To Comrades - ရဲဘော်များသို့
414 subscribers
1.33K photos
39 videos
1 file
331 links
Download Telegram
၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ပထမအကြိမ်​ထောက်ပံ့ထားမှုများ

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ကျွန်​တော်တို့ To Comrades မှ လက်ခံရရှိထား​သော အလှူ​ငွေများအား

၁။ National Special Force သို့
-300,000 mmk/သုံးသိန်းကျပ်

၂။ KNDF/B07 သို့ - 200,000 mmk/ နှစ်သိန်းကျပ်

၃။ Local Rangers LRG သို့ -500,000 mmk/ ငါးသိန်းကျပ်

၄။ 505 PDF သို့ - 200,000 mmk/ နှစ်သိန်းကျပ်

၅။ မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ မုံရွာမြို့
-200,000 mmk / နှစ်သိန်းကျပ်

တို့အားထပ်မံပြီး ခွဲ​​ဝေထောက်ပံ့​ပေးခဲ့ပါတယ်ခင်ဗျာ။

ကျွန်​တော်တို့ To Comrades နှင့်အတူ လာ​ရောက် ​လှူဒါန်း​ထောက်ပံ့​ပေး​သော မိဘပြည်သူများ ဝမ်းသာပီတိဖြာနိုင်ရန်အတွက် ရရှိထား​သော ​အ​ထောက်အထားများအား page မှ တစ်ဆင့် ပြန်လည်ဖော်ပြ​ပေးလိုက်ပါတယ်ခင်ဗျာ။ ❤️
မေလတွင်းမှာ ပြည်သူတွေရဲ့ ထောက်ပံ့မှုကြောင့် မြေအောက်တော်လှန်ရေးအဖွဲ့တခုကို AKတလက် ဆင်ပေးနိုင်ခဲ့ပါတယ်ဗျ။
[TC Logoလေးနဲ့ ရမ်းလှနေတာ🥰]

ကျွန်တော်တို့ TCရဲ့ Telegram Channelကို activeဖြစ်အောင် ပြန်runပေးသွားမှာပါ။

အရေးတော်ပုံ အောင်ကို အောင်ရမည်။
ဒဏ်ရာတွေလာပေးတဲ့ ကလေးငယ်🤧

ညညဆို အာလူးကို ဒုက္ခသိပ်ပေးကြတာပဲ😓
ကျွန်တော်တို့ရဲ့ To Comrades- Fundraising Team က စီစဥ်တဲ့ member ဖြစ်ခွင့်နဲ့ လစဥ် မြို့ပြရဲဘော် (သို့) တောတွင်းမှရဲဘော်များကို ထောက်ပံ့ပေးတဲ့ အစီအစဥ်လေးမှာ ပါဝင်ပေးကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ Member ဝင်ခွင့်ရရှိပြီး လစဥ်ထောက်ပံ့ပေးမယ့် အလှူရှင်များကိုလည်း mail မှာ တစ်ဆင့် private message ပို့ထားပြီးဖြစ်ပါတယ်။ ကျန်ရှိနေသူများကိုလည်း သေချာစိစစ်ပြီး ဆက်လက်ပို့ဆောင်ပေးသွားပါ့မယ်ခင်ဗျာ။ ပါဝင်ပေးကြတဲ့ မိဘပြည်သူများအနေနဲ့လည်း
📌 လစဥ် ထောက်ပံ့ဖို့ရာ မမေ့လျော့စေဖို့ ကျွန်တော်တို့ဘက်မှ လစဥ်ပေးပို့မယ့် REMINDER Mail ကိုလည်း စစ်ပေးကြဖို့ အသိပေးမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။
( inbox ထဲ mail မရရှိသူများအနေနဲ့ spam mail မှတစ်ဆင့် ရှာဖွေနိုင်ပါတယ် )

📌 လစဥ်ထောက်ပံ့မှုအတွက် နောက်လ July လမှစတင်ပြီး ( @To Comrades 2.0 ) မှာပြောင်းလဲ လှူဒါန်းပေးဖို့ အသိပေးပါရစေခင်ဗျာ။

ပြည်သူပါမှ အမြန်ဆုံးခရီးတွင်မယ့် ပြည်သူ့တော်လှန်ရေး ဖြစ်တဲ့အတွက် အားကုန်သုံးပြီး တတ်နိုင်တဲ့ဘက်က ပါဝင်ထောက်ပံ့ပေးကြဖို့ အထူးလိုအပ်ပါတယ်ခင်ဗျာ။
" လိုရာခရီး အမြန်ရောက်ဖို့ ၊ ပြည်သူအားလုံး ပူးပေါင်းစို့ " 🤝

#To_Comrades
Department of Information - DRPA
မဟာမိတ်ဖွဲ့စည်း​ကြောင်းထုတ်ပြန်​ကြေညာချက်
ဇွန် ၂၅၊ ၂၀၂၂ ခု။
ဇွန်လအတွင်း ​​ထောက်ပံ့ခဲ့မှုများ (ပထမပိုင်း)

Yangon UG Association (YUA) - ၇၀၀,၀၀၀
KNDF/B-04 တပ်ခွဲ ၁ - ၅၀၀,၀၀၀
Bago Guerrilla Force - ၅၀၀,၀၀၀
Kingsman UG Force - ၅၀,၀၀၀

စုစု​ပေါင်း ၁,၇၅၀,၀၀၀ ကျပ်တိတိအား အထက်ပါ အဖွဲ့များသို့ ခွဲ​ဝေ ​ထောက်ပံ့​ပေးခဲ့ပါသည်။ ကျန်ရှိ​နေ​သော ​ထောက်ပံ့ထားမှုများအား ဆက်လက်​ဖော်ပြသွားပါမည်။

ပါဝင်လှူဒါန်း​ပေးသူ အ​ယောက်စီတိုင်းအား ​ကျေးဇူးအထူးတင်ရှိပါတယ်။ ​နောက်များတွင်လည်း အတူပါဝင်လှူဒါန်း​ပေးကြဖို့ ​မေတ္တာရပ်ခံပါရ​စေခင်ဗျာ

#ToComrades
ဇွန်လအတွင်း ​​ထောက်ပံ့ခဲ့မှုများ (ဒုတိယပိုင်း)

Bago UG - ၅၀၀,၀၀၀
GOD - ၅၀၀,၀၀၀
STF - ၃၀၀,၀၀၀
UG များ အိမ်ငှားခ - ၃၀၀,၀၀၀
IDF - ၄၀၀,၀၀၀

စုစု​ပေါင်း ၂,၀၀၀,၀၀၀ (သိန်းနှစ်ဆယ်) ကျပ်တိတိအား အထက်ပါ အဖွဲ့များသို့ ခွဲ​ဝေ ​ထောက်ပံ့​ပေးခဲ့ပါသည်။ ကျန်ရှိ​နေ​သော ​ထောက်ပံ့ထားမှုများအား ဆက်လက်​ဖော်ပြသွားပါမည်။

ပါဝင်လှူဒါန်း​ပေးသူ အ​ယောက်စီတိုင်းအား ​ကျေးဇူးအထူးတင်ရှိပါတယ်။ ​နောက်များတွင်လည်း အတူပါဝင်လှူဒါန်း​ပေးကြဖို့ ​မေတ္တာရပ်ခံပါရ​စေခင်ဗျာ

အဖွဲ့များ၏ လုံခြုံ​ရေး၊ ကျွန်ုပ်တို့ လုံခြုံ​ရေးအရ၊ ဖုန်းနံပါတ် နှင့် ID များအား ဖျက်ထားရခြင်း ဖြစ်ပါသည်။

#ToComrades
ကျွန်​တော်တို့ Admin Team ဟာ၊ Member Card လာ​ရောက်ဝယ်ယူထားသူများကို ​သေချာပြန်လည်ပို့​ပေး​နေပါတယ်ဗျာ။

သို့​ပေမယ့် ကြားထဲ Card လုပ်​ပေးသူ Admin ရဲ့ အင်တာနက်လိုင်းအ​ခြေအ​နေအဆင်မ​ပြေမှုနှင့် ကျန်ရှိ အက်မင်များရဲ့ လုံခြုံ​ရေးအရ ​ရွေ့​ပြောင်း​နေရမှုများ​ကြောင့် ​နှောင့်​နှေးမှုများဖြစ်​ပေါ်ပြီး ​နောက်ကျ​နေရခြင်းပါ။

ယခု Admin များပြန်လည်အဆင်​ပြေ​သော အ​ခြေအ​နေလို့ ​ရောက်ရှိ​နေပြီဖြစ်တဲ့အတွက် ကျန်ရှိ​နေတဲ့ Member Card များအား ​သေချာစိစစ် ​ပေးမို့သွားမှာဖြစ်တဲ့အတွက် ဆက်လက် ​စောင့်​စား​ပေးဖို့အတွက် ​မေတ္တာရပ်ခံပါတယ်🥺💙

အားလုံး ကျန်ရှိခဲ့မျိုးခြင်းမရှိပဲ Member card များအား ဖြည်းဖြည်းချင်း ပြန်လည်​ပေးပို့သွားပါမယ်​နော်။
ဒီနေ့ဟာ pride month ရဲ့နောက်ဆုံးနေ့ဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျာ မြန်မာနိုင်ငံရှိ နှစ်ကာလကြာမြင့်စွာ အမြစ်တွယ်လာခဲ့သော ဖိနှိပ်မှုများကို တော်လှန်ရာတွင် ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရသော အခြေခံလူတန်းစားများ၏စားဝတ်နေရေး၊ အလုပ်သမားအခွင့်အရေးများသာမက LGBT များရဲ့ လူ့အခွင့်အရေး​တွေဟာ တော်လှန်ရေးအခန်းကဏ္ဍမှာလည်း အရေးပါလှပါတယ်။

ဖိနှိပ်မှုများကို တော်လှန်ခြင်းမှာ လွတ်လပ်၍ တရားမျှပြီး လူ့အခွင့်အရေးအပြည့်နှင့် လူ့ဘောင်အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်ရန် တော်လှန်နေခြင်းပဲဖြစ်ပါတယ်။

LGBTများသည်လည်း လူထဲမှလူများသာဖြစ်ပါတယ်။ကွဲပြားခြားနားသော လူသားများရဲ့ အမျိုးမျိုးသော လိင်စိတ်တိမ်းညွှတ်မှုများဟာ ဖိနှိပ်ရှုံ့ချရန်မဟုတ်ပါ။ ထူးဆန်းခြင်းအလျဉ်းမရှိတဲ့အတွက် ၎င်းတို့၏ အရှိကိုအရှိအတိုင်းလိင်စိတ်ခံယူမှုအပေါ် လေးစားလက်ခံပြီး နွေးထွေးဖေးမကာ လူလူချင်း လူသားအခွင့်အရေးအပြည့်ပေးနိုင်ရန်သာ ဖြစ်ပါတယ်။
ယခုဆို မြန်မာ့တော်လှန်ရေးကာလမှာ တတ်နိုင်ရာနေရာမှ တစ်တပ်တစ်အား စွမ်းစွမ်းတမံ ပါဝင်နေကြတဲ့ LGBT များစွာရှိပါတယ်။ ထိုသူများကို ကြည့်ခြင်းအားဖြင့် သတ္တိမရှိပါက အခြောက် (LGBT အား မြန်မာအခေါ်အဝေါ်) ကိုသာ ရှုံ့ချသင့်ကြောင်း မြင်တွေ့နေရပါတယ်။ တော်လှန်ရေးကာလမှာ တတ်ရာနေရာမှ ပါဝင်နေကြသော အဖိုးတန်လူသားတိုင်းကို ကျွန်တော်တို့အနေနဲ့ လေးစားတန်ဖိုးထားသင့်ပါတယ်။

မြန်မာ့တော်လှန်ရေးကာလအတွင်း သတ္တိရှိစွာပါဝင်နေကြတဲ့ LGBTရဲဘော်များကို ကျွန်တော်တို့ ပြည်သူများမှ အသိအမှတ်ပြုလေးစားဂုဏ်ယူလျက်ပါခင်ဗျာ။

#pridemonth
#to_comrades
လွတ်မြောက်ရေးတောအုပ် project မိတ်ဆက်ခြင်း

စစ်ကိုင်းဘက်ရဲဘော်တွေအတွက် လုပ်လိုက်တဲ့ project ပါ ရေရှည်စီမံကိန်းအနေနဲ့ပါ camp လေးအဖြစ်ဆက်သွားမှာပါ။
ကျွန်တော်တို့ဆီလာလှူနေကြလူတွေအနေနဲ့တော့ စျေးတော့များတယ်ဗျ။
အလုပ်အကိုင်အတည်တကျရှိပြီးသားလူတွေ ၊ပြည်ပကလူတွေနဲ့ သူငယ်ချင်းတွေ စုဝယ်တာမျိုးတွေဆိုရင်တော့အဆင်ပြေမယ် ၊
သူငယ်ချင်းတွေ နာမည်တန်းစီရေးထိုးရင်လည်းရတာပေါ့ နောင်တစ်ချိန် ဒီတောအုပ်လေးကိုလည်ပတ်ရင်း အပင်လေးတွေ ကိုလာကြည့်လို့ရသလို သဘာဝပတ်ဝန်းကျင်လည်းထိန်းသိမ်းရာရောက်ပါတယ် ။

ရောင်းချတာကိုတော့ ကျွန်တော်တို့ page To Comrades - ရဲဘော်များသို့ နဲ့
OFP-Official ပြည်သူ့ဂုဏ်ရည် နွေဦးစုဗူး တို့မှာ ၁ ရက်နေ့ကစပြီးရောင်းချသွားမှာပါ။

Page ကိုမျက်ခြေမပြတ်ကြည့်ပေးကြဗျာ
Org post link-https://www.facebook.com/108289544740485/posts/367198175516286/?d=n
◼️ ဇွန်လ ရန်ပုံငွေ ရှင်းတန်း အနှစ်ချုပ်

ဒီလထောက်ပံ့မှု ရဲ့ ၇၅ % ဟာ မြို့ပြမြေအောက်ရဲဘော်တွေဖြစ်သွားပါတယ်။
မြို့ပေါ်အခြေအနေတွေ တင်းမာလာတာကြောင့်ဖြစ်ပါတယ်။ မိဘပြည်သူတို့လည်း သတင်းတွေ ကြားသိကြမှာပါ။

KBA bank acc ပိတ်ခံရတာမှာ ကျွန်တော်တို့ ရဲ့ public ထားသုံးတဲ့ အကောင့်တွေ မဟုတ်ပဲ back up acc ပိတ်သိမ်းခံရတာဖြစ်ပြီး သတိကြီးကြီးထားလုပ်နေတဲ့ကြားထဲက ဖြစ်သွားရတာဖြစ်လို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဇွန်လအတွင်းမှာ KBZ acc သုံးခါပိတ်သိမ်းခံခဲ့ရပါတယ်။ငွေ amount အများဆုံးပါသွားတာ Back up ပိတ်သိမ်းခံရချိန်ဖြစ်ပါတယ်။
ယခုအခါ ပိုမိုလုံခြုံတဲ့နည်းနဲ့ ကျွန်တော်တို့ကြိုးစားလုပ်ဆောင်နေကြောင်းအသိပေးလိုပါတယ်။