To Comrades - ရဲဘော်များသို့
425 subscribers
1.14K photos
38 videos
1 file
331 links
Download Telegram
"လေးကေ့ကော်အတွက် ရိက္ခာဖိုးအလှူခံခြင်း"
"ညီမ​လေး​ရေ အကိုတို့ရဲ​ဘော်​တွေအတွက် ရိက္ခာ​ဖိုး​လေးတစ်ချက်လောက်ကူညီ​ပေးပါဦး"

"စစ်​ဘေး​ရှောင်ဦး​ရေလဲများလာနိုင်ပြီမို့ သူတို့အတွက်ပါကြိုရှာထား​ပေးရင်ပို​ကောင်းတယ် ငါ့ညီကိုတို့​ရေ"

"အကိုတို့၊ ညီမ​လေးတို့ရှိ​နေတာ ကျွန်​တော်တို့ရဲ​ဘော်​တွေအတွက် အားဖြစ်ရပါတယ်"

ဟုတ်ကဲ့ဒါ​တွေက​​တော့ လက်ရှိ ​လေး​ကေ့​ကော်​ရောက်​နေတဲ့ ကျွန်​တော်တို့နဲ့ အချိတ်အဆက်ရှိတဲ့ ​မြေပြင်တိုက်ရိုက်ရဲ​ဘော်​တွေက လှမ်း​ပြောထားတာ​လေးတွေပါဗျာ။

လေး​ကေ့​ကော်မှာ စစ်မျက်နှာဖွင့်ပြီး နှစ်ဦးနှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်​နေကြတာကို အားလုံး သိပြီး​လောက်လို့ထင်ပါတယ် ခင်ဗျာ။

စစ်​မြေတို့ရဲ့ ထုံးစံအတိုင်း ထိုစစ်ဖြစ်​နေတဲ့​နေရာ​တွေကို စွန့်ခွာပြီး ​ထွက်​ပြေး​ရှောင်တိမ်းရတဲ့သူများရှိစမြဲပါ။ ဒါကြောင့်လည်း စစ်​ဘေး​ရှောင်စခန်းဟူ​၍​ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ယခု​ ​လေးကေ့​​ကော်ဘက်တွင်လည်း စစ်​​ဘေး​​ရှောင်များ ​ပေါ်ထွက်လာပြီး ထိုစစ်​​​ဘေး​​ရှောင်များအတွက် ရိက္ခာ၊ ​ဆေးဝါး အစရှိသည်တို့ လိုအပ်လာနိုင်ပါတယ် ။ ရရှိထား​သော သတင်းများအရ စစ်​ဘေး​ရှောင်ဦး​ရေ ၆၀၀ မှ ၁၀၀၀ ကြားရှိတယ်လို့ သိရပါတယ်ခင်ဗျာ။

ထို့အပြင် တိုက်ပွဲမှာ ဆက်လက်ဖြစ်​ပေါ်​နေဆဲဖြစ်သဖြင့် ရဲ​ဘော်များအတွက် ကျည်များ၊ ဆေးဝါး နှင့် ​ရိက္ခာများလည်း လိုအပ်လာနိုင်ပါတယ် ။ ရိက္ခာလိုအပ်​နေ၍ အကူအညီ​တောင်းထား​သော တပ်ခွဲများလည်း ကျွန်တော်တို့မှာ ရှိလာပါပြီ။

ထိုလိုအပ်ချက်များအား အချိန်နှင့် တစ်​ပြေးညီဖြည့်တင်း​ပေးနိုင်ရန်နှင့် ရိက္ခာဖိုးလှမ်းလွှဲ​ပေးရန်အတွက် ကျွန်​​တော်တို့ To Comrades အဖွဲ့မှ အလှူ​ငွေများ​ကောက်ခံပါရ​စေခင်ဗျာ။

မိဘပြည်သူများမှလည်း ကျွန်​တော်တို့အဖွဲ့အားစိတ်ချယုံကြည်စွာဖြင့်လာ​ရောက်လှူဒါန်းပြီး ရဲ​ဘော်များ၏ လိုအပ်ချက်များနှင့်စစ်ဘေးရှောင်များ၏ အခြေခံလိုအပ်မှုမှုများကို ဖြည့်ဆည်း​ပေးနိုင်ရန် တစ်​ထောင့်တစ်​နေရာမှ ပါဝင်ကူညီနိုင်ပါပြီခင်ဗျာ။

​​ငွေလွှဲရမည့်အ​ကောင့်များကို ​​page chatbox တွင် လာ​ရောက်​မေးမြန်းနိုင်ပါသည်ခင်ဗျာ။
​​မြေပြင်အ​ခြေအ​နေများ​ကြောင့် ​ငွေလက်ခံရရှိ​ကြောင်း အ​ထောက်အထားများ ​တောင်းယူ၍ မရသည်မို့ ​ငွေလွှဲထား​ကြောင်းကို Certificate များအစား တိကျ​သေချာ​သော Screenshot သာပြန်လည်ပြနိုင်ခြင်းအား နားလည်​ပေးကြပါရန် ​တောင်းဆိုပါသည်ဗျာ။

တခြားစခန်းများသို့​ထောက်ပံ့​​ပေးထားမှုများလည်းရှိပါ​သေးပါတယ်ဗျာ။ ထိုစာရင်းအားလုံးကိုလည်း လက်ခံရရှိ​ကြောင်း အ​ထောက်အထားများလှမ်း​တောင်းထားပြီးပါပြီခင်ဗျာ။ လက်ရှိရင် အ​ခြေအ​နေအခက်အခဲအမျိုးမျိုး​ကြောင့် ​ရဲ​ဘော်များမှ ​ခေတ္တ​စောင့်​​ပေးရန်​ပြောထား​သော​ကြောင့် ကျွန်​တော်တို့ ရဲ​ဘော်များထံမှ Certificate များ ရရှိသည်နှင့်တစ်ပြိုင်နက် တင်ပြသွားပါမည်ခင်ဗျာ။
လေး​ကေ့​ကော်​တွင် တိုက်ပွဲဝင်​နေ​သောရဲ​ဘော်များအတွက်ရိက္ခာဖိုး ​ငွေကျပ် ​လေးသိန်း
လေးကေ့ကော် စစ်​ဘေး​ရှောင်များအတွက် ​စောင်နှင့်အခြားအသုံးအ​ဆောင်များအတွက် ပါဝင်လှူဒါန်း​ငွေ ​ ၃၀၀၀၀၀ ကျပ်
စုစုပေါင်း ၇၀၀၀၀၀ ကျပ်တိတိအား ကနဦး လွှဲပေးခဲ့ပြီးပဲဖြစ်ပါသည်။
အလှူ​ငွေများ လက်ခံ​နေတုန်းပါဗျာ လာ​ရောက်လှူဒါန်းလို့ရပါ​သေးတယ်ခင်ဗျ။ နည်းနည်း​​လေး​တွေ အများကြီးစု​ပေါင်းလာရင် အများကြီး​ပိုထောက်ပံ့နိုင်မှာပါဗျာ 🤍

အလှူ​ငွေများဆက်လက်ကောက်ခံပြီး ရရှိ​လာသည်များ​အား စု​​​ပေါင်း၍ လို​အပ်​နေ​​သော ရဲ​ဘော်များ၊ စစ်​ဘေး​ရှောင်များဆီသို့ ဆက်လက်​ထောက်ပံ့မည်ဖြစ်၍ ထပ်မံ၍ လှူဒါန်း​ပေးကြပါရန်လည်း ​တောင်းဆိုအပ်ပါသည်ဗျာ။
“ဖလူးရွာ စစ်ဘေးရှောင်များအတွက် စခန်းသစ် “

ညနေဘက် တွင် လက်နက်ကြီး ကျမှုများနှင့် ဖလူး ရွာ တွင်း ဖက်ဆစ်များ သောင်းကျန်းမှုကြောင့် ဒေသခံများသည်. ကမ်းတစ်ဖက်တွင် မနေရဲကြတော့ပဲ ထိုင်းဘက်သို့ ဖြတ်ကူးကြရာ ရေတက်လာမှုကြောင့် လူများစွာကျန်ရှိနေပါသေးသည်

ထိုသူများအတွက် စစ်ရှောင်စခန်းဆောက်လုပ်ရန်တာလပတ်ခင်းခြင်း ရေသန့် အစားအသောက် စောင် စသည်တို့အတွက် ငွေအား လိုအပ်နေပါတယ် ခင်ဗျာ

ယခင် စစ်ရှောင်ရာတွက် အသုံးပြုခဲ့သော မဲကော်ကင်း ဧရိယာ အတွင်းရှိ နွားခြံတွင် စစ်ရှောင်စခန်းပြန်လည် ဆောက်လုပ်မည်ဖြစ်ကြောင်း မြေပြင် အဖွဲ့များမှ ကြားသိရပါတယ်
ဖလူးရွာဘက်မှ လူများကူးလာသော မဲကော်ကင်းစခန်း (နွားခြံ) ယခု ဆောက်လုပ်မယ့်စခန်း အတွက်
အလှူငွေ ကောက်ခံပါတယ်

၅၀၀/၁၀၀၀ တတ်နိုင်သလောက် ပါဝင်ပေးပြီး
စစ်ရှောင်တွေကို ကူညီပေးရအောင်ဗျာ

Payment များ အတွက် page messenger ကို လာပေးပါ
Ants Fundraising Team မှ ​ပေးပို့​သော မဟာမိတ်ပြုလက်​ဆောင်ကို ​ကောင်းမွန်စွာ​ရရှိပါသည်။ ကျွန်​တော်တို့ TC ဘက်မှလဲ ​နွေဦး​တော်လှန်​ရေးကာလအတွင်း မဟာမိတ်ပြုကာ ချီတက်ရန် အတွက် လူကြီးမင်းတို့နှင့်ထပ်တူထပ်မျှ စိတ်ဆန္ဒရှိပါသည်။
အဖွဲ့အနေဖြင့် အမြန်ဆုံးအကြောင်းကြားနိုင်ရန် ဆောင်ရွက်ပေးသွားပါမည်။
ဖလူးရွာ စစ်​ဘေး​ရှောင်များအတွက် စခန်းသစ် ​ဆောက်လုပ်ရန် ကျွန်​တော်တို့ To Comrades - ရဲ​ဘော်များသို့ မှ ​ရရှိထား​သော အလှူ​ငွေများနှင့် Fund များအား စု​​ပေါင်းပြီး မဲ​ကော်ကင်း စစ်​ရှောင်စခန်းသို့ ငွေကျပ် ဆယ်သိန်း (၁,၀၀၀,၀၀၀) တိတိကို လွှဲ​ပေးခဲ့ပြီးပါပြီ ခင်ဗျာ။

စစ်ရှောင်စခန်းအား လုံခြုံရေးအရ ဓာတ်ပုံရိုက်မရတဲ့အတွက် ကျွန်​တော်တို့အ​နေနဲ့ ဓါတ်ပုံများ ပြန်လည်ပြသမှု မ​​ပေးနိုင်တဲ့အတွက် နားလည်​ပေးကြပါရန် ​မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ ထို့အတွက် စစ်​​ရှောင်စခန်းပုံအစား မြေပြင် အဖွဲ့မှအဝတ်အထည်၊ စောင်၊ အစားအသောက်များ စခန်းသို့ပို့ပေးနေပုံများကို​တော့ တခါထဲ ထည့်သွင်း​ဖော်ပြထားပါတယ်ခင်ဗျာ။

ပါဝင်လှူဒါန်း​ပေးသူအ​ယောက်စီတိုင်းကိုလည်း ကျွန်​တော်တို့ To Comrades မှ ​ကျေးဇူးအထူးတင်ရှိပါ​တယ်ခင်ဗျာ။

ကျွန်​တော်တို့လဲ ထပ်မံ​ထောက်ပံ့​ပေးဖို့ အစီအစဥ်ဆွဲထားတဲ့အတွက် ကျွန်​တော်တို့နဲ့အတူ လာ​ရောက်လှူဒါန်းနိုင်ပါ​ကြောင်းလည်း အသိ​ပေးအပ်ပါသည်ခင်ဗျာ။
အားလုံးပဲ Merry Christmas ပါဗျာ 🤍
ရဲ​ဘော်များအားလုံး အန္တရာယ်ကင်း ​​ဘေးရှင်းကြပါ​စေလို့ ကျွန်​တော်တို့ To Comrades အဖွဲ့သားများမှ ဆုမွန်​​ကောင်းတောင်းပါတယ်ခင်ဗျာ။

ကျွန်​တော်တို့​တွေဟာ လူမဆန်တဲ့ အာဏာရူးစစ်​ကောင်စီလက်​အောက်မှာ နာကျည်းရ၊ ဝမ်းနည်းရ၊ ​ကြေကွဲခဲ့ရတာ တစ်နှစ်နီးပါရှိခဲ့ပါပြီ။ ကျွန်​တော်တို့အားလုံးလည်း နည်းလမ်း​ပေါင်းစုံဖြင့်လည်း ရရာ​နေရာမှ ပူး​ပေါင်းပါဝင် ​တော်လှန်​နေကြပါတယ်ခင်ဗျာ။ ထို့အတွက် နည်းလမ်း​ပေါင်းစုံနဲ့ ပူ​ပေါင်းပါဝင်​နေကြသူအားလုံး ​ဘေးအန္တရာယ်ကင်းရှင်း​ရေးကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံး​နေရာမှ ဆု​တောင်း​ပေးလိုက်ပါတယ်။ ကျွန်​တော်တို့ လိုချင်တဲ့ ဒီမိုက​ရေစီလဲ အမြန်ဆုံးရရှိပါ​စေဗျာ။ စစ်အာဏာရှင်စနစ် လျှင်မြန်စွာ ကျဆုံးပါ​စေ။

တစ်လက်စထဲ ကျွန်​တော်တို့ရဲ့ "ရဲ​ဘော်များအတွက် Christmas Ticket" အစီအစဥ်​လေးကို ယ​နေ့ ၂၅ ရက်​နေ့ ​နေ့လည် ၁၂ နာရီတိတိတွင် Tickets ​ရောင်းချခြင်းအား ပိတ်သိမ်း​တော့မည်ပဲဖြစ်ပါတယ်ခင်ဗျာ။ ထို့အတွက် ၁၂ နာရီမတိုင်ခင် ကိုယ်လိုချင်တဲ့ လက်​ဆောင်​လေးများအမြန်ဆုံးလာ​ရောက်ကံစမ်းကြဖို့ ဖိတ်​​ခေါ်ပါတယ် ခင်ဗျာ။
Ticket ဝယ်ယူထားသူများအားလဲ ဖြည်းဖြည်းချင်း ပြန်လည်ပို့​ပေး​နေသည့်အတွက် ​စောင့်ဆိုင်း​ပေးကြဖို့ ​မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

Merry Christmas to you all 🌲
အရက်ပုလင်း​ပေါက်ကြပါ​စေဗျာ 🙄
"ရဲ​ဘော်များအတွက် Christmas Ticket " ​ရောင်းချခြင်းအား ဒီဇင်ဘာ ၂၁ ရက်​နေ့မှ ၂၅ ရက်​နေ့အထိ (၅) ရက်​ရောင်းချ​​ပေးခဲ့ပါတယ်။ ထို ( ၅ ) ရက်အတွင်း Ticket ​ရောင်းချရာမှ ရန်ပုံ​ငွေ ၃၃၇၅၀၀၀ ( သုံးဆယ့်သုံးသိန်းခုနှစ်​သောင်းငါး​ထောင်) ကျပ် တိတိ ရရှိခဲ့ပါတယ်ခင်ဗျာ။ ရရှိထား​သော ရန်ပုံ​ငွေများကို လိုအပ်​သော​နေရာများသို့​ ​ထောက်ပံ့ပြီးခဲ့ပါပြီဗျာ။ ​ထောက်ပံ့မှုပြုလုပ်ထားတဲ့ အ​ထောက်အထားများကို ကျွန်​တော်တို့ Page က​နေပဲ ပြန်လည်တင်​ပေးသွားပါမယ်ဗျ။

အားလုံးစု​ပေါင်းပြီး တွန်းခဲ့ကြတာ ဒီပမာဏ အထိ ရရှိခဲ့တာမို့ လက်မှတ် ဝယ်ယူ​ပေးခဲ့ကြသူ တစ်​ယောက်ချင်ဆီကို ​ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကျွန်​တော်တို့ ခန့်မှန်းထားတဲ့အ​ရေအတွက်ထက် ဝယ်ယူသူများသွား​တဲ့အတွက် တချို့ဝယ်ယူအား​ပေးသူ​တွေဆီ Ticket မပို့လိုက်ရတဲ့ လစ်ဟာမှုအနည်းငယ်ရှိသွားပါတယ်ဗျ။ ဤ ကိစ္စအတွက်လဲ ကျွန်​တော်တို့အားလုံး အနူးအညွတ် ​တောင်းပန်အပ်ပါသည်ခင်ဗျာ။

လက်​ဆောင်ပစ္စည်း မဲ​ပေါက်သွားသူများအတွက်လည်း ကျွန်​တော်တို့ To Comrades မှ အထူးဝမ်းသာရပါတယ်ခင်ဗျာ။ ​​နောက်ထပ်လဲ အစီအစဥ်အသစ်များစွာကို လစ်ဟာမှုအနည်းဆုံးဖြစ်​အောင်စီစဥ်ပြီး ချပြ​ပေးသွားမှာဖြစ်လို့ ယခုတစ်ခါလိုပဲ ပါးလုံးပါဝင်​ပေးကြဖို့အတွက် ကြိုတင်​မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

အားလုံးကို​ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။
FB_IMG_1640927584401.jpg
76.3 KB
📣📣📣ဒီဇင်ဘာလ ထောက်ပံ့မှု ပထမ အသုတ်

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်း ကျွန်​တော်တို့ To Comrades မှ လက်ခံရရှိထား​သော အလှူ​ငွေများအား

၁။လေးကေ့ကော်ရှိစစ်ဘေးရှောင် စခန်းများနှင့် ရဲဘော်များ သို့
-1500000 mmk/တစ်ဆယ့်ငါးသိန်းကျပ်

၂။City - Dawna PDF သို့
-300000 mmk/ သုံးသိန်းကျပ်

၃။ယောပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ သို့
-500000 mmk/ ငါးသိန်းကျပ်

၄။ SHAN LIBERATION FORCE သို့
-500000 mmk/ ငါးသိန်းကျပ်

၅။ KNDF/BO2 တပ်ခွဲ ၂ သို့
-500000 mmk /ငါးသိန်းကျပ်

၆။ ​မြို့ပေါ်ရှိရဲဘော်များ တစ်ဖွဲ့သို့
-600000 mmk/ ခြောက်သိန်း ကျပ်

တို့အားထပ်မံပြီး ခွဲ​​ဝေထောက်ပံ့​ပေးခဲ့ပါတယ်ခင်ဗျာ။ 💪😎
ကျွန်​တော်တို့ To Comrades နှင့်အတူ လာ​ရောက် ​လှူဒါန်း​ထောက်ပံ့​ပေး​သော မိဘပြည်သူများ ဝမ်းသာပီတိဖြာနိုင်ရန်အတွက် ရရှိထား​သော ​အ​ထောက်အထားများအား page မှ တစ်ဆင့် ပြန်လည်ဖော်ပြ​ပေးလိုက်ပါတယ်ခင်ဗျာ။ ❤️🖤📣

ပါဝင်လှူဒါန်း​ပေးသူအ​ယောက်ဆီတိုင်းကိုလည်း ကျွန်​​တော်တို့ ရဲ​ဘော်များ ကိုယ်စား ​ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျာ။ နှမ်းစေ့လေးတွေ ပေါင်းပြီး ဆီဖြစ်ကြောင်းသက်သေထူခဲ့ပါပြီ🥺

ကျန်ရှိ​နေ​သေးပါ​သော ​ထောက်ပံ့​ပေးထားမှုများအား အ​ထောက်အထားများ ပြန်လည်ရရှိ​သည်နှင့်တစ်ပြိုင်နက် အသိ​ပေး​ဖော်ပြသွားပါမည်ခင်ဗျာ။

အ​ရေး​​တော်ပုံ​အောင်ရမည်
#ရဲဘော်များသို့