To Comrades - ရဲဘော်များသို့
427 subscribers
1.37K photos
40 videos
1 file
333 links
Download Telegram
UG များအတွက် ၁၅၀၀ day 4 ကိုရောက်ရှိလာပါပြီဗျာ
Day 7 ထိသွားမှာဖြစ်တာမို့
မိမိအဆင်ပြေတဲ့နေ့မှာ အဆင်ပြေတဲ့ amount ကိုလာရောက်ထောက်ပံ့နိုင်ပါတယ်။
၇ ရက်လုံးလာလည်းစိတ်မဆိုးပါဘူးနော် 😔🖤
ယနေ့ day 4 ပြီးရင် day 5,6,7 သုံးရက်တာကျန်ရှိပါတယ်။
ဒီရက်အတွင်းမှာ ကျွန်တော်တို့လိုအပ်တဲ့ပမာဏပြည့်မယ်လို့လည်းမျှော်မှန်းပါတယ်ဗျာ

ရန်ပုံငွေများကိုပြန်လည်ထူထောင်နေသော UG အဖွဲ့များအားပေးအပ်သွားမှာဖြစ်တာကြောင့် ပါဝင်ကူညီလိုက်ကြပါဦးနော်
1500 က ပမာဏတစ်ခု သုံးထားခြင်းသာဖြစ်ပါတယ်။
ငွေပမာဏနည်းသည်များသည်မရှိ အဆင်ပြေသလိုလာရောက်ထောက်ပံ့နိုင်ပါတယ် ဗျာ။
ထောက်ပံ့ရန် > m.me/tocomradesmm
UGတွေဟာ ပေါင်မုန့်နဲ့ ရေနဲ့စား အစား‌အသောက်ခြွေတာပြီး မစ်ရှင်စရိတ်အတွက် ငွေထည့်နေတာပါ

UGတွေအတွက် ၁၅၀၀ကမ်ပိန်းဟာ ဒီနေ့ဆို ၅ရက်မြောက်နေ့ပါဗျ။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ရှဲခြင်းဖြင့်ဖြစ်စေ ကူညီလို့ရပါတယ်ဗျ။
"UGများအတွက် 1500"
ဒီနေ့ဆို Day 6ရောက်ပါပြီဗျ။

မြို့ပြမှာဖမ်းဆီးမှုတွေ များပြားလာသည်နှင့်အမျှ
မြေပေါ် မြေအောက်ရဲဘော်များ၊ ထောက်ပို့်များစွာ
ခွေးတပ်ရဲ့ ဖမ်းဆီးသ_တ် ဖြ_တ်ခြင်းကို
ခံခဲ့ရပါတယ်။

ရဲဘော်များအတွက် သွေးကြွေးဆပ်ဖို့ရာ
မြို့ပေါ်တွင် ပွဲဆက်ကနိုင်ဖို့ရာ
UGတွေကို ထောက်ပံ့ပေးကြပါ။

နည်းများမဆို ပါဝင်ထောက်ပံ့နိုင်သည့်အပြင်
Like & Shareခြင်းဖြင့်လဲ ကူညီပေးနိုင်ပါတယ်ဗျ။
"UGများအတွက် 1500"

မနက်ဖြန်ပြီးရင် Campaign ပြီးပါပြီဗျာ။
ပွဲကဖို့အတွက် မစ်ရှင်စရိတ်တွေ လာကူကြပါဦး။

မြို့ပြတွေမှာ ရဲဘော်တွေ ပွဲကရင်
ပျော်ကြတယ်မလားဗျာ၊
အဲ့တော့ လာကူပေးကြပါဦးဗျာ။
"UGများအတွက် 1500" ကမ်ပိန်းဟာ ဒီနေ့ဆိုနောက်ဆုံးနေ့ရောက်လာခဲ့ပါပြီခင်ဗျာ။

ပွဲများကဖို့ ငွေကြေးလိုအပ်ချက်တွေများစွာရှိပါသေးတယ်ဗျ။
‌နောက်ဆုံးနေ့ဖြစ်တဲ့အတွက် အပြေးလေးလာရောက်ထောက်ပံ့ကြပါဦး။

Pageရဲ့ UGကမ်ပိန်းက ဒီနေ့မှာပြီးဆုံးပေမယ့်
ရဲဘော်အာလူးနဲ့ ရဲဘော်စောတင်မောင်ဆီမှာ
မဲဝယ်ရင်း မြေပေါ်မြေအောက်ရဲဘော်များကို
ဆက်လက်ထောက်ပံ့လို့ ရနေပါသေးတယ်ဗျ။

ရဲဘော်အာလူး- https://www.facebook.com/profile.php?id=100079931393493&mibextid=ZbWKwL

ရဲဘော်စောတင်မောင်- https://www.facebook.com/profile.php?id=100079036110374&mibextid=ZbWKwL
"မြေပေါ်မြေအောက်ရဲဘော်များအတွက်
နွေးထွေးမှုမဲလက်မှတ်" ရောင်းနေတာ ဒီနေ့ဆို Day 3ရှိပါပြီဗျ။

ရဲဘော်တွေ ရှောင်စရိတ်၊ မစ်ရှင်စရိတ်များအတွက် လာရောက်ထောက်ပံ့ပေးကြပါဦးခင်ဗျာ။

လကုန်ပြီဆိုတော့ အပြေးလေးမဲလေးလာဝယ်ကြပါဦးဗျ

https://m.facebook.com/story.php?story_fbid=168851712455874&id=100079931393493&mibextid=Nif5oz
နိုဝင်ဘာလအတွင်းထောက်ပံ့မှုများ
_________

ကရင်နီဒေသသို့

KNDF B04/တပ်ခွဲ (၁) - ၅ သိန်းကျပ်
KNDF ဗဟို ၊DMO (တပ်ရင်း C)၊DMO ဗဟို - သိန်း ၄၀ ကျပ်
DMO (တပ်ရင်း H) sniper scope - ၁၀ သိန်းကျပ်

အညာဒေသသို့

ဆားလင်းကြီး ဒေသသို့ - ၃၁သိန်း ၃သောင်း ၅ထောင်ကျပ်
မြိုင်PDF တပ်ရင်း (၁) - ၅ သိန်းကျပ်
မြိုင် ပကဖ - ၅ သိန်းကျပ်
ရေစကြို Pheonix - သိန်း ၃၀ ကျပ်
ဧရာဝတီ ပကဖ ရဲဘော် လမ်းစရိတ် ၊ရိက္ခာ - ၁ သိန်းကျပ်

UG များသို့
—————

ကနောင် UG - ၅ သိန်းကျပ်
HRD- ၅ သိန်းကျပ်
BGF (Bahan)- ၅ သိန်းကျပ်
IDF - ၅ သိန်းကျပ်
STF - ၅ သိန်း
STF UG - ၅ သိန်း
UG နှစ်ဖွဲ့(ရန်ကုန်) ရှောင်စရိတ် - ၅ သိန်း
PLA - ၁.၂ သိန်း
UG ရဲဘော်အရေးပေါ်ဆေးစရိတ် - ၃ သိန်း

ငွေပိတ်သိမ်းခံရခြင်း - ၇ သိန်း

အကောင့်များဝယ်ယူခြင်း၊ပစ္စည်းပို့ဆောင်ခြင်း၊
ရဲဘော်များ ရှောင်တိမ်းစရိတ် - ၄ သိန်း ၅ သောင်း
နိုဝင်ဘာလ ရန်ပုံငွေရှင်းတမ်း အနှစ်ချုပ်
___________________________________

ကျွန်​တော်တို့ "To Comrades - ရဲ​ဘော်များသို့" Fundraising Team သည် နိုဝင်ဘာ ၁ ရက်​နေ့ မှ ​၃၁ ရက်​နေ့အထိ ​ငွေကျပ်စုစု​ပေါင်း ၁၈၅၅၄၅၄၁ ကျပ် (သိန်း​ပေါင်း တစ်ရာ​​ရှစ်
ဆယ့်ငါးသိန်း၊ငါးသောင်းလေးထောင့်ငါးရာလေးဆယ့်တစ်ကျပ် တိတိ) ကို လက်ခံရရှိခဲ့ပါသည်။

ရရှိထား​သောရန်ပုံ​ငွေများအနက်မှနေ၍တောတွင်းနှင့်မြို့ပြ ရဲဘော်များအား ၁၇၈၀၅၅၀၀ ကျပ် ( သိန်းတစ်ရာခုနှစ်ဆယ့်ရှစ်သိန်း ငါးထောင့်ငါးရာ ) ထောက်ပံ့ခဲ့ပါသည်။

လက်ရှိတွင် ကျွန်တော်တို့ထံ ၇၄၉၀၄၁ ကျပ် (ခုနှစ်သိန်းတစ်သိန်း လေးသောင်းခြောက်ထောင်တစ်ရာ့ကိုးဆယ်ကျပ် ကျန်ရှိနေပါသည်။

ထိုငွေများကို လက်ရှိပေးရန်ကျန်ရှိနေသော ချိတ်ဆက်ထားသည့်အဖွဲ့များအားထောက်ပံ့သွားမည်ဖြစ်ပါသည်။
ကျွန်တော်တို့ သတိထားသုံးစွဲနေသည့်ကြားမှ ငွေပေးချေမှုအကောင့်တစ်ချို့ ပိတ်သိမ်းခံရပြီး ကျပ်ငွေ ခုနှစ်သိန်း ဆုံးရှူံးခဲ့ပါသည်။
ကျွန်တော်တို့ To Comrades ကနေပြီးတော့ အညာ project ခေါင်းစဉ်အောက်ကနေ ယင်းမာပင်ရှိရဲဘော်တွေအတွက် မဲလက်မှတ်လေးတွေရောင်းချပေးနေတာ ဒုတိယမြောက်နေ့ကိုရောက်ရှိလာပါပြီဗျ
မဲလက်မှတ်​ရောင်းချရမှုပမာဏကတော့ အလွန်နည်းနေပါသေးတယ်။
Campaign အား ၅ ရက်ပြုလုပ်သွားမှာဖြစ်တာကြောင့် ပါဝင်အားပေးကြပါဦးဗျာ

မဲလက်မှတ်တစ်စောင် -၃၀၀၀ ကျပ် ပါ။
Post အသေးစိတ် - https://m.facebook.com/story.php?story_fbid=450663763932758&id=108274398171698&mibextid=qC1gEa

ဒီပဲယင်းစစ်ရှောင်များသို့
-https://m.facebook.com/story.php?story_fbid=447322800933521&id=108274398171698&mibextid=qC1gEa
ဒီလိုမြို့ပြပျောက်ကြား တော်လှန်ရေးသမားတွေဟာ နယ်ပယ်ဒေသအစုံမှ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် လှုပ်ရှားနေကြတဲ့လူငယ်အဖွဲ့တွေဆိုလည်းမမှားပါဘူး။
" Dec 16 ရက်နေ့က မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ၅လုံးနဲ့ တိုက်ခိုက်၊ Dec 4 ရက်နေ့တွင် ရွှေပြည်သာ တံတားအဆင်း ၁၄ လမ်းဆုံးအနီးမှယာဥ်စစ်ရဲအဖွဲ့အား အဝေးထိန်းစနစ်ဖြင့်တိုက်ခိုက်၊ များစွာသော စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ပ_စ်သ_တ်ခံရ " အစရှိတဲ့ mission ပေါင်းများစွာကို ဆောင်ရွက်ခဲ့တဲ့ မြို့ပြပျောက်ကြား တော်လှန်ရေးရဲဘော်တွေဟာ mission အောင်နိုင်ဖို့ရာအတွ်က် အစစအရာရာသတိထားပြီး ဆောင်ရွက်ခဲ့ကြသလို လုံခြုံရေးအရလည်း အထူးသတိထားရပါတယ်။ ဒီလို အခက်အခဲများစွာကြားမှ တော်လှန်နေသလို စစ်ကောင်စီရဲ့သတင်းပေးဒလန်များကြောင့် safe house ရှာဖွေခံရခြင်း ၊ ဝရမ်းထုတ်ဖမ်းခံရခြင်း ၊ ထောင်ဖမ်းခြင်း စတဲ့ လူမဆန်သောလုပ်ရပ်များပြုလုပ်ပြီး ရဲဘော်တွေကို ချေမှုန်းနေတာလည်းခါးသီးတဲ့အမှန်တရား တစ်ခုပါပဲ။ အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့ ရဲဘော်တွေကို လုံခြုံဘေးကင်းရာသို့ရွှေ့ပြောင်းပေးနိုင်ဖို့နဲ့ mission များဆက်လက်ဆောင်ရွက်နိုင်ဖို့ မိဘပြည်သူများရဲ့ထောက်ပံ့မှုအား လိုအပ်ပါတယ်ခင်ဗျာ ။ တတ်နိုင်သည်ထက်ပိုတဲ့အင်အားနဲ့ကူညီပေးနိုင်ဖို့ page chat box ကိုလာရောက်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။

#tocomrades
" UG များအတွက် “❗️❗️

မြို့ပြပျောက်ကြား တော်လှန်ရေးလှုပ်ရှားမှုဟာ အာဏာရှင်ခေတ်အဆက်ဆက်တည်ရှိခဲ့ပြီးတော့ မျက်မှောက်ကာလ နွေဦးတော်လှန်ရေးပေါ်ပေါက်လာမှသာ လူများစွာသိရှိခဲ့ပြီး ကောင်းမွန်တဲ့အင်အားတစ်ရပ်ဖြစ်ခဲ့ပါတယ်။ လက်န-က်ကိုင်တော်လှန်ရေးရဲ့ တပ်ဦးမှာ မြို့ပြပျောက်ကြားတော်လှန်ရေးဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။
"ကရင်နှစ်သစ်ကူးလေးမှာ ခရစ်စမတ်လက်ဆောင်"ဆိုပြီး ရဲဘော်တွေအတွက်
ပြည်သူတဦးက လာရောက်ထောက်ပံ့သွားပါတယ်ခင်ဗျ🥰
"ခွေးတစ်ကောင်လေးထောင်"

KNDF ရင်း၂က ရဲဘော်များအတွက်
နှုတ်ခမ်းနီဖိုးလေးတွေ ပါဝင်ထောက်ပံ့ပေးသွားကြပါဦးဗျ။

https://www.facebook.com/108274398171698/posts/491131779885956/
"ခွေးတစ်ကောင်လေးထောင်"

ဒီနေ့ဆို 8ရက်မြောက်နေ့ရှိပါပြီ။
Campaign ပြီးဖို့ (၄)ရက်ပဲ လိုပါတော့တယ်။
၂၀၀လောက်တော့ ပေးနိုင်မယ်ထင်ခဲ့တာ
အခုထိ ၁၂၀ ပဲရှိပါသေးတယ်ဗျာ...

လာကူညီကြပါဦး

https://www.facebook.com/108274398171698/posts/491131779885956/
တော်လှန်ရေးမှာ ကျွန်တော်တို့မတွေ့မမြင်ခဲ့ဖူးတဲ့ အင်အားရှိသူကိုယ်စိီပေါ်ပေါက်လာတာအားလူံးမျက်မြင်ပါပဲ။ ဒီထဲမှာမှ အရဲရင့်ဆုံးသူတွေကတော့ ရဲဘော်တွေရဲ့မိခင်များနဲ့ ကိုယ်ဝန်ဆောင်မိခင်များပဲဖြစ်ပါတယ်။ အခက်အခဲ
အကြပ်အတည်းတွေကြားကနေ တစ်ဦးတည်းအတွက်မဟုတ်ပဲ မိမိရဲ့ရင်သွေးလေးကိုပါရှင်သန်ဖို့အရေးကြံ့ကြံ့ခံရင်ဆိုင်နေကြတဲ့သူတွေဆိုလည်းမမှားပါဘူး။ ကျွန်တော်တို့ TC ကနေကူညီကောက်ခံပေးနေတဲ့ ရဲဘော်တွေရဲ့အမျိုးသမီးတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်း၂ဦးဟာလည်း ထိုလူများထဲမှာပါဝင်ပါတယ်။ ဒိီလိုမျိုးရဲရင့်လှတဲ့ အမျိုးသမီး၂ဦးအတွက်ကူညီထောက်ပံ့ထောက်ပံ့လိုတယ်ဆိုရင် ကျွန်တော်တို့ရဲ့ page chat box ကိုလာရောက်ထောက်ပံ့နိုင်ပါတယ်။ ဒီနေ့ဟာနောက်ဆုံးအလှူငွေကောက်ခံရက်ဖြစ်ပါတယ်။ နောက်ဆုံးပိတ်အိတ်နဲပမာဏကျော်လွန်အောင်ကူညီထောက်ပံ့ပေးကြပါဦးခင်ဗျာ။
အပိုတွေမပြောပါဘူး
ဆေးရုံဆေးခန်းစရိတ် ဘယ်လောက်ထောင်းလဲ
ဆိုတာ သိကြမယ်ထင်ပါတယ်။

ကျွန်တော်တို့လဲ လှူငွေသိပ်မရတာ ကြာပါပြီ

https://www.facebook.com/108274398171698/posts/498883602444107/
ကရင်နီဒေသအတွင်းမှာရှိတဲ့ ရဲဘော်တွေအပါအဝင် စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာအနေနဲ့

ဆန်တစ်အိတ် - ၇၅၀၀၀ ကျပ်
ဆန်တစ်ပြည် - ၃၅၀၀ကျပ် ထောက်ပံ့နိုင်ပြီး ရဲဘော်များအတွက်
၅.၅၆ ကျည် - ၃၅၀၀ ကျပ် စသည်တို့ကိုထောက်ပံ့နိုင်ပါပြီခင်ဗျာ။
ရိက္ခာတွေကိုတော့ ကရင်နီဒေသက ခက်ခဲနေတဲ့စစ်ရှောင်စခန်းတွေဆီပို့ဆောင်ပေးသွားမှာပါ။
ဆန် အိတ်လိုက် အမည်နဲ့တစ်ကွ လှူဒါန်းပေးလို့လဲရပါတယ်ဗျ။

နောက်ကနေ ထောက်ပံ့ပေးတဲ့ ပြည်သူများရှိမှသာ ရဲဘော်တွေနဲ့တကွ တော်လှန်ရေးဟာ ဆက်လက်ရှေ့ဆက်နိုင်မှာပါ။ အောင်ပွဲဆီရောက်နိုင်မှာပါခင်ဗျာ ။ တတ်နိုင်သမျှ ပါဝင်ပေးကြပါဦးခင်ဗျာ။
မိဘပြည်သူများခင်ဗျာ ယနေ့မှာ စကစကနေ အညာမြေ တာတိုင်ဒေသမှာကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုနဲ့ ပက်သက်ပြီး အကုန်လုံးသိရှိဝမ်းနည်းနေကြမယ်ထင်ပါတယ်။ တကယ်ဆို ဒီအကြမ်းဖက်ဖြစ်ရပ်တွေဟာ မြန်မာပြည်တစ်ပြည်လုံးမှာ ဖြစ်ပွါးနေတာပါ ။ ဒီလို စိတ်မချမ်းမြေ့ဖွယ်ရာ ကိစ္စတွေကို အမြန်အဆုံးသ-တ်နိုင်ဖို့ တော်လှန်နယ်မြေအကုန်လုံးမှာရှိတဲ့ ရဲဘော်တွေကို တတ်နိုင်သမျှ ထောက်ပံ့ကာရန်သူကို ရန်သူလို ဒဲ့တိုက်ပြီး လွတ်လပ်ရေးကို အမြန်ပြန်ရယူဖို့လိုအပ်ပါတယ်။
အညာနည်းတူ ကရင်နီနယ်မြေမှာလည်း လက်နတ်ကြီးတွေဟာ ညတိုင်းဆက်တိုက်ကျနေဆဲပါ။ အဖိုးတန်အသက်တွေလည်းပေးဆပ်နေရဆဲပါ ။တော်လှန်နယ်မြေ ကရင်နီဒေသတွက်လည်း ထောက်ပံ့ပေးပါဦးခင်ဗျာ။ လက်ရှိတာဝန်ယူထားတာလေးတွေ ကရင်နီအတွက်ပြီးရင် ကျွန်တော်တို့ အညာအတွက် တစ်လှည့်ကူညီကြရအောင်ဗျာ။
အမှန်တရားကို ရရင်ရ
ပြန်မရရင် အဆုံးထိသွားမှာပါ..
JCGVကို🤭

https://www.facebook.com/108274398171698/posts/509231154742685/
ကရင်နီဒေသက စစ်ရှောင်များနဲ့ ရဲဘော်များအတွက် ထောက်ပံ့ငွေကောက်ခံနေတာ "Day 5"
ရောက်ပါပြီဗျ။

စစ်ကောင်စီရဲ့ လက်နတ်ကြီးနဲ့ လေယာဉ်တွေကြောင့် စစ်ရှောင်များနဲ့ ရဲဘော်များ အထိအခိုက်အကျအဆုံးများစွာ ရှိပါတယ်။
ဒါ့အပြင် ဖက်ဆစ်စစ်တပ်ဟာ ဖြတ်လေးဖြတ်လုပ်ပြီး အင်အားတိုးချဲ့မှုများပြုလုပ်နေပါသေးတယ်ဗျ။

ဒါ့ကြောင့် ကရင်နီရှိ စစ်ရှောင်များ နဲ့ ရဲဘော်များကို
နည်းများမဆို ပါဝင်ကူညီလိုက်ပါဦးဗျ။

https://www.facebook.com/108274398171698/posts/509231154742685/