Than Lwin Times
422 subscribers
2.07K photos
57 videos
2 files
324 links
Download Telegram
to view and join the conversation
ရာမညဖက်ဒရယ်အင်အားစုသစ်က ဖဲကြိုးဖြူလှုပ်ရှားမှုပြုလုပ်

မော်လမြိုင်၊ ဒီဇင်ဘာ ၁

❝ ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထ အမြစ်ဖြတ်၊
အမျိုးသမီးများအပေါ်အကြမ်းဖက်မှု အဆုံးသတ် ❞ဆိုတဲ့ ဆောင်ပုဒ်နဲ့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF - New Rehmonnya Federated Force) အဖွဲ့၀င်တို့က
ဖဲကြိုးဖြူ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာလ (၂၅) ရက်နေ့ဟာ ကမ္ဘာတစ်ဝန်းမှာ သတ်မှတ်ထားတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပါတယ်။

အမျိုးသမီးများအပေါ် မည်သည့်နည်းနဲ့မဆို ကိုယ်တိုင်အကြမ်းမဖက်ပါဘူး၊ ဒီလို အကြမ်းဖက်မှုတွေကိုလဲ ပပျောက်သွားရန်ကြိုးပမ်းတဲ့နေရာမှာ ပါဝင်ပါမယ်လို့ ကတိပြုတဲ့အနေနဲ့ နိုဝင်ဘာလ (၂၅)ရက်မှ ဒီဇင်ဘာလ (၁၀)ရက်နေ့ထိ (၁၆) ရက်တာလှုပ်ရှားမှုကာလအတွင်း ဖဲ ကြိုးဖြူလေးများကို တပ်ဆင်ကာ ဖဲကြိုးဖြူလှုပ်ရှားမှုကို နှစ်စဥ် ဆင်နွှဲလေ့ရှိကြပါတယ်။

ဓါတ်ပုံ - NRFF
သထုံ NLD အမတ် ဒေါ်မာမာခိုင်ကို အလုပ်နှင့်ထောင်ဒဏ် (၁)နှစ် အမိန့်ချ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁)

ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သထုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ စစ်ကောင်စီက အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်မာမာခိုင်ကို စစ်ကောင်စီက နိုဝင်ဘာ ၃၀ ရက်နေ့မှာ သထုံဇင်မသွယ်အကျဉ်းထောင်က အထူးတရာရုံးမှာ အမိန့်ချလိုက်တာ ဖြစ်ပါတယ်။


ဒေါ်မာမာခိုင်ကို စစ်ကောင်စီက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်တာ၊ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ ပါဝင်ပေးဖို့ လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ပြီးနောက် ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

သထုံ အမတ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ သထုံ NLD ပါတီ အလုပ်မှုဆောင်အဖွဲ့ ဦးဉာဏ်ထွန်းတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီက ၂ ဦးစလုံးကို ၅၀၅(က)နဲ့ အမှုဖွင့်ခဲ့ပေမယ့် ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်
“ပြင်ပ ဝင်ပေါက် ကနေပြီးတော့ သင်တန်း တက်နေတဲ့ ဆရာ ဆရာမတွေပဲ ရှိပါတယ်၊ ထက် လယ် မူပေါ့ အခု လုပ်ငန်းခွင့် ဝင်ဖို့ သင်တန်း တက်နေကြတဲ့ အဖွဲ့တွေ၊ အခု မူလတန်း ဆိုလို့ရှိရင် (၁၀၀)ကျော်ပေါ့၊ အထက်တန်း ကျတော့ ရွေးချယ် တာတော့ အများကြီးပါပဲ” လို့ မွန်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

https://bit.ly/3o912vM
တနင်္သာရီမှာ CDM ဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁)

တနင်္သာရီတိုင်း၊ ထားဝယ်နဲ့ မြိတ်မြို့တို့မှာ အခုရက်ပိုင်းအတွင်း CDM ဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာတော့ စစ်အာဏာဆန့်ကျင်ရေး သပိတ်ခေါင်းဆောင်တွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အများစု ပါဝင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲ ပါဝင်တာ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ငွေကြေး ထောက်ပံ့တာ၊ ဆက်သွယ်တာ စတဲ့ စွပ်စွဲချက်တွေ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရမှု အခြေအနေအရ မြိတ်မြို့မှာ နိုဝင်ဘာလအတွင်း ၅၀ ဦး ထက်မနည်း ဖမ်းဆီးခံထားရတာ ဖြစ်ပြီး ထားဝယ်မြို့မှာတော့ ၄၀ ဦးထက်မနည်း ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

" ဒီ ၁၁ (နိုဝင်ဘာ)လပိုင်းထဲမှာပဲ ကျွန်တော်တို့ဘက်က အင်အားတော်တော်များများ ပါသွားတယ်၊ ၅၀ ဦးလောက်ရှိပြီးပေါ့၊ အဖမ်းခံရတာတော့ သေချာတယ်၊ ဒီအဖမ်းခံရတဲ့သူတွေက မြိတ်မြို့ပေါ်မှာက တက်ကြွလှုပ်ရှားနေသူတွေပဲ ရွာတွေဘက်က မပါသေးဘူး။ NUG နဲ့ PDF တပ်ဖွဲ့တွေကို ဆက်သွယ်ထောက်ပံ့နေတယ်ဆိုပြီး ပုဒ်မအမျိုးမျိုးတပ်ပြီးဖမ်းတာပေါ့” လို့ မြိတ်ဒေသခံ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာတော့ ထားဝယ်သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာနက ကိုထူးမြတ်လွင် ၊ 7 day သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်းတို့လည်း ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေကို စစ်ကောင်စီက ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားရလဲဆိုတာ မသိရသေးသလို ယနေ့အချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မကြသေးပါဘူး။

သတင်း - သံလွင်တိုင်းမ်
စစ်ရှောင် ကိုယ်ဝန်သည်အမျိုးသမီးတွေ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁)

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမျိုးသမီးတွေဟာ ကျန်မာရေးလက်လှမ်းမမီတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အဲ့ဒီအထဲမှာ ကိုယ်ဝန်သည်အမျိုးသမီးတွေနဲ့ မီးဖွားပြီးခါစအမျိုးသမီးတွေဟာ ကျန်မာရေးလက်လှမ်းမမီတဲ့ ပြဿနာတွေကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် စစ်ဘေးရှောင်နေရတဲ့ ကိုယ်ဝန်သည်တွေနဲ့ မီးဖွားပြီးခါစအမျိုးသမီးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ အထူး လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလင်းထက်က ပြောပါတယ်။

“ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ သွားရလာရခက်ခဲတာတွေ ထွက်ပြေးတိမ်းရှောင်ရတဲ့ အချိန်မှာလည်း မီးဖွားရတဲ့အခြေအနေမှာ အနီးကပ်ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမျိုးသမီးတွေဆိုလို့ရှိရင် အထူးသဖြင့် ကိုယ်ဝန်သည်တွေဆိုလို့ရှိရင် သူတို့အတွက်က သွားရေးလာရေးက ခက်ခဲတယ်။ မီးဖွားခါနီး အမျိုးသမီးတွေဆိုလို့ရှိရင် စိုးရိမ်စရာတွေအများကြီးရှိတယ်။ ဘယ်လိုမွေးဖွားရမလဲ ကျန်းမာရေးစောင့်ရှောက်မှုက ဘယ်ကရမလဲဆိုတာ သူတို့အတွက် စိုးရိမ်စရာတွေ အများကြီးရှိပါတယ်” လို့ ဆိုပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေတွေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ် တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် သောင်းနဲ့ချီ ရှိနေပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံး (KWO) ရဲ့အဆိုအရ ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်တစ်ခုတည်းမှာပင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးဦးရေ ၄၀၀ ကျော်ရှိနေပြီး ၄င်းတို့အတွက် ဆေးဝါးအကူအညီနဲ့ အာဟာရဖြစ်စေမယ့် အစားအစာတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ်လာတာနဲ့အတူ ဒေသခံအမျိုးသမီးတွေကို ရိက္ခာနဲ့ စစ်ရေးပစ္စည်းတွေ အဓမ္မသယ်ခိုင်းတာတွေနဲ့၊ လူသားဒိုင်းကာအဖြစ် ခေါ်ယူအသုံးပြုတဲ့ လူ့အခွင့်အရေးချိုးဖောက်တွေ ကို ဆက်တိုက် ကျူးလွန်နေတာ ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်
စစ်အာဏာသိမ်း ရက် (၃၀၄) အတွင်း သတ်ဖြတ်ခံရသူ ၁၃၀၀ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ ၂

AAPP ၏ ဒီဇင်ဘာ ၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၃၀၄)အတွင်း ပြည်သူ (၁၃၀၀)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးခံရသူပေါင်း ၁၀၅၉၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။

ဝရမ်းထုတ်ခံရသူပေါင်း (၁၉၅၄) ဦးအထိရှိလာခဲ့သည်။

အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့ပြီး မွန်ပြည်နယ်တွင် ကျဆုံးသူ ၁၂ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀)ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်
ကိုးကား - AAPP See less
မွန်ပြည်နယ်မှာ လအတော်ကြာရပ်နားထားတဲ့ မြို့ဝင်ကြေးတွေ ပြန်လည် ကောက်ခံ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂)

မွန်ပြည်နယ်မှာ ၆ လနီးပါးအကြာ ကောက်ခံမှု ရပ်နားထားတဲ့ မြို့ဝင်ကြေးတွေကို အာဏာသိမ်း စစ်ကောင်စီက ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ပြန်လည် ကောက်ခံလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ဝင်ကြေးကောက်ခံနေတဲ့ဂိတ်တွေကို စစ်ကောင်စီက ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ဇွန်လလကုန်ပိုင်းကစပြီး ယာယီပိတ်သိမ်းထားခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ စစ်ကောင်စီဟာ မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်ရှိ မြို့ဝင်ကြေး ကောက်ခံရေးဂိတ် ၁၇ ခုစလုံးကို ပြန်လည် ဖွင့်လှစ်ပြီး စတင်ကောက်ခံလာခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်း မြို့ဝင်ကြေးဂိတ်ကောက်ခံရေးဂိတ်တွေကနေ နှစ်စဉ် အခွန်ငွေ ကျပ် ၂ ဘီလီယံနီးပါး ရှာပေးနေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် မြို့ဝင်ကြေးကောက်ခံရေးဂိတ် ၃ ခုထက်မနည်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီမြို့ဝင်ကြေးကောက်ခံရေးဂိတ်တွေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်တုန်းက မွန်ပြည်နယ် လွှတ်တော်မှာ ဖျက်သိမ်းပေးဖို့ အဆိုတင်သွင်းထားခဲ့တာ ဖြစ်ပြီး၊ မဲခွဲဆုံးဖြတ်ရာမှာတော့ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်
မော်လမြိုင် NLD အမတ် ဒေါ်နွယ်နွယ်အောင် အကြမ်းဖက် ဥပဒေနဲ့ အမှု စွဲတင်ခံရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂)

ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုစွဲတင်လိုက်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

NLD အမတ် ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ နိုဝင်ဘာ ၂၆ ရက်နေ့က ချုပ်ရက် ရမန်ပြည့်ပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ နဲ့ အမှုစွဲတင်လိုက်တာ ဖြစ်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ ဟာ ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်ပါ အမိန့်ချမှတ်နိုင်ပါတယ်။

ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ မော်လမြိုင်ဈေးကြိုရပ်ရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတောNLD အမတ် ဒေါ်နွယ်နွယ်အောင်ကို အာဏာသိမ်း စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်ဟာ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ ဥက္ကဋ္ဌ လည်း ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်