To Comrades - ရဲဘော်များသို့
422 subscribers
1.35K photos
40 videos
1 file
331 links
Download Telegram
◼️August လ အတွင်း ထောက်ပံံ့ခဲ့မှုများမှ certificate ရရှိသော ထောက်ပံံ့မှုများ

- အချို့သောထောက်ပံံ့မှုများအတွက် ရဲဘော်တို့၏အခြေအနေအမျိုးမျိုးကြောင့် certificate မရရှိသေးပါ။
ခေတ်လေးခေတ်သိန်းလေးရာ project အတွက်
ပြည်ပကနေလောလောဆယ် ထောက်ပံ့နိုင်တဲ့ payment တွေ ပါ ။
အပြည်ပြည်ဆိုင်ရာငွေပေးချေမှုတွေကို ကျွန်တော်တို့ ထပ်ပြီးတိုးချဲ့နေပါတယ်။

လက်မှတ်ရောင်းချမှု အရေအတွက်ဟာ ၃၀% တောင်မပြည့်သေးတာမို့ လက်မှတ်ကူရောင်းပေးမယ့်သူတွေနဲ့ လက်မှတ်ဝယ်ယူအားပေးသူတွေ လိုအပ်နေဆဲပါ။
ရဲဘော်တွေရဲ့ လိုအပ်ချက်တွေများလာတာနဲ့အညီ ရန်ပုံငွေလိုအပ်မှုကလည်းပိုမိုများပြားလာပါတယ်။ဒါကြောင့် ဆက်လက်ပြီးပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျာ။

Project ကရရှိငွေများအား အညာဒေသနှင့် ကရင်နီရှိရဲဘော်များကိုထောက်ပံ့သွားပါမယ်။

Main post - https://m.facebook.com/story.php?story_fbid=375486848117117&id=108274398171698

Item videos
Turntable - https://fb.watch/fn2kIMQCXd/

Walkman cassette - https://fb.watch/fn2lQCV-a-/

Film camera - https://fb.watch/fn2ohmfZfM/

CD player - https://fb.watch/fn2p4wH7T1/
တစ်ယောက်လာမေးထားတာလေးပါ

မဟုတ်ပါဘူးဗျ။ လူတိုင်းကူနိုင်ပါတယ်။အဓိက က ကိုယ် ယုံကြည်စိတ်ချရတဲ့သူတွေကိုပဲ ရောင်းဖို့ပါ၊ဒီကာလမှာ လုံခြုံရေးက အလွန်အရေးကြီးပါတယ်။

မိုးဗြဲက ကိစ္စတွေ အားလုံးကြားသိကြမှာပါ။ လေကြောင်းပါပါလာပြီး ရဲဘော်တွေ ကျည်လိုအပ်နေပါပြီ။
ကျွန်တော်တို့လည်း အဲ့ဒေသက အဖွဲ့တွေကို လက်ရှိ ရှိသလောက် ထောက်ပံ့ထားပါတယ်။
လိုအပ်ချက်တွေရှိနေသေးတာမို့ မဲလာဝယ်ကြပါဦး ကူရောင်းပေးကြပါဦးဗျာ💪

#ခေတ်လေးခေတ်သိန်းလေးရာ #ToComrades
တမဲမှ ၃ထောင်ထဲပါဗျ။
ရဲဘော်တွေခဗျာ လက်နက်မမျှလို့ ‌တယောက်ပြီးတယောက်ကျနေပါတယ်ဗျာ...


https://www.facebook.com/108274398171698/posts/pfbid02ywCTZrau2ywQtzpDJpdo6FPAWW9HH2bFp5mKNHbDJ4EwmfydTRCiQzD3Ceo6zC8Vl/
မိဘပြည်သူများခင်ဗျာ ကျွန်တော်တို့ TC ကနေ မိုးဗြဲအတွက် အရေးပေါ် 3 ရက်အလှူခံပါရစေခင်ဗျာ။
အခုဆို မိုးဗြဲမြို့မှာ စစ်ရေးအခြေအနေ အရမ်းတင်းမာနေကြောင်းသတင်းများကို သိရှိပြီးဖြစ်မယ်လို့ထင်ပါတယ်။စကစဘက်ကနေ တရကြမ်းထိုးစစ်ဆင်နေတာဟာ ယနေ့ဆို ၄ရက်ရှိနေပါပြီ ။ အစပိုင်းမှာ မြေပြင်အခြေအနေအရ ပြည်သူ့ဘက်သားရဲဘော်တွေဟာ အခြေအနေသာခဲ့တဲ့အတွက် စကစဘက်ကနေ ဝေဟင်ထိုးစစ် ၊လက်နတ်ကြီး ရှိသမျှနည်းပေါင်းစုံနဲ့ တရကြမ်း ထိုးစစ်ဆက်လက်ဆင်နွှဲနေတာဖြစ်ပါတယ် ။
  အခုဆို မနေ့ညက အပြစ်မရှိတဲ့ကလေး၂ယောက်နဲ့ ပြည်သူ့ရဲဘော်တစ်ယောက်ရဲ့ အသက်ကိုပေးဆပ်ခဲ့ရပါပြီ။ဒါတောင် ကျွန်တော်တို့လက်လှမ်းမီလိုက်တဲ့သတင်းလေးပဲဖြစ်ပါတယ်။ စကစဘက်မှ အယောက် ၃၀ ကျော် ကျဆုံးပြီးလက်နက်များ ရရှိထားကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်ကြောင့် အားတက်ရသလို ကျွန်တော်တို့ရဲဘော်တွေဘက်မှလည်း စကစဘက်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများကြောင့် သေဆုံးသူရဲဘော်ရှိလာပြီး ဒဏ်ရာရရှိသူများအလွန်များပြားနေပြီဖြစ်ကြောင်း သတိကပ်ရပါမယ်။ တိုက်ပွဲကလည်း မရပ်မနားဆက်ဖြစ်နေတဲ့အတွက် နှစ်ဘက်လုံးလည်းပန်းနေကြပါပြီ။ အဲ့ထဲမှာမှ တန်ဖိုးရှိတဲ့အသက်တွေထပ်မဆုံးရှုံးရပဲ ပြည်သူ့ဘက်တော်သားတွေ အရေးသာဖို့အတွက် ကျွန်တော်တို့ပြည်သူတွေ တတ်နိုင်သလောက် ထောက်ပံ့ပေးရပါမယ်။တိုက်ပွဲသတင်းတွေကိုလည်း မှန်ကန်တိကျတဲ့ရင်းမြစ်တွေကို အဆက်မပြတ်စောင့်ကြည့်ပြီး ကိုယ်တတ်နိုင်ရာကို ဖြည့်ဆည်းပေးကြရပါမယ်။
  Page cb မှာ Payment method  များလာရောက်တောင်းယူနိုင်ပါတယ်။
#ToComrades
ရှမ်းပြည်နယ်-ကရင်နီပြည်နယ်အစပ်
မိုးဗြဲမြို့၊ ပွဲကုန်း (၃)ရပ် ကွက် ဘုရားကျောင်းဝန်းအနီးတွင် တပ်စွဲရန်ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီတပ်များအား KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KRU ၊ URF တို့ပူးပေါင်းခုခံနေသည်မှာ စက်တင်ဘာလ (၈)ရက်နေ့စ၍ ယနေ့ထိ (၅) ရက်တိုင်တိုင် ရှိပြီဖြစ်ပါတယ်။
စက်တင်ဘာလ (၁၁) ရက်နေ့ နံနက် (၇)နာရီမှ တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကာ
အလှူကြီးပေး၍ အထိနာခဲ့ပါတယ်။

စကစဘက်မှ ပ-စ်ခ-တ်ခဲ့တဲ့ လ-က်န-က်ကြီးကြောင့်လဲ တော်လှန်ရေးမဟာမိတ်တပ်များမှ ရဲဘော် (၂)ဦး ကျဆုံးခဲ့ရသည်။

တိုက်ပွဲအတွင်း ေ-သဆုံးစစ်ကောင်စီတပ်သားများ၏ လက်နက်များကို ကောက်ယူရန် ခက်ခဲသော်လည်း MA-1 ၁ လက် ၊ MA-3 ၂ လက် ၊ RPG သီးများ ၊ ၆၀ မမ အသီးများ ၊ ဆက်သွယ်ရေး အထိုင်စက် ၁ လုံး ၊ ကျည်ဆံများနှင့် အသုံးအဆောင်များကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။

မနေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီဘက်က တိုက်လေယာဥ် ဖြင့် ၂ ကြိမ်တိတိ လာရောက်ပ-စ်ခတ်ခဲ့ပြီး ပြည်သူလုထု နေအိမ်၁၀၀ထက်မနည်း ထိခိုက်ပျက်ဆီးပြီး ပြည်သူ၅၀၀၀ကျော် စစ်ဘေးရှောင်နေရပါတယ်။

ဖြစ်ပေါ်လာသော စစ်ရေးအခြေအနေများကြောင့်လဲ ကျွန်တော်တို့ To Comrades အဖွဲ့မှ
ကရင်နီမှ တော်လှန်ရေးအဖွဲ့များဖြစ်တဲ့ -KNDF[ဗဟို] သို့ ကျပ် သိန်းနှစ်ဆယ်
-မိုးဗြဲPDF သို့ ဆယ်သိန်း ကျပ်
-DMO[ဗဟို] သို့ ဆယ်သိန်း ကျပ်
-DMO[တပ်ရင်းB] သို့ ငါးသိန်း ကျပ်
-DMO[တပ်ရင်းC] သို့ ဆယ်သိန်း ကျပ်
-Karreni Army သို့ ငါးသိိန်း ကျပ်

စုစုပေါင်း သိန်း၆၀တိတိ ထောက်ပံ့မှုများ
ပြုလုပ်ခဲ့ပြီး ထပ်မံထောက်ပံ့သွားမည်
ဖြစ်ပါသည်။

တော်လှန်ရေးအစထဲက ဖက်ဆစ်စစ်တပ်အား
ရွပ်ရွပ်ချွန်ချွန်တော်လှန်ခဲ့တဲ့ ကရင်နီက ရဲဘော်များနှင့် ပြည်သူများအတွက် ဆက်လက်၍ ကူညီထောက်ပံ့ပေးဖို့
ကျွန်တော်တို့ TCမှ အထူးမေတ္တာရပ်ခံပါရစေ။
This media is not supported in your browser
VIEW IN TELEGRAM
ကျွန်တော်တို့အနေနဲ့ စစ်ကိုင်း၊ မကွေး၊ ချင်းတကြောက ရဲဘော်တွေကို ထောက်ပံ့ဖို့ စီစဉ်ထားပါတယ်ဗျ၊

ဒါပေမယ့် အခုလောလောဆယ်တော့ fundလေးနည်းနေလို့ ငြိမ်နေပါတယ်☹️

Fb link - https://m.facebook.com/story.php?story_fbid=pfbid0266eTZpa24FCrFALFGJE7225Ws46c3g3MoopdqiVjSkiDHzQcpibJvAnBm8NPg2vBl&id=100079931393493
အခုတော့ ထောက်ပံ့ငွေမဝင်သလောက်နီးပါးဖြစ်နေလို့ မင်မင်တွေလဲ ကြေကွဲနေပါပြီ🤧

https://www.facebook.com/108274398171698/posts/pfbid02ytgyF5LtQ6GQcB3jz4AMwwsqG5aJb6fohHKVX9dtSM8jbpqbVWGvPZHTTfEi3F7Ml/
မင်မင်တို့ဆီမှာ ပေါတာဆိုလို့ အချစ်တွေနဲ့ အကြွေးတွေပဲရှိတယ်🤧

အကြွေးတွေမဆပ်နိုင်လို့ အပေါင်ဆုံးပြီး အသိမ်းခံရမှာတော့ ကိုအာလူးပါပဲ။

ခေတ်လေးခေတ်မဲလေးဝယ်ပြီးဖြစ်ဖြစ် ဒီတိုင်းဖြစ်ဖြစ်
ထောက်ပံ့လို့ ရပါတယ်လို့🥺
စစ်အာဏာရှင်နဲ့ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ကရင်နီဒေသမှာ တကျော့ပြန်စစ်ပွဲတွေ ခပ်စိပ်စိပ်ပြန်လည်စတင်နေပါပြီ။ ရဲဘော်တွေအနေနဲ့လည်း အင်အားကုန်သုံးကာ တိုက်ပွဲ၀င်နေသလို ပြည်သူတွေအနေနဲ့လည်း လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့အထူးလိုအပ်ပါတယ်။ ထိတွေ့တိုက်ပွဲများစွာကြားမှ ရဲဘော်တွေဟာ ဆေးဝါး၊ကျည်၊ရိက္ခာများ လိုအပ်နေပါတယ်။ အဲ့အတွက် အသက်စွန့်တိုက်ပွဲ၀င်နေကြတဲ့ ရဲဘော်တွေကို ကူညီထောက်ပံ့ဖို့ရာ ဆေးဝါး၊ကျည်၊ရိက္ခာများ အတွက် ‌နည်းများမဆိုလာရောက်ထောက်ပံ့နိုင်ပါပြီခင်ဗျာ။

မြေပြင်ရဲဘော်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားပြီး ထောက်ပံ့ငွေတွေအမြန်ဆုံးရောက်အောင်ပို့ဆောင်ပေးနေတာမို့ အမြန်ဆုံးလာရောက်ထောက်ပံ့လိုက်ပါ။

ပုံပါအတိုင်း ရဲဘော်တွေကိုထောက်ပံ့နိုင်သလို
မဲဝယ်ပြီးတော့လည်းထောက်ပံ့နိုင်ပါတယ်ဗျာ
မဲအသေးစိတ်-
https://m.facebook.com/story.php?story_fbid=375486848117117&id=108274398171698
အမြဲသတိတရနဲ့ လာလာထောက်ပံ့ကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျ🥺🖤

ကျေးဇူးဆပ်တဲ့အနေနဲ့ ဘာယူမလဲ အာလူးကို ယူမလား🤭