရေကို အချိန်တိုင်း ရသလောက် ဆောင်ထားပါ။
ဘူးခွံလွတ်များထဲ၊စည်ပိုင်းလွတ်များထဲ စုဆောင်းထားပါ၊
လိုအပ်မှပဲ စုဆောင်းထားသော ရေကို သုံးပါ။
အရေးကြုံရချိန်မှာရေကို သောက်ရေ၊ ထမင်းချက် အတွက်ပဲ သုံးပါ။
♂️ရေအရမ်းချိုးချင်လျှင် ရေပတ်ပဲတိုက်ပါ။
♂️မိမိ အနီးအနားမှ အိမ်နီးနားချင်းတွေရေလိုလျှင်လည်းသောက်ရေ ဝေမျှပေးပါ။
♂️ခြံနဲ့ နေတဲ့သူတွေ မီးစက်၊ရေမော်တာ နဲ့
လောင်စာဆီ ဆောင်ထားပါ။

🌭🧇ရိက္ခာအတွက် ---
♂️ကြာရှည်ခံပြီး အလွယ်တကူ ချက်ပြုတ်လို့ရတာ
သိမ်းဆည်းထားပါ။ငါးခြောက်၊ပဲ၊မြေပဲစသဖြင့်ဝယ်ယူထားပါ။

👮🧑‍✈️လုံခြုံရေး
♂️တံခါးအလွယ်တကူ ဖွင့်လို့မရအောင်
သော့များများ ခတ်ထားပါ။
♂️တတ်နိုင်လျှင် သံပန်း တပ်ထားပါ။
♂️အိမ်ထဲမှ နေပြီး တံခါးမဖွင့်ဘဲ အပြင်အခြေအနေ၊
အိမ်အရှေ့ ကြည့်လို့ရအောင် စီမံထားပါ။
♂️နောက်ဘေးမှ အရေးပေါ် ထွက်ပြေးနိုင်အောင်
အရေးပေါ် လှေကား ပြုပြင်မွန်းမံထားပါ။
♂️ခြံနဲ့နေသူများ အရေးပေါ်အခြေအနေမှာ
ခြံနောက်ကနေ ထွက်နိုင်အောင် အိမ်နီးနားချင်းတွေနဲ့ တိုင်ပင်ထားပါ။
♂️အိမ်နီးနားချင်းတွေနဲ့ ဆက်သွယ်လို့ရအောင်
ဘယ်သူမှမသိနိုင်တဲ့ တံခါးခေါက်ပုံစံမျိုး လုပ်ထားပါ။

🥷👬ကာကွယ်ရေး
♂️PDF တွေကို ကူညီပါ။
☑️စခ လမ်းကြောင်းထောက်လှမ်းပြီး သတင်းပေးပါ။
♂️PDF တွေပုန်းခိုဖို့၊ ရိက္ခာ၊ သောက်သုံးရေလိုအပ်ပါက
တတ်နိုင်သလောက်ပေးပါ။ PDF တွေကိုကူညီပေးပါ။

⛑️🆘ဆေးဝါး၊ ဆေးပစ္စည်း
♂️မဖြစ်မနေ ဆောင်ထားပါ။
မိမိ အသုံးမလိုသော်လည်း လိုအပ်သူကိုပေးနိုင်ပါတယ်။

🔉🔈အထူးသတိ ပေးချက်
သေနက်သံ၊ ဗုံးသံ ကြားလျှင် --
♂️ကြောက်အားလန့်အားနဲ့
အပြင်ကို ပြေးထွက် ခြင်း မလုပ်ပါနဲ့။
♂️အပြင်အခြေအနေကြည့်ချင်ပါက
အကာအကွယ် တခုယူပြီး ကြည့်ပါ။
♂️မိမိချောင်းမြောင်းကြည့်ရှူတာကို
စခတွေမမြင်ပါစေနဲ့။
♂️မိမိအိမ်တွင်းမှာ နေထိုင်ခြင်းသည်သာ
အလုံခြုံဆုံး ဖြစ်ပါတယ်။

🐕‍🦺🦮မိမိအိမ်ထဲကို စခတွေဝင်ရောက်ဖို့ တံခါးခေါက်လျှင် --

♂️မိမိမှာ သေနက်မရှိလျှင် ခုခံခြင်း မပြုပါနှင့်။
♂️လောက်လေးခွ၊ ဓါးတို့နဲ့ တိုက်ခိုက်ခြင်း မပြုပါနဲ့။
♂️သေနက်ကိုင်ထားသူကို လက်ရုံးနဲ့ တိုက်ခိုက်တာ
မိမိအပြင် မိသားစုပါအသက် အန္တရာယ်ရှိပါတယ်။
♂️တံခါး လုံးဝ လုံး၀ မဖွင့်ပေးပါနဲ့၊
♂️အိမ်ထဲမှာ လူရှိကြောင်း အသံမပြုပါနဲ့။
♂️စခတွေ အိမ်ထဲမလာခင် အထက်က ပြောသလို
အိမ်နောက်ဖေးပေါက်ကနေ တိတ်တဆိတ် ထွက်ပြေးပါ။
♂️အိမ်နောက်ဖေးကနေ အိမ်နီးနားချင်းအိမ်တစ်အိမ်ဆီကို
တံခါးခေါက် အမှတ်အသားပြုပြီး ရှောင်တိမ်းပါ။

♂️မှတ်ချက်။ ။
တံခါးခေါက်ရင်ဖွင့်ပေးမယ်ဆိုတဲ့အကြံပေးသူတွေရှိမှာပါ။
♂️တကယ်လို့ တံခါး ဖွင့်ပေးခဲ့သော်--
☑️ မိမိကို ဓါးစာခံ အနေနဲ့ ခေါ်နိုင်တယ်
☑️ တိုက်ပွဲ ဖြစ်ရာ နေရာမှာ ပေါ်တာဆွဲနိုင်တယ်
☑️ မိသားစုထဲမှာ လူငယ်ယောက်ျားရှိပါက PDF လို့
သတ်မှတ်ပြီး သတ်ပစ်နိုင်သည်။ကိုယ့်မျက်စေ့ရှေ့မှာပင် နှိပ်စက်နိုင်ပါတယ်။

🐈‍⬛🐈ဒဏ်ရာဖြင့် စခ အိမ်ရှေ့ရောက်လာခဲ့သော်
♂️သေနက်၊ ခဲယမ်းပစ္စည်း အရင်သိမ်းပါ။
♂️အိမ်ထဲခေါ်ပြီး လက်ပြန်ကြိုးတုတ်၊
ပါးစပ်အသံမထွက်အောင် အဝတ်စပါးစပ်ထဲထည့်ပြီး
တိတ်နဲ့ စည်းပါ။
♂️ဒဏ်ရာကို ကုသပေးပါ။
♂️ရန်သူအားအင်ကြီးလျှင် မိမိကို အန္တရာယ်ပြုနိုင်လို့
အင်အားနည်းအောင်ထားပါ။
(အစာရေစာ ရေ မသေရုံကြွေးပါ၊
မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက်)
♂️မိသားစုမှ အလှည့်ကျ ခပ်ခွာခွာမှနေပြီး
အလှည့်နဲ့ စောင့်ကြည့်ပါ။
♂️လွတ်မြောက်နယ်မြေဖြစ်ရင် PDF လက်ထဲ ထည့်ပါ။

☎️📞သတင်: အချက်အလက်
♂️ဓါတ်ခဲသုံး Radio ကနေ သတင်းနားဆင်ပါ။
ရရှိတဲ့ သတင်းကို ပတ်ဝန်းကျင်ကို ဝေမျှပါ။
ဘယ်ဒေသ၊ ဘယ်ရပ်ကွက်၊ ဘယ်မြို့၊ ဘယ်တိုင်းတွေ
လွတ်မြောက်နယ်မြေ ဖြစ်လာပြီဆိုတာ
နေ့စဉ်နှင့် အမျှ ကြားရပါလိမ့်မယ် 👍
♂️လွတ်မြောက်နယ်မြေ ဖြစ်တဲ့ နယ်မြေဟာ
မိမိတို့နေရာနဲ့ အနီးမှာဆိုရင် မကြာခင် မိမိတို့
လွတ်မြောက်တော့မယ်ဆိုတဲ့ အသိနဲ့ ဝမ်းမြောက်ပါ။
✊✊လုံးဝ စိတ်ဓါတ် မကျပါနဲ့။

💪နှစ်ပေါင်း ၆၀ ကျော် အမြစ်တွယ်နေတဲ့စစ်အာဏာရှင်ကို
အမြစ်ဖျက်ဖို့ အသက်တွေ ပေးလှူကြရအုံးမယ်

💪အခက်အခဲတွေ အများကြီး ဖြစ်မယ်။

✨ဒီတခါ နွေဦးတော်လှန်ရေးဟာ
ထာဝရငြိမ်းချမ်းရေး ၊ အာဏာရှင်အမြစ်ဖျက်ရေးဖြစ်လို့
ဒီလို အခက်အခဲတွေကို ကျော်ဖြတ်ရမယ်ဆိုရင်တောင်
ကျေကျေနပ်နပ်ကြီး ကျော်ဖြတ်ရမှာပါ။
လိုအပ်မူ ရှိရင်လဲ ထည့်‌ဖြည့်ပါ။

#crd
#savemyanmar
#speakout
#Admin_J_taeguk
၂ရပ်ကွက် အောင်မေတ္တာလမ်း ညောင်ပင်ဘေးကလမ်းမှာ
စခတွေအုပ်လိုက်ရှိနေပါတယ် ဘာသတင်းရလို့ဘယ်ကိုဝင်စစ်မလဲ
မသိပါ Doble cap ၁စီး ဆိုင်ကယ်၇စီး ရဲကားကြီး၁စီး
အင်အား၁၀၀နီးပါး(ခန့်မှန်း)ရှိပါတယ်

အခြေအနေထူးရင်updateထပ်တင်ပေးပါမယ်

Mayangone imformation
#crd
#Admin_Stella
ကလေးမြို့ ဆန္ဒပြသူနှစ်ဦးကို ကားနှင့်တိုက်ဖမ်းး
https://www.facebook.com/518067831674293/posts/2207295959418130/

သထုံတွင် NLD ထောက်ခံသူကိုဖမ်းဆီး
https://www.facebook.com/163055077152350/posts/3078315702292925/

ရေရှင်ကျေးရွာတွင် အလောင်း ၈လောင်းကို သဂြိုဟ်
https://www.facebook.com/1668791960055506/posts/2963737097227646/

မော်လမြိုင်တွင်း ရဲများ အရပ်ဝတ်နဲ့လှည့်နေ
https://www.facebook.com/100249988804208/posts/208520677977138/

လှိုင်မြို့နယ် ဒလန် သေနတ်ပစ်ခံရ
https://www.facebook.com/496195000557019/posts/1968676299975541/

ဟုမ္မလင်းမြို့တွင် တိုက်ပွဲဖြစ်
https://www.facebook.com/496195000557019/posts/1968638019979369/

မိတ္ထီလာနှင့်မကွေးမှ စကစတပ်လေယာဉ်များ ထွက်ခွာနေ
https://www.facebook.com/496195000557019/posts/1968631543313350/

KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ (၂)နေရာတွင် တိုက်ပွဲပြင်းထန်
https://www.facebook.com/496195000557019/posts/1968582036651634/

မုံကိုးမြို့တွင် စကစနှင့် MNDAA တိုက်ပွဲဖြစ်
https://www.facebook.com/111407293712134/posts/401915954661265/

နွားထိုးကြီးမြို့ ဒလန် ဖောင်းဒိုင်းခံရ
https://www.facebook.com/106998268163703/posts/195970912599771/

မြောင် PDF စခန်းကို စကစက လက်နက်ကြီးပစ်
https://www.facebook.com/191574990881009/posts/4683781534993643/

ပုလောမြို့၌ KNU နှင့် စကစ တိုက်ပွဲဖြစ်
https://www.facebook.com/191574990881009/posts/4683777728327357/

မိုးကုတ်မြို့တွင် ဗုံးပေါက်
https://www.facebook.com/191574990881009/posts/4683765994995197/

မင်းတိုင်ပင် စံပြကျေးရွာမှ နှစ်ဦးဖ်းခံရ
https://www.facebook.com/102869835310427/posts/170818501848893/

ဆောမြို့ စစ်ကားတစ်စီးမိုင်းဆွဲခံရ
https://www.facebook.com/508784185946254/posts/1982969348527723/

ဒကစ မှူး နှစ်ဦးကို စကစပြန်ဖမ်း
https://www.facebook.com/508784185946254/posts/1982936565197668/

လားရှိုးဘက် စက ၁၇စီးတက်လာ
https://www.facebook.com/152468894774959/posts/4482495855105553/

နန့်စန်မြို စကစ ရဟတ်ယာဉ်ဝဲနေ
https://www.facebook.com/152468894774959/posts/4482511981770607/

သရက်ချောင်းတွင် PDF နှင့် စကစ တိုက်ပွဲဖြစ်
https://www.facebook.com/2741985585815921/posts/4930557750292016/

ဘီးလင်းမြို့ စကစ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်
https://www.facebook.com/2741985585815921/posts/4930309280316863/

မကွေးတိုင်း စကစနေရာ ၅ခုကို PDF တိုက်ခိုက်
https://www.facebook.com/2741985585815921/posts/4930296176984840/

မကွေးလေတပ်ကို ဒုံးလေးလုံးနဲ့ ပစ်ခတ်ခဲ့
https://www.facebook.com/110276337273305/posts/378231827144420/

ကချင်နဲ့စစ်ကိုင်းအစပ်မှာ KIA နှင့် စကစ တိုက်ပွဲဖြစ်
https://www.facebook.com/110276337273305/posts/378158400485096/

ရန်ကုန် ဘုရင့်နောင်လမ်းဆုံးမီးပွိုင့် ယာဉ်ထိန်းရဲ အဆောင်ဗုံးပေါက်
https://www.facebook.com/110276337273305/posts/378150667152536/

ရန်ကုန် တောင်ဒဂုံ ဗုံး ၂ကြိမ်ပေါက်၊ စစ်ကားထိ
https://www.facebook.com/385165108587508/posts/1291486971288646/

စကစ လက်နက်စက်ရုံသွယ်တန်းထားသည့် မီးလိုင်းကို PDF ဖြတ်
https://www.facebook.com/113386077511755/posts/210850804431948/

လှိုင်သာယာမြို့အဝင်နှင့် အောင်ဇေယျ အဆင်းမှာ ဆိုင်ကယ်စစ်
https://www.facebook.com/103787165113663/posts/213932607432451/

လှိုင် ဘူတာရုံ ရထားသံလမ်းနား PDF မှ နမူနာဗုံးဖောက်ခဲ့
https://www.facebook.com/100268062154920/posts/212955794219479/

Link များထပ်ဖြည့်သွားပါမည်..
#crd
#Admin_Stella Fbကလင့်ကိုcrdပေးထားတာပါနော်
Breaking News

လှိုင်မြို့နယ် ဘူတာရုံလမ်းရထားသံလမ်းနား
H.P.D.F(လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)မှ D-Dayစတင်ကြောင်းနမူနာဗုံးဖောက်ကွဲမှုပြုလုပ်ခဲ့

ယနေ့ နေ့လည်2နာရီဝန်းကျင်ခန့်က လှိုင်မြို့နယ် ဘူတာရုံလမ်းရထားသံလမ်းနားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးအသံအကျယ်ကြီးတစ်ခုနဲ့မီးခိုးတွေတက်လာပါတယ်လို့သိရပါတယ်။ အနီးနားကသူတွေပြောပြချက်အရ အသံကအရမ်းကျယ်ပြီးအိမ်ပါတုန်တယ်လို့သိရပါတယ်။ ထိခိုက်မိသူတစ်စုံတစ်ဦးမှမရှိပဲ အဲ့နားတစ်ဝိုက်မှာစခနဲ့ရခတွေရှိနေရဲ့သားနဲ့ပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။ပေါက်ကွဲမှုဖြစ်ပွားပြီးပြီးချင်းစစ်ကားအကြီး1စီး DC 2စီးရောက်လာကာဗဟိုလမ်းတစ်လျောက်ရှာဖွေမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
H.P.D.F (လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)ရဲ့ထုတ်ပြန်ချက်အရ စခများရွာမကွေ့တွင်အင်အားများစွာရှိနေပါသော်လည်းလှိုင်မြို့နယ်တွင်လည်း D Day ကြေငြာကြောင်းဗဟိုလမ်းတွင် နမူနာအနေဖြင့် ဖောက်ခွဲမှုပြုလုပ်သွားခဲ့တယ်လို့ကြေငြာထားပါတယ်။

Hlaing Information
https://m.facebook.com/story.php?story_fbid=212955794219479&id=100268062154920
#Admin_Stella
( ပြည်သူများ အထူးသတိ )

ရဲစခန်းအနီး
ကြံ့ခိုင်ရေးရုံးအနီး
ကျောင်းအနီး
အမှိုက်ပုံးအနီး
မီတာရုံးအနီး
စစ်တပ် တပ်စွဲထားရာ နေရာအနီး
အုပ်ချုပ်ရေးမှူးရုံးများအနီး
ဌာနဆိုင်ရာရုံးများအနီး သို့ လုံးဝ(လုံးဝ) မသွားကြရန်

စခ ကားများ နှင့် ရှေ့နောက် ကိုက် ၅၀၀ ခန့် ခွာမောင်းရန် ကားများ နီးကပ်နေခြင်းကြောင့် ထိရောက်သောပစ်မှတ်အတွက် အနှောက်ယှက်ဖြစ်နေသောကြောင့်

ခရီသည်ကား ကုန်တင်ကား မိသားစုပိုင်ကားများအား
အထူးတလည်မေတ္တာရပ်ခံအပ်ပါသည်

ကြံ့ခိုင်ရေးပါတီဝင်များ
ပျုစောထီး အဖွဲ့ဝင်များ
စစ်သားနှင့်ရဲများ
ရပ်ကွက်အတွင်းရှိ နာမည်ထွက် ဒလန်များ
စစ်သား မိသားစုများနှင့် ရဲမိသားစုများနှင့် နီးနီးကပ်ကပ် ရင်းရင်းနှီးနှီး မနေထိုင်ကြရန်

လမ်းပေါ်တွင် အိပ်မဲထုတ်များတွေ့ရှိပါက ရှောင်ရှားသွားပါ. စပ်စုခြင်း လုံးဝ မပြုလုပ်ပါနှင့်

ပေါက်ကွဲမူ တစုံတရာ ဖြစ်ပေါ်လာပါက
၎င်းအနီးအနားမှ ဝေးရာသို့ အမြန်ဆုံးထွက်ခွာပါ

#crd
#Admin_Stella
လွန်ခဲ့သော၃လ ပိုင်း လောက်က ဘုရင့်နောင်မှာ
တာယာတွေ မီးရှို့လို့ လောင်နေတဲ့ပုံပါ .. Share တဲ့သူတွေကလဲ 9Kကျော်နေပါပြီ..
ပြည်သူများကို သတင်းမှားများ မဖြန့်ကြပါနဲ့🙏🙏

သတင်းအမှားတင်သူအများစုက cmt boxကို ပိတ်ထားလေ့ရှိပါတယ်။ ဂရုစိုက်ကြပါဗျ။

မူရင်းတင်သူ - https://www.facebook.com/100068911631164/posts/149198754053845/?d=n

#crd Adam Aung
#Admin_Stella