To Comrades - ရဲဘော်များသို့
425 subscribers
1.14K photos
38 videos
1 file
331 links
Download Telegram
စစ်ဘေးရှောင်ကလေးတွေအတွက် ဂစ်တာနဲ့ တယောသင်တန်းကို ပြည်သူလူထုရဲ့ ဝိုင်းဝန်းထောက်ပံ့မှုဖြင့် ဖွင့်ပေးနိုင်ခဲ့ပါတယ်🖤
ကလေးတွေအတွက် စာရေးကိရိယာတွေ ပထမအသုတ်ရောက်ပါပြီဗျို့၊
သိပ်မကြာခင်မှာ စာသင်ကျောင်းဆီ ရောက်အောင် ဆောင်ရွက်နေပါတယ်ခင်ဗျ🥰
အမိုးအကာတွေ ဘယ်လိုစာသင်ကျောင်းတွေကို ကူလဲဆ်ိုတော့ ဒီလိုစာသင်ကျောင်းတွေကို ကူပါတယ်ခင်ဗျ။

တကယ်လိုအပ်နေတဲ့နေရာတွေကို လိုအပ်တဲ့အရာတွေ ပို့ပေးနိုင်အောင် ကြိုးစားဆောင်ရွက်နေပါတယ်ဗျို့✊🏼🖤
ကလေးတွေအတွက် စာရေးကိရိယာတွေ ဒုတိယအသုတ်ရောက်ပါပြီဗျို့၊ ဒီတခါတော့ တော်တော်များများပါလာပါတယ်။

သိပ်မကြာခင်မှာ စာသင်ကျောင်းဆီ ရောက်အောင် ဆောင်ရွက်နေပါတယ်ခင်ဗျ🥰
စစ်ကိုင်းမြို့နယ် သပြေသာရွာ...

ရှောင်တိမ်းနေရတဲ့ ပြည်သူတွေကို ကူချင်ရင် ဒီLinkမှာ သွားကူပေးလို့ရပါတယ်ဗျ။
https://www.facebook.com/share/p/LA3cPx1AojLumiom/?mibextid=oFDknk
“ပရောဂျက် ဇီဝက”

လူ့အသက်ပေါင်းများစွာ ကယ်တင်နိုင်ဖို့အတွက် ပြုလုပ်တဲ့ ကရင်နီပြည်ရဲ့ ဆေးရုံကြီး ၂ ခု ပေါင်းလုပ်တဲ့ ပရောဂျက်လေးတစ်ခုအတွက် ကျွန်တော်တို့ TC ကလည်း ဒိုနာလေးများနဲ့ အတူ တစိတ်တပိုင်း ဝင်ရောက်ကူညီအားဖြည့်ပေးချင်ပါတယ်ခင်ဗျ။

ကရင်နီပြည်နယ်မှာရှိတဲ့ ဆေးရုံကြီး(၂) ရုံတွင် လိုအပ်သော ဆေးဝါးများဖြည့်တင်းပြီး လူ့အသက်များစွာ ကယ်တင်နိုင်ဖို့ရန်အတွက် ပြုလုပ်ထားတဲ့ ပရောဂျက်ဇီဝကမှာ ပါဝင်ကူညီလှူဒါန်းပေးကြမယ်ဆိုရင်ဖြင့်

ဒေသခံပြည်သူများနဲ့ စစ်ရှောင်ပြည်သူများအနေနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်ခြင်း။

ပြည်သူ့သူရဲကောင်းများအနေနဲ့ လိုအပ်သော ကုသမှုများကို နယ်ခြားသို့ မသွားရဘဲ အချိန်နှင့်တပြေးညီ (အခမဲ့) ရရှိနိုင်ခြင်း။

မြေပြင်ရှိ ကဏ္ဍအသီးသီးက သက်ဆိုင်ရာသူရဲကောင်းများ အနေဖြင့် လုံလောက်သောကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိုင်ခြင်း

အစရှိသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်၍ ပြည်သူများအားလုံး တတ်စွမ်းသမျှ ပါဝင်ပေးကြပါဦးခင်ဗျာ။ လူ့အသက်ကယ်တင်ခြင်း၊ ဆေးဝါးအလှူဟာ အလွန်မွန်မြတ်သော အလှူဖြစ်သည့်အတွက် ယခုပရောဂျက်လေးမှာ နိုင်သလောက် ပါဝင်အားဖြည့်ပေးကြဖို့အတွက် တိုက်တွန်းလိုပါတယ်ခင်ဗျာ။

ပြည်တွင်းပြည်ပ ငွေလွှဲ payment များစွာဖြင့် လာရောက်ကူညီလှူဒါန်းလို့ရတဲ့အတွက် အခုပဲ To Comrades Page Chatbox မှတစ်ဆင့် မိမိအဆင်ပြေရာ ငွေလွှဲနံပါတ်ကို အခုပဲလာတောင်းပြီး ကူညီထောက်ပံ့လို့ ရပါပြီဗျို့။
💄ဖိုးအလှူခံတုန်းကကျတော့ အကုသိုလ်ဖြစ်မှာဆိုးလို့ လာမလှူကြတဲ့လူတွေနော်၊ ဆေးကမ်ပိန်းလုပ်တော့ လာမလှူကြဘူး မှတ်ထားတယ်နော်😒

"ဆေးဝါးအလှူ ဝိုင်းဝန်းကူ"
https://www.facebook.com/100070627083097/posts/pfbid0NFhfiK1DdpM7jMFpWPAmGKEKmuKiPX3Vjp19BRQohE2NLcaWa2eewQzeUohJN3oPl/
Happy အဖေများနေ့ဖြစ်ပါစေဗျာ🤣🖤

Photo crd
အမိုးအကာတွေ လိုအပ်နေတဲ့ စစ်ဘေးရှောင်စခန်းတခုအတွက် မိုးကာအထူလိပ်တခုနဲ့ ၁၈ပေပတ်လည် မိုးကာတချပ်ကို ပြည်သူလူထုအားဖြင့် လှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ။
"မေလ ရန်ပုံငွေရှင်းတမ်း အနှစ်ချုပ်"

ပြည်သူလူထုရဲ့ ဝိုင်းဝန်းထောက်ပံ့မှုကြောင့် ရဲဘော်များနှင့် စစ်ဘေးရှောင်ပြည်သူများကို သိန်း၈၀နီးနီး ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်ခင်ဗျ။
ဆေးကမ်ပိန်းအခြေအနေ ဘယ်လိုရှိလဲ?
Me:: မကြားချင်ဘူး၊ မကြားချင်ဘူး

"ဆေးဝါးအလှူ ဝိုင်းဝန်းကူ"
https://www.facebook.com/100070627083097/posts/494719619558937/
ကျွန်တော်တို့အားလုံး တနေ့ကျရင်တော့ အမေ့အိမ်ကို အရောက်ပြန်နိုင်ရမယ်ဗျာ..🖤

Photo crd
အမေစု ကျန်းမာပါစေ၊ မွေးနေ့ကစပြီး နောင်နှစ်ပေါင်းများစွာထိ ကျန်းမာဘေးကင်းပြီး အသက်ရှည်ပါစေဗျာ 🖤

မွေးနေ့ဆုတောင်းဆိုပေမယ့် စိတ်ထဲကတော့ ဝမ်းနည်းရတယ်...