T & T Audio Store - Myanmar
663 subscribers
97 photos
19 videos
21 links
In Ear Monitor နှင့် Accessories မျိုးစုံကို ကျွန်တော်တို့ T&T စျေးတန်တန် ပစ္စည်းမှန်မှန်ဖြင့် ဝယ်ယူနိုင်ပါသည်ခင်ဗျာ။
Download Telegram
Admin ကိုယ်တိုင်ကို တော်တော်ကြိုက်လွန်းလို့ ညွှန်းပါတယ်။

100,000 ဝန်းကျင်မှာ Gaming အတွက် King ပါပဲ။Competitive ဖြစ်တဲ့ Game တွေမှာ သူ့ Clarity ကို မှီတဲ့ဟာမျိုး 2သိန်း ဝန်းကျင်မှာတောင်မရှိသေးပါဘူး။

မဝယ်ခင် ဆိုင်မှာ စိတ်ကြိုက်ထိုင်စမ်းပြီး ကြိုက်မှ ဝယ်လို့ရပါတယ်။တနေ့လုံးထိုင်စမ်းပြီး မဝယ်လဲ ဘာမှမဖြစ်ပါဘူးဗျို့…

KZ Axas (3.5 with mic) - 120,000 MMK

KZ Axas DSP (Type C with mic) - 140,000 MMK

Factory Fault Warranty- 6 months

Warranty Policy - (Factory Fault Error ထဲမှာ နားကြပ်ခေါင်းက တစ်ဖက်မလာတာ အသံတိုးတာ အသံမကြားရတာတွေ ပါပါတယ်။

Cable ကြောင့်ဖြစ်တဲ့ Error အကုန်လုံးကိုတော့ User Fault အနေနဲ့ပဲသတ်မှတ်ပါတယ်။

နားကြပ်ခေါင်းက ပြုတ်ကျတာ၊ရေဝင်တာ၊ချွေးဝင်တာတွေကိုလဲ User Fault အနေနဲ့ပဲသတ်မှတ်ပါတယ်)

Yangon

T&T Audio Store Myanmar (ဆိုင်ခွဲမရှိပါ)

𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၄က)၊ပထမထပ်၊မြင်သာ (၁) လမ်း ၊ (၁၅) ရပ်ကွက်၊ (စိန်တောင်ကြီး ဟိုတယ်အနီး) တောင်ဥက္ကလာပမြို့နယ်

Address - No (4A),First Floor,Myinthar (1st) Street,(15) Quarter,SouthOkkalapa Township,Yangon.(Near Sein Taung Gyi Hotel)

𝐒𝐚𝐥𝐞𝐬&𝐒𝐞𝐫𝐯𝐢𝐜𝐞 - 09 757 544 322, 09 757 544 522

Viber - 09757544322 / 09790490555

Tiktok - https://www.tiktok.com/@tntaudiostore?_r=1&_t=ZS-97KdHZXzTjc

Telegram - @tntaudiostore

𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 𝐋𝐢𝐧𝐤 - (https://maps.app.goo.gl/PJmLtqYNQgLcCXpA6?g_st=ic)
5👍1
ပုံမှန် DAC တွေထက် ပိုပြီး Quality မြင့်တဲ့ USB Audio SOC ဆိုတာဘာလဲ ?

Audiophile တွေတော်တော်များများ ရင်းနှီးပြီးသားဖြစ်တဲ့ Dac တွေကို အခုအချိန်မှာ upgrade လုပ်ပြီး Audio Company တွေကနေ USB Audio System on chip ဆိုပြီး ထုတ်လာကြပါပြီ။

ပုံမှန် Dac တွေမှာတော့ အများအားဖြင့် dac chips တစ်ခုထဲ ပါ၀င်ပါတယ်။ တချို့ Jcally Jm6 Pro လို Dac တွေမှာတော့ Dac chips + amp chips တွေပါ၀င်ကြပါတယ်။ဒါပေမယ့်အခု upgrade လုပ်ထားတဲ့ USB Audio SOC တွေကတော့ အရှေ့က Dac တွေနဲ့မတူတော့ပဲ Digital Signal Processor (DSP), DAC နဲ့ Headphone Amplifier တွေကို ပေါင်းစပ်ပြီး ထုတ်လုပ်လာကြပါပြီ။

ရှေ့က Dac တွေမှာတောင် Audio Quality တွေက ဖုန်းနဲ့ တော်တော်ကိုသိသာခဲ့တာပါ။အခုလို all in one ထုတ်ထားတဲ့ USB Audio SOC dac တွေမှာဆိုရင် ကိုယ့်ဖုန်းက built in ပါတဲ့ dac chips နဲ့ Quality က တော်တော် ခြားနားသွားပါပြီ။ဒါက Sound Quality တစ်ခုထဲကို နှိုင်းယှဥ်တာပဲ ရှိသေးတာပါ။နောက်ထပ် ကွာခြားချက်တွေ တော်တော်များများလဲရှိပါသေးတယ်။

Digital Signal Processor (DSP) ပါ၀င်လာတဲ့အတွက် Dac တွေကို ကိုယ်တိုင် app နဲ့ equalize လုပ်ပြီး customization လုပ်လို့ရသွားပါပြီ။ဒါကအတော်ကို အားသာတဲ့အချက်ပါ။ bass တွေ vocal တွေ treble တွေကို ကိုယ်တိုင် ချိန်ညှိလို့ရလာရင် Dac တစ်ခုကို စိတ်ကြိုက်ကလိလို့ရပါပြီ။အရင်ကတော့ ဒီလို equalize လုပ်နိုင်ဖို့ In Ear Monitors DSP Version တွေမှာသာ ဖြစ်နိုင်ပေမယ့် အခုတော့ USB Audio SOC Dac တွေသုံးမယ်ဆိုရင် Standard IEM(3.5 version) တွေမှာပါ ဒီ function ကို လုပ်နိုင်တော့မှာပါ။

နောက်ဆုံးတစ်ချက်ကတော့ DAC သုံးတဲ့ Audiophile တွေ စိတ်ညစ်ရတဲ့ ဖုန်းအားအကုန်မြန်တဲ့ ပြဿနာက USB Aduio SOC Dac တွေက ဖြေရှင်းပေးလိုက်ပါပြီ။ဒီလို Dac တွေနဲ့ဆို အရင်လို Dac သုံးရင် ဖုန်းအားကုန်မြန်တာမျိုး မဖြစ်တော့တဲ့အတွက် သီချင်းနားထောင်ရင် Battery ကြောင့်စိတ်ညစ်နေရတာမျိုး မရှိတော့ပါဘူး။

လောလောဆယ် USB Audio SOC သုံးထားတဲ့ DAC ကတော့ ပေါက်ဖော်ကြီးတို့ ထုတ်ထားတဲ့ 普林芯驰 or Spacetouch ရဲ့ SPV4040 ဆိုတဲ့ Dac Chips ပါ။ Spacetouch SPV4040 Dac Chips ကို Chifi Dac တွေဖြစ်တဲ့ Fiio ရဲ့ Sub Brand Snowsky Tiny Series(Tiny A & Tiny 😎 တွေမှာတွေ့နိုင်သလို Jcally ရဲ့ JM 11 မှာလဲ တွေ့ရပါတယ်။

Spacetouch SPV4040 သုံးထားပေမယ့် Snowsky ရဲ့ Tiny series ဖြစ်တဲ့ Tiny A နဲ့ Tiny B မှာသာ DSP Function ဖြစ်တဲ့ Customization ကို Fiio Control App နဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး Jcally JM11 မှာတော့ Customization ကို အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

နောက်တစ်ခု အားနည်းချက်အနေနဲ့ Cable Type ဖြစ်တဲ့ Jcally Jm11 ကတော့ heat issue အနည်းငယ်ရှိနေဦးမှာဖြစ်ပြီး Snowsky Tiny A နဲ့ Tiny B ကတော့ Metal အတုံးကြီးဖြစ်သွားတဲ့အတွက် heat issue ကို စိတ်ပူစရာမရှိတော့ပါဘူး။

ဒါကတော့ အသစ်ထွက်ရှိထားတဲ့ Spacetouch spv4040 Dac Chips ရဲ့ All in One USB Audio SOC အကြောင်းကို DAC ရွေးချယ်မယ့် Audiophile တွေအတွက် စဥ်းစားစရာတစ်ခုအဖြစ် ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ...
8
ပါ၀င်တဲ့ Dac Chips နဲ့ Amp Chips တူရုံနဲ့ Sound Quality တူတယ်လို့ ယူဆကြတဲ့ Beginner များအတွက် DAC ဆိုတဲ့ကောင်လေးရဲ့အကြောင်းကို အကျယ်တ၀င့် ရှင်းပြချင်ပါတယ်။

တစ်ခု သတိပြုစရာရှိတာက ဒီပိုစ်ဟာ စျေးကြီးတဲ့ Dac တွေကို ၀ယ်သုံးရမယ်လို့ Marketing ဆင်းတာမျိုးမဟုတ်ပါဘူး။ Ingredients တူညီတဲ့ ဟင်းနှစ်ခွက်ဟာ ချက်တဲ့သူရဲ့ ပညာ၊သဘာ နဲ့ အတွေ့အကြုံတွေပေါ်မူတည်ပြီး အရသာမတူဘူး ဆိုတာမျိုး ရှင်းပြခြင်းသာဖြစ်ပါတယ်။

ကဲ ဒါဆိုစလိုက်ကြပါမယ်။

DAC တွေမှာ ဘာတွေပါ၀င်ကြလဲ?

1.DAC Chips

- ဖုန်းထဲမှာ 0 နဲ့ 1 တွေကနေ ဖွဲ့စည်းထားတဲ့ Digital Signal တွေကို Analog အသံအဖြစ် ပြောင်းပေးတဲ့ အရာပါ။

2.Amplifier

- Dac တွေကနေ ထွက်လာတဲ့ Weak ဖြစ်တဲ့ Audio Signal တွေကို Headphone တွေ Speaker တွေ IEM တွေ ကို ကောင်းကောင်း Drive လုပ်နိုင်တဲ့အထိ Boost လုပ်ပေးတဲ့ အရာဖြစ်ပါတယ်။(ဖုန်းတွေမှာပါတဲ့ Dac တွေနဲ့ အဓိက သိသိသာသာကွာစေတဲ့အရာလို့ ပြောရင်လဲ မမှားပါဘူး။)

3.USB Interface Chip

- သူကတော့ ရှင်းပါတယ်။ နံပါတ် 1 မှာပြောခဲ့တဲ့ ဖုန်းကနေထွက်လာတဲ့ 0 နဲ့ 1 ဆိုတဲ့ Digital Data တွေကို Dac Chips တွေဆီ ရောက်အောင် ပို့ဆောင်ပေးတဲ့ အရာဖြစ်ပါတယ်။(သူက ပစ္စည်းပို့တဲ့လုပ်ငန်းလိုပါပဲ။ကိုယ်နေတဲ့ မြို့ကနေ တခြားတစ်မြို့ကို ပို့မယ်ဆိုရင် အရင်ဆုံး ပို့ချင်တဲ့မြို့ရဲ့ ရုံးချုပ်ကို အရင်ပို့ကြပါတယ်။ ပြီးမှ ပစ္စည်းတွေခွဲကြပြီး သက်ဆိုင်ရာလမ်းကြောင်းကို ခွဲပြီးမှ အိမ်အရောက်ထပ်မံ ပို့ဆောင်ကြပါတယ်။ USB Interface Chip ဆိုတာ အဲ့လိုအရာကို လုပ်ဆောင်ပေးတဲ့အရာပါ။)

4.Capacitors & Resistors

- Power ကို အထိက ချိန်ညှိပေးတဲ့အရာလို့ မြန်မာမှုပြုလိုက်ပါမယ်။ Noise တွေ နည်းအောင်၊ မပါအောင် သူကပဲ အဓိက လုပ်ဆောင်ပေးပါတယ်။

အပေါ်က ပြောခဲ့တဲ့အရာတွေကတော့ DAC တစ်ခုမှာ အဓိက ပါ၀င်တဲ့ပစ္စည်းတွေဖြစ်ပါတယ်။ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ထပ်ပြောပါမယ်။

-ဖုန်းကနေသီချင်းတစ်ပုဒ်ဖွင့်လိုက်တဲ့အခါ အဲ့သီချင်းကို Digital Data အဖြစ်ပြောင်းပြီး USB port or Type C port ကနေ ပို့လိုက်ပါတယ်။ DAC Chips က အဲ့ Data တွေကို Analog အဖြစ်ပြောင်းပေးလိုက်ပါတယ်။အဲ့နောက်မှာ Amp Chips က လိုအပ်တဲ့ power supply နဲ့ Modify လုပ်ပြီး ပြည့်စုံတဲ့ output ကို 3.5mm or 4.4 mm port တွေကနေ ပြန်ထုတ်ပေးလိုက်ပါတယ်။

အပေါ်ကပြောခဲ့တဲ့အရာတွေက DAC တစ်ခုမှာ အဓိက ပါ၀င်တဲ့အရာတွေနဲ့ သူ့ရဲ့လုပ်ဆောင်ပုံတွေပဲဖြစ်ပါတယ်။ဒါဆိုရင် သုံးထားတဲ့ Dac Chips နဲ့ Amp Chips တူရုံနဲ့ ဘာကြောင့် Sound Quality တွေက မတူရတာလဲဆိုတာကို ထပ်ရှင်းပါမယ်။

1.Circuit Implementation

ကျွန်တော်တို့ T&T က Jcally တို့လို့ China OEM Company တွေကနေ Dac Chips နဲ့ Amp Chips တွေ လိုသလောက်၀ယ်ယူလို့ရပါတယ်။ဒါပေမယ့် ကျွန်တော်တို့ T&T Dac ဆိုပြီးတော့ ထုတ်လို့မရပါဘူး။အကြောင်းတရားကတော့ ကျွန်တော်တို့မှာ နည်းပညာ မရှိလို့ပါ။အဲ့လိုပဲ Dac ထဲပါ၀င်တဲ့ Circut Design တွေကို ဆွဲတဲ့ နည်းပညာက Audio Company တစ်ခုနဲ့တစ်ခု မတူပါဘူး။ဒါတွေကို ဘယ်လို Design ဆွဲလဲ ဆိုတာတွေ ဘယ်လို Process လုပ်လဲဆိုတာတွေအပေါ်ကို မူတည်ပြီး Sound Quality က သိသိသာသာကို ကွာခြားတာဖြစ်ပါတယ်။

Dac Chips တွေ Amp Chips တွေ တူတယ်ဆိုတာက စျေးထဲက ကြက်သားနဲ့ အာလူး၀ယ်လာတာချင်း ဘေးအိမ်နဲ့ တူတဲ့အဆင့်သာဖြစ်ပြီး အရသာချင်းတူဖို့ဆိုတာကတော့ အပေါ်ကပြောခဲ့တဲ့ ပညာ၊သဘာနဲ့ အတွေ့အကြုံတွေပေါ်မှာ အဓိက မူတည်တာပဲဖြစ်ပါတယ်။

Data အနေနဲ့ Dac Chips တူပြီး Sound Signature ကွဲပြားတဲ့ Dac Dongle တွေအကြောင်းကို အတိုချုံးလေး ဖော်ပြပေးလိုက်ပါတယ်။

1.Moondrop Dawn Pro & Tanchjim Space

Dac Chips - Dual CS43131 Chip

Signature

- Moondrop Dawn Pro (Neutral and Bright)
- Tanchjim Space (Clean, Balanced and Musical)

2.Fiio Ka17 & Shanling Ua4

Dac Chips - ESS ES9069Q Chip

Signature

- Fiio Ka17 (Dynamic, Energetic and Powerful)
- Shanling Ua4 (Warm, Smooth and Analog-like)

3.Shanling Ua2 & Fiio Ka3

Dac Chips - ES9038Q2M Chip

Signature

- Shanling Ua2 (Thick Vocal and Smooth)
- Fiio Ka3 ( Analytical, Clinical and Wide)

2.Sound Tunning

- ဒါကတော့ နောက်ဆုံး သိသိသာသာကွာခြားတဲ့အပိုင်းပါ။Audio Company တွေက လိုအပ်တဲ့ ingredients တွေကို ၀ယ်ယူပြီး ဟင်းချက်တဲ့အခါ သူတို့ဆီက Audio Engineer တွေက Tune လုပ်ပြီး လက်စွမ်းပြကြပါပြီ။အဲ့ပေါ်မှာမူတည်ပြီး Signature တွေကလဲ သိသိသာသာ ကွဲပြားသွားကြတော့ပါပဲ။

ဒီလောက်ဆိုရင်တော့ Beginner တွေအနေနဲ့လဲ Dac အကြောင်းကို ပြည့်ပြည့်စုံစုံ နားလည်သဘောပေါက်ကြမယ်လို့ထင်ပါတယ်ခင်ဗျာ။နောက်ပိုစ်တွေမှာ ပြန်တွေ့ကြပါမယ်ခင်ဗျာ။
2👍1