To Comrades - ရဲဘော်များသို့
415 subscribers
1.18K photos
38 videos
1 file
331 links
Download Telegram
အိပ်မက်လှလှမက်ပါစေ မက်သောအိပ်မက်လှပါစေ ဘေးကင်းပါစေ ရန်ရှင်းပါစေ
ကျန်းမာပါစေ
စိတ်အေးချမ်းပါစေ

"Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people living life in peace, "
(John Lennon)

တစ်နေ့တော့ ငြိမ်းချမ်းပါလိမ့်မယ် ရဲဘော်
အားတင်းထားပါ
တိတ်ဆိတ်ခြင်းရဲ့ အကျယ်လောင်ဆုံး ဟစ်ကြွေးသံကို အာဏာရူးတွေ ဆက်ဆက်ကြားစေရမယ်။
Silence shall be our loudest WAR CRY!

ယ​နေ့ ဒီဇင်ဘာ ၁၀ ရက်​နေ့ "ကမ္ဘာ့လူ့အခွင့်အ​ရေး​နေ့" တွင် Silent Strike (အသံတိတ်သပိတ်) နှင့် အနက်ရောင် အဝတ်အစားကို ဝတ်ဆင်သုံးစွဲပြီး အာဏာရှင်ဆန့်ကျင် တော်လှန်ရေး အထိမ်းအမှတ် လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မျှဝေဖော်ထုတ်ကြတဲ့ Campaign တို့တွင် ကျွန်​တော်တို့ "To Comrades - ရဲ​ဘော်များသို့" အဖွဲ့အစည်းမှ Fundraisers များလည်း ပြည်သူအားလုံးနှင့်အတူ ပူး​ပေါင်းပါဝင် ဆန္ဒပြခဲ့ပါသည်။

မိဘပြည်သူများခင်ဗျာ

ယ​နေ့ ညနေ (၄)နာရီမှာ ပြည်သူများရဲ့ ညီညွတ်မှုကို ဂုဏ်ပြုနိုင်ရန်အတွက် လက်ခုပ်တီးပြီး ဂုဏ်ပြုကြရ​အောင်ဗျာ။

ထို့အပြင်ည (၈) နာရီမှာလည်း သံပုံးများတီးပြီး​တော့ သွေးပျက်ခြောက်ခြားနေတဲ့ စစ်ခွေးမိစ္ဆာများအား ကျွန်​တော်တို့ပြည်သူများရဲ့ စည်းလုံးညီညွတ်မှုအင်အားကို ပြန်လည်ပြသကြစို့လားခင်ဗျာ

"ဆိတ်သုဉ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ"

#လုံးဝအုပ်ချုပ်ခွင့်မရစေရ
#အရေးတော်ပုံအောင်ရမည်
#silentstrikecamping
#10DMovement
#BlackShirtphotocampaign
📣📣“အကြွေ campaign “



"အကြွေ campaign"

Hello Hello
ချိတ်ဆက်ထားမိတဲ့
မြေအောက် ရဲဘော်တွေ နေထိုင်စရိတ်၊ ရွှေ့ပြောင်းစရိတ်တွေအတွက် အလှူခံချင်ပါတယ်ဗျာ။

အကြွေ campaign ဆိုတဲ့ ခေါင်းစဉ်နဲ့ အညီ အကြွေများ ကို အလှူခံချင်ပါတယ် ။ လူကြီးမင်းတို့ရဲ့ pay account ထဲမှာ ကျန်ရှိ​နေ​သော ၊ ပို​နေ​သော အ​ကြွေများအား ပါဝင်လှူဒါန်း​ပေးသွားကြပါဦးခင်ဗျာ 🤍

အလှူခံပြီး ရရှိသော ငွေ အဝင် အထွက်စာရင်း အတိအကျ ပြန်တင်ပေးသွားပါ့မယ်။

အားလုံးရဲ့ အ​ကြွေပမာဏ နည်းနည်းချင်းဆီစု​​ပေါင်းရင်း လိုအပ်တဲ့ရဲ​ဘော်​တွေအတွက် အ​ထောက်အကူ အများကြီး ဖြစ်လာနိုင်တာမို့
လူများများ ဒီ campaign မှာ ပါဝင်ဖို့ ဖိတ်​ခေါ်ပါတယ် ခင်ဗျာ။ လူများများ ပါဝင် လှူဒါန်းကြ​အောင်လည်း share ရင်း တိုက်တွန်း​​ပေးကြဦးဗျာ 🤍

လှူဒါန်းဖို့အတွက် facebook page messenger ကိုသာလာခဲ့ပါနော်၊ Fundraiser အ​ချော​လေး​တွေ ​စောင့်​နေပါ့မယ် 🙆‍♀️

လှူဒါန်းလိုပါက နှိပ်ပါ🔽

https://m.me/hlukyamal


#ToComrades #ရဲဘော်များသို့
#အကြွေ #Campaign #အကြွေCampaign
ကျွန်တော်တို့ To Comradesအဖြစ်သို့ မပြောင်းလဲခင် Wel Yinn Hluuတုန်းက certificateရရှိထားတဲ့ ထောက်ပံ့မှုတွေပါ။

PDF Central Headquarter - Mandalay Regionသို့ ငါးသိန်း ကျပ်

ကန်ပက်လက် - ဆော - ကျောက်ထု - မင်းတပ်ဒေသရှိ PDFများသို့ သုံးသိန်း ကျပ်
အားလုံးမင်္ဂလာပါ ခင်ဗျာ 📣📣
ကျွန်တော်တို့ To Comrades ရန်ပုံငွေရှာဖွေရေးအဖွဲ့အနေနဲ့ December 10 ရက်နေ့ ည က အကြွေ Campaign ဆိုတဲ့ Campaign လေးကို စတင်ခဲ့ပါတယ်
နှစ်ရက်အကြာ ဒီဇင်ဘာ ၁၂ ရက်နေ့
ယခု နောက်ဆုံးအချိန်ထိ ရရှိငွေ စုစုပေါင်း

💄232700 kyats

နှစ်သိန်းသုံးသောင်းနှစ်ထောင့်ခုနှစ်ရာ ကျပ်
ကို ရရှိခဲ့ပါတယ်
ရရှိသော အလှူငွေ များကို အဖွဲ့ ၏ ရန်ပုံငွေ နဲ့ပေါင်း စည်းပြီး လိုအပ်နေသော ရဲဘော်များကို ပံပိုးကူညီပေးခဲ့ပါ
တယ် 🖤

အကြွေ Campaign လေး ပိတ်သိမ်းကြောင်း ကြေငြာရင်းနဲ့ အတူ အထောက်အထားပြနိုင်သော လှူဒါန်းမှုများကို တင်ပြပေးလိုက်ပါတယ် ခင်ဗျာ
UG တစ်ဖွဲ့သို့ ၂ သိန်းကျပ်
KNDF B -05 - ၃ သိန်း၅ သောင်းကျပ်
PRA-တပ်ခွဲ 6 -၃ သိန်း ကျပ်
SPDF UG အဖွဲ့သို့ သုံးသိန်း ကျပ်
ကချင်ပြည်နယ်ဘက်မှ PDF ရဲဘော်နှစ်ဦး အတွက်
၅ သောင်းကျပ်
ယ​နေ့ ဒီဇင်ဘာလ (၁၅) ရက်​နေ့တွင် ​လေး​ကေ့​ကော်၌ စစ်​ကောင်စီတပ်နှင့် KNU တပ်များ တိုက်ပွဲစတင်ဖြစ်ပွား​နေပါပြီ ခင်ဗျာ။

တိုက်ပွဲက​တော့ အားလုံး​​မျှော်လင့်​နေသလို တကယ်ဖြစ်ပွားလာခဲ့ပါပြီ။ ​တိုက်ပွဲ နောက်ဆက်တွဲအကျိုးဆက်အ​နေဖြင့် ကျည်ဖိုး၊ ​ဆေးဝါး ရိက္ခာဖိုး နှင့် စစ်​ဘေး​ရှောင်များအတွက် အခြား​သော လိုအပ်ချက်အမျိုးမျိုး ရှိလာနိုင်သည်မို့ ကျွန်​တော်တို့ကူညီဖြည့်ဆည်း​ပေးဖို့အတွက် လိုလာနိုင်ပါတယ်ဗျ။

ကျွန်​တော်တို့တွေလဲ ​တတ်နိုင်​သော ​ငွေအင်အားဖြင့် ရရာ​နေရာမှ လှမ်းကူညီနိုင်ဖို့အတွက် ကြိုတင် စု​ဆောင်း ပြင်ဆင်ထားကြရ​အောင်ခင်ဗျာ။

တိုက်ပွဲဝင်​နေ​သော ရဲ​ဘော်များ အထိအခိုက်နည်းပါ​စေ၊ ​​ဘေးကင်းပါ​စေ။ အမှန်တရားကသာအနိုင်ရရှိ​​သော တိုက်ပွဲဖြစ်ပါ​စေ။
"လေးကေ့ကော်အတွက် ရိက္ခာဖိုးအလှူခံခြင်း"
"ညီမ​လေး​ရေ အကိုတို့ရဲ​ဘော်​တွေအတွက် ရိက္ခာ​ဖိုး​လေးတစ်ချက်လောက်ကူညီ​ပေးပါဦး"

"စစ်​ဘေး​ရှောင်ဦး​ရေလဲများလာနိုင်ပြီမို့ သူတို့အတွက်ပါကြိုရှာထား​ပေးရင်ပို​ကောင်းတယ် ငါ့ညီကိုတို့​ရေ"

"အကိုတို့၊ ညီမ​လေးတို့ရှိ​နေတာ ကျွန်​တော်တို့ရဲ​ဘော်​တွေအတွက် အားဖြစ်ရပါတယ်"

ဟုတ်ကဲ့ဒါ​တွေက​​တော့ လက်ရှိ ​လေး​ကေ့​ကော်​ရောက်​နေတဲ့ ကျွန်​တော်တို့နဲ့ အချိတ်အဆက်ရှိတဲ့ ​မြေပြင်တိုက်ရိုက်ရဲ​ဘော်​တွေက လှမ်း​ပြောထားတာ​လေးတွေပါဗျာ။

လေး​ကေ့​ကော်မှာ စစ်မျက်နှာဖွင့်ပြီး နှစ်ဦးနှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်​နေကြတာကို အားလုံး သိပြီး​လောက်လို့ထင်ပါတယ် ခင်ဗျာ။

စစ်​မြေတို့ရဲ့ ထုံးစံအတိုင်း ထိုစစ်ဖြစ်​နေတဲ့​နေရာ​တွေကို စွန့်ခွာပြီး ​ထွက်​ပြေး​ရှောင်တိမ်းရတဲ့သူများရှိစမြဲပါ။ ဒါကြောင့်လည်း စစ်​ဘေး​ရှောင်စခန်းဟူ​၍​ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ယခု​ ​လေးကေ့​​ကော်ဘက်တွင်လည်း စစ်​​ဘေး​​ရှောင်များ ​ပေါ်ထွက်လာပြီး ထိုစစ်​​​ဘေး​​ရှောင်များအတွက် ရိက္ခာ၊ ​ဆေးဝါး အစရှိသည်တို့ လိုအပ်လာနိုင်ပါတယ် ။ ရရှိထား​သော သတင်းများအရ စစ်​ဘေး​ရှောင်ဦး​ရေ ၆၀၀ မှ ၁၀၀၀ ကြားရှိတယ်လို့ သိရပါတယ်ခင်ဗျာ။

ထို့အပြင် တိုက်ပွဲမှာ ဆက်လက်ဖြစ်​ပေါ်​နေဆဲဖြစ်သဖြင့် ရဲ​ဘော်များအတွက် ကျည်များ၊ ဆေးဝါး နှင့် ​ရိက္ခာများလည်း လိုအပ်လာနိုင်ပါတယ် ။ ရိက္ခာလိုအပ်​နေ၍ အကူအညီ​တောင်းထား​သော တပ်ခွဲများလည်း ကျွန်တော်တို့မှာ ရှိလာပါပြီ။

ထိုလိုအပ်ချက်များအား အချိန်နှင့် တစ်​ပြေးညီဖြည့်တင်း​ပေးနိုင်ရန်နှင့် ရိက္ခာဖိုးလှမ်းလွှဲ​ပေးရန်အတွက် ကျွန်​​တော်တို့ To Comrades အဖွဲ့မှ အလှူ​ငွေများ​ကောက်ခံပါရ​စေခင်ဗျာ။

မိဘပြည်သူများမှလည်း ကျွန်​တော်တို့အဖွဲ့အားစိတ်ချယုံကြည်စွာဖြင့်လာ​ရောက်လှူဒါန်းပြီး ရဲ​ဘော်များ၏ လိုအပ်ချက်များနှင့်စစ်ဘေးရှောင်များ၏ အခြေခံလိုအပ်မှုမှုများကို ဖြည့်ဆည်း​ပေးနိုင်ရန် တစ်​ထောင့်တစ်​နေရာမှ ပါဝင်ကူညီနိုင်ပါပြီခင်ဗျာ။

​​ငွေလွှဲရမည့်အ​ကောင့်များကို ​​page chatbox တွင် လာ​ရောက်​မေးမြန်းနိုင်ပါသည်ခင်ဗျာ။
​​မြေပြင်အ​ခြေအ​နေများ​ကြောင့် ​ငွေလက်ခံရရှိ​ကြောင်း အ​ထောက်အထားများ ​တောင်းယူ၍ မရသည်မို့ ​ငွေလွှဲထား​ကြောင်းကို Certificate များအစား တိကျ​သေချာ​သော Screenshot သာပြန်လည်ပြနိုင်ခြင်းအား နားလည်​ပေးကြပါရန် ​တောင်းဆိုပါသည်ဗျာ။

တခြားစခန်းများသို့​ထောက်ပံ့​​ပေးထားမှုများလည်းရှိပါ​သေးပါတယ်ဗျာ။ ထိုစာရင်းအားလုံးကိုလည်း လက်ခံရရှိ​ကြောင်း အ​ထောက်အထားများလှမ်း​တောင်းထားပြီးပါပြီခင်ဗျာ။ လက်ရှိရင် အ​ခြေအ​နေအခက်အခဲအမျိုးမျိုး​ကြောင့် ​ရဲ​ဘော်များမှ ​ခေတ္တ​စောင့်​​ပေးရန်​ပြောထား​သော​ကြောင့် ကျွန်​တော်တို့ ရဲ​ဘော်များထံမှ Certificate များ ရရှိသည်နှင့်တစ်ပြိုင်နက် တင်ပြသွားပါမည်ခင်ဗျာ။
လေး​ကေ့​ကော်​တွင် တိုက်ပွဲဝင်​နေ​သောရဲ​ဘော်များအတွက်ရိက္ခာဖိုး ​ငွေကျပ် ​လေးသိန်း
လေးကေ့ကော် စစ်​ဘေး​ရှောင်များအတွက် ​စောင်နှင့်အခြားအသုံးအ​ဆောင်များအတွက် ပါဝင်လှူဒါန်း​ငွေ ​ ၃၀၀၀၀၀ ကျပ်