𝐓𝐡𝐮𝐧𝐝𝐞𝐫'𝐬 𝐓𝐮𝐭𝐨𝐫𝐢𝐚𝐥(Rest)
252 subscribers
19.4K photos
4.28K videos
121 files
2.2K links
𝐇𝐞𝐲 𝐘𝐨! 𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐭𝐨 𝐨𝐮𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥.💗
𝐖𝐞 𝐰𝐢𝐥𝐥 𝐦𝐚𝐢𝐧𝐥𝐲 𝐩𝐨𝐬𝐭 𝐀𝐥𝐢𝐠𝐡𝐭𝐦𝐨𝐭𝐢𝐨𝐧 𝐓𝐮𝐭𝐨𝐫𝐢𝐚𝐥𝐬

𝐀𝐧𝐧𝐢 𝐝𝐚𝐭𝐞~ 25.8.2021
Download Telegram
နေအိမ် ၄ လုံးကို စစ်ကောင်စီတပ်မီးရှို့
--------------------
လွိုင်ကော်မြို့အနီး စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားချိန်တွင် လူနေအိမ်လေးလုံးကို စစ်ကောင်စီတပ်ဘက်က မီးရှို့ဖျက်စီးသွားကြောင်း ဒေသခံများကအပြောအရသိရသည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့အကြား ဒေါပိုးစီနှင့် စံပြ (၆) မိုင်ကျေးရွာတွင် ညနေ ၃ နာရီအချိန်တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူနေအိမ်များကို " အကြောင်းမဲ့မီးရှို့" သွားခဲ့သည်ဟုဆိုသည်။

ဒေသခံများကတော့ ဘေးလွတ်ရာတိမ်းရှောင်နေကြရပြီး အာဏာသိမ်းတပ်ဘက်က အင်အား ၃၀၀ ခန့်တပ်ဖြန့်ထားဆဲဖြစ်သည်ဟုဆိုသည်။
#crd
#Admin_J_taeguk
MDY
ဒလန်အုပ်ချုပ်ရေးမှုး သေနတ်စာမိ၍သေဆုံး

ယနေ့ညနေ 5:20 pm အချိန် မဟာအောင်မြေမြို့နယ်
/၊အုပ်ကျင်းရပ်ကွက်ရှိ စစ်ကောင်စီခန့်အပ်တဲ့ အုပ်ချုပ်ရေးမှုး ဦးပေါက်စီ နေအိမ်၌ပင် သေနတ်ခြောက်ချက်
အပစ်ခံရပြီး ငရဲပြည်၌ ပင်စင်ယူ

September 8
#ပြည်ကြီးတံခွန်သပိတ်အင်အားစုးမန္တလေး
#crd
#Admin_Stella
ဖယ်ခုံတွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ ၅ ဦးသေဆုံး

Z Fighter September 8

ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ရွာအဝင်သို့ ရောက်ရှိလာသည့် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို ဖယ်ခုံအခြေစိုက် KNDF တပ်ရင်းနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်တို့်က ယနေ့ နံနက်ပိုင်း ၉ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ဦးသေဆုံးကြောင်း KNDF ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် ၂၅ မိနစ်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ထိုတိုက်ပွဲအပြီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်စီးလာသည့် အရပ်သားနှစ်ဉီးကို အကြောင်းမဲ့ပစ်သတ်ခဲ့ကြောင်း သိရသည်။ [KTM] [Z-F]

Credit to Khit Thit Media
#KTM
#z_fighter
#crd
#Admin_Stella
မြစ်ကြီးနားတွင် လူငယ် (၇) ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွား

iDigital News | Sep 8

မြစ်ကြီးနားမြို့ ကျောက်စိမ်းအဝိုင်းပတ်ရှေ့တွင် ယနေ့ ညနေ (၄) နာရီခွဲ ဝန်းကျင်က လူငယ် (၇) ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်းသွားတယ်လို့ သိရပါတယ်။

အိမ်စီးကားများအပါအဝင် စစ်ကားများဖြင့် ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ခဲ့တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

"အားလုံးက အမျိုးသားတွေကြီးဘဲ။ အနည်းဆုံး ၇ယောကျ အထက်လောက်ရှိတယ်။ ဒူးထောက်ထားခိုင်းတယ်။ နောက် လက်ကိုလည်း ခေါင်းပေါ်တင်ထားခိုင်းတယ်။ အဲ့လူငယ်တွေက ဆိုင်ကယ်နဲ့ဟုတ်တယ်။ အဝေးကနေဘဲလှမ်းမြင်နေရတယ်။ ဘာကြောင့်ဖမ်းတာက ကျနော်လည်း မသိဘူး။ ဖမ်းသွားတာကိုဘဲ မြင်လိုက်ရတယ်"လို့ အဆိုပါမျက်မြင်တွေ့ခဲ့သူက ပြောပါတယ်။

ဖမ်းဆီးခံရသည့် လူငယ်များမှာ ဘယ်သူတွေလဲ၊ ဘာကြောင့်ဖမ်းဆီးခေါ်ဆောင်သွားသလဲဆိုတော့ မသိရသေးပါဘူး။
#crd
#Admin_Stella
ပုလဲနယ် လှော်ကားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၂ ဦး သတ်ခံရ

စက်တင်ဘာ ၊ ၈ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် လှော်ကားကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၂ ဦးကို အမည်မသိ လက်နက်တွေကိုင်းထားတဲ့ လူတစုက ဒီမနက်က နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နေ့ခင်းပိုင်းမှာ သေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရတယ်လို့ ပုလဲမြို့နယ် မင်းတိုင်ပင် စံပြရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

" နေ့ခင်းပိုင်းက လှော်ကားကြီးရွာနဲ့ တနယ်ရွာအကြား လမ်းက တံတားနားမှာ သေဆုံးနေတဲ့ ရုပ်အလောင်း ၂ လောင်း ပြန်တွေ့ရတယ် ၊ ဦးခေါင်းပြတ် ဒဏ်ရာတွေနဲ့ သေဆုံးနေတာ " လို့ လှော်ကားကြီးကျေးရွာအနီး လက်ပုဂံ ရွာခံ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ သေဆုံးနေတဲ့ ရုပ်အလောင်း ၂ လောင်းအနက် ၁ ဦးကတော့ လှော်ကားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စိုး ဆိုသူဖြစ်ပြီး ကျန် ၁ ယောက်ကိုတော့ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ စီစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ လူသတ်မှုဖြစ်စဥ်နဲ့ပတ်သက်လို့ ယင်းမာပင် ခရိုင်ကောင်စီရုံးကို သိလိုတာတွေ မေးမြန်း အတည်ပြု VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်အထိ ဆက်သွယ်လို့ မရသေးတာကြောင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်ထဲက ပုလဲမြို့နယ် မုံရွာ ဂန့်ဂေါ ကလေး ကားလမ်း ၅၂ ပျဥ်းပင်ကွေ့အနီး သလင်းတောင် လျိုတခုထဲမှာ အသက် ၃၀ ဝန်းကျင် လူငယ် ၁ ဦးရဲ့ ဦးခေါင်းဖြတ်ထားတဲ့ ရုပ်အလောင်း ၁ လောင်း တွေ့ခဲ့ရတဲ့ ဖြစ်စဥ် ပေါ်ပေါက်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ပုလဲ #လှော်ကားကြီးရွာ
#crd
#Admin_Stella
YGN - မရမ်းကုန်း

နေရာ - မရမ်းကုန်း

အချိန် - ၇:၃၀pm, Sep 8

ဖြစ်စဉ် - ဘုရင့်နောင် .....
နာနတ်သီးကျွေးခံရ၊ သေနတ်သံ တစ်ချက် ကြား

Fb တင်ခွင့်မပြု

Source - Z Informer [Y-97]
#z_fighter
#crd
#Admin_Stella
D-Dayကိုလှောင်ပြောင်ခဲ့သူဗိုလ်ကြီး ထွန်းထွန်းဦး

တိုက်ပွဲတွင် ပြင်းထန်စွာဒဏ်ရာရရှိကာသေဆုံး
#crd
#Admin_Stella 😂😂
Forwarded from Z Fighter News [︎]
Z Fighter
ညပိုင်းသတင်းပေါင်းချုပ်

⛑️Z Fighter September 8⛑️

📡https://t.me/zfighternews

💌[𝗣𝗮𝗿𝘁 - 3]💌

🚧NUG က D-Day ကြေညာပြီးနောက် စစ်ကောင်စီတပ်တွေ ကန်တော့ပွဲတင်

🚧တော်လှန်ရေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်မည်ဟု အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ကြေညာ

🚧ကလေးမြို့နယ် ဒိုးနွယ်ရွာတွင် စစ်ကောင်စီတပ်များ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီး

🚧မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲကလည်း D Day ကြေညာလိုက်ပြီ

🚧တရုတ်နိုင်ငံခြားရေးဝန်ကြီး အာရှနိုင်ငံများသို့ မကြာမီရက်ပိုင်းအတွင်း ခရီးလှည့်လည်မည်

🚧ကလေးမြို့ မြို့တော်ခန်းမရှေ့ ဗုံးကွဲ၊ စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးကျည်ထိမှန်

🚧ဘုတလင်နယ်ထဲက ကံသာရွာအပါအဝင် ကျေးရွာအချို့ကဒေသခံတွေတိမ်းရှောင်နေရ

🚧သတင်းထောက်ဟောင်း ကိုမှူးအိမ်ဇော်နဲ့ဇနီး အဖမ်းခံရ

🚧သင်္ဃန်းကျွန်းမြို့နယ်၊လျှပ်စစ်ရုံးရှေ့မှာ ပေါက်ကွဲမူဖြစ်လို့ အရပ်သား တစ်ဦးဒဏ်ရာရရှိ

🚧ချင်းပြည်နယ်၊ တွန်းဇံမြို့မ ရဲစခန်းမှ ရဲတပ်သား ကိမ်ကိမ်းမန်အပါအဝင် ရဲတပ်သား(၅) ဦးCDM ဝင်ပြီး အာဏာရှင်စနစ်ဆိုးကြီး တော်လှန်ဖို့အတွက် CDF ထံပူးပေါင်း

🚧ကလေးမြို့နယ် ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးနေရ

🚧တောင်တွင်းကြီးက NLD တိုင်းလွှတ်တော်အမတ်နေအိမ် ဖျက်ဆီးခံရ

🚧AA ရဲ့အုပ်ချုပ်ရေးကိုလက်မခံဖို့ မွတ်စလင်အုပ်ချုပ်ရေးမှူးအချို့ကို စစ်ကောင်စီ သတိပေး

🚧ကရင်နီပြည်သူများ လုံခြုံရေးသတိရှိကြရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ် သတိပေး

🚧ကျောက်မဲမြို့နယ် စစ်ဘေးရှောင်စခန်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂ ဦးတွေ့ရှိ

🚧ဖောင်းပြင်တွင် စစ်ကောင်စီက ပြည်သူတစ်ဦးကို မတရားဖမ်းဆီး

🚧စစ်တပ်နှင့် ရဲကင်းအနီးက ပြည်သူများ ရှောင်ရှားကြရန် ရေး PDF သတိပေး

🚧ကယားပြည်နယ်‌ ဒေါပိုးစီကျေးရွာအနီး KNDF နှင့် စစ်ကောင်စီ တို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

🚧ကုလညီလာခံ နီးလို့ NUG က တော်လှန်ရေး ကြေညာတာလို့ စစ်ကောင်စီ တုံ့ပြန်

🚧NUG အစိုးရမှ D-Day ကြေညာပြီးနောက် မိုးညှင်းမြို့ ရဲစခန်းတွင် ရဲတပ်သားများ CDM ပြုလုပ်မည်စိုးရိမ်၍ အပြင်ထွက်ခွင့်ပိတ်ပင်ထား

🚧ယနေ့တစ်ရက်တည်း ဘုတလင်တွင် Mytel တာဝါတိုင်နှင့် စက်ပစ္စည်း (၁၁) ခု ဖေါက်ခွဲ ဖျက်ဆီးခံရ

🚧ထန်တလန်-CDF နှင့်သာမက YDF နှင့်ပါ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စုစုပေါင်း (၃၅) ဦး ထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိ

🚧မှော်ဘီစစ်တပ်က ဒေသခံများကို ပေါ်တာဆွဲ

🚧မိုးကုတ်မြို့က Mytel ရုံး ဗုံးခွဲခံ

🚧ကရင်နီတပ်ဖွဲ့ဝင်များ ဒီးမော့ဆိုရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ဟုဆို

🚧ပုဂံတွင် နှစ်ပေါင်း ၉၀၀ ခန့် သက်တမ်းရှိ အုတ်တိုက်အမှတ် ၁၃၁၅ ပြိုကျပျက်စီး

🚧ဘားအံမှာ စစ်ကောင်စီသတင်းပေးဒလံ တကောင်ငကျွဲ သေနတ်ပစ်ခံရပြီး သေဆုံး

🚧စစ်ကောင်စီ တပ်မ(၇၇) မှ စစ်ပြေးလာသော တပ်သား(၈) ဦး ရွှေကူမြို့အထွက်ဂိတ်တွင်ဖမ်းမိ

🚧မန္တလေးတောင်ခြေ စကစတပ်ကို လက်ပစ်ဗုံးပစ်ထဲ့ စစ်သား ၂ဦးသေ ဒဏ်ရာရသူများပြား

Z Fighter
သတင်းစုဆောင်းရေးအဖွဲ့

💌[𝗣𝗮𝗿𝘁 - 3]💌

#z_fighter
ခွပ်ဒေါင်းသွေးတေနီရဲ့လားဟေ့
#crd
တ/ဥက္ကလာ
၁၆ ကွေ့ကို DC တစ်စီးနဲ့ ခွေးနှစ်ကောင်လာချသွားပါတယ်။ မော်တော်ပီကယ်ရုံးနောက်ဘက် အမှောင်ထဲကိုဝင်သွား

9:22 PM
°°°°°°°°°°°°°°°°°°°°
📍@SOK_Informer
အင်တာနက်ကြီးပျက်ခဲ့သော် အပိုင်း(၁)

အင်တာနက် ကြီးပြတ်တောက်သွားမယ့်အချိန်ကို ထိုင်စောင့်ဖို့အချိန်မရှိဘူးကို့လူတို့ရေ
ရောင်းရင်းတို့ရေ သတင်းအချက်အလက်လုံခြုံစွာ စီးအင်မတန်မှ အရေးကြီးတာဖြစ်လို့
လက်ရှိ ဖော်ပြထားတဲ့ App တွေကို မဖြစ်မနေ Download ဆွဲပြီး Setup လုပ်ထားဖို့ လိုမယ်ဗျို့..

App တွေက Android မှာရတဲ့ဟာလေးတွေပဲဖြစ်ပါတယ်..

အရေးတော်ပုံအောင်ဖို့ သတင်းအချက်အလက်လွတ်လပ်စွာစီးဆင်းဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မပြတ်သွားရေးနဲ့ လုံခြုံစွာ ဆက်သွယ်ဖို့လုပ်မှ အရေးတော်ပုံကြီး ပီပြင်စွာ ပုံပေါ်မှာပဲဖြစ်ပါတယ်

အရေးတော်ပုံ အောင်နေပြီ.....
#Admin_Stella
#crd
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအကြံပေးကောင်စီ မှ အမျိုးသားညီညွတ်ရေး အစိုးရ DDay ကြေညာရတာနှင့် ပက်သက်လို့ နားလည်ပါကြောင်း။ စစ်အာဏာသိမ်း (၇) လတာ ကာလအတွင်း နိုင်ငံတကာ အသိုက်အဝန်းမှ ထိရောက်သည့် တုံပြန်မှုမျိုး ဆောင်ရွက်ခြင်းမရှိသည့်အတွက် NUG မှ ယခုလို ဝမ်းနည်းစွာ စစ်ကြေညာရခြင်းဖြစ်သည့်အကြောင်း ၊ မိမိတို့မှ နားလည်သလို့ နိုင်ငံတကာအသိုင်းအဝန်းကပါ နားလည်ပေးစေလိုပါကြောင်း ကြောညာချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။

MSI
credit
#Admin_Stella
#crd
မြောင်မြို့နယ် တိုက်ပွဲ

ယနေ့မြောင်မြို့နယ်တိုက်ပွဲအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ(၉)ဦးသေဆုံးပြီးမြောင်PDFဘက်မှတစ်ဦးထိခိုက်ဒဏ်ရာရရှိ

Source - NBung Dat Kasa-Kachin Multimedia
#Admin_Stella
#crd
ပြည်သူ့အစိုးရ၏ အသံများကို
ပြည်သူများမှ တိုက်ရိုက်နားဆင်နိုင်ရန်
ပြည်သူ့ရေဒီယို အစီအစဉ်များကို

နေ့စဉ်နံနက်တိုင်း မြန်မာစံတော်ချိန် (၈) နာရီ တွင်
လှိုင်းတို ၁၆ မီတာ ၁၇.၇၁ မက်ဂါဟဇ် (16 m 17.71 MHz)

နေ့စဉ်ညနေတိုင်း မြန်မာစံတော်ချိန် (၈) နာရီ တွင်
လှိုင်းတို ၂၅ မီတာ ၁၂ မက်ဂါဟဇ် (25 m 12 MHz) တို့တွင်

တိုက်ရိုက်ဖမ်းယူနိုင်ပြီဖြစ်ကြောင်း
လေးစားရပါသော မိဘပြည်သူများအား
ထပ်မံအသိပေး ပန်ကြားအပ်ပါသည်။

ယခု အင်တာနက် ရေဒီယို ပေါ့ဒ်ကတ်စ် အစီအစဉ်များ တင်ဆက်နိုင်အောင်
CRPH Support Team SF Bay Area Community က ကူညီထားပါသည်။

#RadioNUG
#Admin_Stella
#crd
D-day အမီရောက်လာတဲ့လက်နက်ဆိုသည့် ဓာတ်ပုံများဟာ google မှ ပုံများသာဖြစ်
===========================
( Misinformation Buster )

ကြွားတာလည်းမဟုတ် အရောင်းပြခန်းမှ ယူလာတာလည်းမဟုတ် D-day အမှီ လက်နက်များရောက်ရှိလာပြီဆိုပြီး U Saw Naing ဆိုတဲ့ ဖေ့ဘုတ်စ် အသုံးပြုသူမှ ဓာတ်ပုံအမှား၊ သတင်းအမှားများကို ဖြန့်ဝေခဲ့ပါတယ်။

အဆိုပါ ပိုစ့်ကို လူပေါင်း တစ်ထောင်ကျော်မှ မျှဝေထားတာကို မြင်တွေ့ရပါတယ်။

အဆိုပါ ပုံများထဲတွင် ကမ္ဘာ့သတင်းမီဒီယာအချိူ့မှာဖော်ပြထားတဲ့ ၂၀၁၇ ဒီဇင်ဘာလတုန်းက အမေရိကန်နဲ့ IS တို့ရဲ့လက်နက်အရောင်းအဝယ်အကြောင်း အစီရင်ခံစာမှ ဓာတ်ပုံများ၊ ၂၀၁၈ ခုနစ်က သြစတေးလျ နိုင်ငံမှာ တရားမဝင်လက်နက်များ မိစဉ်က ဓာတ်ပုံများ၊ ၂၀၁၉ ခုနစ်တွင် အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ် မြို့မှာ လက်နက်များ သိမ်းစည်းမိစဉ်က ပုံများ အသုံးပြုထားတာကိုတွေ့ရပါတယ်။

D-day အမီရောက်လာတဲ့ လက်နက်များဆိုကာ ဓာတ်ပုံအဟောင်းများ အသုံးပြုပြီး ဖြန့်ဝေမှုများရှိနေတဲ့ သတင်းအမှားသာဖြစ်ကြောင်း Misinformation Buster အစီအစဉ်မှ ပြောကြားလိုပါတယ်။

Mizzima
#crd
#Admin_Stella