To Comrades - ရဲဘော်များသို့
428 subscribers
1.38K photos
40 videos
1 file
333 links
Download Telegram
အားလုံးမင်္ဂလာပါ ခင်ဗျာ 📣📣
ကျွန်တော်တို့ To Comrades ရန်ပုံငွေရှာဖွေရေးအဖွဲ့အနေနဲ့ December 10 ရက်နေ့ ည က အကြွေ Campaign ဆိုတဲ့ Campaign လေးကို စတင်ခဲ့ပါတယ်
နှစ်ရက်အကြာ ဒီဇင်ဘာ ၁၂ ရက်နေ့
ယခု နောက်ဆုံးအချိန်ထိ ရရှိငွေ စုစုပေါင်း

💄232700 kyats

နှစ်သိန်းသုံးသောင်းနှစ်ထောင့်ခုနှစ်ရာ ကျပ်
ကို ရရှိခဲ့ပါတယ်
ရရှိသော အလှူငွေ များကို အဖွဲ့ ၏ ရန်ပုံငွေ နဲ့ပေါင်း စည်းပြီး လိုအပ်နေသော ရဲဘော်များကို ပံပိုးကူညီပေးခဲ့ပါ
တယ် 🖤

အကြွေ Campaign လေး ပိတ်သိမ်းကြောင်း ကြေငြာရင်းနဲ့ အတူ အထောက်အထားပြနိုင်သော လှူဒါန်းမှုများကို တင်ပြပေးလိုက်ပါတယ် ခင်ဗျာ
UG တစ်ဖွဲ့သို့ ၂ သိန်းကျပ်
KNDF B -05 - ၃ သိန်း၅ သောင်းကျပ်
PRA-တပ်ခွဲ 6 -၃ သိန်း ကျပ်
SPDF UG အဖွဲ့သို့ သုံးသိန်း ကျပ်
ကချင်ပြည်နယ်ဘက်မှ PDF ရဲဘော်နှစ်ဦး အတွက်
၅ သောင်းကျပ်
ယ​နေ့ ဒီဇင်ဘာလ (၁၅) ရက်​နေ့တွင် ​လေး​ကေ့​ကော်၌ စစ်​ကောင်စီတပ်နှင့် KNU တပ်များ တိုက်ပွဲစတင်ဖြစ်ပွား​နေပါပြီ ခင်ဗျာ။

တိုက်ပွဲက​တော့ အားလုံး​​မျှော်လင့်​နေသလို တကယ်ဖြစ်ပွားလာခဲ့ပါပြီ။ ​တိုက်ပွဲ နောက်ဆက်တွဲအကျိုးဆက်အ​နေဖြင့် ကျည်ဖိုး၊ ​ဆေးဝါး ရိက္ခာဖိုး နှင့် စစ်​ဘေး​ရှောင်များအတွက် အခြား​သော လိုအပ်ချက်အမျိုးမျိုး ရှိလာနိုင်သည်မို့ ကျွန်​တော်တို့ကူညီဖြည့်ဆည်း​ပေးဖို့အတွက် လိုလာနိုင်ပါတယ်ဗျ။

ကျွန်​တော်တို့တွေလဲ ​တတ်နိုင်​သော ​ငွေအင်အားဖြင့် ရရာ​နေရာမှ လှမ်းကူညီနိုင်ဖို့အတွက် ကြိုတင် စု​ဆောင်း ပြင်ဆင်ထားကြရ​အောင်ခင်ဗျာ။

တိုက်ပွဲဝင်​နေ​သော ရဲ​ဘော်များ အထိအခိုက်နည်းပါ​စေ၊ ​​ဘေးကင်းပါ​စေ။ အမှန်တရားကသာအနိုင်ရရှိ​​သော တိုက်ပွဲဖြစ်ပါ​စေ။
"လေးကေ့ကော်အတွက် ရိက္ခာဖိုးအလှူခံခြင်း"
"ညီမ​လေး​ရေ အကိုတို့ရဲ​ဘော်​တွေအတွက် ရိက္ခာ​ဖိုး​လေးတစ်ချက်လောက်ကူညီ​ပေးပါဦး"

"စစ်​ဘေး​ရှောင်ဦး​ရေလဲများလာနိုင်ပြီမို့ သူတို့အတွက်ပါကြိုရှာထား​ပေးရင်ပို​ကောင်းတယ် ငါ့ညီကိုတို့​ရေ"

"အကိုတို့၊ ညီမ​လေးတို့ရှိ​နေတာ ကျွန်​တော်တို့ရဲ​ဘော်​တွေအတွက် အားဖြစ်ရပါတယ်"

ဟုတ်ကဲ့ဒါ​တွေက​​တော့ လက်ရှိ ​လေး​ကေ့​ကော်​ရောက်​နေတဲ့ ကျွန်​တော်တို့နဲ့ အချိတ်အဆက်ရှိတဲ့ ​မြေပြင်တိုက်ရိုက်ရဲ​ဘော်​တွေက လှမ်း​ပြောထားတာ​လေးတွေပါဗျာ။

လေး​ကေ့​ကော်မှာ စစ်မျက်နှာဖွင့်ပြီး နှစ်ဦးနှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်​နေကြတာကို အားလုံး သိပြီး​လောက်လို့ထင်ပါတယ် ခင်ဗျာ။

စစ်​မြေတို့ရဲ့ ထုံးစံအတိုင်း ထိုစစ်ဖြစ်​နေတဲ့​နေရာ​တွေကို စွန့်ခွာပြီး ​ထွက်​ပြေး​ရှောင်တိမ်းရတဲ့သူများရှိစမြဲပါ။ ဒါကြောင့်လည်း စစ်​ဘေး​ရှောင်စခန်းဟူ​၍​ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ယခု​ ​လေးကေ့​​ကော်ဘက်တွင်လည်း စစ်​​ဘေး​​ရှောင်များ ​ပေါ်ထွက်လာပြီး ထိုစစ်​​​ဘေး​​ရှောင်များအတွက် ရိက္ခာ၊ ​ဆေးဝါး အစရှိသည်တို့ လိုအပ်လာနိုင်ပါတယ် ။ ရရှိထား​သော သတင်းများအရ စစ်​ဘေး​ရှောင်ဦး​ရေ ၆၀၀ မှ ၁၀၀၀ ကြားရှိတယ်လို့ သိရပါတယ်ခင်ဗျာ။

ထို့အပြင် တိုက်ပွဲမှာ ဆက်လက်ဖြစ်​ပေါ်​နေဆဲဖြစ်သဖြင့် ရဲ​ဘော်များအတွက် ကျည်များ၊ ဆေးဝါး နှင့် ​ရိက္ခာများလည်း လိုအပ်လာနိုင်ပါတယ် ။ ရိက္ခာလိုအပ်​နေ၍ အကူအညီ​တောင်းထား​သော တပ်ခွဲများလည်း ကျွန်တော်တို့မှာ ရှိလာပါပြီ။

ထိုလိုအပ်ချက်များအား အချိန်နှင့် တစ်​ပြေးညီဖြည့်တင်း​ပေးနိုင်ရန်နှင့် ရိက္ခာဖိုးလှမ်းလွှဲ​ပေးရန်အတွက် ကျွန်​​တော်တို့ To Comrades အဖွဲ့မှ အလှူ​ငွေများ​ကောက်ခံပါရ​စေခင်ဗျာ။

မိဘပြည်သူများမှလည်း ကျွန်​တော်တို့အဖွဲ့အားစိတ်ချယုံကြည်စွာဖြင့်လာ​ရောက်လှူဒါန်းပြီး ရဲ​ဘော်များ၏ လိုအပ်ချက်များနှင့်စစ်ဘေးရှောင်များ၏ အခြေခံလိုအပ်မှုမှုများကို ဖြည့်ဆည်း​ပေးနိုင်ရန် တစ်​ထောင့်တစ်​နေရာမှ ပါဝင်ကူညီနိုင်ပါပြီခင်ဗျာ။

​​ငွေလွှဲရမည့်အ​ကောင့်များကို ​​page chatbox တွင် လာ​ရောက်​မေးမြန်းနိုင်ပါသည်ခင်ဗျာ။
​​မြေပြင်အ​ခြေအ​နေများ​ကြောင့် ​ငွေလက်ခံရရှိ​ကြောင်း အ​ထောက်အထားများ ​တောင်းယူ၍ မရသည်မို့ ​ငွေလွှဲထား​ကြောင်းကို Certificate များအစား တိကျ​သေချာ​သော Screenshot သာပြန်လည်ပြနိုင်ခြင်းအား နားလည်​ပေးကြပါရန် ​တောင်းဆိုပါသည်ဗျာ။

တခြားစခန်းများသို့​ထောက်ပံ့​​ပေးထားမှုများလည်းရှိပါ​သေးပါတယ်ဗျာ။ ထိုစာရင်းအားလုံးကိုလည်း လက်ခံရရှိ​ကြောင်း အ​ထောက်အထားများလှမ်း​တောင်းထားပြီးပါပြီခင်ဗျာ။ လက်ရှိရင် အ​ခြေအ​နေအခက်အခဲအမျိုးမျိုး​ကြောင့် ​ရဲ​ဘော်များမှ ​ခေတ္တ​စောင့်​​ပေးရန်​ပြောထား​သော​ကြောင့် ကျွန်​တော်တို့ ရဲ​ဘော်များထံမှ Certificate များ ရရှိသည်နှင့်တစ်ပြိုင်နက် တင်ပြသွားပါမည်ခင်ဗျာ။
လေး​ကေ့​ကော်​တွင် တိုက်ပွဲဝင်​နေ​သောရဲ​ဘော်များအတွက်ရိက္ခာဖိုး ​ငွေကျပ် ​လေးသိန်း
လေးကေ့ကော် စစ်​ဘေး​ရှောင်များအတွက် ​စောင်နှင့်အခြားအသုံးအ​ဆောင်များအတွက် ပါဝင်လှူဒါန်း​ငွေ ​ ၃၀၀၀၀၀ ကျပ်
စုစုပေါင်း ၇၀၀၀၀၀ ကျပ်တိတိအား ကနဦး လွှဲပေးခဲ့ပြီးပဲဖြစ်ပါသည်။
အလှူ​ငွေများ လက်ခံ​နေတုန်းပါဗျာ လာ​ရောက်လှူဒါန်းလို့ရပါ​သေးတယ်ခင်ဗျ။ နည်းနည်း​​လေး​တွေ အများကြီးစု​ပေါင်းလာရင် အများကြီး​ပိုထောက်ပံ့နိုင်မှာပါဗျာ 🤍

အလှူ​ငွေများဆက်လက်ကောက်ခံပြီး ရရှိ​လာသည်များ​အား စု​​​ပေါင်း၍ လို​အပ်​နေ​​သော ရဲ​ဘော်များ၊ စစ်​ဘေး​ရှောင်များဆီသို့ ဆက်လက်​ထောက်ပံ့မည်ဖြစ်၍ ထပ်မံ၍ လှူဒါန်း​ပေးကြပါရန်လည်း ​တောင်းဆိုအပ်ပါသည်ဗျာ။
“ဖလူးရွာ စစ်ဘေးရှောင်များအတွက် စခန်းသစ် “

ညနေဘက် တွင် လက်နက်ကြီး ကျမှုများနှင့် ဖလူး ရွာ တွင်း ဖက်ဆစ်များ သောင်းကျန်းမှုကြောင့် ဒေသခံများသည်. ကမ်းတစ်ဖက်တွင် မနေရဲကြတော့ပဲ ထိုင်းဘက်သို့ ဖြတ်ကူးကြရာ ရေတက်လာမှုကြောင့် လူများစွာကျန်ရှိနေပါသေးသည်

ထိုသူများအတွက် စစ်ရှောင်စခန်းဆောက်လုပ်ရန်တာလပတ်ခင်းခြင်း ရေသန့် အစားအသောက် စောင် စသည်တို့အတွက် ငွေအား လိုအပ်နေပါတယ် ခင်ဗျာ

ယခင် စစ်ရှောင်ရာတွက် အသုံးပြုခဲ့သော မဲကော်ကင်း ဧရိယာ အတွင်းရှိ နွားခြံတွင် စစ်ရှောင်စခန်းပြန်လည် ဆောက်လုပ်မည်ဖြစ်ကြောင်း မြေပြင် အဖွဲ့များမှ ကြားသိရပါတယ်
ဖလူးရွာဘက်မှ လူများကူးလာသော မဲကော်ကင်းစခန်း (နွားခြံ) ယခု ဆောက်လုပ်မယ့်စခန်း အတွက်
အလှူငွေ ကောက်ခံပါတယ်

၅၀၀/၁၀၀၀ တတ်နိုင်သလောက် ပါဝင်ပေးပြီး
စစ်ရှောင်တွေကို ကူညီပေးရအောင်ဗျာ

Payment များ အတွက် page messenger ကို လာပေးပါ
Ants Fundraising Team မှ ​ပေးပို့​သော မဟာမိတ်ပြုလက်​ဆောင်ကို ​ကောင်းမွန်စွာ​ရရှိပါသည်။ ကျွန်​တော်တို့ TC ဘက်မှလဲ ​နွေဦး​တော်လှန်​ရေးကာလအတွင်း မဟာမိတ်ပြုကာ ချီတက်ရန် အတွက် လူကြီးမင်းတို့နှင့်ထပ်တူထပ်မျှ စိတ်ဆန္ဒရှိပါသည်။
အဖွဲ့အနေဖြင့် အမြန်ဆုံးအကြောင်းကြားနိုင်ရန် ဆောင်ရွက်ပေးသွားပါမည်။
ဖလူးရွာ စစ်​ဘေး​ရှောင်များအတွက် စခန်းသစ် ​ဆောက်လုပ်ရန် ကျွန်​တော်တို့ To Comrades - ရဲ​ဘော်များသို့ မှ ​ရရှိထား​သော အလှူ​ငွေများနှင့် Fund များအား စု​​ပေါင်းပြီး မဲ​ကော်ကင်း စစ်​ရှောင်စခန်းသို့ ငွေကျပ် ဆယ်သိန်း (၁,၀၀၀,၀၀၀) တိတိကို လွှဲ​ပေးခဲ့ပြီးပါပြီ ခင်ဗျာ။

စစ်ရှောင်စခန်းအား လုံခြုံရေးအရ ဓာတ်ပုံရိုက်မရတဲ့အတွက် ကျွန်​တော်တို့အ​နေနဲ့ ဓါတ်ပုံများ ပြန်လည်ပြသမှု မ​​ပေးနိုင်တဲ့အတွက် နားလည်​ပေးကြပါရန် ​မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ ထို့အတွက် စစ်​​ရှောင်စခန်းပုံအစား မြေပြင် အဖွဲ့မှအဝတ်အထည်၊ စောင်၊ အစားအသောက်များ စခန်းသို့ပို့ပေးနေပုံများကို​တော့ တခါထဲ ထည့်သွင်း​ဖော်ပြထားပါတယ်ခင်ဗျာ။

ပါဝင်လှူဒါန်း​ပေးသူအ​ယောက်စီတိုင်းကိုလည်း ကျွန်​တော်တို့ To Comrades မှ ​ကျေးဇူးအထူးတင်ရှိပါ​တယ်ခင်ဗျာ။

ကျွန်​တော်တို့လဲ ထပ်မံ​ထောက်ပံ့​ပေးဖို့ အစီအစဥ်ဆွဲထားတဲ့အတွက် ကျွန်​တော်တို့နဲ့အတူ လာ​ရောက်လှူဒါန်းနိုင်ပါ​ကြောင်းလည်း အသိ​ပေးအပ်ပါသည်ခင်ဗျာ။
အားလုံးပဲ Merry Christmas ပါဗျာ 🤍
ရဲ​ဘော်များအားလုံး အန္တရာယ်ကင်း ​​ဘေးရှင်းကြပါ​စေလို့ ကျွန်​တော်တို့ To Comrades အဖွဲ့သားများမှ ဆုမွန်​​ကောင်းတောင်းပါတယ်ခင်ဗျာ။

ကျွန်​တော်တို့​တွေဟာ လူမဆန်တဲ့ အာဏာရူးစစ်​ကောင်စီလက်​အောက်မှာ နာကျည်းရ၊ ဝမ်းနည်းရ၊ ​ကြေကွဲခဲ့ရတာ တစ်နှစ်နီးပါရှိခဲ့ပါပြီ။ ကျွန်​တော်တို့အားလုံးလည်း နည်းလမ်း​ပေါင်းစုံဖြင့်လည်း ရရာ​နေရာမှ ပူး​ပေါင်းပါဝင် ​တော်လှန်​နေကြပါတယ်ခင်ဗျာ။ ထို့အတွက် နည်းလမ်း​ပေါင်းစုံနဲ့ ပူ​ပေါင်းပါဝင်​နေကြသူအားလုံး ​ဘေးအန္တရာယ်ကင်းရှင်း​ရေးကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံး​နေရာမှ ဆု​တောင်း​ပေးလိုက်ပါတယ်။ ကျွန်​တော်တို့ လိုချင်တဲ့ ဒီမိုက​ရေစီလဲ အမြန်ဆုံးရရှိပါ​စေဗျာ။ စစ်အာဏာရှင်စနစ် လျှင်မြန်စွာ ကျဆုံးပါ​စေ။

တစ်လက်စထဲ ကျွန်​တော်တို့ရဲ့ "ရဲ​ဘော်များအတွက် Christmas Ticket" အစီအစဥ်​လေးကို ယ​နေ့ ၂၅ ရက်​နေ့ ​နေ့လည် ၁၂ နာရီတိတိတွင် Tickets ​ရောင်းချခြင်းအား ပိတ်သိမ်း​တော့မည်ပဲဖြစ်ပါတယ်ခင်ဗျာ။ ထို့အတွက် ၁၂ နာရီမတိုင်ခင် ကိုယ်လိုချင်တဲ့ လက်​ဆောင်​လေးများအမြန်ဆုံးလာ​ရောက်ကံစမ်းကြဖို့ ဖိတ်​​ခေါ်ပါတယ် ခင်ဗျာ။
Ticket ဝယ်ယူထားသူများအားလဲ ဖြည်းဖြည်းချင်း ပြန်လည်ပို့​ပေး​နေသည့်အတွက် ​စောင့်ဆိုင်း​ပေးကြဖို့ ​မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

Merry Christmas to you all 🌲
အရက်ပုလင်း​ပေါက်ကြပါ​စေဗျာ 🙄