To Comrades - ရဲဘော်များသို့
419 subscribers
1.34K photos
40 videos
1 file
331 links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
မန်ဘာကဒ်ပိုင်ရှင်များ ဇွန်လအတွက်
လစဉ်ထောက်ပံ့ကြေး ပေးသွင်းနိုင်ပါပြီနော်။

မြေပေါ်မြေအောက်ရဲဘော်များကို
Member Card လုပ်ရင်း ကူကြမယ်🖤
မင်းကင်းက စားမယ့်သူမရှိဘဲ ကျန်ခဲ့သော မင်္ဂလာဆောင်က ထမင်းဝိုင်းများ...
ဒီးမော့ဆိုအနောက်ခြမ်းက စစ်ဘေးရှောင်စာသင်ကျောင်းတခုက ထပ်တိုးလာတဲ့ကျောင်းသားသစ်များအတွက် စာသင်ခုံများလှူဒါန်းပေးခဲ့သလို၊

ယိုယွင်းပျက်စီးနေတဲ့ KGနဲ့ သူငယ်တန်းအဆောင်အတွက် မိုးကာလိပ်ပါ တခါထဲလှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ🖤
စစ်ဘေးရှောင်ကလေးတွေအတွက် ဂစ်တာနဲ့ တယောသင်တန်းကို ပြည်သူလူထုရဲ့ ဝိုင်းဝန်းထောက်ပံ့မှုဖြင့် ဖွင့်ပေးနိုင်ခဲ့ပါတယ်🖤
ကလေးတွေအတွက် စာရေးကိရိယာတွေ ပထမအသုတ်ရောက်ပါပြီဗျို့၊
သိပ်မကြာခင်မှာ စာသင်ကျောင်းဆီ ရောက်အောင် ဆောင်ရွက်နေပါတယ်ခင်ဗျ🥰
အမိုးအကာတွေ ဘယ်လိုစာသင်ကျောင်းတွေကို ကူလဲဆ်ိုတော့ ဒီလိုစာသင်ကျောင်းတွေကို ကူပါတယ်ခင်ဗျ။

တကယ်လိုအပ်နေတဲ့နေရာတွေကို လိုအပ်တဲ့အရာတွေ ပို့ပေးနိုင်အောင် ကြိုးစားဆောင်ရွက်နေပါတယ်ဗျို့✊🏼🖤
ကလေးတွေအတွက် စာရေးကိရိယာတွေ ဒုတိယအသုတ်ရောက်ပါပြီဗျို့၊ ဒီတခါတော့ တော်တော်များများပါလာပါတယ်။

သိပ်မကြာခင်မှာ စာသင်ကျောင်းဆီ ရောက်အောင် ဆောင်ရွက်နေပါတယ်ခင်ဗျ🥰
စစ်ကိုင်းမြို့နယ် သပြေသာရွာ...

ရှောင်တိမ်းနေရတဲ့ ပြည်သူတွေကို ကူချင်ရင် ဒီLinkမှာ သွားကူပေးလို့ရပါတယ်ဗျ။
https://www.facebook.com/share/p/LA3cPx1AojLumiom/?mibextid=oFDknk
“ပရောဂျက် ဇီဝက”

လူ့အသက်ပေါင်းများစွာ ကယ်တင်နိုင်ဖို့အတွက် ပြုလုပ်တဲ့ ကရင်နီပြည်ရဲ့ ဆေးရုံကြီး ၂ ခု ပေါင်းလုပ်တဲ့ ပရောဂျက်လေးတစ်ခုအတွက် ကျွန်တော်တို့ TC ကလည်း ဒိုနာလေးများနဲ့ အတူ တစိတ်တပိုင်း ဝင်ရောက်ကူညီအားဖြည့်ပေးချင်ပါတယ်ခင်ဗျ။

ကရင်နီပြည်နယ်မှာရှိတဲ့ ဆေးရုံကြီး(၂) ရုံတွင် လိုအပ်သော ဆေးဝါးများဖြည့်တင်းပြီး လူ့အသက်များစွာ ကယ်တင်နိုင်ဖို့ရန်အတွက် ပြုလုပ်ထားတဲ့ ပရောဂျက်ဇီဝကမှာ ပါဝင်ကူညီလှူဒါန်းပေးကြမယ်ဆိုရင်ဖြင့်

ဒေသခံပြည်သူများနဲ့ စစ်ရှောင်ပြည်သူများအနေနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်ခြင်း။

ပြည်သူ့သူရဲကောင်းများအနေနဲ့ လိုအပ်သော ကုသမှုများကို နယ်ခြားသို့ မသွားရဘဲ အချိန်နှင့်တပြေးညီ (အခမဲ့) ရရှိနိုင်ခြင်း။

မြေပြင်ရှိ ကဏ္ဍအသီးသီးက သက်ဆိုင်ရာသူရဲကောင်းများ အနေဖြင့် လုံလောက်သောကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိုင်ခြင်း

အစရှိသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်၍ ပြည်သူများအားလုံး တတ်စွမ်းသမျှ ပါဝင်ပေးကြပါဦးခင်ဗျာ။ လူ့အသက်ကယ်တင်ခြင်း၊ ဆေးဝါးအလှူဟာ အလွန်မွန်မြတ်သော အလှူဖြစ်သည့်အတွက် ယခုပရောဂျက်လေးမှာ နိုင်သလောက် ပါဝင်အားဖြည့်ပေးကြဖို့အတွက် တိုက်တွန်းလိုပါတယ်ခင်ဗျာ။

ပြည်တွင်းပြည်ပ ငွေလွှဲ payment များစွာဖြင့် လာရောက်ကူညီလှူဒါန်းလို့ရတဲ့အတွက် အခုပဲ To Comrades Page Chatbox မှတစ်ဆင့် မိမိအဆင်ပြေရာ ငွေလွှဲနံပါတ်ကို အခုပဲလာတောင်းပြီး ကူညီထောက်ပံ့လို့ ရပါပြီဗျို့။