Truth Waves
7.53K subscribers
16.1K photos
3.54K videos
63 files
5.25K links
Download Telegram
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသောပတ္တမြားကြီးအား ကြည့်ရှု
နေပြည်တော်၊ မေ - ၇
37🥰4👏3👍2💯2
7-5-2026
မဟာဝိဇယစေတီတော်ဝင်းအတွင်း ရှိ စိုက်ပျိုးထားသော ညောင်ပင်အမှတ်(၁)၏ထူးခြားဖြစ်စဉ်
🙏36👍2111😱1
၂၀၂၆ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိ
နေပြည်တော်၊ ၂၀၂၆ မေ ၇
28👍22👏2😱1
၈-၅-၂၀၂၆

ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ချက်နှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်ရေးတိုက်တွန်းနှိုးချက်တို့နှင့်စပ်လျဉ်း၍ ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

ဖော်ပြပါဖုန်းနံပါတ်များကို ဆက်သွယ်၍ အလင်းဝင်လိုသော PDF လူငယ်များ အလင်းဝင်ရောက်နိုင်ကြောင်း ထုတ်ချက်ပြန်ကြေညာထားပါသည်။
Truth Waves
👇🏼👇🏼👇🏼
Tiktok
https://www.tiktok.com/@smt1142/photo/7637354744444456199?is_from_webapp=1&sender_device=pc&web_id=7359391421412066832

Telegram
https://t.me/truthwaves4arm/22409
20👍16🎉1
ကြယ်ရောင်မဲ့ညရဲ့ နိဂုံး
===============

တိတ်ဆိတ်နေသည့် သန်းခေါင်ယံအချိန်မှာ တိုးလျလျ ရှိုက်သံတစ်ချက်က တဲအိမ်ကလေးကို လှုပ်နှိုးလိုက်သလိုရှိ၏။ အဟာရဓာတ် ကောင်းကောင်းဖြည့်စွက်ခွင့်မရခဲ့သည့် ဝမ်းဗိုက်က နေ့ရက် ပေါင်းများစွာရှိနေပြီဆိုသည့်အကြောင်း အချက်ပြသည့်နှယ် တဂွီဂွီ မြည်လျက်ရှိသည်။ ကျိန်းစက်စက် မျက်လုံးများက ဆက်လက်ပြီး မှေးဆက်မလာနိုင်ခဲ့။ တိုးလျလျ ရှိုက်သံများက အဆက်မပြတ် ထွက် ပေါ်လာလျက်ရှိသည်။ ကျေးငှက်ကလေးများ၏ အသံပင် ထွက်ပေါ်လာခြင်းမရှိသည့် တောနက်နက် ၏ တိတ်ဆိတ်မှုကို ထိုရှိုက်သံများက ဖြိုခွင်းလိုက်သလိုရှိ၏။ သူ တဲအိမ်ကလေးတွင်းမှ ထွက်လာ ခဲ့ပြီး ရှိုက်သံလာရာဆီ နားစွင့်ကြည့်သည်။ ကြယ်ရောင်ပင်မရှိသည့် ညအမှောင်က သူတို့အပေါ် ရက် စက်လွန်းလှသည်ဟု သူ တွေးသည်။ မှောင်မှောင်မဲမဲမှာ ရှိုက်သံလာရာဆီ သူ ဦးတည်လာခဲ့သည်။ အနီးရောက်မှ ရုပ်သဏ္ဌာန်က ပေါ်လွင်လာခဲ့၏။

“ဟင်… နှင်း… နှင်း ဘာဖြစ်လို့လဲ”

ဆက်လက်ဖတ်ရှုရန်
12👍4🥰2
ကြယ်ရောင်မဲ့ညရဲ့ နိဂုံး
==============

တိတ်ဆိတ်နေသည့် သန်းခေါင်ယံအချိန်မှာ တိုးလျလျ ရှိုက်သံတစ်ချက်က တဲအိမ်ကလေးကို လှုပ်နှိုးလိုက်သလိုရှိ၏။ အဟာရဓာတ် ကောင်းကောင်းဖြည့်စွက်ခွင့်မရခဲ့သည့် ဝမ်းဗိုက်က နေ့ရက် ပေါင်းများစွာရှိနေပြီဆိုသည့်အကြောင်း အချက်ပြသည့်နှယ် တဂွီဂွီ မြည်လျက်ရှိသည်။ ကျိန်းစက်စက် မျက်လုံးများက ဆက်လက်ပြီး မှေးဆက်မလာနိုင်ခဲ့။ တိုးလျလျ ရှိုက်သံများက အဆက်မပြတ် ထွက် ပေါ်လာလျက်ရှိသည်။ ကျေးငှက်ကလေးများ၏ အသံပင် ထွက်ပေါ်လာခြင်းမရှိသည့် တောနက်နက် ၏ တိတ်ဆိတ်မှုကို ထိုရှိုက်သံများက ဖြိုခွင်းလိုက်သလိုရှိ၏။ သူ တဲအိမ်ကလေးတွင်းမှ ထွက်လာ ခဲ့ပြီး ရှိုက်သံလာရာဆီ နားစွင့်ကြည့်သည်။ ကြယ်ရောင်ပင်မရှိသည့် ညအမှောင်က သူတို့အပေါ် ရက် စက်လွန်းလှသည်ဟု သူ တွေးသည်။ မှောင်မှောင်မဲမဲမှာ ရှိုက်သံလာရာဆီ သူ ဦးတည်လာခဲ့သည်။ အနီးရောက်မှ ရုပ်သဏ္ဌာန်က ပေါ်လွင်လာခဲ့၏။

“ဟင်… နှင်း… နှင်း ဘာဖြစ်လို့လဲ”

‘နှင်း’ကို မြင်တော့ သူ စိုးရိမ်တကြီး ဖြစ်သွားသည်။ ‘နှင်း’က သူ့ကို တစ်ချက်လှည့်ကြည့်ပြီး နောက် ဆက်၍သာ ငိုကြွေးနေပါသည်။ အသားအရေလက်လက်နှင့် ကြည့်ပျော်ရှုပျော် နှင်း တစ်ယောက် သူနှင့် လိုက်လာပြီးတဲ့နောက် ဖြစ်ပေါ်ခဲ့သည့် ပြောင်းလဲမှုက မယုံနိုင်စရာပင်။ အသား အရေကား ခြောက်သွေ့နေပြီး မျက်နှာသည်လည်း အိုစာလို့လာခဲ့သည်။ အဟာရဓာတ်ကောင်း ကောင်းမရခဲ့သည့် ‘နှင်း’ခန္ဓာကိုယ်သည် အရိုးပေါ် အရေတင်သာ ကျန်တော့သည်။ သူ စိတ်မကောင်း ပေမယ့် သူကိုယ်တိုင်လည်း မစွမ်းသာခဲ့ပါ။

“နှင်း ဘာဖြစ်လို့လဲ ကိုယ့်ကို ပြောပါဦး”

သူ ‘နှင်း’ပခုံးကို ကိုင်လှုပ်ပြီး မေးလိုက်တော့ ‘နှင်း’က ရှိုက်သံကို အားယူပြီး ထိန်းသည်။

“မေမေ ဆုံးသွားပြီ”

သူ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ဘယ်… ဘယ်လိုဖြစ်တာလဲ နှင်းရယ်… စိတ်မကောင်းလိုက်တာ”

“မနေ့ကပဲ ဆုံးသွားတာတဲ့၊ မောင်လေး စာပို့ထားတာ၊ မေမေဟာ နှင်းကို ပူပန်စိတ်နဲ့ အိပ်ရာ ပေါ် ရောက်သွားခဲ့တယ်၊ ဘာမှမစားမသောက်ဘဲ တစ်လကျောက်လောက် အိပ်ရာပေါ်ရောက်နေတဲ့ အချိန်မှာလဲ နှင်းကိုပဲ အချိန်ပြည့် မေးနေတယ်တာတဲ့၊ နှင်း တော်တော်မိုက်ခဲ့တာပဲနော်၊ မေမေ့ဆီကို တစ်ခေါက်လေးတောင် ရောက်အောင် မပြန်နိုင်ခဲ့ဘူး၊ မောင်လေးကတော့ နှင်းကို တော်တော်စိတ်နာ သွားတယ်ထင်တယ်၊ ဒါ နောက်ဆုံးဆက်သွယ်ခြင်းပဲ… နောက်နောင် ဘယ်တော့မှ မဆက်သွယ် တော့ဘူးတဲ့”

‘နှင်း’က စကားစကို ခဏဖြတ်ပြီး မျက်ရည်စများကို လက်မိုးဖြင့် ပွတ်သုတ်နေပါ၏။

“ဖေဖေလဲ အဲဒီစိတ်နဲ့ နေထိုင်မကောင်းဘူးတဲ့… နှင်း ဘယ်လိုလုပ်ရမလဲဟင်”

အားကိုးတကြီးနှင့် လှည့်ကြည့်လာသည့် ‘နှင်း’ကို သူ ရင်ဆိုင်မကြည့်နိုင်။ သူကိုယ်တိုင်လည်း မည်သို့လုပ်ရမည်မသိပါလေ။ မမြင်ရသည့် အမှောင်ထု၏အဝေးကိုသာ မျှော်ကြည့်ရင်း သက်ပြင်း မောကို ခပ်လေးလေးမှုတ်ထုတ်လိုက်မိသည်။

“နှင်း ဘာလုပ်ရမလဲဟင်… တစ်ခုခုပြောပါဦး ကိုရယ်၊ နှင်းလဲ စိတ်ညစ်နေပြီ၊ ဘာကြောင့်များ ဒီလမ်းကြီးကို ရွေးခဲ့မိပါလိမ့်… ဟီး ဟီး”

ရှိုက်ကြီးတငင် ငိုကြွေးနေရသည့် ‘နှင်း’ကို သူ မည်သို့နှစ်သိမ့်ရမည်မသိပါလေ။ ‘နှင်း’ ကဲ့သို့ပင် သူကိုယ်တိုင် ဒီလမ်းခရီးမှာ မပျော်ပိုက်တော့ပါ။ ချစ်ရသူအတွက် စွန့်စားခန်းဖွင့်ခဲ့သည့် ဤလမ်းခရီး က ဤသို့နှယ်ဖြစ်သွားလိမ့်မည်ဟု သူတွေးထင်မထားခဲ့ရိုး အမှန်ပါ။ စိတ်မကောင်းဖြစ်စွာနှင့် နောက် ကြောင်းပြန်လှည့်ကြည့်သော် ယဲ့ယဲ့သာ ကျန်တော့သည့်အဖေနှင့်အမေကို မြင်ယောင်လာသည်။ အမေသည်လည်း ‘နှင်း’အမေကဲ့သို့ ပူပန်စိတ်ဖြင့် သူ့ကို မျှော်နေလေမည်လား။ ထိုအတွေးတစ်စက သူ့ရင်အစုံကို ကိုင်လှုပ်လိုက်ဘိသကဲ့သို့ရှိ၏။ အမှောင်ထုကြားမှ သူ့အတွေးစိတ်သည် လက်ခနဲဖြစ် သွား၏။

အမှောင်ထုကား ကြီးစိုးနေဆဲဖြစ်၏။ သို့သော် အချိန်ကျလျှင် လင်းရောင်ဖျလာမည်မဟုတ်လားလေ။

ကိုလူပျို
(၈-၅-၂၀၂၆)
👍2410🥰2😱1
Media is too big
VIEW IN TELEGRAM
၈-၅-၂၀၂၆

အီရတ်နိုင်ငံတွင် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ(၃)ဦးအား အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်
👍2213👏2
၈-၅-၂၀၂၆

စစ်ရှောင်တွေ အခွင့်အရေးပိုမယူရန်နှင့် အခွန်အခများ အရစ်ကျစနစ်ဖြင့် မဖြစ်မနေပေးဆောင်ရမည်လို့ ဒုသမ္မတ ဦးညိုစောက ပြောခဲ့တယ်ဆိုတာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။
ယခုအချိန်မှာ အစိုးရသစ်အပေါ် မလိုလားသူအုပ်စုတွေက အမျိုးမျိုးဝေဖန်ထိုးနှက်ပြီး ပြည်သူလူထု ဝေဝါးအောင် လုပ်ကြံဝါဒဖြန့်နေကြတာဖြစ်ပါတယ်။ ဒါက တဖက်အဖွဲ့အစည်း၊ NUG အုပ်စုတွေရဲ့ ယုတ်ပဲ့တဲ့ သွေးထိုးလှုံဆော်မှုတွေ သာ ဖြစ်ပါတယ်လို့ ပြောလိုက်ပါရစေ။
Truth Waves
👍318👌2
This media is not supported in your browser
VIEW IN TELEGRAM
8-5-2026
ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပြီးသူများ အလုပ်အကိုင်ရရှိရေး အသိပေးထုတ်ပြန်ချက်

Truth Waves
👇👇👇
Tiktok
https://vt.tiktok.com/ZS9tAm4aG/

Telegram
https://t.me/truthwaves4arm/22416
👍229🕊2👏1
👍3