Truth Waves
7.36K subscribers
15K photos
3.36K videos
63 files
5K links
Download Telegram
Media is too big
VIEW IN TELEGRAM
သင်္ကြန်အကြိုနေ့၊ညနေပိုင်းမြင်ကွင်း

"မန္တလာမြေမှာ လူပင်လယ်ကြီး ဖြစ်နေပြီလေ"
https://vt.tiktok.com/ZSHbW6pXu/
22👍13👏2🎉1
Media is too big
VIEW IN TELEGRAM
၁၃-၄-၂၀၂၆
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ၊မြိတ်မြို့၊ ပုလဲရွှေပြည် ရေကစားမဏ္ဍပ်ဖွင့်ပွဲနှင့်အကြိုနေ့မြင်ကွင်း

Truth Waves
👇🏼👇🏼👇🏼
Tiktok

https://www.tiktok.com/@smt1142/video/7628239741678456071?is_from_webapp=1&sender_device=pc&web_id=7359391421412066832

Telegram
https://t.me/truthwaves4arm/21014
24👍10👏1😱1
Forwarded from MWD News
Media is too big
VIEW IN TELEGRAM
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၁၃၈၇ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။ နေပြည်တော်၊ ဧပြီ - ၁၃
27👍2👏2
Forwarded from MWD News
Media is too big
VIEW IN TELEGRAM
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများ ပြုလုပ်သည်။ နေပြည်တော်၊ အေပြီ - ၁၃
25👍4👏1
*အီရန်စစ်ပွဲဆီကဘာသင်ခန်းစာရသလဲ *

စစ်တိုက်တာ သတ္တိမရှိရင်
ရှက်စရာ တော့ ကောင်းပါတယ်။
အခုပဲ ကြည့်လေ၊ အမေရိကန်
က အီရန် ကို အစ္စရေးနဲ့ပေါင်းပြီး
တိုက်တယ်။

မြင်ပြင်တပ်တွေ ဝင်ဖို့ သတ္တိမရှိ
တော့ ဟောမုဒ် ရေလက်ကြားကို
အပြင်ကနေထပ်ပိတ်တယ်။

သူပိတ်၊ ကိုယ်ပိတ်နဲ့ နှစ်ဖက်ပိတ်
ထားတဲ့ အကျိုးဆက်ကြောင့် ရေနံ
ဈေး နှစ်ဆ ခုန်တက်သွားမယ့်သဘော
ဖြစ်နေတယ်။

တကယ်ဆိုရင် သတ္တိရှိရှိနဲ့ တစ်နိုင်ငံ
လုံး ကို မြေပြင်တပ်တွေ ဝင်ပြီး သိမ်းပြ
ကြည့်ပါလား။

အလွယ်တကူ အချိန်တိုအတွင်းပြတ်
သွားတော့ လူတွေလည်း လောင်စာဆီ
ဒုက္ခ ကနေ လွတ်ကင်းသွားရတာပေါ့။

အခုတော့ လည်း သတ္တိမရှိဘဲ စစ်ပွဲ
ဆင်နွှဲခဲ့တဲ့ အမေရိကန်ရဲ့ အကျိုးဆက်
ကို  တစ်ကမ္ဘာလုံး ခံစားနေရပြီ။

အခုတော့ မနေသာတဲ့ တရုတ်ပါ
ထပ်ပါလာရပြန်ပါပြီ။

ပြောမယ်ဆိုရင် အမေရိကန်ရဲ့
မဟာဗျူဟာ အမှားလို့ ဆိုရမယ်။

ဗင်နီဇွဲလား လို ခေါင်းဆောင်တွေကို
သုတ်သင်လိုက်ရုံနဲ့ အစိုးရ အချိန်း
အပြောင်းဖြစ်သွားလိမ့်မယ်။ သူ့ကို
ကြောက်ရွံ့ သွားလိမ့်မယ် ဆိုတဲ့
တွက်ဆ မှု မဟာဗျူဟာ အမှားပဲ။

အီရန် ဟာ ဗင်နီဇွဲလားနဲ့ မတူဘူး။

အဓိကတော့ ဗင်နီဇွဲလား ခေါင်းဆောင်
ကို အမှီပြုပြီး နိုင်ငံ ကို တည်ဆောက်
ထားတာ မဟုတ်ဘဲ ဘာသာရေး အင်စတီ
ကျူးရှင်းနဲ့ နိုင်ငံကို တည်ဆောက်ထား
တော့ အလွယ်တကူ ဖြိုခွဲမရ ၊ စည်းရုံး
မရ ၊ ခြိမ်းခြောက်လို့ မရ ဖြစ်သွားတာမို့
အမေရိကန် က ဘာဆက်လုပ်ရမှန်း
မသိဖြစ်နေတယ်။

ပိုဆိုးတာက ကမ္ဘာ့လောင်စာ စွမ်းအင်
ဗဟိုချက် မှာ ဖြစ်နေတဲ့ စစ်ပွဲ ဖြစ်လို့
ကမ္ဘာ့ စီးပွားရေးကိုပါ တစ်ပါတည်း
ဆွဲချနေလို့  စစ်ပွဲဟာ ကြာလာတာနဲ့
အမျှ အကျိုးစီးပွားတွေ ထိခိုက်လာ
တယ်။

အဆိုးဆုံး ကတော့ အမေရိကန် ရဲ့
ဒေါ်လာနဲ့ ရေနံကုန်သွယ်ဝယ်ယူမှု
တွေ ကို ပါ တရုတ်ယွမ်နဲ့ အစားထိုး
လာတာမို့ နှစ်ပေါင်းများစွာ မင်းမူနေ
ခဲ့တဲ့ ဒေါ်လာ ငွေကို တဖြည်းဖြည်း
နန်းချပစ်သလို ဖြစ်လာတယ်။
ခြုံပြောရရင်တော့  ဘာသာရေး
အင်စတီကျူးရှင်းအားကောင်းတဲ့
အီရန် ကို အမေရိကန် မြေပြင်တပ်
တွေ ဝင်ပြီး မသိမ်းပိုက်နိုင်သရွေ့
အမေရိကန် အကျိုးစီးပွားတင်ထိခိုက်
မှာ မဟုတ်ဘဲ ဒီကရေနံ တွေကို အမှီ
သဟဲပြုပြီး ရပ်တည်နေရတဲ့ နိုင်ငံ
အားလုံးပါ ဒုက္ခ ရောက်ကြရတော့
မယ့် အရေးနဲ့ ရင်ဆိုင်နေရအုံးမှာ
ပါပဲ။

ဘာသင်ခန်းစာရသလဲ မေးရင်တော့
တိုင်းပြည်တစ်ပြည်မှာ အင်စတီကျူးရှင်း
ဟာ သိပ်အရေးကြီးတယ်ဆိုတဲ့ အသိကို
တစ်ကမ္ဘာလုံး မီးမောင်းထိုးပြခဲ့တယ်။

ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့ လည်း
အင်စတီကျူးရှင်းတွေ အားကောင်း
အောင်ပြင်ဆင်ထားဖို့ လိုပါတယ်။

အောင်နိုင်သူ
61👍30💯5🥰1😱1
Media is too big
VIEW IN TELEGRAM
14-4-2026
မန္တလေး လမ်းလျှောက်သင်္ကြန်သို့ လာရောက်လည်ပတ်ကြတဲ့ ပြည်သူတို့ရဲ့စကားသံများ
Truth Waves
👇👇👇
https://vt.tiktok.com/ZSHp6dQkE/

Telegram
https://t.me/truthwaves4arm/21018
21👍11👏2🎉1
This media is not supported in your browser
VIEW IN TELEGRAM
မော်လမြိုင်လမ်းလျှောက်သင်္ကြန်မြင်ကွင်း(14-3-2026)

Truth Waves
TikTok- https://vt.tiktok.com/ZSHpaTPBK/

Telegram- https://t.me/truthwaves4arm/21019
👍197👏2
This media is not supported in your browser
VIEW IN TELEGRAM
ရှေးဟောင်းအမွေအနှစ်နယ်မြေ ပုဂံက လမ်းလျှောက်သင်္ကြန်မြင်ကွင်း(14-3-2026)

Truth Waves
TikTok- https://vt.tiktok.com/ZSHpmLQNr/

Telegram- https://t.me/truthwaves4arm/21020
👍2513👏2🎉1
👍115
NUG(နုကြည်)ကျရှုံးသွားပြီ

မန္တလေးမြို့မှာ လက်ရှိတွင် NUG တော်လှန်ရေးအောင်ပွဲခံနေရသည်ဟု အချို့က ပြောဆိုနေကြသည်။ မန္တလေးမြို့ကို သိမ်းယူနိုင်ရန် မည်သည့်နတ်ဘုရားမှ တားဆီး၍မရဟု ယခင်က ကြွေးကြော်ခဲ့သူများမှာ ယခုအခါ မည်သည့်နေရာ၌ ပုန်းအောင်းနေပြီနည်းဟု စိတ်ဝင်စားဖွယ်ဖြစ်နေသည်။
-
ထို့ပြင် NUG အဖွဲ့နှင့် အခြားသော ပြည်ဖျက်အင်အားစုများအနေဖြင့် မန္တလေး၏ ယခုအခြေအနေကို မြင်တွေ့နေရလျှင် စိတ်မကောင်းဖြစ်နေကြရဖွယ်ရှိသည်။ သန္ဓေမမှန်သော နိုင်ငံရေးသမားအယောင်ဆောင်များကြောင့် ယခုလို ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ရတတ်သည်ကို လူငယ်များ သင်ခန်းစာယူနိုင်လျှင် ကောင်းပေမည်။
-
လက်ရှိတွင် မြန်မာနိုင်ငံ၌ သင်္ကြန်ကာလဖြစ်၍ လူအများ၊ အထူးသဖြင့် လူငယ်အများစု ပျော်ရွှင်နေကြသည်ကို တွေ့ရသည်။ ယခင်က ပျော်ရွှင်မှုများ ပျက်သုန်းခဲ့ရသော ပြည်သူများ ယခုလို ပျော်ရွှင်နေသည်မှာ ဝမ်းသာစရာ ကောင်းလှသည်။
-
စိုင်းစိုင်းခမ်းလှိုင်၊ လေးဖြူ အပါအဝင် ပြည်သူ့အချစ်တော် အနုပညာရှင်အချို့သည် ယခင်က ပြည်ဖျက်အချို့၏ BC လုပ် ခံခဲ့ရသော်လည်း ငြိမ်းချမ်းစွာဖြင့် ပြည်သူဘက်က မှန်ကန်စွာရပ်တည်ခဲ့ခြင်းကြောင့် ယခုအခါ ပြည်သူများ၏ ချစ်ခင်လေးစားခြင်းကို ခံရရှိလျက်ရှိသည်။ စိုင်းစိုင်း၏ ဖျော်ဖြေပွဲအောင်မြင်မှုနှင့် ပြည်သူများ၏ တန်ဖိုးထားမှုကို ပြည်ဖျက်အချို့က မနာလိုဖြစ်နေကြပေလိမ့်မည်။
-
နောက်ဆုံးတွင် မြန်မာနိုင်ငံ၏ သင်္ကြန်ကာလတစ်လျှောက် ပြည်သူများ၊ အထူးသဖြင့် လူငယ်များ စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။

KT, April 14
👍4511
Media is too big
VIEW IN TELEGRAM
၁၄-၄-၂၀၂၆

"မြန်မာ့သနပ်ခါး လိမ်းခြယ်ခြင်းဖြင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တူရွှင်နွှဲပျော် မန္တလေးသင်္ကြန်ပွဲတော်"

သင်္ကြန်အကျနေ့ မန္တလေးဒေသခံ ပြည်သူတို့ရဲ့စကားသံများ
Truth Waves
👇🏼👇🏼👇🏼
Tiktok
https://www.tiktok.com/@truthwavesonline/video/7628527341093866760?is_from_webapp=1&sender_device=pc&web_id=7359391421412066832

Telegram
https://t.me/truthwaves4arm/21023
34👍12
တိုင်းပြည်တိုးတက်ကောင်းမွန်အောင်ဘယ်လိုတည်ဆောက်ကြမလဲ*

နိုင်ငံတော်တစ် နိုင်ငံ ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်ရာတွင်
သမိုင်းကြောင်းဆိုင်ရာ သင်ခန်းစာများကို အခြေခံ၍ လက်ရှိပကတိ အခြေအနေများနှင့် ဗျူဟာမြောက် မြော်မြင်မှုများအပေါ် လက်တွေ့ကျကျ အသုံးချနိုင်ခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်ကို လည်း တွေ့ရှိရပါသည်။ထို့ကြောင့် အတိတ်သမိုင်းသည် စွန့်ပစ်၍ မရဘဲ သင်ခန်းစာ အဖြစ်အသုံးချနိုင်ရန် လိုအပ်ပါသည်။ထိုနည်းတူ နိုင်ငံတော် ၏ အတိတ်သမိုင်းသင်ခန်းစာများကို နိုင်ငံတော် တည်ဆောက်ရေးတွင် အတုယူသင့်သည်များကို အတုယူရမည် ဖြစ်သလို အမှားများကို လည်း ပြုပြင်၍ နိုင်ငံတော်ကို တည်ဆောက်ကြရန် လိုအပ်ပါသည်။အတိတ်သမိုင်း ကို ပြန်ကြည့်လျှင် မြန်မာတို့၏ သမိုင်းကမသေးလှချေ။မြန်မာ့ သမိုင်းသည် သမိုင်းကြောင်းရှည်လျားခြင်းများနှင့်အတူ သင်ခန်းစာယူစရာ သမိုင်းများရှိသလို အတုယူစရာ သမိုင်းများစွာလည်း ရှိပါသည်။အထူးသဖြင့် ပထမ မြန်မာနိုင်ငံတည်ထောင်ခဲ့သော အနော်ရထာမင်း၊ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော ဘုရင့်နောင်မင်း နှင့် တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရား တို့၏ တိုင်းပြည်တည်ဆောက်ပုံများသည်  ခေတ်သစ် မြန်မာနိုင်ငံ၏ တိုင်းပြည် တည်ဆောက်ရေး အတွက် စံနမူနာကောင်းများဖြစ်ကြပါသည်။

အတိတ်သမိုင်းကိုကြည့်လျှင် မြန်မာနိုင်ငံသည် အနော်ရထားမင်း၏ အင်အားနှင့် ကျန်စစ်သားမင်း၏ မေတ္တာတရား၊ တရားမျှတမှု တို့ဖြင့် တည်ဆောက်ခဲ့သော ပထမ မြန်မာနိုင်ငံသည် ဘုန်းမီးနေလ တောက်ပခဲ့ဖူးသည်။ ဒေသတွင်းသာမကအာရှတိုက်တွင်ပါ ဝင့်ထည်ခဲ့ဖူးသော သမိုင်းဂုဏ်ဒြပ် ရှိခဲ့ပါသည်။မြန်မာ့ သမိုင်းတွင်ပထမ မြန်မာနိုင်ငံဟု ခေါ်ဆိုသတ်မှတ်လေ့ရှိသော အနော်ရထာမင်းနှင့် ကျန်းစစ်သားမင်းနှစ်ဆက် ၏ တိုင်းပြည်တည်ဆောက်ပုံမှာ လွန်စွာခေတ်ရှေ့ပြေးခဲ့သလို ယနေ့ခေတ်မြန်မာများအတွက် စံနမူနာ ကောင်းပြသခဲ့သည်။ယနေ့ခေတ် အင်အားကြီးထွားလာသော နိုင်ငံများ၏ တိုင်းပြည်တည်ဆောက်ပုံကို လေ့လာကြည့်လျှင် လည်း အဓိက ကျသည့် မင်းဆက်(၂) ဆက်နှင့် အစိုးရ (၂) ဆက်တို့၏ အခန်းကဏ္ဍ
က အလွန်အရေး ကြီးကြောင်း တွေ့ရမည်ဖြစ်သည်။

အထူးသဖြင့် ပထမမင်း(သို့မဟုတ်) အစိုးရ များသည် စစ်အင်အား အာဏာတို့ဖြင့် တိုင်းပြည်ကို စုစည်းညီညွတ်အောင်ဆောင်ရွက်ခဲ့သည်။လိုအပ်လျှင် စစ်ဦးဘီလူး သဖွယ် တိုင်းပြည်တည်ဆောက်ခဲ့ရသည်များကို လည်းတွေ့ရသည်။ထို့မှတစ်ဖန် ဒုတိယ မင်းဆက်(သို့မဟုတ်) ဒုတိယအစိုးရ များက
တိုင်းပြည်ရှိ ပြည်သူလူထု၏ စုစည်းညီညွတ်သော အင်အားကို ရယူ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် စီးပွားရေး ကဏ္ဍ ကို မြှင့်တင်ဆောင်ရွက်ခဲ့ကြပါသည်။ဤသို့ဖြင့် နိုင်ငံများ ဖွံ့ဖြိုးတိုးတက်လာကြသည်ကို တွေ့ရသည်။ထိုသို့ တိုးတက်လာမှုကို တရုတ်နိုင်ငံတွင် လည်း တွေ့ရသလို ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ပြန်လည်တည်ဆောက်ခဲ့ရသည့် ရုရှားနိုင်ငံတွင်လည်း
တွေ့ရှိရပါသည်။ထို့ကြောင့် မျက်မှောက်ခေတ် မြန်မာ နိုင်ငံကို လည်း ထိုကဲ့သို့ တည်ဆောက်သင့်သည်ဟု ယူဆမိသည်။

စစ်ဘုရင်ဝါဒ ထူပြောပြီး လွတ်မြောက်နယ်မြေ များပြားလာသော မြန်မာနိုင်ငံ၏ တိုင်းပြည်တည်ဆောက်မှု သည် ရာနှူန်းပြည့်၊ ကွက်ပြည့်နင်း ဒီမိုကရေစီ ဖက်ဒရယ်စနစ်ဖြင့်တည်ဆောက်နိုင်ရေး အောင်မြင်ဖို့ မလွယ်ကူသေးဟု မြင်မိသည်။တင်းပြည့် ကျပ်ပြည့်သော အချုပ်အခြာအာဏာ နိုင်ငံဖြစ်ဖို့ သောင်းကျန်းသူများ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုဒေသ များ တွင် ပြည်ထောင်စု အစိုးရ ၏
ဩဇာအာဏာ အပြည့်အဝ သက်ရောက်နိုင်ရေး ဆွေးနွေးညှိနှိုင်းသည့် နည်းဖြင့် အောင်မြင်ဖို့ မလွယ်သေးဟုလည်း မြင်မိသည်။ထို့ကြောင် အနာဂတ် အစိုးရ သစ်၏ တိုင်းပြည်တည်ဆောက်ရေး သည် အပိုင်း (၂) ပိုင်း၊ ဗျူဟာ (၂ ) ခု ဖြင့် တည်ဆောက်သင့်သည် ဟု
မြင်မိသည်။

တိုင်းပြည်တည်ဆောက်ရေး အတွက် အပိုင်း(၂) ၊ ဗျူဟာ (၂) ခု ဆိုသည်မှာ အခြားမဟုတ်ပေ။ရွေးကောက်ပွဲ ကျင်းပစဥ် က အပိုင်း(၃) ပိုင်း ခွဲ၍ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် မဲပေးခွင့်ရှိသူဦးရေ စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းကျော်ရှိသည့်အနက် ရွေးကောက်ပွဲအပိုင်းသုံးပိုင်းလုံးတွင် မဲပေးသူစုစုပေါင်း ၁၃ ဒသမ ၁၄ သန်းကျော်၊ ရာခိုင်နှုန်းအားဖြင့် ၅၄ ရာခိုင်နှုန်းမှ ၅၅ ရာခိုင်နှုန်းခန့်အထိ တက်တက်ကြွကြွ မဲပေးခဲ့ကြခြင်းက ဒီမိုကရေစီစနစ်အပေါ် နိုင်ငံသူနိုင်ငံသားတို့၏ ယုံကြည်မှုနှင့်စိတ်အားထက်သန်မှုကို ပြသခြင်းဟု ဆိုနိုင်သည်။ထိုကဲ့သို့ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သော မြို့နယ်များသည် ဒီမိုကရေစီ နည်းလမ်းအရ တိုင်းပြည် တည်ဆောက်နိုင်သည့် ဒေသများဖြစ်ပါသည်။ထို့ကြောင့် ဤဒေသ များကို တိုင်းပြည်တည်ဆောက်ရေး အတွက် အပိုင်း(၁)  ဒေသ ဟုသတ်မှတ် ကာ ဒီမိုကရေစီ စနစ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် ဖက်ဒရယ်ပြည်ထောင်ရေး ဆိုသည့် နိုင်ငံရေးဗျူဟာဖြင့်စီမံအုပ်ချုပ်ပေးရမည် ဖြစ်သည်။
👍1513
ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ် ၆၇ မြို့နယ်ကို တိုင်းပြည်တည်ဆောက်ရေး၏ အပိုင်း(၂) ဒေသ ဟု သတ်မှတ်ကာ အင်အား အာဏာတို့ဖြင့် တိုင်းပြည်တည်ဆောက်ရတော့မည် ဖြစ်ပါသည်။အင်အား အာဏာဖြင့် တိုင်းပြည်တည်ဆောက်ရမည် ဖြစ်၍ လိုအပ်ပါက စစ်အုပ်ချုပ်ရေးကို ကျင့်သုံးကာ စစ်အင်အားဖြင့် တိုင်းပြည်တည်ဆောက်ခြင်းကလည်း နိုင်ငံရေး ကျင့်သုံးမှု ဗျူဟာ တစ်ရပ်အနေဖြင့် တည်ရှိနေမည် ဖြစ်ပါသည်။

မည်သို့ပင် ဆိုစေကာမူ အစိုးရသစ် အတွက် တိုင်းပြည်တည်ဆောက်ရေး သည် အရေးကြီး သည့် စိန်ခေါ်မှု တစ်ရပ် အဖြစ်တည်ရှိနေမည် ဖြစ်ပါသည်။မြန်မာနိုင်ငံရေး တည်ဆောက်ရေး သည် အလွန်အရေးကြီးသလို အမြန်ဆုံးတည်ဆောက်ရမည့် အရေးကြီးတာဝန် လည်း
ဖြစ်ပါသည်။အကြောင်းကမူ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အချက်ကျခြင်း၊ လူမျိုးနွယ်စုပြဿနာကြီးထွားလာခြင်း ၊ လက်နက်ကိုင်ယဥ်ကျေးမှု ထွန်းကားနေခြင်း ၊ အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲနေခြင်းနှင့် ခေတ်မီစစ်လက်နက်အသစ်အဆန်းများ အလျင်အမြန်ပေါ်နေခြင်း တို့ကြောင့် တိုင်းပြည်တည်ဆောက်ရေး သည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုခက်ခဲလာနိုင်သောကြောင့် ဖြစ်ပါသည်။

တစ်ဖက်တွင် လည်း တိုင်းပြည်တည်ဆောက်ရေး ကို အလျင်အမြန်တည် တည်ဆောက်လာနိုင်ပါက မြန်မာနိုင်ငံ ၏ ပထဝီနိုင်ငံရေးအရ အချက်အချာကျမှု နှင့် သယံဇာတ ပေါကြွယ်ဝမှုကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပိုမို မြန်ဆန်လာနိုင်ပါသည်။သို့သော် အင်အားကြီးနိုင်ငံများ၏ ဗိုလ်ကျစိုးမိုးမှု ကြောင့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ရနိုင်ပါသည်။စိန်ခေါ်မှု နှင့် အခွင့်အလမ်းပြည့်နှက်နေသည့် နိုင်ငံဖြစ်နေခြင်းကြောင့်လည်း တိုင်းပြည်တည်ဆောက်ရေး ခရီးလမ်းက ပြည်တွင်းနှင့် ပြည်ပနိုင်ငံများ၏ အားကိုပါ
ရယူ၍ တည်ဆောက်နိုင်ရေး သံတမန်ကြွယ်ဝမှုဖြင့် လည်း ကြိုးပမ်းသင့်ပါသည်။

နိုင်ငံတကာရှိ မြန်မာ့အရေးလေ့လာသူ ပညာရှင်များက မြန်မာနိုင်ငံကို "ကျိုးပဲ့လွယ်သောနိုင်ငံ" (Fragile State) အဖြစ် ရှုမြင်ကြပါသည်။ ၎င်းတို့ ထောက်ပြသည်မှာ မြန်မာနိုင်ငံသည် နိုင်ငံတော်ကို စုစည်းနိုင်မည့် "ဘုံအမျိုးသားရေး စရိုက်လက္ခဏာ" (National Identity) ကို မတည်ဆောက်နိုင်သေးခြင်းကြောင့် ဟုဆိုပါ သည်။ ဤစကားကို နိုင်ငံရေးပညာရှင် ဒေါက်တာမင်းဇော်ဦး က လည်း BBC အင်တာဗျူးတစ်ခုတွင် ​ဖြေခဲ့ဖူးပါသည်။လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး၏ အကျိုးစီးပွားကြောင့် လက်နက်ကိုင်ပဋိပက္ခများ ကြီးထွားလာခဲ့သည်။လက်နက်ကိုင် ပဋိပက္ခကြောင့် လူထု က ဒုက္ခရောက်ကြရသည်။လွတ်မြောက်နယ်မြေများ ကျယ်ပြန့်လာခဲ့သည်။လွတ်မြောက်နယ်မြေများကြောင့်လည်း ထိလွယ် ရှလွယ် သည့် အ​ခြေအနေကြောင့် ကျဆုံးနိုင်ငံ (သို့မဟုတ်) ကျိုးပဲ့လွယ်သောနိုင်ငံ အဖြစ်သို့ ရောက်ရှိနေသည် ကို သတိပြုရမည် ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပထမဆုံးနှင့် အရေးအကြီးဆုံးအချက်ဖြစ်သည့် "အင်အား" (Power) ကို အလေးထားတည်ဆောက်သင့်ပါသည်။သမိုင်းကို ပြန်ကြည့်လျှင် ပုဂံအင်ပါယာကို တည်ထောင်ခဲ့သည့် အနော်ရထားမင်းနှင့် ခေတ်သစ်တရုတ်နိုင်ငံကို တည်ဆောက်ခဲ့သည့် မော်စီတုန်းတို့သည် ဖရိုဖရဲဖြစ်နေသော အပိုင်းအစများကို စစ်ရေးအင်အား၊ အုပ်ချုပ်ရေးအင်အားတို့ဖြင့် အရင်ဆုံး စုစည်းခဲ့ကြပါသည်။လက်ရှိကာလတွင် လည်း မြန်မာ နိုင်ငံ၏ ပကတိအခြေအနေအရ မတည်ငြိမ်သေးသော ဒေသများတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် အုပ်ချုပ်ရေးယန္တရား ပြန်လည်သက်ရောက်စေရန် အင်အားကို အခြေခံ၍ စည်းလုံးမှုကို တည်ဆောက်ရမည်ဖြစ်ပါသည်။ အင်အားမရှိဘဲ တည်ငြိမ်မှုမရနိုင်သလို၊ တည်ငြိမ်မှုမရှိဘဲနှင့်လည်း မည်သည့်ဖွံ့ဖြိုးတိုးတက်မှုကိုမျှ ဖော်ဆောင်၍မရနိုင်ပေ။ ထို့ကြောင့် မြို့နယ်များအလိုက် တည်ငြိမ်မှုကို အပိုင်းလိုက် (Two-Tier Strategy) ဖြင့် ခွဲခြားကိုင်တွယ်ကာ အုပ်ချုပ်ရေးအာဏာကို စနစ်တကျ ပြန်လည် တည်ဆောက်သင့်ပါသည်။

​အင်အားဖြင့် တည်ဆောက်နိုင် ပြီးနောက် ဒုတိယအဆင့်အနေဖြင့် "တရားမျှတမှု" (Justice) နှင့် "ဘုံအကျိုးစီးပွား" (Shared Interests) တို့ကို ဖန်တီးပေးရမည်ဖြစ်သည်။ အနော်ရထားမင်းနောက်ပိုင်း ကျန်စစ်သားမင်းက မေတ္တာတရားနှင့် တရားမျှတမှုဖြင့် အုပ်ချုပ်ခဲ့သလို၊ တရုတ်နိုင်ငံတွင်လည်း တိန်ရှောင်ဖိန်က ဈေးကွက်စီးပွားရေးစနစ်ဖြင့် ပြည်သူတို့၏ လူနေမှုဘဝကို မြှင့်တင်ပေးခဲ့မှုတို့ သည် စာရေးသူ အလွန်သဘောကျသော တိုင်းပြည်တည်ဆောက်မှု နိုင်ငံရေး မော်ဒယ်ဖြစ်ပါသည်။
​တည်ငြိမ်အေးချမ်းသွားသော ဒေသများတွင် တရားဥပဒေစိုးမိုးရေးနှင့် မျှတသော စီးပွားရေးအခွင့်အလမ်းများကို ဖော်ဆောင်ပေးခြင်းဖြင့် ပြည်သူတို့၏ ယုံကြည်မှုကို ရယူရမည်ဖြစ်ပါသည်။ ဒေသတစ်ခုနှင့်တစ်ခု အပြန်အလှန် မှီခိုနေရသော စီးပွားရေးကွင်းဆက်များ (Supply Chains) ဖန်တီးပေးခြင်းသည် လူမျိုးစွဲ၊ ဂိုဏ်းစွဲပဋိပက္ခများကို လျော့ကျစေမည်ဖြစ်ပါ သည်။ "အတူစုပေါင်းလုပ်ဆောင် ခြင်းက
သင်းကွဲ ဖြစ် နေခြင်းထက် ပိုအကျိုးရှိသည်" ဟူသော အသိကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်ပါက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကို အထောက်အကူပြုမည်  ဖြစ်ပါသည်။
👍227
မြန်မာနိုင်ငံ၏ တည်နေရာသည် အင်အားကြီး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ကြားတွင် ရှိနေခြင်းမှာ ဗျူဟာမြောက် အခွင့်အလမ်းဖြစ်ပါသည်။ သယံဇာတသည် ကုန်ဆုံးသွားနိုင်သော်လည်း ပထဝီအနေအထားသည် ထာဝရတည်မြဲနေပါသည်။ အမေရိကန်ပြည်ထောင်စုကဲ့သို့ အနောက်အုပ်စုနှင့် တရုတ်/ရုရှား အရှေ့အုပ်စုတို့ကြားတွင် ချိန်ခွင်လျှာထိန်းညှိရာ၌ အိန္ဒိယကဲ့သို့ ဒေသတွင်းအင်အားကြီးနိုင်ငံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာအတွက် "တတိယလမ်းကြောင်း" (Third Path)လည်း ဖြစ်လာနိုင်ပါသည်။ ဤ အခွင့်အလမ်း သည် တရုတ်အပေါ် အလွန်အမင်းမှီခိုရမှုကို လျှော့ချနိုင်သလို အနောက်အုပ်စု၏ ပိတ်ဆို့မှုများကြားတွင်လည်း ထွက်ပေါက်တစ်ခု ဖြစ်စေမည်ဖြစ်ပါသည်။သို့သော် သတိကြီးကြီးထားပြီး မှန်ကန်သော ဗျူဟာကို ရွေးချယ်နိုင်ရေး လိုအပ်ပါသည်။

အချုပ်ဆိုရလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် မြန်မာနိုင်ငံ သည် ပထဝီနိုင်ငံရေး အရ အလွန်အချက်အခြာကျသည့် နိုင်ငံ ဖြစ်ခြင်းကြောင့် အခွင့်အလမ်းပေါများသလို မြန်မာ့ လူ့အဖွဲ့အစည်း အတွင်းရှိ အားနည်းချက်များကြောင့် လည်း အဟန့်အတားများစွာနှင့်လည်း ရင်ဆိုင်နေရပါသည်။အထူးသဖြင့် တည်ဆဲအစိုးရ နှင့် တပ်မတော် ကို တော်လှန်ပုန်ကန်လျှင် နိုင်ငံရေး ဖြစ်သည်ဟူသော နိုင်ငံရေးဓလေ့အမှားများ၊ လူမျိုးစွဲပြင်းထန်မှု၊ပုဂ္ဂိုလ်စွဲကြီးလွန်းမှု၊  ညှိနှိုင်းအဖြေရှာလိုစိတ်မရှိခြင်း၊(Zero-sum game)  သီအိုရီကဲ့သို့အပြုသဘောထက်အပျက်သဘောကိုသာအားပြုနေခြင်း  တို့သည် နိုင်ငံတည်ဆောက်ရေး၏ အဓိက အဟန့်အတားများ ဖြစ်ပါသည်။
ထိုအချက်များကို နိုင်ငံတော် အစိုးရ ရော တိုင်းရင်းသားပြည်သူလူထုများကပါ သိရှိနားလည်ကြလိုအပ်ပါသည်။အစိုးရ က ဦးဆောင်၍ မှန်ကန်မူဝါဒ နှင့် ဗျူဟာကို ချမှတ်ပေးရမည် ဖြစ်သလို သက်ဆိုင်တာဝန်ရှိသူများနှင့် ဌာန အသီသီး ကလည်း လိုက်ပါ အကောင်ထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
စင်စစ် တိုင်းပြည်တည်ဆောက်ရေး သည် အစိုးရ တစ်ဖွဲ့တည်း၊
တပ်မတော် တစ်ဖွဲ့တည်း၊ လွှတ်တော် တစ်ခုတည်း ဖြင့် တည်ဆောက်၍ ရမည်မဟုတ်ပါ။
အစိုးရ ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားပြည်သူလူထု ဟူသည့် အလွှာအသီးသီး၊ အင်စတီးကျူးရှင်းအသီးသီး က ကိုယ်ကျရာ အခန်းကဏ္ဍ ကနေ ပါဝင်ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုပါသည်။သို့မှသာ မြန်မာနိုင်ငံ သည် အင်အားတောင့်တင်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီကို ရောက်ရှိလာမည် လည်း ဖြစ်ပါသည်။

စာကိုး

ဒေါက်တာသန်းထွန်း  ၏ ခေတ်ဟောင်းမြန်မာရာဇဝင်(တတိယ အကြိမ်)


အောင်နိုင်သူ(ဇွဲကပင်)
👍3612
Media is too big
VIEW IN TELEGRAM
တပ်မတော်(ကြည်း၊ရေ၊လေ)ရေကစားမဏ္ဍပ်သို့ သမ္မတနှင့် ဇနီး တက်ရောက်ဆင်နွှဲ(14-4-2026)

Truth Waves
TikTok- https://vt.tiktok.com/ZSHsSVhv8/

Telegram- https://t.me/truthwaves4arm/21029
26👍7🥰2
Media is too big
VIEW IN TELEGRAM
တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာမဟာင်္သကြန်ပွဲ စည်ကား သိုက်မြိုက်စွာ ဆက်လက်ကျင်းပဆင်နွှဲ(14-4-2026)

Truth Waves
TikTok- https://vt.tiktok.com/ZSHsAPob6/

Telegram- https://t.me/truthwaves4arm/21030
👍1814
Media is too big
VIEW IN TELEGRAM
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပ(14-4-2026)

Truth Waves
TikTok- https://vt.tiktok.com/ZSHsfU8BP/

Telegram- https://t.me/truthwaves4arm/21031
👍1913
Media is too big
VIEW IN TELEGRAM
ရန်ကုန်မြို့အခြေစိုက် သံတမန်မိသားစုဝင်များ၊ကုလသမဂ္ဂကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်မိသားစုဝင်များ ရန်ကုန်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲ(14-4-2026)

Truth Waves
TikTok- https://vt.tiktok.com/ZSHsfpjYq/

Telegram- https://t.me/truthwaves4arm/21032
35👍13