Truth Waves
7.53K subscribers
16.1K photos
3.53K videos
63 files
5.24K links
Download Telegram
မြောက်ဥက္ကလာ၊ ၂ ရပ်ကွက်မှာ ဓားမြ (၃)ဦးကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တယ်လို့ ကနဦး သိရပါတယ်။

#MNP #News
👍24👏195🥰1
“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု ဆို”
👍20💯2🥰1😱1
Truth Waves
“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု ဆို”
“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု ဆို”

ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

" နိုင်ငံတော်ကနစ်နာဆုံးရှုံးခဲ့ရတဲ့ ငွေကြေးပမာဏအ နေနဲ့ဆိုရင် အမေရိကန်ဒေါ်လာ(၁၃ ဒသမ ၃၄၄)သန်းနဲ့ ငွေကျပ်(၂၂၆ ဒသမ ၁၀၇)ဘီလီယံဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီလိုမဖြစ်စေဖို့အတွက် မိမိတို့အနေနဲ့ လုပ် ငန်းဆောင်ရွက်မှုအားလုံးကို လုပ်ထုံးလုပ်နည်းနဲ့အညီစဉ်းစားဆင်ခြင်ဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းစွာ နိုင်ငံ တော်မှပေးအပ်ထားသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကာ နိုင်ငံတော်နှင့် ပြည်သူတို့၏အ ကျိုးကိုဖော်ဆောင်ပေးရမည်ဖြစ်ကာ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အနေဖြင့် များစွာဆုံးရှုံးနစ်နာရနိုင်၍ အဂတိမှုများနှင့် အရေးယူရသည်များမဖြစ်ရန်လိုသည်ဟု ပြောသည်။

ထို့ကြောင့် အဂတိလိုက်စားမှုများမရှိစေရေးအတွက် ပြည်ထောင်စုအဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့်အလိုက်ကြပ်မတ်ထိန်းသိမ်းရန်လိုသည်ဟု နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
👍346😱3
*နိုင်ငံရေး စစ်ရေး *

ဖလမ်းမြို့ထဲ နိုင်ငံတော် အလံ
ထောင်ပြီး ပြန်ဝင်လာကြတဲ့
အရပ်ဘက်ဝန်ထမ်းတွေကို ကြည့်
ပြီး နိုင်ငံတော် အချုပ်အခြာအာဏာ
အတွက် ကျေနပ်အားရဖြစ်မိတယ်။

တပ်က ရှေ့ကတိုက်၊ အရပ်ဘက်က
နောက်က လိုက်နဲ့ နိုင်ငံတော် အချုပ်အခြာ
အာဏာအတွက် ရှူံးဆုံးသွားတဲ့ နယ်​​မြေ
တွေကို ပြန်ပြီ ရယူနေရတာ  ဒီကာလမှာ
ပကတိကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေး
အခြေအနေမှန်တွေပဲ ဖြစ်ပါတယ်။

ရှူံးဆုံးသွားတဲ့ နယ်မြေတွေ အကုန်ပြန်ရဖို့
ဘယ်လောက်ကြာမလဲ ဆိုတာကတော့
ခန့်မှန်းလို့ မရ နိုင်သေးပေမယ့် မြန်နိုင်
သမျှ မြန်ဖို့ တော့ရှိပါတယ်။

၁၉၄၈-၄၉ တုန်းကတောင် ပုံမှန် အခြေ
အနေပြန်ရဖို့ ၃ နှစ်လောက် အချိန်ယူ
ခဲ့ရတယ် မဟုတ်လား။

အဲဒီတုန်းက
ဒီကနေ့ နေပြည်တော် လို့ ပြောတဲ့
ပျဥ်းမနား နယ်မြေကိုတောင် ၁၉၅၂ ခုနှစ်  ၊
မေလ ၃ ရက်မှရန်ရှင်းစစ်ဆင်ရေး နဲ့
ပြန်သိမ်းခဲ့ရတယ်။

ထွန်းမြတ်နိုင် စကားကို ပြန်ပြော
ရရင် တော့ ငါတို့ ပြန်လိုချင်နေတဲ့
တိုင်းပြည်ဟာ ၂၀၂၃ ခုနှစ် မတိုင်မီ
တုန်း က အခြေအနေလိုပါ။

တိတိကျကျ ပြောရရင် တော့ ရန်သူ
ရဲ့ ၁၀၂၇ စစ်ဆင်ရေး မတိုင်မီတုန်း
က တိုင်းပြည်အချုပ်အခြာအာဏာ
နယ်နိမိတ်တည်ရှိနေတဲ့ အတိုင်းကို
မဖြစ်မနေ ရောက်အောင် သွားမှာ
ဖြစ်ပါတယ်။

ဒါဟာ တပ်မတော် ရဲ့ စစ်ရေး ရည်မှန်း
ချက် ဖြစ်သလို နိုင်ငံတော် ရဲ့ နိုင်ငံရေး
ရည်မှန်းချက်လည်း ဖြစ်တယ်။

ဒါကို ဘယ်တန်ခိုးရှင် ဘယ်ဖန်တီးရှင်
မှ လာတားလို့ မရဘူး ဆိုတာ သောင်း
ကျန်းသူ တွေ သဘောပေါက်ဖို့ လိုပါ
တယ်။

အခုကာလ မှာ တစ်ခုကောင်းသွားတာက
နည်းပညာအခြေပြုစစ်ပွဲ ဆီကို လျင်လျင်
မြန်မြန်ကူးပြောင်းလာခဲ့ပြီ ဖြစ်လို့ ၁၉၉၀
ပြည့်လွန်နှစ်များကာလ က  မဲသဝေါ
မဲနာပလော ဝမ်ခသစ် တို့ တိုက်တုန်းကလို
တပ်မတွေ အများကြီး သုံးပြီး လပေါင်း
များစွာ တိုက်ယူရလိမ့်မယ် လို့
မထင်ပါဘူး။

ဝက်ခေါင်းထိုးဗျူဟာ တွေနဲ့ ကျားကုတ်
ကျားခဲ တိုက်ရတဲ့ အခြေမနေမျိုး မဟုတ်ဘဲ
ရန်သူ့ဒရုန်းကို ထိန်းချုပ်ပြီး ကိုယ့်ဒရုန်းတွေ
ရန်သူ့ခေါင်းပေါ်ကို ၂၄ နာရီ လွှမ်းမိုးထား
နိုင်သူ က စစ်ပွဲကို အသာစီးရမှာပါပဲ။

တကယ်လည်း အချိန်တိုအတွင်း မှာ
တစ်မြို့ ပြီး သိမ်းယူနေတဲ့ တပ်မတော်ရဲ့
စစ်ရေးစွမ်းကို ကြည့်ရင် စစ်လက်နက်
နည်းပညာ မှာ ရော အင်အားအရာမှာပါ
အလွန် မြင်နိုင် သိနိုင်
မှာ ဖြစ်တယ်။

တပ်မတော် ဟာ အခုဆိုရင်
စစ်လက်နက်နည်းပညာ အလစ်အငိုက်
မိခဲ့တဲ့  ထောင်ချောက်ကနေ ရုန်းထွက်နိုင်
ခဲ့တယ်။

ဒါက စစ်ရေးအရ ပြုပြင်ပြောင်းလဲနိုင်မှု
ရဲ့ ရလဒ်ပဲ ဖြစ်တယ်။

နိုင်ငံရေး အရ ကြည်ပြန်ရင်လည်း
အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲ
နေတဲ့ အချက်ကို ရွေးကောက်ပွဲက
တဆင့် တက်လာတဲ့ ဒီကနေ့ ဒီမိုကရေစီ
အစိုးရ လက်ထက် မှာ အားသွန်ခွန်စိုက်
ကြိုးစားဆောင်ရွက်နေနေတာ တွေ့ရတယ်။

ဒါ့ကြောင့် ဒီကာလ စစ်ရေး နိုင်ငံရေး
အရွေ့ ဟာ အကြမ်းဖက်သောင်းကျန်း
သူတွေ အတွက်တော့ တုန်လှုပ်ချောက်
ခြားဖွယ်ရာ ဖြစ်နေပေမယ့် နိုင်ငံကို
ချစ်တဲ့ ပြည်သူလူထု အတွက် တော့
ကျေနပ်အားရစရာပါ။

မင်းသုန္ဒရ
👍2524👏4
25👍12🎉1
ခိုလမ်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ
နေပြည်တော်၊ ၂၀၂၆ မေ ၇
👍235👏3
အဆင့်မြင့်ပညာနှင့်အခြေခံပညာ လူရည်ချွန်စခန်း(ငွေဆောင်)နှင့် အဆင့်မြင့်ပညာနှင့်အခြေခံပညာ လူရည်ချွန်စခန်း (ချောင်းသာ) ဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ ၂၀၂၆ မေ ၇
16👍8👏2
မြစ်ကြီးနားမြို့ရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ မေ ၇
21👍10👏1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသောပတ္တမြားကြီးအား ကြည့်ရှု
နေပြည်တော်၊ မေ - ၇
37🥰4👍2👏2💯2