Fifty Two News
24.8K subscribers
20.9K photos
465 videos
2.86K links
Download Telegram
Forwarded from Fifty Two News
မင်္ဂလာရှိသော နေ့သစ်ဖြစ်ပါစေ 🙏🙏🙏
မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ 🙏🙏🙏
Forwarded from နရီမိုး
ဒေါသငါးမိနစ် အပါယ်လေးဘုံ
နှစ်တစ်သောင်း
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷

ကုသိုလ်ကံပဲဖြစ်ဖြစ် အကုသိုလ်ကံပဲဖြစ်ဖြစ် အင်အားပြည့်ဝနေတဲ့ကံတစ်ခု၊ စေတနာတစ်ခု သည် ဘဝတစ်ခုကိုအကျိုးပေးနိုင်တဲ့စွမ်းအင်ရှိတယ်။

ဘဝတစ်ခုမှာဒီးဒုတ်ငှက်တစ်ကောင်ဟာ
မိမိစားကျက်အနီးလာရောက်စားသောဇီး
ကွက်ကလေးကိုသူ့ရဲ့နှုတ်သီးနဲ့ စိတ်ရှိ
လက်ရှိပေါက်သတ်နေလိုက်တာ
အချိန်အားဖြင့် ငါးမိနစ်လောက်တော့ကြာ
မယ်ဆိုကြပါဆို့။

ဒီငါးမိနစ်အတွင်းမှာသူပေါက်သတ်လိုက်
လို့သေသွားပြီဆိုရင် အဲဒီငါးမိနစ်ဆိုတဲ့အ
ချိန်ကာလအသေးလေးမှာဒီဇီးကွက်ကို
ပေါက်သတ်နေတဲ့ ဒေါသဇော ပြဌာန်း
နေတဲ့အကုသိုလ်ဇောတွေ ဘယ်လောက်
ဖြစ်မလဲ မှန်းမျှော်ပြီးကြည့် မျက်စိတစ်
မှိတ်လို့ခေါ်ဆိုအပ်တဲ့အချိန်ကာလအတွင်းမှာဒီအကုသိုလ်ဇောတွေသည် သိန်းနဲ့ချီပြီး
အမှုတော်ကိုထမ်းရွက်နေကြပါတယ်။

ဒီတော့ငါးမိနစ်လောက်ဆိုရင်ဇောပေါင်း
ဘယ်လောက်ဖြစ်မလဲစဉ်းစားကြည့်။
အဲဒီဇောတစ်ခုခုသည်အပါယ်လေးဘုံမှာ
ပဋိသန္ဓေဖြစ်စေနိုင်တဲ့စွမ်းအားအပြည့်အ
ဝရှိတယ်။

အပါယ်လေးဘုံကလွတ်မြောက်လာပြီး
လူ့လောကကိုရောက်လာရင်လဲအနာ
ရောဂါထူပြောခြင်း၊စတဲ့မကောင်းကျိုးတွေ
ဆက်တိုက်ပေါ်လာတတ်တယ်။

ဒါဟာဘာကိုအခြေခံလဲလို့မေးရင်
မိမိရဲ့ကိုယ်ကျင့်သီလကိုသန့်ရှင်းစင်ကြည်
အောင်ကျင့်ကြံအားထုတ်မှုမရှိခြင်းအပေါ်
မှာအခြေတည်နေပါတယ်။

ဒါကြောင့် အခုလိုအသိဉာဏ်ရှိနေတဲ့ဘ
ဝတစ်ခုကိုရကြပြီ ။

ဘုန်းကြီးတွေကလဲတရားအကြိမ်ကြိမ်
ဟောနေပြီ ။

သာသနာတော်ကိုကြည်ညိုတဲ့စိတ်ထား
တွေလဲပေါ်နေပြီ။

တရားဘာဝနာတွေကိုလဲ ကျင့်ကြံအား
ထုတ်ခွင့်ရနေပြီဖြစ်ပါတယ်။

ယခုလိုကာလမှာ ဒီလိုမကောင်းတဲ့အကျိုး
ကိုပေးတတ်တဲ့ကိုယ်ကျင့်သီလပျက်စီးမှု
ဆိုတဲ့လုပ်ငန်းရပ်တွေကို မပြုလုပ်သင့်ပါ။

ဘာကြောင့်လဲ ။

မိမိရဲ့အကျိုးကိုမျှော်လင့်တောင့်တခဲ့
တယ်ဆိုရင် သီလပျက်စီးကြောင်းဖြစ်တဲ့ဒု
စရိုက်တရားတွေကိုမကျုးလွန်သင့်ပါ။

ထို့ကြောင့်မြတ်စွာဘုရားရှင်က တုံမေ
သင်ချစ်သားတို့ ဒုသီလ၊ကိုယ်ကျင့်သီလ
ရှိသောပုဂ္ဂိုလ်တို့သည် ဟောထဖြစ်ကြပါ
ကုန်လော့။

မိမိရဲ့မှီခိုအားထားရာအတွက် နံပါတ်တစ်
ပြုကျင့်ရမဲ့တရားကကိုယ်ကျင့်သီလဖြူစင်
အောင် ကာယကံ ဝစီကံ မနောကံ တို့
ကိုကောင်းစွာစောင့်ထိန်းခြင်းပင်ဖြစ်ပါ
သည်။၎င်းသည်ပင်လျှင် မိမိ၏ ကိုယ်း
ကွယ်အားထားရာဖြစ်တော့သည်။

ဖားအောက်တောရဆရာတော်
Forwarded from Nay Zin Latt
.

☯️

( လူပျက်က ပိုလယ်တယ် )


အခုမှ ထရမ့်ကသဘောပေါက်သွားဟန်ရှိတယ်၊

ရုရှားက ဇလန်စကီးထက် ညှိနှိုင်းရတာ ပိုလွယ်ကူပါသတဲ့၊

အမေရိကန်ရော NATO တခုလုံးကိုရော (၃) နှစ်ကျော် ငွေ၊ လက်နက်လိမ်တောင်းပြီး၊ လက်နက်တွေ မှောင်ခိုဈေးကွက်ပို့ ဥရောပမှာ အိမ်တွေဝယ်ထားတာ နည်းတဲ့အရည်အချင်းလား ။


.
Forwarded from Nay Zin Latt
Forwarded from FACT CHECK
ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းမှ မင်းကွန်းရှိ စကစလုံခြုံရေးစခန်းကို PDF များမှ ဝင်းရောက်တိုက်ခိုက်ခဲ့ပြီး စကစတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း မြေပြင်သတင်းများအရသိရှိရ
-
အောက်တန်းကျစွာဖြင့် ပုံကြီးချဲ့ပြီး စကစတပ်ဖွဲ့ဝင် ၇ ဦးသေတယ်လို့ အများအထင်လွဲမှားအောင် ဗြောင်လိမ်ရေးသားထားတဲ့ သတင်းအမှားဖြစ်ပါတယ်

#Disinformations
FACTCHECK
သတင်းမှန်တွေ ဖတ်ဖို့ 👉 နှိပ်ပါ
Forwarded from MWD NEWS
Media is too big
VIEW IN TELEGRAM
မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဖြစ်ကြောင်း Tiktok အကောင့်မှတစ်ဆင့် မဟုတ်မမှန် သတင်းအမှားဖြန့်ဝေခဲ့သူ John (Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိသည်။ ရန်ကုန်၊ ဧပြီ-၂၄ ရက်။
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (🇲🇲)
April-24

▪️ဖလမ်းမြို့သိမ်းအောင်ပွဲ( ၈၉ )ဦးဂိန်တယ်တဲ့။

ဒါတောင်ဒဏ်ရာရတွေ ခြေပြတ်လက်ပြတ် ဒန်းစီးတွေမပါသေးဘူး။

သူတို့ ပဒပ်တွေက မြို့သိမ်းတိုက်ပွဲ မြို့သိမ်းတိုက်ပွဲဆိုပြီး ဘာလို့ သင်းချိုင်းကုန်းကိူ အစုလိုက် အပြုံလိုက် ရောက်ကုန်ကြတာလဲ ဖီဖီ🤔
😉😉😉
လိုရာ ပြည့်ဝကြပါစေ၊ မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ🙏🙏🙏
Forwarded from Nay Zin Latt
.

☯️

ကက်ရှိမီးယားက (၂) ပိုင်းရှိတယ်၊ အိန္ဒိယအုပ်ချုပ်မှုအောက်မှာရှိတဲ့အပိုင်းနဲ့ ပါကစ္စတန် အုပ်ချုပ်မှုအောက်မှာရှိတဲ့အပိုင်း၊

အခုဖြစ်သွားတာက အိန္ဒိယအုပ်ချုပ်မှုအောက်မှာရှိတဲ့ ကက်ရှ်မီးယားက Pahagam မှာဖြစ်ပါတယ်၊ အကြမ်းဖက်ပစ်ခတ်မှုကြောင့် လူ (၂၈) ယောက်သေတယ်၊

ပါကစ္စတန်အခြေစိုက် TRF အကြမ်းဖက်အဖွဲ့က သူတို့လက်ချက်လို့ကြေငြာသွားတယ်၊

မိုဒီက ပါကစ္စတန်ကို Land of terror အကြမ်းဖက်တွေမွေးဖွားရာနိုင်ငံလို့ သုံးထားတယ်၊

ဒီအကြမ်းဖက်မှုကို နိုင်ငံတကာကလဲ ဝိုင်းပြီးရှုံ့ချလိုက်ကြတာတွေ့ရတယ်၊

( ကက်ရှ်မီးယားဒေသဟာ Flash point ပါ၊ ​ြှိတိသျှတွေ မွှေးခဲ့တဲ့မီး ဖြစ်ပါတယ် )



BaMg ☯️

.
Forwarded from Nay Zin Latt
Forwarded from Nay Zin Latt
တပ်မတော်မှ အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက်တိုက်ခိုက်သော သူပုန်များ၏ ယုတ်မာသည့်လုပ်ရပ်များ (ဧပြီ ၂၃ ရက်)

(၁) နန့်မွန်း (ကချင်ပြည်နယ်)

ဧပြီလ ၂၃ ရက် မနက်ပိုင်းအချိန်က ကချင်ပြည်နယ်၊ နန့်မွန်းမြို့အနီးရှိ တပ်စခန်းတစ်ခုအား အကြမ်းဖက် KIA ၄၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် စစ်သည် ၁ ဦး ကျဆုံးပြီး ပြည်သူ့စစ် ၁ ဦး ဒဏ်ရာရရှိကာ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် KIA ၂ လောင်း
(၂) M-22 သေနတ် ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) 4 Channel Jammer ၁ ခု

တို့အား သိမ်းဆည်းရရှိခဲ့။
-
(၂) ဗန်းမော်

ဧပြီလ ၂၃ ရက် ညနေပိုင်းအချိန်က ဗန်းမော်မြို့ရှိ တပ်ရင်းဌာနချုပ်တစ်ခုအား အကြမ်းဖက် KIA အဖွဲ့က လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့၍ မှီခိုသား/သမီး ၂ ဦး၊ အရပ်သားဝန်ထမ်း(ထမင်းချက်) ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါသည်။
-
(၃) မူဆယ်

ဧပြီလ ၂၃ ရက် နေ့လည်အချိန်က ကောင်းမှုတုံရပ်ကွက်၊ ဖူလီလိုက်လမ်းတွင် လူသတ်/ပြန်ပြေးဆွဲနေသည့် အကြမ်းဖက် သမားများရောက်ရှိနေကြောင်း ဒေသခံများ၏ သတင်းပေးမှုကြောင့် သွားရောက်ရှင်းလင်းရာ ထိတွေ့မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA (ယူဆရသူ) ၂ လောင်း
(၂) M-16 သေနတ် ၁ လက်
(၃) ပစ္စတို ၁ လက်
(၄) ကျည်အိမ်/ ခဲယမ်းများ

သိမ်းပိုက်ရရှိခဲ့ပါသည်။
-
(၄) ကျောက်ဂူ

ဧပြီလ ၂၃ ရက် မွန်းလွဲအချိန်က ကျောက်ဂူရွာအနီးရှိ တပ်စခန်းတစ်ခုအား အကြမ်းဖက် DPLA ၄၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် DPLA ၃ လောင်း
(၂) သေနတ်မျိုးစုံ ၃ လက်
(၃) ကျည်အိမ်/ ကျည်ဆန်များ
(၄) လက်ပစ်ဗုံး ၁၁ လုံး
(၅) အိုင်ကွန် ၁ လုံး
(၆) စိတ်ကြွဆေးပြား ၂၂ ပြား

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
(၅) လေးမျက်နှာ

ဧပြီလ ၂၃ ရက် မနက်ပိုင်းအချိန်က လေးမျက်နှာမြို့၏ အနောက်တောင်ဘက် မီတာ ၂၀၀၀၀ ခန့်အကွာတွင် လခရစစ်ကြောင်းနှင့် အကြမ်းဖက် ၁၅ ဦးတို့ ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် ၂ လောင်း
(၂) လက်နက်မျိုးစုံ ၃ လက်
(၃) ဖုန်း ၄ လုံး
(၄) ကျည်အိမ်/ ကျည်ဆန်များ

သိမ်းပိုက်ရရှိခဲ့ပါသည်။
-
(၆) တုံးတံတား (ကရင်ပြည်နယ်)

ဧပြီလ ၂၃ ရက် နေ့လည်ပိုင်းအချိန်က ကရင်ပြည်နယ်ရှိ တုံးတံတားစခန်းအား အကြမ်းဖက် KNLA ၂၀ ဦးခန့်က တိုက်ခိုက်ရန် ချဉ်းကပ်လာသဖြင့် စတင်ပစ်ခတ်ခဲ့ရာ ထိတွေ့တိုက်ပွဲ အနည်းငယ် ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် KNLA ၂ လောင်း
(၂) လက်နက်မျိုးစုံ ၂ လက်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
အထက်ဖော်ပြပါဖြစ်စဉ်များသည် အကြမ်းဖက်သူပုန်များအနေနဲ့ ငလျင်ကယ်ဆယ်ရေးလုပ်ငန်း အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ရန် တပ်မတော်မှ အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပါသည်။
-
လာရောက်တိုက်ခိုက်သည့်ရန်သူများအား တုံ့ပြန်ရန်အခွင့်အရေးအရ တန်ပြန်ချေမှုန်းခြင်းသာ ဖြစ်ပါသည်။ တပ်မတော်မှ စတင်တိုက်ခိုက်ခြင်းမျိုး မရှိပါ။
-
တိုက်ပွဲသတင်းစုံ