Truth Waves
7.49K subscribers
15.9K photos
3.51K videos
63 files
5.21K links
Download Telegram
"ပညာရေးနည်းပြများ အလိုရှိသည်"
၅-၅-၂၀၂၆
တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများနှင့် ပညာရေးကျောင်းတို့မှာ ပညာရေးနည်းပြအဖြစ် အမှုထမ်းဆောင်ဖို့..

ဘာတွေပြည့်စုံရမလဲ?၊ ဘာတွေယူလာရမလဲ?၊

အရည်အချင်းပြည့်မီခြင်း ရှိ/မရှိ ဘယ်လို စစ်ဆေးခံသွားရမလဲ?၊

ဘာတွေ အကျိုးခံစားခွင့် ရမလဲ?

ဆိုတာကို သိရှိလိုသည့် ပြည်သူများ သိရှိနိုင်စေရန် ဖတ်ရှုနိုင်ပါသည်။

Truth Waves
👇🏼👇🏼👇🏼
Tiktok
https://www.tiktok.com/@smt1142/photo/7636234063967227154?is_from_webapp=1&sender_device=pc&web_id=7359391421412066832

Telegram
https://t.me/truthwaves4arm/22202
16👍9👏1🎉1
ပညာရေးနည်းပြများအလိုရှိသည်
၁။ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများနှင့် ပညာရေးကျောင်းများတွင် ပညာရေးနည်းပြ(စာပေ) အဖြစ် အမှုထမ်းဆောင်ရန် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) တက္ကသိုလ်၊ သို့မဟုတ် ကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ (ပညာရေးဘွဲ့ရရှိသူများအား ဦးစားပေးမည်။)
( ဂ ) အသက် ၃၀ နှစ်ထက် မကြီးစေရ။
(ဃ) ကျန်းမာရေးကောင်းမွန်ရမည်။
( င ) မည်သည့် ပညာရေးကျောင်းများတွင်မဆို သွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၂။ လျှောက်ထားသူသည် အောက်ပါစာရွက်စာတမ်းများ ယူဆောင်လာရမည်-
(က) ကိုယ်ရေးအချက်အလက်။
( ခ ) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်(မူရင်းနှင့် မိတ္တူ)။
( ဂ ) အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မူရင်းနှင့် မိတ္တူ)။
(ဃ) တက္ကသိုလ်၊ သို့မဟုတ် ကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိကြောင်း ထောက်ခံချက်၊ သို့မဟုတ် ဘွဲ့လက်မှတ် (မူရင်းနှင့် မိတ္တူ)။
( င ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက်နှင့် ရဲတပ်ဖွဲ့စခန်းတို့မှ ထောက်ခံချက်များ။
၃။ လျှောက်ထားလိုပါက အရည်အချင်းပြည့်မီခြင်း ရှိ/မရှိ စစ်ဆေးခံရန် အောက်ပါပညာရေးကျောင်းများသို့ ၁-၅-၂ဝ၂၆ ရက်မှစ၍ လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်သည်-
(က) အမှတ်(၁)တပ်မတော်လူငယ်ပညာရေး (ဆ) အမှတ်(၅)ပညာရေးကျောင်း(တောင်ငူမြို့)။
သင်တန်းကျောင်း(ရဲမွန်မြို့)။ (ဇ) အမှတ်(၆)ပညာရေးကျောင်း(မော်လမြိုင်မြို့)။ ။
(ခ) အမှတ်(၂)တပ်မတော်လူငယ်ပညာရေး (ဈ) အမှတ်(၇)ပညာရေးကျောင်း(မြစ်ကြီးနားမြို့)။
သင်တန်းကျောင်း(နေပြည်တော်)။ (ည) အမှတ်(၈)ပညာရေးကျောင်း(လားရှိုးမြို့)။
(ဂ) အမှတ်(၁)ပညာရေးကျောင်း(မြိတ်မြို့)။ (ဋ)အမှတ်(၉)ပညာရေးကျောင်း(ပုသိမ်မြို့)။
(ဃ) အမှတ်(၂)ပညာရေးကျောင်း(မိတ္ထီလာမြို့)။ (ဌ) အမှတ်(၁၀)ပညာရေးကျောင်း(စစ်တွေမြို့)။
(င) အမှတ်(၃)ပညာရေးကျောင်း(အောင်ပန်းမြို့)။ (ဍ) အမှတ်(၁၁)ပညာရေးကျောင်း(မုံရွာမြို့)။
(စ) အမှတ်(၄)ပညာရေးကျောင်း(ရဲမွန်မြို့)။ (ဎ) အမှတ်(၁၂)ပညာရေးကျောင်း(ကျိုင်းတုံမြို့)။
၄။ ရွေးချယ်ခန့်အပ်ခြင်းခံရပါက အောက်ပါအကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါသည်-
(က) လစာ
အဆင့်/အတန်း အခြေခံလစာ နှစ်တိုး ပေါင်း
(၁) တပ်ကြပ်ကြီး/နည်းပြ(စစ်သည်အစားခန့်) ၁၉၈၀၀၀ ၂၀၀၀ ၂၀၈၀၀၀
(၂) ဒုတိယအရာခံဗိုလ်/နည်းပြ(စစ်သည်အစားခန့်) ၂၁၆၀၀၀ ၂၀၀၀ ၂၂၆၀၀၀
(၃) အရာခံဗိုလ်/နည်းပြ(စစ်သည်အစားခန့်) ၂၃၄၀၀၀ ၂၀၀၀ ၂၄၄၀၀၀
မှတ်ချက်။ နှစ်တိုးလစာကို ၂ နှစ်လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ၁၀၀၀၀ ကျပ်အထိ ခံစားခွင့်ရှိသည်။ အပိုထောက်ပံ့ငွေအား နိုင်ငံ့ဝန်ထမ်းများနည်းတူခံစားခွင့်ရှိသည်။
( ခ ) နေအိမ်၊ ရေ၊ မီးနှင့် တပ်မတော်ဆေးရုံ/ဆေးခန်းများတွင် ဆေးကုသခွင့် အခမဲ့ ခံစားခွင့်ရရှိမည်။
( ဂ ) လုပ်သက် ၅ နှစ်ပြည့်ပါက ပညာရေးဒီပလိုမာ စာပေးစာယူသင်တန်းသို့ တက်ရောက်ခွင့်ရရှိရေး ဆောင်ရွက်ပေးမည်။
(ဃ) သက်ဆိုင်ရာကျောင်းမှ ကျောင်းဝတ်စုံ တစ်နှစ်လျှင် ၂ စုံနှုန်း ထောက်ပံ့ပေးခြင်းနှင့် အခြား ထောက်ပံ့မှုများအား အခါအားလျော်စွာ ဆောင်ရွက်ပေးမည်။
မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာပညာရေးကျောင်းများနှင့် ဖုန်း-၀၃၆-၃၀၅၃၁/၀၃၆-၃၀၅၆၆ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Truth Waves
18👍10👏2🎉1
This media is not supported in your browser
VIEW IN TELEGRAM
ဒေါ်စုကြည် လွတ်မြောက်လာမှာကို မလိုလားသူများ ရှိနေ(5-5-2026)

Truth Waves
TikTok- https://vt.tiktok.com/ZS9Xg8cNJ/

Telegram- https://t.me/truthwaves4arm/22209
👍263😱1👌1
This media is not supported in your browser
VIEW IN TELEGRAM
၅-၅-၂၀၂၆

"အများပြည်သူ သိရှိစေရန် ကြေညာခြင်း"

Truth Waves
👇🏼👇🏼👇🏼
Tiktok
https://www.tiktok.com/@shwemyoetaw2/video/7636240728762469640?is_from_webapp=1&sender_device=pc&web_id=7359391421412066832

Telegram
https://t.me/truthwaves4arm/22210
14👍8👏1
မျှော်လင့်ချက် ရောင်ခြည်သစ်
===================

မနက်ခင်း လင်းရောင်ခြည်က ဖျဖျလေး ကျလို့နေပါတယ်။ အပူချိန် မြင့်တက်နေတဲ့ အချိန် ကာလဖြစ်လို့ မနက်စောစောနဲ့ ညနေပိုင်းကိုသာ အားပြုပြီး အလုပ်ခွင် ဝင်နေရတယ်။ နွေကျောင်း ပိတ်ရက်ဖြစ်လို့ သားတွေကလဲ တက်တက်ကြွကြွနဲ့ အလုပ်လုပ်လို့နေပါတယ်။ မနားမနေ အလုပ်တွေ လုပ်နေရပေမယ့် ဝင်ငွေဟာ ဖြောင့်မနေခဲ့ပါဘူး။ ဒီတော့ အတန်းတွေ ကြီးလာပြီဖြစ်တဲ့ သားသမီး ၄ ယောက်အတွက် ရုန်းကန်ရတော့တာပေါ့။ သိတတ်တဲ့ သားကြီးကတော့ ကျောင်းဆက်မတက်တော့ ဘဲ ညီ၊ ညီမလေးတွေအတွက် ကြိုးစားတော့မယ်လို့ ဆိုပါတယ်။ ဒီလိုကြီးလဲ ဦးသာမောင် မလုပ်ချင် ပြန်ဘူး။ သားကြီးကလဲ ပညာလိုလားတဲ့ စာတော်သူမဟုတ်လားလေ။ ဦးသာမောင်တစ်ယောက် အလုပ်လုပ်ရင်း အိမ်ထောင်ဦးစီးပီပီ သားတွေရဲ့ ပညာရေးခရီးအတွက် အတွေးနယ်ချဲ့နေရတယ်။ နေပူလာလို့ အနားလေး ယူတော့လဲ ခန္ဓာကိုယ်က နားနေပေမယ့် အတွေးက နားမနေရပြန်ဘူး။ သားတွေအတွက် စဉ်းစားနေရတုန်းပဲ။

“ဗျို့ ကိုသာမောင်… ဘာတွေများ အတွေးများနေတုန်းဗျ

ဆက်လက်ဖတ်ရှုရန်
👍161🥰1
မျှော်လင့်ချက် ရောင်ခြည်သစ်
===================

မနက်ခင်း လင်းရောင်ခြည်က ဖျဖျလေး ကျလို့နေပါတယ်။ အပူချိန် မြင့်တက်နေတဲ့ အချိန် ကာလဖြစ်လို့ မနက်စောစောနဲ့ ညနေပိုင်းကိုသာ အားပြုပြီး အလုပ်ခွင် ဝင်နေရတယ်။ နွေကျောင်း ပိတ်ရက်ဖြစ်လို့ သားတွေကလဲ တက်တက်ကြွကြွနဲ့ အလုပ်လုပ်လို့နေပါတယ်။ မနားမနေ အလုပ်တွေ လုပ်နေရပေမယ့် ဝင်ငွေဟာ ဖြောင့်မနေခဲ့ပါဘူး။ ဒီတော့ အတန်းတွေ ကြီးလာပြီဖြစ်တဲ့ သားသမီး ၄ ယောက်အတွက် ရုန်းကန်ရတော့တာပေါ့။ သိတတ်တဲ့ သားကြီးကတော့ ကျောင်းဆက်မတက်တော့ ဘဲ ညီ၊ ညီမလေးတွေအတွက် ကြိုးစားတော့မယ်လို့ ဆိုပါတယ်။ ဒီလိုကြီးလဲ ဦးသာမောင် မလုပ်ချင် ပြန်ဘူး။ သားကြီးကလဲ ပညာလိုလားတဲ့ စာတော်သူမဟုတ်လားလေ။ ဦးသာမောင်တစ်ယောက် အလုပ်လုပ်ရင်း အိမ်ထောင်ဦးစီးပီပီ သားတွေရဲ့ ပညာရေးခရီးအတွက် အတွေးနယ်ချဲ့နေရတယ်။ နေပူလာလို့ အနားလေး ယူတော့လဲ ခန္ဓာကိုယ်က နားနေပေမယ့် အတွေးက နားမနေရပြန်ဘူး။ သားတွေအတွက် စဉ်းစားနေရတုန်းပဲ။

“ဗျို့ ကိုသာမောင်… ဘာတွေများ အတွေးများနေတုန်းဗျ”

ဦးထွန်းစိန်တစ်ယောက် ပြောပြောဆိုဆိုနဲ့ ဦးသာမောင်အနား လျှောက်လာပါတယ်။ ထုံးစံ အတိုင်း လက်ထဲမှာ နေ့စဉ်ထုတ်သတင်းစာလေး ကိုင်ထားလျက်ပါ။ ဦးသာမောင်က ရေနွေးကြမ်း တစ်ခွက် ငှဲ့တိုက်တယ်။

“ဘာရယ်မဟုတ်ပါဘူး… ဒီလိုပါပဲ သားရေးသမီးရေးကိစ္စပေါ့ဗျာ”

“ခင်ဗျားတို့ ကျုပ်တို့အတွက် သတင်းကောင်းပါလာတယ်ဗျ”

ဦးထွန်းစိန်က အပြုံးချိုချိုနဲ့ ပြောဆိုပြီးနောက် လက်ထဲက သတင်းစာလေးကို လှန်လိုက် ပါတယ်။ သူ ပြချင်တဲ့နေရာရောက်တော့ ဦးသာမောင်ရှေ့ သတင်းစာလေး တိုးပေးလိုက်ပြီး “ဟောဒီ မှာ ကြည့်”ဆိုပြီး လက်ကလေး ထောက်ပြရင်း ဆိုတယ်။

“ဘာများလဲဗျ”

ဦးသာမောင် သတင်းစာလေးကို ကြည့်ရင်း ပါးစပ်ကနေလဲ ရွှတ်ခနဲ မေးလိုက်မိပါတယ်။

“ဒီလိုဗျ… ရန်ကုန်နဲ့ နေပြည်တော်မှာ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းတွေ ဖွင့်တော့မယ်၊ အဲဒီအတွက် ကျောင်းသားသစ်တွေ ခေါ်နေပြီ၊ Grade-10 ၊ Grade-11 ၊ Grade-12 ဆိုပြီး အခြေခံပညာအထက်တန်းဆင့်တွေ ဖွင့်မှာ၊ ပညာသင်စရိတ်ကလဲ ပူစရာမလိုဘူး၊ အကုန်အခမဲ့တဲ့ ဗျာ… ပြီးတော့ ကျောင်းတက်နေတဲ့ကာလအတွင်း လစာတောင်ရဦးမှာတဲ့ဗျို့”

ဦးထွန်းစိန်က အားတက်သရော ပြောနေသလို သတင်းစာကို ကြည့်နေတဲ့ ဦးသာမောင်ရဲ့ မျက်ဝန်းတွေဟာလဲ တောက်ပလို့ လာပါတယ်။

“ဒါဆိုရင် ပညာလိုလားတဲ့ ကျောင်းသားတွေအတွက် အဆင်ပြေတာပေါ့ဗျာ၊ လစာကို အသာ ထား… နေရေးထိုင်ရေးနဲ့ ပညာသင်စရိတ်အခမဲ့ဆိုတာနဲ့တင် တော်တော်အဆင်ပြေနေပါပြီ၊ စီစဉ်ပေး သူတွေကို ကျေးဇူးတင်လိုက်တာဗျာ”

ဦးသာမောင် အသံတွေပါ တုန်ရင်လို့နေပါတယ်။

“တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးလို့ သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီမှုရှိရင် တပ်မတော်ဆိုင်ရာ တက္ကသိုလ်တွေမှာ လျှောက်ထားခွင့်ရှိသေးတယ်တဲ့ဗျ၊ ကျောင်းသားလူငယ်တွေ အနေနဲ့ ကြိုးစားဖို့ပဲ လိုတာ၊ သူတို့တွေရဲ့အနာဂတ်ခရီးလမ်းက ဖြောင့်ဖြူးလို့နေတာပါပဲ”

“ဟုတ်ပါ့ဗျာ… ဟုတ်ပ”

“အင်း… တပ်မတော်ကြီးရဲ့ စေတနာတွေကို လူငယ်တွေ ကောင်းကောင်းအသုံးချနိုင်ပါစေလို့ သာ ဆုတောင်းရတော့မှာပဲ”

ဦးထွန်းစိန်က အဝေးကို မျှော်တွေးရင်း ပြောလိုက်ပါတယ်။ ဦးသာမောင်တစ်ယောက်ကတော့ သတင်းစာလေးကိုသာ မျက်တောင်မခတ်ကြည့်နေရှာရင်း သားကြီးရဲ့ မျက်နှာကို ပြေးမြင်နေမိပါ တော့တယ်။ ပညာလိုလားတဲ့သားကြီးတစ်ယောက် ကျောင်းမထွက်ရတော့ဘူးဆိုရင် ဘယ်လောက် တောင် ဝမ်းသာပျော်ရွှင်နေရှာမလဲလေ။

ကိုလူပျို
(၅.၅.၂၀၂၆)
Facebook 👉👉👉 https://www.facebook.com/profile.php?id=61588449317218
👍222🥰1
5-5-2026

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲမှာ
မင်းသားကြီးစစ်ကြောင်းဆိုတဲ့ Local PDF
အဖွဲ့ လိုက်လာတဲ့ကားကို စစ်တပ်က တိုက်ခိုက်လို့ LPDF တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

အဲဒီ တပ်ဖွဲ့ခေါင်းဆောင် မင်းသားကြီးကလည်း
သေဆုံးမှုများကြောင်း ဘီဘီစီမှာ ဝန်ခံသွားခဲ့တယ်လို့သိရပါတယ်။

Truth Waves
👍266👏5😱2🎉1
၅-၅-၂၀၂၆

PDF တွေရဲ့ အားနည်းချက်၊ ဟာကွက်တွေကို NUG ကာကွယ်ရေးဝန်ကြီးဆိုတဲ့ ရည်မွန်က မထောက်မညှာဝေဖန်ဆန်းစစ်မယ် ဆိုလားပဲ။

ရည်မွန်ကို ပြောချင်တာက အခုမှအမူးပြေပြီး အားနည်းချက်၊ဟာကွက်တွေ ထလုပ်နေလို့ မရတော့ဘူး။

PDF တွေက အမြင်မှန် အသိမှန်တွေ ရတာကြာလို့ အလင်းဝင်သွားကြတာ ကြာပေါ့ ။ NUG အောက်မှာ ဆိုလို့ ခင်များအပါဝင် အမူးသမား၊ မုဒိမ်းကောင်၊ ခွက်ခေါက်၊ သူခိုးအဖွဲ့တွေပဲ ကျန်တော့တယ် ။

ဒါကြောင့် ခင်များမှာ ကွပ်ကဲစရာဆိုလို့ ဗရမ်းဗတာခွေးတဒေါင်းစားကောင်းတွေပဲကျန်တော့လို့
အဲ့ဒီ ခွေးတဒေါင်းစားတွေကိုပဲ သွားပြီး ဆုံးမဖို့ပဲ ကျန်ပါတော့မယ်ဗျို့.. ရည်မွန်ရေ။
Truth Waves
👍31🥰43💯2
Truth Waves
ဘာသာရေးက ဖျော်ဖြေမှုတစ်ခု ဖြစ်သွားပြီလား(5-5-2026) ကိုးကွယ်ယုံကြည်သက်ဝင်မှုတစ်ခုကို ဖျော်ဖြေရေးဖြစ်သွားဖို့ လမ်းစဖော်နေတယ်လို့ မြင်မိပါတယ် လုပ်လို့ရလို့ လုပ်တယ်ဆိုရင် လက်ခံတဲ့သူတွေ ရှိလို့ပါလို့ ပြောလာနိုင်တာပေါ့ ဒီလို ထိလွ ရှလွယ်ဖြစ်နိုင်တဲ့ အရာတစ်ခုကို…
မယ်သီလရှင်ပုံစံဖြင့် Miss Grand Myanmar ပွဲစဉ်တွင် ပါဝင်ယှဉ်ပြိုင်သူ တာချီလိတ်အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်(5-5-2026)

Miss Grand Myanmar Organization သည် Miss Grand Myanmar ပွဲစဉ်တွင် မယ်သီလရှင်ပုံစံဖြင့် ပါဝင်ယှဉ်ပြိုင်သူ တာချီလိတ်အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်သည်။

ထုတ်ပြန်ချက်၌ Miss Grand Myanmar Organization အနေဖြင့် ယမန့်နေ့(မေ ၄ ရက်)က Miss Grand Myanmar Organizationက ကျင်းပခဲ့သော အမျိုးသားဝတ်စုံပြိုင်ပွဲကြီးကို တိုင်းရင်းသားလူမျိုးပေါင်းများစွာနှင့် ကိုးကွယ်ရာ ဘာသာတရားများအားလုံးကို လေးစားသော စိတ်ဖြင့်သာ ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။

ထို့အတူ Arrival Day သင်္ကြန် Theme ကတည်းက သက်ဆိုင်ရာ City Director များနှင့် အလှမယ်များ အား မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော၊ ကိုးကွယ်ရာ ဘာသာတရားအား အကြည်အညိုမဲ့ စေသော ပြင်ဆင်မှုများ မပြုလုပ်လာရန် အသေးစိတ် မှာကြားခဲ့ကြောင်း သိရသည်။

Truth Waves
👍28👏53😱1🎉1
မော်လူးပြီးရင် မဘိမ်းလာမယ်လို့ သိရ(5-5-2026)

PDF တွေမသေချင်ရင် အလင်းဝင်ထားကြပါ
အောင်စိတ်ပြည့်နေပြီဖြစ်တဲ့ တပ်မတော်က
တစ်မြိုပြီး တစ်မြိုပြန်သိမ်းပါတော့မယ်။

Truth Waves
👏2814👍9🎉1
ချင်းပဒပ်များ ခိုအောင်းနေသည့်နေရာအား သတင်းအတိအကျဖြင့် ချေမှုန်း(5-5-2026)

ဖလမ်းမြို့နယ်အတွင်းရှိ လိုင်ဗားရေအားလျှပ်စစ်စက်ရုံအနီးတွင် အကြမ်းဖက် ချင်းပဒပ်များ ခိုအောင်းနေကြောင်း ပြည်သူများက သတင်းပေးပို့သည့်အတွက် တပ်မတော်(လေ)မှ သံစုံတီးဝိုင်းဖြင့် သီချင်းဖွင့်ပြခဲ့သဖြင့် ချင်းပဒပ်များ အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

Truth Waves
👍26👏115🎉1
မြိတ်မြို့တွင်် PDF  ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင်
========================
၅-၅-၂၀၂၆ ရက်နေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ PDF အဖွဲဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ဦး၊ ပေါင်း ၆ ဦး၊ သေနတ် ၂လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့။

ပုလဲမြေ
29👍10👏5🤝1