Fifty Two News
24.8K subscribers
20.9K photos
465 videos
2.86K links
Download Telegram
ငလျင်ကယ်ဆယ်ရေးအဖွဲ့များအား နှောင့်ယှက်တိုက်ခိုက်နေသည့် အကြမ်းဖက်စခန်းအား သိမ်းပိုက်ရရှိ

ဧပြီ ၁၆ ရက် မနက်ပိုင်းအချိန်က မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းရွာအနီးတွင် အခြေပြု၍ ငလျင်ကယ်ဆယ်ရေးအဖွဲ့များနှင့် ကယ်ဆယ်ထောက်ပံ့ယာဉ်တန်းများအား နှောင့်ယှက် တိုက်ခိုက်နေသည့် အကြမ်းဖက် PDF စခန်းအား တပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရှိရပါသည်။ (သတင်းဆက် ထပ်မံဖော်ပြပေးပါမည်)
-
တိုက်ပွဲသတင်းစုံ
Forwarded from MWD News
This media is not supported in your browser
VIEW IN TELEGRAM
အကြမ်းဖက်သမားများက မုံရွာမြို့ဘက်သို့ ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံး ၁ လုံးအား သိမ်းဆည်းရမိသည်။ ရန်ကုန်၊ ဧပြီလ ၁၆ ရက်။
Forwarded from View of Sue
နပိတ်တွေ ဖြစ်ချင်တာက
နိုင်ငံတကာက သနားဂရုဏာသက်စရာ စကစရဲ့ ဖိနှိပ်ခံနေရတဲ့ ပြည်သူတွေအဖြစ်မြင်ခံရဖို့

တကယ်ဖြစ်နေတာက
ရောက်လေရာအရပ်နိုင်ငံတွေမှာ
ချဉ်ဖတ်အဖြစ် 🤮

ဒါကြောင့် နပိတ်တွေကို ငါတို့ ရွံတာ မမှားပါ။
ဘယ်သူကမှ ဒင်းတို့ကို မနှစ်မြို့ပါ။

ဘာကြောင့်ဆို စရိုက်မကောင်းတဲ့လူတွေမို့ပါ။
Forwarded from Ko Thet
နှစ်ဆန်းတစ်ရက်နေ့မှာ နှစ်ဟောင်းက မကောင်းမှု အညစ်အကြေးများကို ကုန်စင်အောင် သင်္ကြန်ရေဖြင့် ဆေးကြောခဲ့ပြီး သန့်ရှင်းစင်ကြယ် ပျော်ရွှင်ရတဲ့ နှစ်သစ်လေးကို ပိုင်ဆိုင်နိုင်ပါစေ...
-
နှစ်သစ်နဲ့အတူ ကံကောင်းခြင်းတွေ ပြည့်စုံပြီး ချစ်ခင်ရတဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ပြီး နောက်နှစ်ပေါင်း များစွာတိုင် စီးပွားလာဘ်လာဘတွေ ဒီရေအလား တိုးတက်ကြပါစေ...
-
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကောင်းခြင်းမင်္ဂလာ ကောင်းကျိုးချမ်းသာများစွာ ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ် ခင်ဗျာ 🙏🙏🙏
Forwarded from Ko Thet
မင်္ဂလာနှစ်သစ် ရွှေခေတ်ဖြစ်

ပိတောက်ငုဝါ
သူတို့မှာလည်း၊ ရွှေဝါဝင်းဝင်း
ရွှေအဆင်းနှင့်။

ပင်အိုပင်ဟောင်း
သစ်ပင်ပေါင်းလည်း၊ ရွက်ဟောင်းကိုပစ်
ရွက်နုသစ်နှင့်။

ငှက်ရွှေ ဥသြ၊ သူ့တယောလည်း
သံနှောအနှစ်၊ တေးအသစ်နှင့်။

ကာလချိန်ခါ၊ ရာသီမှာလည်း
ဟောင်းကာကျန်ရစ် နှစ်အသစ်နှင့်။

သြော်
နှစ်သစ်ချိန်ခါ၊ မင်္ဂလာတည့်
ညီညာဖျဖျ၊ ပြည်သာလှဖို့
သူက အစ၊ ငါကအဆုံး
ဖြူနှလုံးနှင့်၊ လက်ရုံးဖွင့်လှစ်
ဉာဏ်အသစ်နှင့်၊ စိတ်သစ် လူသစ်
မြန်ပြည်ချစ်၍၊ အသစ်မွေးဖွား
တို့ကြိုးစားလျှင်၊ ပြည်တစ်ခွင်က
ကြည်လင်လန်းဆန်း၊ ဘေးမသန်းဘဲ
ငြိမ်းချမ်းနှစ်သစ်၊ ဂုဏ်အနှစ်နှင့်
ရွှေခေတ် ရွှေနှစ် ဖြစ်ရမည်။

အောင်နိုင်သူ ( ဇွဲကပင်)
https://www.tiktok.com/@kothet8888888/photo/7494125269532396808?is_from_webapp=1&sender_device=pc&web_id=7402886078983980545
Forwarded from Nay Zin Latt
.

☯️

လူတွေမှာ Soul ဆိုတဲ့ဝိဉာဉ် အမှန်တကယ်ရှိကြောင်း ထင်ရှားတဲ့ ပညာရှင် (၄) ဦးက သူတို့စမ်းသပ်ချက်တွေနဲ့ အတည်ပြုပြောကြားတယ်၊

ဗုဒ္ဓမတိုင်မီက "အတ္တကောင်" လို့ခေါ်တွင်ကြပြီး အတ္တအခြေခံနဲ့လွတ်မြောက်ကြောင်းကိအြခြေခံခဲ့ကြတယ်၊ ဗုဒ္ဓလက်ထက်ကျမှ " အနတ္တ" ဖြစ်လာတာပါ၊

ဝိညာဉ်ကောင်လို့ ခေါ်နေကြတဲ့အရာကို " နာမ်" လို့ခေါ်ပါတယ်၊ နာမ်ဟာ စိတ်နဲ့စေတသိက်ပေါင်းထားတဲ့အရာပါ၊ စိတ်ဖြစ်တာနဲ့ စေတသိက်လဲ ယှဉ်တွဲဖြစ်ကြရတယ်၊

စိတ်ကအာရုံကိုညွှတ်တဲ့သဘာဝရှိပြီး အာရုံပေါ်ရောက်တဲ့အခါမှာ ( အာရုံအလိုက် ) " ဇော" တွေကိုထုတ်လုပ်တယ်၊

သာမာန်အားဖြစ် "ဇော" (၇) ကြိမ်စောပြီး၊ ပထမဇောက လက်ရှိဘဝကိုအကျိုးပေးပြီး၊ သတ္တမဇောက ကပ်လျက်ဘဝ (နောက်ဘဝ) ကိုအကျိုးပေးတယ်၊ အလယ် (၅)ဇောက နိဗ္ဗာန်မရမချင်း ဘဝအဆက်ဆက်လိုက်အကျိုးပေးပါတယ်၊

ဒါကြောင့် အကုသိုလ်ကြီးတွေ မဖြစ်စေချင်တာပါ၊ တကြိမ်ထဲမက ဘဝအဆက်ဆက်အကျိုးပေးတတ်လို့ပါ၊

သေကာနီးကျတော့ (စုတိ) ဇောတွေအားနည်းသွားပြီ ဇော (၅)ဇောပဲ စောပါတော့တယ်၊ နာမ်ဟာ စွမ်းအင်အစုအဝေးဖြစ်လာတဲ့အတွက်ကြောင့် အကြောင်းတွေကို မဖြတ်နိုင်သမျှ အကျိုးတွေကြောင့် ဘဝတွေအဖန်ဖန်ဖြစ်လာကြရတာပါ၊

ဗုဒ္ဓက စိတ်အကျဉ်း (၈၉)၊ အကျယ် (၁၂၁) နဲ့စေတသိက် (၅၂) လုံးအထိ အသေးစိတ်ဟောထားခဲ့ပြီးဖြစ်ပါတယ်၊ စိတ်အကျယ်က လောကုတ္တရာစိတ်တွေမှာပဲဖြစ်တဲ့စိတ်မျိုးပါ။


BaMg ☯️

.
Forwarded from Nay Zin Latt
Forwarded from View of Sue
စိတ်ကြွဆေးပြား ၁၆၅သန်း ထုတ်နိုင်သည့် ကဖင်း ၁၂ တန်ခွဲ တာချီလိတ်တွင် ဖမ်းမိ

မဲခေါင်၊ ဧပြီ ၁၆

လာအို - မြန်မာနယ်စပ်မှ မဲခေါင်မြစ်ကြောင်းကို ဖြတ်ကျော်ကာ တာချီလိတ်မြို့နယ်အတွင်း တင်သွင်းလာသည့် ကဖင်း ၁၂တန်ခွဲကို ဧပြီလ ၁၃ရက် ညနေပိုင်းက ဖမ်းဆီးရမိကြောင်း မြန်မာမူးယစ်ရဲတပ်ဖွဲ့နှင့် ထိုင်းအခြေစိုက် Maesai Press တို့တွင် ဖော်ပြသည်။

ဖမ်းဆီးရမိသည့် ကဖင်းများမှာ ဗီယက်နမ်နိုင်ငံထုတ်ဖြစ်ပြီး လာအိုနိုင်ငံမှတဆင့် မဲခေါင်မြစ်ကြောင်းကို ဖြတ်သန်းကာ တာချီလိတ်မြို့နယ်အတွင်း မှောင်ခိုတင်သွင်းလာခြင်းဖြစ်ကြောင်း၊ ယင်းကဖင်းများကို ရှမ်းအရှေ့နှင့် ရှမ်းတောင်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် စိတ်ကြွဆေးပြားစက်ရုံများသို့ ပို့ဆောင်ရန်ဖြစ်ကြောင်း Maesai Press က ဖော်ပြထားသည်။

စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အဓိကကျသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများထည့်ထားသည့် အိတ်ပေါင်း ၅၀၀ ကို ဖမ်းမိခြင်းဖြစ်ပြီး အလေးချိန် ၁၂ . ၅ တန်ရှိကြောင်း၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ စက်မှုဇုန်ကွက်သစ်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း၊ ဧပြီ ၁၃ရက် ညနေ ၃ နာရီခွဲအချိန် ကဖင်းအိတ်များအား ဆမ်ဖူးရွာနှင့် နမ့်ဖုန်းရွာကြားရှိ ဘုရားလေးရေဆိပ်မှ သယ်ဆောင်၍ တာဝန်ခံသိုလှောင်ထားသူ အောင်ကျော်ဌေး (ခ)ကျော်ထွေးအား တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်(နို)ကျေးရွာရှိ ၎င်း၏ နေအိမ်တွင်လည်းကောင်း၊ ဧပြီလ ၁၄ ရက်နေ့တွင် ကဖင်းများသယ်ဆောင်ပေးသူများဖြစ်သည့် စိုးမင်းထွန်း(ခ)နောင်ပိုင်စိုး နှင့် မြင့်ဝင်း(ခ)ဦးဝင်း တို့အား တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ကဖင်းများ ပိုင်ရှင်မှာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာနေ အိုက်အွန်(ခ)အိုက်ကျိုင်း ဖြစ်ကြောင်း မြန်မာမူးယစ်တပ်ဖွဲ့ - CCDAC Myanmar ကလည်း ထုတ်ပြန်သည်။

ကဖင်းများကို မြန်မာ-လာအိုနယ်စပ်၊ မဲခေါင်မြစ်ကြောင်းမှ စက်လှေဖြင့်သယ်ဆောင်လာပြီး ၎င်းမှတစ်ဆင့် တာချီလိတ်မြို့သို့ တရားမဝင်သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကဖင်းတစ်တန်လျှင် စိတ်ကြွဆေးပြား ၁၃သန်း ထုတ်လုပ်နိုင်သည့်အတွက် ယခုဖမ်းဆီးရမိသည့် ပမာဏမှာ စိတ်ကြွဆေးပြား ၁၆၅သန်း ထုတ်လုပ်နိုင်သည့် ပမာဏဖြစ်ကြောင်း CCDAC Myanmar ၏ ထုတ်ပပြန်ချက်အရသိရသည်။

Source - CCDAC Myanmar, Maesai Press
Forwarded from Nay Zin Latt
ရွှေဘိုဘက်မှာတော့ PDF အချင်းချင်း ရက်ရက်စက်စက်သတ်ဖြတ်ကုန်ပြီ။

လက်နက်တွေရလာတော့ သူဗိုလ် ငါဗိုလ် ဇာတ်လမ်းတွေပေါ့။

NUG လက်အောက်ကဆိုပေမယ့်NUG က ကောင်တွေ ကိုယ်တိုင်ကလည်း မုဒိန်းကောင်တွေဆိုတော့ PDF တွေအပေါ်မှာ သြဇာမညောင်းဘူး။

လုပ်ချင်ရာလုပ်ကြတာ။

ယခင်ကလည်း အချင်းချင်းတွေသတ်။

ယခုလည်းသတ်နေကြတယ်။

နောင်လည်းသတ်နေဦးမှာပဲ။

ဘာကြောင့်ဒီလိုပြောသလဲဆိုရင် မင်းတို့တော်လှန်ရေးက သန္ဓေမမှန်သလို၊ စာမတတ် ပေမတတ်ကောင်တွေက များတော့ ဖြစ်ချင်တိုင်းဖြစ်နေဦးမှာပဲ။

မှိုင်းဝေ
ချင်းပြည်နယ် က
အကြမ်းဖက်တွေ
ဘဝကလည်း ရှေ့ကျတော့လည်း
ပိုးစိုးပက်စက် သေနေရ..

နောက်ပိုင်းကျတော့...ပထွေးက လိုက်ပွဲတွေချည်း..ဇွတ် ကိုင်နေတော့.မိအေး အခါ ခါ နာနေရတဲ့ ဘဝ​ကို ဖြစ်လို့...😆...
မြင်းမူမြို့နယ် အာလကပ္ပကျေးရွာအနီး အကြမ်းဖက် PDF အလောင်း လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၀ ရက် #FiftyTwoNews

ဧပြီလ ၁၉ ရက် နေ့လည် ၁၂ နာရီခန့်က မြင်းမူမြို့နယ်တွင် နယ်မြေရှင်းနေသည့် လုံခြုံရေးအဖွဲ့များသည် အာလကပ္ပရွာအနီး အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ

-အကြမ်းဖက် pdf ၁ လောင်း
-M-16 သေနတ် ၁ လက်
-ကျည်အိမ် ၂ ခု
- M-16 ကျည် ၁၈ တောင့်
-လမ်းလျှောက်စကားပြောစက် ၁ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

Fifty Two News
သတင်းပေးပို့လိုပါက
https://t.me/FiftyTwo543