To Comrades - ရဲဘော်များသို့
430 subscribers
1.11K photos
37 videos
1 file
329 links
Download Telegram
FB_IMG_1640927584401.jpg
76.3 KB
📣📣📣ဒီဇင်ဘာလ ထောက်ပံ့မှု ပထမ အသုတ်

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်း ကျွန်​တော်တို့ To Comrades မှ လက်ခံရရှိထား​သော အလှူ​ငွေများအား

၁။လေးကေ့ကော်ရှိစစ်ဘေးရှောင် စခန်းများနှင့် ရဲဘော်များ သို့
-1500000 mmk/တစ်ဆယ့်ငါးသိန်းကျပ်

၂။City - Dawna PDF သို့
-300000 mmk/ သုံးသိန်းကျပ်

၃။ယောပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ သို့
-500000 mmk/ ငါးသိန်းကျပ်

၄။ SHAN LIBERATION FORCE သို့
-500000 mmk/ ငါးသိန်းကျပ်

၅။ KNDF/BO2 တပ်ခွဲ ၂ သို့
-500000 mmk /ငါးသိန်းကျပ်

၆။ ​မြို့ပေါ်ရှိရဲဘော်များ တစ်ဖွဲ့သို့
-600000 mmk/ ခြောက်သိန်း ကျပ်

တို့အားထပ်မံပြီး ခွဲ​​ဝေထောက်ပံ့​ပေးခဲ့ပါတယ်ခင်ဗျာ။ 💪😎
ကျွန်​တော်တို့ To Comrades နှင့်အတူ လာ​ရောက် ​လှူဒါန်း​ထောက်ပံ့​ပေး​သော မိဘပြည်သူများ ဝမ်းသာပီတိဖြာနိုင်ရန်အတွက် ရရှိထား​သော ​အ​ထောက်အထားများအား page မှ တစ်ဆင့် ပြန်လည်ဖော်ပြ​ပေးလိုက်ပါတယ်ခင်ဗျာ။ ❤️🖤📣

ပါဝင်လှူဒါန်း​ပေးသူအ​ယောက်ဆီတိုင်းကိုလည်း ကျွန်​​တော်တို့ ရဲ​ဘော်များ ကိုယ်စား ​ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျာ။ နှမ်းစေ့လေးတွေ ပေါင်းပြီး ဆီဖြစ်ကြောင်းသက်သေထူခဲ့ပါပြီ🥺

ကျန်ရှိ​နေ​သေးပါ​သော ​ထောက်ပံ့​ပေးထားမှုများအား အ​ထောက်အထားများ ပြန်လည်ရရှိ​သည်နှင့်တစ်ပြိုင်နက် အသိ​ပေး​ဖော်ပြသွားပါမည်ခင်ဗျာ။

အ​ရေး​​တော်ပုံ​အောင်ရမည်
#ရဲဘော်များသို့
"To Comrades - ရဲ​ဘော်များသို့" Fundraising Team ၏ ဒီ ဇင်ဘာလ တစ်လစာ ရန်ပုံ​ငွေရှင်းတမ်း အနှစ်ချုပ်အား အများပြည်သူထံသို့ ပြန်လည်တင်ပြအပ်ပါတယ်။

နှမ်းတစ်​စေ့အဖြစ် ပါဝင်ကူညီလှူဒါန်း​ပေးခဲ့သူ တစ်ဦးတစ်​ယောက်ချင်းဆီအား ရဲ​ဘော်များကိုယ်စား ကျွန်​တော်တို့ To Comrades အဖွဲ့မှ ​ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။

လာမယ့်နှစ်သစ်မှာလဲ ယခုထက်ပိုမိုပြီး ပါဝင်လှူဒါန်း​နိုင်ကြ​စေရန်အလို့ငှာ ​​တောင်းဆု​ခြွေလိုက်ပါတယ်ဗျာ။ လာမယ့်နှစ်သစ်မှာလဲ ကျွန်​တော်တို့အားလုံး အတူတကွ လက်တွဲရင်း ရဲ​ဘော်​တွေရဲ့လိုအပ်ချက်ကို ဆက်လက်​ထောက်​ပံ့​ပေးကြရ​အောင် 💜
#tocomrades #ရဲဘော်များသို့ #ဒီဇင်ဘာ
"နှစ်သစ်ကူး ခေါင်းလောင်းသံ"
~~~~~~~~~~~~~

ငယ်စဉ်က အဖြစ်အပျက်ပါ
နှစ်သစ်မှာ
ဖိနပ်အသစ် စီးတယ်
သီချင်းအသစ် နားထောင်တယ်
စိတ်သစ် လူသစ်နဲ့
လောကသစ်ကြီးဆီကို သွားမယ်ပေါ့။

ခု အရွယ်ရလာတော့
နှစ်သစ်မှာ
ဖိနပ်အသစ်လည်း မစီးဖြစ်
စိတ်လည်း မသစ် လူလည်း မသစ်
နားထောင်ရတဲ့ သီချင်းတွေကလည်း မသစ်
လောကသစ်ဆီကို ဘယ်လိုသွားရမယ် မသိ။

ဒီဇင်ဘာ ဒိုင်ယာရီတွေ ပြန်ဖတ်မိတော့
ဒီဇင်ဘာမှာပဲ
ပီကာဆို ကြွေခဲ့တယ်
ချာလီချက်ပလင် ကြွေခဲ့တယ်
ဂျွန်လင်နွန် ကြွေခဲ့တယ်
စွဲလမ်းမိတဲ့ ဆေးဖက်ဝင် ပန်းပွင့်လေး ကြွေခဲ့တယ်။

နှစ်သစ်ကူးမှာ
သူငယ်ချင်းတွေနဲ့ နည်းနည်းပါးပါး မူးမိတယ်
မကြိုက်သော်လည်း မထူးဇာတ်ကို ဆက်ကမယ်
လူလူချင်း စာနာတဲ့ အနွေးငွေ့နဲ့
အေးစက်စက် နေ့တွေကို အန်တုမယ်
အသက်ဆက်ရှင်ဖို့
သင်တန်းလေး ဘာလေးတက်ရမယ်။

ဇန်နဝါရီဆီ ရောက်ဖို့ရာ
ဒီဇင်ဘာကို ကျော်ဖြတ်ရမှာ
အစဉ်အလာပဲလေ

သေကွဲ ရှင်ကွဲတွေနဲ့ ကမ္ဘာမှာ
ကြေကွဲစွာ နှစ်သစ်ကူးလိုက်ပါတော့မယ်။ ။

-လှသန်း
မဟေသီ ဇန်နဝါရီ 2002

နှစ်သစ်မှာ အားသစ်တွေနဲ့ ဆက်လက်တော်လှန်ကြရအောင်ပါ ရဲဘော်တို့
"ကရင်နှစ်ကူးမှာ ကရင်နီဘက်လှူရင်း​ ပျော်ကြရ​အောင်"

ကျွန်​တော်တို့ နှစ်သစ်ကို ကရင်နီဘက် လို​နေတာ​တွေအတွက် ​ထောက်ပံ့​ပေးရင်း စတင်လိုက်ကြရ​အောင်ဗျာ။ ကရင်နီဘက်မှာလည်း အ​ခြေအ​နေ​တွေ ​​ကောင်းမ​နေပါဘူးဗျာ။ စစ်​ခွေး​တွေက ကြုံရင်ကြုံသလိုဝင်​မွှေ​နေတဲ့အတွက် ရဲ​ဘော်​တွေအတွက်​ရော စစ်​ဘေး​ရှောင်​တွေအတွက်ပါ လိုအပ်ချက်အများကြီး ရှိ​နေပါတယ်ခင်ဗျာ။

အခု​လော​လောဆယ်​တော့ စစ်​ခွေး​တွေကို ငရဲစခန်းပို့​ပေးဖို့အတွက် ငှက်​ပျောဖူးဖိုး​လေး​တွေ အလှူခံချင်ပါတယ်ဗျာ။ စစ်​ခွေး​တွေငရဲ​ရောက်​​အောင် ရဲ​ဘော်​တွေကို ငှက်​ပျောဖူး​လေး​တွေ​ကျွေးပြီး အားဖြည့်​ပေးကြရ​အောင်ဗျာ။

ငှက်​ပျောဖူး တစ်ခုကို ပျမ်းမျှအားဖြင့် ၆ သိန်း ကျပါတယ်။ ကျွန်​တော်တို့က​တော့ အဖူး (၅၀) ​လောက် ​ထောက်​ပေးချင်တဲ့အတွက် ​ငွေပမာဏ​တော်​တော်​လေး လိုအပ်​နေပါတယ်ဗျာ။ ငှက်​ပျောဖူးများများ ဝယ်​ပေးနိုင်​လေ စစ်​ခွေး​တွေကို များများသိပ်နိုင်​လေမို့ တတ်နိုင်သ​လောက်​ နည်းများမဆို ပါဝင်လှူဒါန်း​ပေးကြဖို့ ​တောင်းဆိုအပ်ပါတယ် ခင်ဗျာ ။

Payment ​တွေကို​တော့ ထုံးစံအတိုင်း Page Chatbox မှာ Admin ​တွေနဲ့ တီတီတာတာ​ပြောရင်း လာ​တောင်းပါခင်ဗျာ။
ပါဝင်လှူဒါန်း​ပေးသူအ​ယောက်ဆီတိုင်းကိုလည်း ကျွန်​​တော်တို့ ရဲ​ဘော်များ ကိုယ်စား ​ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျာ။ နှမ်းစေ့လေးတွေ ပေါင်းပြီး ဆီဖြစ်ကြောင်းသက်သေထူခဲ့ပါပြီ🥺

ကျန်ရှိ​နေ​သေးပါ​သော ​ထောက်ပံ့​ပေးထားမှုများအား အ​ထောက်အထားများ ပြန်လည်ရရှိ​သည်နှင့်တစ်ပြိုင်နက် အသိ​ပေး​ဖော်ပြသွားပါမည်ခင်ဗျာ။

အ​ရေး​​တော်ပုံ​အောင်ရမည်

#ရဲဘော်များသို့ #ToComrades
၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ပထမအကြိမ်​ထောက်ပံ့ထားမှုများ

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ကျွန်​တော်တို့ To Comrades မှ လက်ခံရရှိထား​သော အလှူ​ငွေများအား

၁။ National Special Force သို့
-300,000 mmk/သုံးသိန်းကျပ်

၂။ KNDF/B07 သို့ - 200,000 mmk/ နှစ်သိန်းကျပ်

၃။ Local Rangers LRG သို့ -500,000 mmk/ ငါးသိန်းကျပ်

၄။ 505 PDF သို့ - 200,000 mmk/ နှစ်သိန်းကျပ်

၅။ မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ မုံရွာမြို့
-200,000 mmk / နှစ်သိန်းကျပ်

တို့အားထပ်မံပြီး ခွဲ​​ဝေထောက်ပံ့​ပေးခဲ့ပါတယ်ခင်ဗျာ။

ကျွန်​တော်တို့ To Comrades နှင့်အတူ လာ​ရောက် ​လှူဒါန်း​ထောက်ပံ့​ပေး​သော မိဘပြည်သူများ ဝမ်းသာပီတိဖြာနိုင်ရန်အတွက် ရရှိထား​သော ​အ​ထောက်အထားများအား page မှ တစ်ဆင့် ပြန်လည်ဖော်ပြ​ပေးလိုက်ပါတယ်ခင်ဗျာ။ ❤️
မေလတွင်းမှာ ပြည်သူတွေရဲ့ ထောက်ပံ့မှုကြောင့် မြေအောက်တော်လှန်ရေးအဖွဲ့တခုကို AKတလက် ဆင်ပေးနိုင်ခဲ့ပါတယ်ဗျ။
[TC Logoလေးနဲ့ ရမ်းလှနေတာ🥰]

ကျွန်တော်တို့ TCရဲ့ Telegram Channelကို activeဖြစ်အောင် ပြန်runပေးသွားမှာပါ။

အရေးတော်ပုံ အောင်ကို အောင်ရမည်။
ဒဏ်ရာတွေလာပေးတဲ့ ကလေးငယ်🤧

ညညဆို အာလူးကို ဒုက္ခသိပ်ပေးကြတာပဲ😓
ကျွန်တော်တို့ရဲ့ To Comrades- Fundraising Team က စီစဥ်တဲ့ member ဖြစ်ခွင့်နဲ့ လစဥ် မြို့ပြရဲဘော် (သို့) တောတွင်းမှရဲဘော်များကို ထောက်ပံ့ပေးတဲ့ အစီအစဥ်လေးမှာ ပါဝင်ပေးကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ Member ဝင်ခွင့်ရရှိပြီး လစဥ်ထောက်ပံ့ပေးမယ့် အလှူရှင်များကိုလည်း mail မှာ တစ်ဆင့် private message ပို့ထားပြီးဖြစ်ပါတယ်။ ကျန်ရှိနေသူများကိုလည်း သေချာစိစစ်ပြီး ဆက်လက်ပို့ဆောင်ပေးသွားပါ့မယ်ခင်ဗျာ။ ပါဝင်ပေးကြတဲ့ မိဘပြည်သူများအနေနဲ့လည်း
📌 လစဥ် ထောက်ပံ့ဖို့ရာ မမေ့လျော့စေဖို့ ကျွန်တော်တို့ဘက်မှ လစဥ်ပေးပို့မယ့် REMINDER Mail ကိုလည်း စစ်ပေးကြဖို့ အသိပေးမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။
( inbox ထဲ mail မရရှိသူများအနေနဲ့ spam mail မှတစ်ဆင့် ရှာဖွေနိုင်ပါတယ် )

📌 လစဥ်ထောက်ပံ့မှုအတွက် နောက်လ July လမှစတင်ပြီး ( @To Comrades 2.0 ) မှာပြောင်းလဲ လှူဒါန်းပေးဖို့ အသိပေးပါရစေခင်ဗျာ။

ပြည်သူပါမှ အမြန်ဆုံးခရီးတွင်မယ့် ပြည်သူ့တော်လှန်ရေး ဖြစ်တဲ့အတွက် အားကုန်သုံးပြီး တတ်နိုင်တဲ့ဘက်က ပါဝင်ထောက်ပံ့ပေးကြဖို့ အထူးလိုအပ်ပါတယ်ခင်ဗျာ။
" လိုရာခရီး အမြန်ရောက်ဖို့ ၊ ပြည်သူအားလုံး ပူးပေါင်းစို့ " 🤝

#To_Comrades
Department of Information - DRPA
မဟာမိတ်ဖွဲ့စည်း​ကြောင်းထုတ်ပြန်​ကြေညာချက်
ဇွန် ၂၅၊ ၂၀၂၂ ခု။