Truth Waves
7.41K subscribers
15.3K photos
3.44K videos
63 files
5.09K links
Download Telegram
အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာ ရွှေ(၄)ဆု ရရှိထား
၂၂-၁-၂၀၂၆

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် (၁၃) ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများက ရွှေတံဆိပ် (၄) ခု ရရှိထားသည်။
.
မြန်မာနိုင်ငံသည် ရေကူးအားကစားနည်း၊ သံလုံးပစ်အားကစားနည်း၊ သံပြားအဝိုင်းပစ် အားကစားနည်းတို့မှ ရွှေတံဆိပ်ရရှိထားခြင်းဖြစ်သည်ဟု သိရသည်။

ထို့အတူ ငွေတံဆိပ် (၃) ခုနှင့် ကြေးတံဆိပ် (၁) ခု၊ စုစုပေါင်း ဆုတံဆိပ် (၈) ဆု ရရှိထားကြောင်းလည်း သိရသည်။

Truth Waves
29👍13👏2🤣1
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း‌ ရေအားလျှပ်စစ်စီမံကိန်းအတွက် ညှိနှိင်းဆွေးနွေး(22-1-2026)

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီ၏ (၁/၂၀၂၆)လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၀ ရက် က ကျင်းပခဲ့ပါတယ်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မှ ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ အ‌ထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီဖွဲစည်းမှု အခြေအနေ၊ လမ်းညွှန်မှာကြားချက်များ၊ လုပ်ငန်းတာဝန်များနှင့် ကော်မတီတွင် ဖြည့်စွက်ဖွဲစည်းနိုင်ရေးတိုကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါတယ်။

Truth Waves
👍337👏1
Media is too big
VIEW IN TELEGRAM
၂၂-၁-၂၀၂၆

"သမ္မတကြီး ဦးသိန်းစိန်ကာလထက် မလျှော့တဲ့..
အခြေအနေမျိုး ပြန်လည်တည်ဆောက်ပေးပါမယ်လို ပြည်သူကို
ပြောချင်ပါတယ်"
ဆိုတဲ့..

ရွေးကောက်ပွဲအပိုင်း(၃) ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံကြမည့်

ဦးတင်ထွန်း၊ ချမ်းမြသာစည်မြိုနယ်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(PR)၊ပြည်ခိုင်ဖြိုးပါတီ

ဦးကိုကိုဦး ၊ ချမ်းမြသာစည်မြိုနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊
ပြည်ခိုင်ဖြိုးပါတီ တိုနှင့် တွေ့ဆုံမေးမြန်းခြင်း
Truth Waves
👇🏼👇🏼👇🏼
Tiktok
https://www.tiktok.com/@smt1142/video/7598079321881742612?is_from_webapp=1&sender_device=pc&web_id=7359391421412066832

Youtube Channel
https://youtu.be/nr7ZPRZ7EVo?si=2qxHO13_rnvNFJ0K

Telegram
https://t.me/ShweMyoeTaw1/25649

https://t.me/truthwaves4arm/17323
👍237👏1🤮1
ကသာမြို့တွင် ‌၂၀ရက်နေ့မှစ၍ ကျောင်းများ စဖွင့်(21-1-2026)

ကသာမြို့ အ.ထ.က (၃)တွင် ဇန်နဝါရီ၂၀ရက်နေ့မှစ၍ ကျောင်းများဖွင့်လှစ်နေပါပြီ။

စစ်ရှောင်သွားကြသူများလည်း ပြန်ဝင်လာပြီး ကျောင်းများပြန်ထားကြသည်။

ကျောင်းသားဦးရေ ၁၀၀၀နီးပါးရှိပြီး စာမေးပွဲမဖြေခင်အထိ လက်ခံပေးနေပါသည်။

Truth Waves
👍349👏2🤣1
၂၂.၁.၂၀၂၆ ရက်နေ့၊ ၁၃ ၂၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ ပြည်သာယာလမ်းနှင့် ရတနာလမ်းကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပါသည်။
Update
၁၃ ၃၈ အချိန် မီးငြိမ်းကြောင်း သိရပါသည်။
👍24😱82😨1
Media is too big
VIEW IN TELEGRAM
၂၂-၁-၂၀၂၆

"ICJ မှာသွားရောက်ဖြေရှင်းကြတဲ့
ပုဂ္ဂိုလ်တွေကို အများကြီး ကျေးဇူးတင်ရှိတဲ့အကြောင်း၊


ရွေးကောက်ပွဲ အပိုင်း(၃)အတွက်
လွှတ်တော်ကိုယ်စားလှယ်လောင်းရွေး
ချယ်ရာမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်
မယ့် စိတ်ရင်းစေတနာကောင်းတဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်ဖို ဆုံးဖြတ်ထားပါတယ်"


ရွေးကောက်ပွဲအပိုင်း(၃) မဲပေးကြတော့မည့်
မန္တလေး ၊ချမ်းမြသာစည်မြိုနယ်
ဒေသခံပြည်သူတစ်ဦးနဲ့ တွေ့ဆုံမေးမြန်းခြင်း
Truth Waves
👇🏼👇🏼👇🏼
Tiktok
https://www.tiktok.com/@twchannel8/video/7598095207510396180?is_from_webapp=1&sender_device=pc&web_id=7359391421412066832

Youtube Channel
https://youtu.be/E2a2qIdhbCQ?si=EdBlSVBWATaRbnTO

Telegram
https://t.me/truthwaves4arm/17330
25👍12👏2🤮1
မြန်မာနိုင်ငံသားတိုင်းရဲ့အရေး

မြန်မာတွေရဲ့ ထုံးစံအတိုင်းပါပဲ၊ ICJ ပြဿနာ
မှာလည်း အုပ်စု နှစ်စု ကွဲနေပြန်ပါတယ်။အဖြူ
နဲ့ အမဲ ပဲရှိတဲ့ မြန်မာ့နိုင်ငံရေး ဟာ ဘယ်တော့
မှလည်း ညီညွတ်ကြမယ် မထင်ပါဘူး။

အကွဲအပြဲတွေနဲ့ နေသားကျနေ​လို့ အကယ်၍
များသာ ပြည်တွင်း ပြည်အန္တရာယ်တွေ ကို
တစ်ခါတရံလောက်တော့ ညီညီညွတ်ညွတ်နဲ့
တုံ့ပြန်ကြမယ် ဆိုရင်တောင် ဒီတစ်ကြိမ်တော့
မဖြစ်မနေညီညွတ်သင့်ပါတယ်။

ဒီလို ညီညွတ်မှု မျိုးလည်း ဘယ်တော့ မှ
ဖြစ်မလာပါဘူး။

ဒါက မြန်မာ့နိုင်ငံရေး အနှစ်ချုပ်ပါပဲ။

ဒီလို ဘာကြောင့် ဖြစ်ရသလဲ ဆိုပြီး မြန်မာ့
နိုင်ငံရေး မှာ ကာလအတန်ကြာ အမြစ်တွယ်
နေခဲ့တဲ့ နိုင်ငံရေး ဓလေ့ အမှားတွေ အများ
ကြီး ရှိခဲ့တာ ငြင်းမရပါဘူး။

ဥပမာ -- ဆရာကျော်ဝင်း ပြောသလို ပေါ့။
ဘယ်လူမျိုးရဲ့ ယဥ်ကျေးမှုမှ မတွေ့ရတဲ့
ရန်သူမျိုးငါးထဲမှာ ဘုရင်ပါနေတယ်။

ပါနေတာ က  ပြဿနာ မဟုတ်
ပေမယ့် ရန်သူငါးမျိုးမှာ ပါနေတဲ့ ဘုရင်ကို
ဘုရားရှိခိုးထဲမှာ တောင် ထည့်ပြီး နေ့စဥ်ဆုတောင်း
နေမှတော့ မင်းအစိုးရ မှန်ရင် တော်လှန်ရမယ်
ပုန်ကန် ရမယ် ဆန့်ကျင်ရမယ် ဆိုတဲ့ အယူ
အဆ တွေ ဟာ မြန်မာ့ လူ့အဖွဲ့အစည်းထဲကို
အရိုးစွဲနေကြလို့လားမသိပါဘူး။

တကယ်လည်း အစိုးရ ကို  ဆန့်ကျင်
တော်လှန်ပုန်ကန်လို စိတ်ပြင်းပြထက်သန်
နေကြတာ လွတ်လပ်ရေး ရထဲက ဒီနေ့တိုင်
ပါပဲ။

ဒါ့ကြောင့် မြန်မာ့နိုင်ငံရေး ကို ဖြေရှင်းတဲ့
နေရာမှာ  ဒီလို အစိုးရကို ဘာကြောင့်
ဆန်ကျင် တော်လှန်ပုန်လိုစိတ် ဖြစ်နေရသလဲ
ဆိုပြီး သုတေသနပြုပြီး အဖြေရှာသင့်
တယ်ထင်ပါတယ်။

ဒါမှ အကြောင်းကို သိပြီး အကျိုးကိုရှာ
နိုင်မှာကိုး။

ထားပါတော့လေ။

ပြောချင်တဲ့ ICJ အကြောင်းပြန်ဆက်ရရင်
ICJ ပြဿနာ မှာလည်း ဒီအတိုင်းပါပဲ။

လူပုဂ္ဂိုလ်ကိုတရားစွဲတာ၊ အစိုးရ ကို
တရားစွဲတာ၊ တပ်မတော် ကို တရားစွဲတာ
မဟုတ်ဘဲပြည်သူ၊ နယ်နိမိတ်၊အစိုးရ၊ အချုပ်အခြာအာဏာ ဆိုသော အင်္ဂါရပ်
(၄) ပါး ကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံ ကို
တရားစွဲတယ် ဆိုတာလော​က် သိထား
ကြဖို့လိုတယ်။

ICJ မှာ ရလဒ်မကောင်းဘူးဆိုရင် ဒီကနေ့
တပ်မတော်နဲ့ အစိုးရ ကို သာ ဆိုးကျိုးသက်ရောက်
စေမှာ မဟုတ်ပါဘူး။ အထက်မှာ ဆိုခဲ့သလို
ဝိသေသ(၄) ခုကို ကိုယ်စားပြုထားတဲ့
မြန်မာတစ်နိုင်ငံလုံး ၊ သားစဥ်မြေးဆက်
အထိ ထိခိုက်နစ်နာမှု ရှိစေမှာ ဖြစ်တယ်။

တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စမို့ မြန်မာ
နိုင်ငံသားမှန်ရင် မင်းလည်း မလွတ်သလို
ငါလည်း မလွတ်ဘူး ဆိုတာ ကို သိထား
ကြဖို့ လိုပါတယ်။

ဒါ့ကြောင့် တစ်မျိုးသားလုံး၊ တစ်နိုင်ငံ
လုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စမို့ အားလုံးညီညီညွတ်
ညွတ်နဲ့ ပူးပေါင်းတုံ့ပြန်သွားဖို့ လိုပါတယ်။

နောက်ဆုံး ပြောချင်တာ က
မင်းဟာ အစိုးရ ကို ဆန့်ကျင်နေရတဲ့
သူပုန်ဖြစ်နေရင်တောင် မင်းလည်း
မြန်မာနိုင်ငံသား ဖြစ်တာမို့ လွတ်မှာမဟုတ်
ဘူးဆိုတာ သိထားကြဖို့ လိုပါတယ်။

ဒါ့ကြောင့်ပူးပေါင်းဆောင်ရွက်မှု မပေး
နိုင်ရင်တော့ မဆန့်ကျင်ကြဖို့ နဲ့ ရေငုံနှုတ်
ပိတ် နေကြဖို့လိုပါတယ်။

ဘာကြောင့်လဲ ဆိုတော့ မင်း ဟာ
မြန်မာနိုင်ငံသား ဖြစ်နေလို့ပါပဲ။

မင်းသုန္ဒရ
👍337👏2
👍113👏2
Media is too big
VIEW IN TELEGRAM
၂၂-၁-၂၀၂၆

ICJ မှာ သွားရောက်ဖြေရှင်းတဲ့ ကိုယ်စားလှယ်တွေကို နိုင်မယ်လိုယုံကြည်ပါတယ်။ အားလည်းပေးနေပြီး ထောက်ခံနေပါတယ်။

သူများနိုင်ငံရဲ့ ဒီလိုစွဲဆိုမှုကို မြန်မာပြည်ကပြည်သူတွေ သွေးစည်းပြီးတော့ တွန်းလှန်စေချင်ပါတယ်"
ဆိုတဲ့..

မန္တလေး ဒေသခံပြည်သူများရဲ့ စကားသံများ
Truth Waves
👇🏼👇🏼👇🏼
Tiktok
https://www.tiktok.com/@twchannel8/video/7598106608979283221?is_from_webapp=1&sender_device=pc&web_id=7359391421412066832

Youtube Channel
https://youtu.be/ZQhkfYsak_s?si=EIf8Vrr5YG2T7289

Telegram
https://t.me/truthwaves4arm/17333
👍347👏2🤮1
ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြိုနယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေး MEVMမဲပေးစက်ကိုင်တွယ်အသုံးပြုနည်း (မွမ်းမံ)သင်တန်းဖွင့်လှစ်ပိုချ
ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၂၂
https://t.me/yangonnews100/24651
👍195👏1🤮1
Media is too big
VIEW IN TELEGRAM
စစ်တွေမြို့၊အောင်မင်္ဂလာရပ်ကွက် မွတ်စလင်ရာအိမ်မှူး ဦးကျော်တင်လှိုင် ၏ ရခိုင်ပဋိပက္ခများအပေါ် ပြောစကား (22-1-2026)

Truth Waves
TikTok- https://vt.tiktok.com/ZSarTT1na/

Telegram- https://t.me/truthwaves4arm/17339
👍245👏2🤮1
ရွေးကောက်ပွဲနှောင့်ယှက်၍ အ‌ရေးယူခံရသူဦးရေ ၄၀၀ ကျော်အထိရှိလာ(22-1-2026)

လက်ရှိအပိုင်းလိုက်ကျင်းပနေတဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ပျက်ပြား‌စေရန် နည်းအမျိုးမျိုးနဲ့ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူခြင်းများပြုလုပ်နေရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်အထိ ပြည်ထောင်စု နယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”အရ အရေးယူဆောင်ရွက်မှု ၃၃၀ မှုမှာ အရေးယူခံထားရသူ ၄၀၄ ဦး ရှိတယ်လို့ သိရပါတယ်။

Truth Waves
👍296👏2🤮1
Forwarded from Shwe Myoe Taw (𝓝𝓮𝔀𝓼) (S.M.T@@@)
ရန်ကုန်မြို့ရှိ စားသုံးဆီများ တင်သွင်းသိုလှောင်ထားရှိမှုနှင့် ဖြန့်ဖြူးနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် ဇန်နဝါရီ  ၂၂
https://t.me/yangonnews100/24678
👍217👏3🤣1