Truth Waves
7.36K subscribers
15K photos
3.34K videos
63 files
4.99K links
Download Telegram
ယနေ့ကျင်းပမည့် ပြည်တော်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲအသစ်ကို လွှတ်တော်သို တင်ပြမည်
6-4-2026
https://t.me/truthwaves4arm/20605
24👍13👏2😱1🎉1
ယနေ့ကျင်းပမည့် ပြည်တော်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့အသစ်ကို လွှတ်တော်သို့ တင်ပြမည်
6-4-2026
ယနေ့ ဧပြီလ (၆) ရက်တွင် ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် နိုင်ငံတော် သမ္မတက အဆိုပြုသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာနအရေအတွက်နှင့် ဝန်ကြီးများ၏ စာရင်းကို လွှတ်တော်သို့ တင်ပြသွားရန်ရှိနေသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးရေ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်း၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ပြည်ထောင်စုရှေ့နေချုပ်အဖြစ်ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်းတို့ကိုလည်း လွှတ်တော်သို့တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေသတ်မှတ်နိုင်ရေးနှင့် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်းတို့ကိုလည်း လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တင်ပြပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနက်မှ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာမည်ဖြစ်သည်။

အကယ်၍ ကန့်ကွက်သူရှိပါက အစည်းဝေးနောက်ရက်တွင် ကန့်ကွက်ဆွေးနွေးနိုင်မည်ဖြစ်ကာ လွှတ်တော်၏ အဆုံးအဖြတ်ရယူသွားရမည်ဖြစ်သည်။
ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို အစီအစဉ် (၁၉) ရပ်ဖြင့် ကျင်းပရန်လျာထားကြောင်းလည်း လွှတ်တော်သတင်းရင်းမြစ်များထံမှ သိရသည်။
#popular
👍258👏2
Media is too big
VIEW IN TELEGRAM
ပညာကန်းခြင်း

တလောက ( ကုသိုလ်-အကုသိုလ် ) ဘာသာရေးဆိုင်ရာတချို့ကိုဆွေးနွေးဖြစ်တယ်၊
ဘာတခုပါလာသလဲဆိုတော့ " ပညာကန်းခြင်း" ဆိုတဲ့အကြောင်းတခုပါလာတယ်၊ ကျေးဇူးတရား အဓိပ္ပာယ် ဖွင့်ပုံတွေပါလာတယ်၊
ဗုဒ္ဓက သစ်ရိပ်တခုမှာ နားခဲ့ရင်တောင်မှ သစ်ပင်ရဲ့ကျေးဇူးကို သိတတ်ရမယ်လို့ ဟောထားတယ်၊ ကျန်တာကတော့မပြောနဲ့တော့၊ မြန်မာ့စကားပုံမှာ " တလုပ်စားဖူး၊ သူ့ကျေးဇူး" ဆိုတာရှိတယ်၊ တလုပ်ဆိုတာ တခဏတာကိုပဲအစာပြေစေတာနော်၊
ဘုရား၊တရား၊ သံဃာ က သံသရာအတွက်အသိပေးတယ်
မိဘက မွေးကျေးဇူး၊ ကျွေးကျေးဇူးနဲ့ ပညာအသိသင်ပေးတဲ့ ကျေးဇူးတွေရှိတယ်၊
ဆရာတွေက အသိပေးတဲ့ကျေးဇူးတွေရှိတယ်၊

အသိပညာပေးတဲ့ ကျေးဇူးကိုကန်းရင် ပညာကန်းတယ်၊ ( Law of Cause & Effect )
အရပ်ဖက်၊ စစ်ဖက် မှာ ကိုယ့်အထက်ကလူက ကိုယ့်ဆရာပဲ၊ လုပ်ရင်းကိုင်ရင်းနဲ့ အသိမျှဝေပေးသွားကြသူတွေပါ၊ ဘမောင်တို့ ဘယ်တော့မှမပြစ်မှားခဲ့ဘူး၊ ဂရုကံ ( အင်အားကြီးကံ) ထိုက်တတ်တယ်၊
👍285💯5🥰1
Truth Waves
ပညာကန်းခြင်း တလောက ( ကုသိုလ်-အကုသိုလ် ) ဘာသာရေးဆိုင်ရာတချို့ကိုဆွေးနွေးဖြစ်တယ်၊ ဘာတခုပါလာသလဲဆိုတော့ " ပညာကန်းခြင်း" ဆိုတဲ့အကြောင်းတခုပါလာတယ်၊ ကျေးဇူးတရား အဓိပ္ပာယ် ဖွင့်ပုံတွေပါလာတယ်၊ ဗုဒ္ဓက သစ်ရိပ်တခုမှာ နားခဲ့ရင်တောင်မှ သစ်ပင်ရဲ့ကျေးဇူးကို သိတတ်ရမယ်လို့…
☘️ ပညာကန်းတယ်ဆိုတာ
တယောက်က ပညာကန်းတာကို " မှတ်ထားကျက်ထား၊ သိထားတာတွေ ပျက်သွားတယ်" လို့ထင်တယ်၊
" မဟုတ်ဘူး၊ မှတ်၊ကျက်၊ လေ့လာထားတာတွေ ဘာတခုမှပျက်သွား ပျောက်သွားတာမဟုတ်ဘူး "
" ပညာကန်းတယ် ဆိုတာတွေးခေါ်မှုအမှန်ပျောက်ဆုံးသွားတာ၊ Ligical fallacy နဲ့အနီးစပ်ဆုံးဥပမာပေးလို့ရလိမ့်မယ်၊ ယုတ္တိဗေဒနဲ့စဉ်းစားရာမှာ လွှဲချော်သွားတာ၊ အမှားကို အမှန်ထင်၊ အမှန်ကိုအမှားထင်ပြီး၊ ရေလိုက်လွှဲတာ "
" Logical fallacy ပုံစံကွဲတွေ (၇) မျိုးရှိတယ် "

ပညာဆိုတာ အမှန်ကိုသိခြင်း
အမှား-အမှန်ကို ခွဲခြားသိမြင်တဲ့ဉာဏ်
ပညာကန်းတယ်ဆိုတာ ဝေဖန်ပိုင်းခြားနိုင်မှု လွဲချော်သွားတာ၊ ကျန်တာ အကောင်းပကတိရှိနေဆဲပဲ၊

အမှန်နဲ့အမှားကို ပြောင်းပြန်ယူဆယုံကြည်ရင်... သူ့ဘဝ ဘာဖြစ်သွားမလဲ
Logical fallacy ဖြစ်တာနဲ့ လူဗာလ ( ပညာမဲ့သူ ) အသိကန်းခြင်း Ignorance ဖြစ်သွားပါတယ်၊

ပညာကန်းရင် ဘဝပါကန်းနိုင်တာကြောင့် မျိုးဆက်သစ် လူငယ်တွေ ဒီအပိုင်းကိုတော့ အလွန်သတိထားစေချင်ကြတယ်၊


BaMg ☯️
👍35💯112🥰1
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်‌ရွေးချယ်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ အစည်းအဝေးကျင်းပ

ယနေ့ ဧပြီလ ၆ ရက်တွင် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပလျက်ရှိသည်။

ယနေ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ရွေးချယ်ပေးပိုလာသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်မည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို လွှတ်တော်သို တင်ပြခြင်း၊ ကန့်ကွက်ခြင်းနှင့် နိုင်ငံတော်သမ္မတမှ အဆိုပြုပေးပိုလာသည့် တိုင်းဒေသကြီး ဝန်ကြီးဌာန အရေအတွက်၊ ဝန်ကြီးဦးရေနှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးဦးရေ သတ်မှတ်နိုင်ရေးအဆိုပြုချက်ကို လွှတ်တော်သို တင်ပြခြင်းတို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးနိုင်ရေး နှင့် တိုင်းဒေသကြီး ဝန်ကြီးဌာနအရေအတွက်၊ ဝန်ကြီးဦးရေနှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးဦးရေ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူမည် ဖြစ်‌ကြောင်းသိရသည်။
👍269👏1
လက်ရှိ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဦးမျိုးအောင် ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်လောင်းအဖြစ် သမ္မတ က အမည်စာရင်းတင်သွင်း
မန္တလေး၊ ဧပြီ- ၆- ၂၀၂၆

SA(VOM)
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်လောင်းအဖြစ် သမ္မတ က အောင်မြေသာစံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးမျိုးအောင်(လက်ရှိ မန္တလေးတိုင်းဝန်ကြီးချုပ်) ကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်ကနေ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်အမည်စာရင်းတွေကို တင်သွင်းရာမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်လောင်းအဖြစ် ဦးမျိုးအောင် ကို အမည်စာရင်းတင်သွင်းထားတာကြောင့် ဝန်ကြီးချုပ်အဖြစ်ခန့်အပ်နိုင်ဖို့ အရည်အချင်းရှိမရှိ စိစစ်ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ အဆုံးအဖြတ်ပြုလုပ်ပြီး အတည်ပြုချက်ရယူသွားမှာဖြစ်ပါတယ်။
#voiceofmyanmar
26👍10👏1
This media is not supported in your browser
VIEW IN TELEGRAM
တိုင်းစစ်ဌာနချုပ်အသီးသီး၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၂၁) သင်တန်းဆင်းပွဲများ ကျင်းပ(6-4-2026)

Truth Waves
TikTok- https://vt.tiktok.com/ZSHUsAvHP/

Telegram- https://t.me/truthwaves4arm/20617
25🥰8👍4👏4🎉1
Forwarded from Shwe Myoe Taw (𝓝𝓮𝔀𝓼) (Tin Soe)
6-4-2026
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ် ပဲခူးမြို့မဲဆန္ဒနယ်အမှတ်(၁)အား ခန့်အပ်တာဝန်ပေး
SMT
23👍7👏1
ဝန်ကြီးဌာန ၃၁ ခု၊ ပြည်ထောင်စုဝန်ကြီး ၃၀ဖြင့် ဖွဲ့စည်းသွားမည်(6-4-2026)

ပြည်ထောင်စု အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၃၁ ခု၊ ပြည်ထောင်စုဝန်ကြီး ၃၀ဖြင့် ဖွဲ့စည်းသွားမည်ဟု နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြဟု သိရသည်။

Truth Waves
21🥰5👍4👏1