Forwarded from Girl Rules (2026) GL
I Wanna Be Sup'tar (2026)
Ep-7
https://t.me/blackholethaifilm/537
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#IWannaBeSuptar #thaiseries #ongoing #mmsub #GL #blackhole
Ep-7
https://t.me/blackholethaifilm/537
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
Harmony secret ထဲက အသွက်ကလေးနဲ့ ရေခဲတုံးမမတို့အတွဲလေး main CP အနေနဲ့ ပွဲထွက်လာပါပြီ။
နှစ်စကတည်းက GL ရှားပါးနေလို့ မပျော်မရွှင်ဖြစ်နေတဲ့ GL fandomကြီးအတွက် Oasis ဇာတ်ကားလေးဆိုတော့ ကျွန်တော်တို့ Ash Channel က အချိန်နဲ့တစ်ပြေးညီ ချက်ချင်းပဲ တင်ဆက်ပေးသွားမှာပါ။
"စူပါစတား" ဖြစ်ဖို့ဆို ဘာမဆိုလုပ်ရဲတယ်၊ အနုပညာလောကထဲ ဝင်ရောက်ဖို့ အသည်းအသန် ကြိုးစားနေတဲ့ "Wannabe Sup'tar" သာမန်ကောင်မလေးတစ်ယောက်နဲ့
တစ်ဖက်မှာကျတော့ အောင်မြင်မှုထိပ်တန်းကို ရောက်ပြီးသား၊ ဒါပေမဲ့ လောကဓံရဲ့ ရိုက်ပုတ်မှုတွေ၊ အနုပညာလောကရဲ့ ရက်စက်မှုတွေကို စိတ်ကုန်ပြီး အရာအားလုံးကို ကျောခိုင်းထွက်ပြေးချင်နေတဲ့ "Real Sup'tar"
ရည်မှန်းချက်ချင်း လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဒီအမျိုးသမီးနှစ်ယောက်... ကံကြမ္မာအလှည့်အပြောင်းကြောင့် အိမ်တစ်အိမ်တည်းမှာ မဖြစ်မနေ အတူတူ နေရဖို့ ဖြစ်လာတဲ့အခါ
အိမ်ပြောင်းလာတဲ့သူနဲ့ အိမ်ကနေမဖယ်ပေးချင်တဲ့သူတို့ကြားက အားပြိုင်ပွဲတွေ၊ မတည့်အတူနေ Roommate တွေရဲ့ ဗရုတ်သုက္ခ အလွဲတွေကြားကနေ…
"မုန်းလေ ချစ်လေ" ဆိုတဲ့အတိုင်း ရန်ဖြစ်ရင်းကနေ သံယောဇဉ်တွေ ဘယ်လိုငြိသွားကြမလဲ။ အနုပညာလောကရဲ့ နောက်ကွယ်က ဒရာမာတွေ၊ အခက်အခဲတွေကို နှစ်ယောက်သား ဘယ်လိုလက်တွဲကျော်ဖြတ်ကြမလဲဆိုတာ... တကယ့်ကို ရသစုံစုံလင်လင်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမယ့်ကားလေးပါပဲ။
Plot တွေ ဘယ်လောက်ကောင်းလဲဆိုတာ မူရင်းမှာကတည်းက နာမည်ကြီးခဲ့တဲ့ ဒီဇာတ်လမ်းကို သိတဲ့သူတွေ အသိဆုံးပါနော်။ ဒီတစ်ခါ GL Version နဲ့ဆိုတော့ Chemistry က ပိုတောင်မိုက်နေဦးမှာ ဖြစ်လို့ ခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦးစို့။
#IWannaBeSuptar #thaiseries #ongoing #mmsub #GL #blackhole
Forwarded from 4 Elements: The Water (2026) GL
Playboy (and the Gang of Cherry) (2017)
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1353
#PlayboyandtheGangofCherry #thaimovies #mmsub
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1353
ဒီဇာတ်ကားလေးကတော့ နာမည်ကြီးမင်းသား Gun Atthaphan Phunsawat ပါဝင်ထားပြီး ၂၀၁၇ ခုနှစ်တွင် ထွက်ရှိခဲ့သည့် ထိုင်းရုပ်ရှင်လောက၏ အငြင်းပွားဖွယ်ရာ အကောင်းဆုံးနှင့် အဆန်းကြယ်ဆုံးသော Independent ရုပ်ရှင် (Indie Film) ဖြစ်ပါတယ်။
ပုံမှန်ရုပ်ရှင်ကားမျိုး မဟုတ်ဘဲ အနုပညာဆန်ဆန်နဲ့ လူသားတွေရဲ့ စိတ်ရိုင်းတွေ မီးမောင်းထိုးပြထားပါတယ်။ လိင်ပိုင်းဆိုင်ရာ ပြကွက်တွေ၊ အကြမ်းဖက်တာတွေပါဝင်နေတဲ့အတွက် အသက် (၁၈) နှစ်ပြည့်ပြီးသူများသာ ကြည့်ရှုရန် သင့်လျော်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဂျိန်းစ် မက် ချယ်ရီနဲ့ လူငယ်လေးတစ်စုဟာ လိင်ကိစ္စ မူးယစ်ဆေးကိစ္စတွေနဲ့ ပါဝင်ပတ်သက်မိကြရင်းက ရာဇဝတ်မှုတွေထဲ ဆက်တိုက်ဆိုသလို ပါဝင်ပတ်သက်မိသွားခဲ့ကြပါတယ်။ ဘယ်လိုပဲ ရုန်းထွက်ချင်ပေမဲ့ ကြိုးကိုင်သူတွေ၊ ထိန်းချုပ်စီမံနေသူတွေရဲ့ ရက်စက်ကြမ်းတမ်းမှုတွေက သူတို့အတွက် သာမန်ဘဝနဲ့ နေဖို့ရာ ခက်ခဲလာစေပါတယ်။ ဒီလိုနဲ့ Playboy ဆိုတဲ့ လိင်ဖျော်ဖြေသူတွေ ဖြစ်လာခဲ့ကြပါတယ်။ မလွတ်လပ်တဲ့ ဘဝမှာ စိတ်ထွက်ပေါက်ပေးမိရာက လူသတ်မှုတွေပါ ကျူးလွန်မိတဲ့အထိ ဖြစ်သွားတဲ့အခါ...
#PlayboyandtheGangofCherry #thaimovies #mmsub
❤1
Forwarded from Yesterday (2026)
Cool Gel Attacks (2010)
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1354
#CoolGelAttacks #thaimovies #mmsub
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1354
ဒီဇာတ်ကားလေးကတော့ ထိုင်းဟာသကား ကြိုက်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဒါရိုက်တာ Jaturong Mokjok ရိုက်ကူးပြီး ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jaturong Mokjok၊ Jim Chuancheun ၊ Pattarasaya Kreursuwansiri (Peak)တို့ အဓိက ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း...
နယ်မြို့လေးမှာ ထူးဆန်းတဲ့ အပြာရောင်ဂျယ်လီတုံးလေးတွေ ကျလာပြီး အုတ်အောင်သောင်းနင်းဖြစ်ခဲ့ပါတယ်။ လူတွေကတော့ ဒါဟာ ရေခဲအိတ်ထဲက "Cool Gel" တွေလို့ ထင်ပြီး သိမ်းဆည်းထားကြတာပေါ့။ တချို့ကလည်း ကိုးကွယ်ရာတစ်ခုလို သဘောထားကြပါတယ်။ ဒီကိစ္စရပ်အတွက် ပညာရှင်များနဲ့ အစိုးရပါ အလုပ်ရှုပ်သွားခဲ့ရပါတယ်။
Cool Gelက ခွန်သီရာချိုင်းဆိုတဲ့ ပေါက်စီလုပ်သူရဲ့ အိမ်နဲ့ ခွန်မြောင်ဆိုတဲ့ ဘေးအိမ်က ရေခဲလုပ်ငန်းလုပ်တဲ့အိမ်ဆီကိုပါ ရောက်လာခဲ့ပါတယ်။ ဒီ Cool Gel တွေဟာ ဥက ပေါက်ကာစမှာ အပြာရောင်နဲ့ချစ်စရာပုံသဏ္ဍာန်လေး ဖြစ်နေပေမဲ့ တကယ်တမ်းမှာ လူတွေကို စားမြိုတဲ့အထိ ရန်ပြုလာတဲ့အခါ ခွန်သီရာချိုင်နဲ့ ခွန်မြောင်တို့ မိသားစု အသက်ရှင်လွတ်မြောက်ဖို့ ရုန်းကန်ရာမှာ အလွဲတွေ အခွီတွေနဲ့ ဘယ်လို စကွီထကြမလဲဆိုတာ ရှုစားလိုက်ကြရအောင်ပါ...
#CoolGelAttacks #thaimovies #mmsub
❤1
Forwarded from The Heart of Yiwha: Of Love & Vengeance ( အချစ်ငြိုးမာန် )
Find Yourself (2023)
အချစ်ကိုရှာတွေ့ချိန် (၂၀၂၃)
Ep-1 to 16 ( The End )
https://t.me/thaiseries_0/2422
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#FindYourself #thaiseries #2023series #mmsub

Find Yourself (2023) ထိုင်းဇာတ်လမ်းတွဲဟာ အသက်အရွယ်ကွာဟချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အချစ်နဲ့ လူမှုပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေကြား ရုန်းကန်ရမှုကို ရသစုံအောင် တင်ဆက်ထားတဲ့ Rom-Com ကားကောင်းတစ်ကားဖြစ်ပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်က သူမထက် အသက်အများကြီးငယ်တဲ့ Intern ကောင်လေးနဲ့ မမျှော်လင့်ဘဲ ချစ်ကျွမ်းဝင်မိတဲ့အခါမှာတော့ တားမြစ်ထားတဲ့ အချစ်တစ်ခုကို လျှို့ဝှက်ထိန်းသိမ်းရင်း ရင်ခုန်စရာ အခိုက်အတန့်တွေနဲ့အတူ လက်တွေ့ဘဝရဲ့ ခါးသီးတဲ့စိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်ရမှာပါ။ ဒီဇာတ်လမ်းက "အချစ်မှာ အသက်အရွယ်က အတားအဆီးဖြစ်နိုင်လား" ဆိုတဲ့မေးခွန်းကို အဖြေရှာရင်း ပရိသတ်ကို အပြုံးတွေ၊ မျက်ရည်တွေနဲ့အတူ တစ်ခိုင်လုံး စွဲလန်းသွားအောင် ဖမ်းစားထားနိုင်ပါတယ်။
#FindYourself #thaiseries #2023series #mmsub
❤1
Forwarded from Friends On Fire ( မီးနဲ့ကစားတဲ့နှင်းဆီ )
Love You Teacher (2026)
Ep-2
https://t.me/blackholethaifilm/540
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#LoveYouTeacher #thaiseries #2026series #mmsub #BL
Ep-2
https://t.me/blackholethaifilm/540
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
ဖော့မက် အဖြစ် Perth Tanapon Sukumpantanasan နဲ့ ဆိုလာအဖြစ်
Santa Pongsapak Udompoch တို့က ပါဝင်သရုပ်ဆောင်ထားတဲ့ GMM ရဲ့ကားအသစ် Love You Teacher ကတော့ထွက်ရှိလာပြီပဲဖြစ်ပါတယ်
မူကြိုကျောင်းမှာ ကျောင်းဆရာလုပ်နေတဲ့ ဖော့မက်ဟာ ကလေးမချစ်တဲ့သူတယောက်ဖြစ်ပြီး ကျောင်းဆရာဖြစ်တဲ့ သူ့ရည်းစားဆိုလာကတော့ ကလေးချစ်တဲ့သူတယောက်ဖြစ်ပါတယ်
တနေ့မှာတော့ ဆိုလာက ကားအက်စီးဒင့်ဖြစ်သွားပြီးတော့ မြန်မာကားတွေထဲကအတိုင်း အတိတ်မေ့သလိုရွှေပျောက်သလိုဖြစ်သွားပြီး သူ့ကိုယ်သူ ၇ နှစ်သားအရွယ်ဆန်းဆိုပြီးထင်နေတာ အတိတ်မေ့သွားပါတော့တယ်
ကလေးမချစ်တတ်တဲ့ ဖော့မက်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ၇ နှစ်သားကလေးလို့ထင်နေတဲ့ ဆိုလာကို ဘယ်လိုထိန်းကြောင်းသွားပြီး သူ့ကိုယ်သူပြန်ပြီးမှတ်မိလာအောင် ဘယ်လိုတွေကြိုးစားမလဲဆိုတာကိုတော့ စနေနေ့တိုင်းတင်ဆက်ပေးတော့မှာမလို့ လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်
#LoveYouTeacher #thaiseries #2026series #mmsub #BL
Forwarded from MuTeLuv: Love Me if You Swear (2026)
Timeline (2013)
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1352
#Timeline #thaimovies #mmsub
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1352
ဒီရုပ်ရှင်ဇာတ်ကားလေးကတော့ အပိုင်း ၃ ပိုင်း Anthology ပုံစံနဲ့ တင်ဆက်ထားပြီး ယောက်ျားလေးချင်း ချစ်ကြတဲ့ မတူညီတဲ့ အချစ်ခရီးလမ်းကို ပုံဖော်ပေးထားပါတယ်။ BL ဇာတ်ကားကောင်းလေးတွေကို ပြန်ကြည့်ပြီး Feel ချင်သူတွေအတွက် လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ လူငယ်နှစ်ဦးရဲ့ သန့်စင်တဲ့ အချစ်၊ ချစ်သူဘဝ ပျော်ရွှင်စွာ ဖြတ်သန်းကြပုံ၊ အမှတ်တရတွေ ဖန်တီးကြပုံ၊ ဘဝရဲ့ အချိန်ခရီးရှည်ကြီးမှာ မထင်မှတ်ထားတဲ့ အကြောင်းကိစ္စ၊ မတော်တဆဖြစ်ရပ်၊ ပြဿနာတစ်စုံတစ်ရာတွေက ချစ်သူနှစ်ယောက်ကြား ဝင်ရောက်လာတဲ့အခါ ချစ်ရသူအတွက် ရင်နင့်အောင် ထိခိုက်ခံစားရတဲ့ အမှတ်တရအချိန်တွေကို ထင်ဟပ်သရုပ်ဖော်ပေးထားတဲ့ BL ဇာတ်လမ်းလေးကို စီးမျောခံစားကြည့်လိုက်ရအောင်ပါ။
#Timeline #thaimovies #mmsub
Forwarded from Broken Of Love (2026)
Kaew Na Mah (2026)
မြင်းမျက်နှာနဲ့မိန်းကလေး (၂၀၂၆)
Ep-11
https://t.me/blackholethaifilm/538
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#KaewNaMah #thaiseries #2026series #ongoing #mmsub #blackhole

ဇာတ်လမ်းလေးကတော့ မွေးလာကတည်းက မြင်းနဲ့တူတဲ့ မျက်နှာပေါက်၊ ထိုးထွက်နေတဲ့ သွားတွေကြောင့် လူတကာရဲ့ လှောင်ပြောင် ကဲ့ရဲ့မှုကို ခံနေရတဲ့ "ကဲရောင်" (Kaew) ဆိုတဲ့ မိန်းကလေးကနေ စတင်ထားပါတယ်။ ရုပ်သာဆိုးပေမယ့် ကလောင်းဟာ စိတ်ထားဖြူစင်ပြီး ခွန်အားကြီးမားတဲ့အပြင် ထူးခြားတဲ့ မှော်အစွမ်းတွေလည်း ရှိသူပါ။
တစ်နေ့မှာတော့ တိုင်းပြည်က မင်းသားချော "ပင်ထုန်" (Phra Pin Thong) လွှင့်လိုက်တဲ့ စွန်ဟာ ကလောင်းဆီကို ပြုတ်ကျလာပါတော့တယ်။ ကဲရောင်က အဲဒီစွန်ကို ပြန်ပေးဖို့အတွက် "မင်းသား ကိုယ့်ကို လက်ထပ်ရမယ်" လို့ ရဲရဲဝံ့ဝံ့ တောင်းဆိုရာကနေ ဇာတ်လမ်းစပါတော့တယ်။ မင်းသားက ရုပ်ဆိုးလွန်းတဲ့ ကဲရောင်ကို လုံးဝသဘောမကျဘဲ အမြဲရှောင်ပြေး၊ နှိမ်ချဆက်ဆံရာကနေ ကလောင်းကရော မင်းသားကိုဆက်ချစ်နိုင်မလား ?မင်းသားကရောသူ့ကိုပြန်ချစ်လာမှာလား?ဒီဟာသအချစ်ဇာတ်လမ်းလေးကို ကြည့်လိုက်ရအောင်!!
#KaewNaMah #thaiseries #2026series #ongoing #mmsub #blackhole
Forwarded from Heart Code (2026)
Girl From Nowhere The Reset (2026)
ကောင်းကင်ဘုံမှစီရင်ခန်း (၂၀၂၆)
Ep-3
https://t.me/blcopyright/17
ကောင်းကင်ဘုံမှစီရင်ခန်း (၂၀၂၆)
Ep-3
https://t.me/blcopyright/17
"စာရင်းရှင်းဖို့ အချိန်တန်ပြီလေ..."#GirlFromNowhereTheReset #thaiseries #2026series #ongoing #mmsub
အမြဲတမ်း ပြုံးစစ မျက်နှာလေး ရယ်သံခပ်စူးစူးလေးနဲ့အတူ ကျောင်းတစ်ကျောင်းပြီး တစ်ကျောင်းကို ပြောင်းရွှေ့လာတတ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောင်းသူသစ်လေး နန်နို
နန်နိုက သာမန်ကျောင်းသူလေးတစ်ယောက်တော့ မဟုတ်ပါဘူး အာဏာကို အလွဲသုံးစားလုပ်တဲ့သူတွေ အပြစ်ကင်းသူတွေကို ရက်ရက်စက်စက်အနိုင်ကျင့်တတ်တဲ့သူတွေဆီကို တမင်သက်သက် ချဉ်းကပ်သွားပြီး... သူတို့ရဲ့ဖုံးကွယ်ထားတဲ့လောဘ ရမ္မက်နဲ့ အပြစ်ရှိစိတ်တွေကို သေချာအသုံးချပြီး သူတို့ကိုယ်တိုင် ပြန်လည်ပျက်စီးသွားအောင် ပညာပေးမယ့်သူပါ
အပြင်ပန်းမှာ ဖြူစင်ဟန်ဆောင်နေတဲ့ လူတွေရဲ့စိတ်ကွယ်ရာက အမှောင်မိုက်ဆုံး ယုတ်မာမှုတွေကို နန်နိုက ဘယ်လို အကွက်ကျကျ ဖော်ထုတ်ပြမလဲ
“လုပ်ခဲ့တဲ့အပြစ်တွေအတွက် ပြန်ပေးဆပ်ဖို့ အဆင်သင့်ဖြစ်ပြီလား" ဆိုတဲ့အတိုင်း သွေးအေးအေးနဲ့ ကလဲ့စားချေမယ့် အလှည့်အပြောင်းတွေက ကြည့်နေရင်း ကြက်သီးထရလောက်အောင် ဆွဲဆောင်မှုရှိတဲ့ Thriller, Mystery နဲ့ Psychological ကို ပေါင်းစပ်ထားပြီး ဇာတ်ကွက်တွေက တကယ့်ကို ထိမိလွန်းလို့ အပိုင်းတစ်ပိုင်းပြီးတိုင်း နောက်တစ်ပိုင်းကို ဆက်ကြည့်ချင်စိတ်ဖြစ်အောင် ဆွဲခေါ်သွားမယ့် ဇာတ်ကားလေးမို့ အတူတူ ကြည့်ရှူဖို့ ဖိတ်ခေါ်လိုက်ပါတယ်...
Forwarded from My Stubborn (2025)
A Love So Beautiful (2024)
အချစ်ရဆုံးအချစ်ဦး (၂၀၂၄)
Ep-1 to 18 ( The End )
https://t.me/thaiseries_0/2421
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#ALoveSoBeautiful #thaiseries #2024series #mmsub

"A Love So Beautiful" (2024) ထိုင်းဗားရှင်းဟာ ငယ်သူငယ်ချင်း Chadjen (Dew Jirawat) ကို တစ်ဖက်သတ်ချစ်နေရတဲ့ တက်ကြွရွှင်လန်းတဲ့ မိန်းကလေး Som-O (Prim Chanikarn) ရဲ့ ဆယ်ကျော်သက်အရွယ်ကနေ လူကြီးဘဝအထိ နှစ်ရှည်လများ ခိုင်မြဲခဲ့တဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အေးတိအေးစက်နိုင်လှတဲ့ Chadjen ရဲ့နှလုံးသားကို Som-O က မလျှော့သောဇွဲနဲ့ ဘယ်လိုအရည်ပျော်အောင် လုပ်မလဲဆိုတာကို ရင်ခုန်စရာတွေ့မြင်ရမှာဖြစ်ပြီး၊ သူတို့ကြားထဲကို ရေကူးအားကစားသမား Tao (Neo Trai) ရောက်ရှိလာတဲ့အခါမှာတော့ အချစ်သုံးပွင့်ဆိုင်ကြားက ရွေးချယ်မှုတွေနဲ့အတူ နွေးထွေးတဲ့သူငယ်ချင်းသံယောဇဉ်တွေကိုပါ ရသစုံခံစားရမယ့် Feel Good ဇာတ်လမ်းကောင်းလေးတစ်ခု ဖြစ်ပါတယ်။
#ALoveSoBeautiful #thaiseries #2024series #mmsub
Forwarded from Girl Rules (2026) GL
Duang with You (2026)
Ep-8
https://t.me/blackholethaifilm/539
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
Ep-8
https://t.me/blackholethaifilm/539
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
ဒူအန် အဖြစ် TeeTee Wanpichit Nimitparkpoom#DuangWithYou #thaiseries #ongoing #mmsub #BL #blackhole
ချင် အဖြစ် Por Suppakarn Jirachotikul
ဇာတ်လမ်းအကျဉ်း
ဒူအန် ဟာ အလှဆင်အနုပညာမေဂျာမှာ လူချစ်လူခင်များပြီး တက်ကြွတဲ့ကျောင်းသားတစ်ဦးပါ
ဒူအန် ဟာ ဂီတဌာနရဲ့နာမည်ကြီးဆိုပေမယ့် ရေခဲတုံးလေးလို အေးစက်လှတဲ့ ချင် ကိုတစ်ဖက်သတ် စွဲလန်းနေသူလည်းဖြစ်ပါတယ်
အချစ်ကို ဘယ်လိုဝန်ခံရမလဲဆိုတာကိုမသိတဲ့ ဒူအန် ရဲ့ ပထမဆုံးအကြိမ်ဖွင့်ဟဝန်ခံမှုဟာ ထင်သလောက်ခရီးမပေါက်ခဲ့ပေမယ့် ဒူအန် ကတော့အရှုံးမပေးဘဲ ချင် ရဲ့လျစ်လျူရှူမှုတွေကို ရင်ဆိုင်ရင်း ချင် ရဲ့အချစ်ကို အပိုင်ရဖို့ကြိုးစားခဲ့တယ်
ချင် ကတော့ စိတ်မပါတပါနဲ့ပဲ ကြိုးစားကြည့်လေ ဆိုတဲ့သဘောမျိုးနဲ့ ဒူအန် ကိုသူ့နောက်ကိုလိုက်ခွင့်ပြုထားခဲ့တယ်
အပြောင်းအလဲကတော့ သူတို့နှစ်ယောက်ကို ကျောင်းရဲ့ကထိကက Stage Performance တစ်ခုအတွက် အတွဲအဖြစ် သတ်မှတ်ပေးလိုက်တဲ့အချိန်မှာ စတင်လာပါတော့တယ်
အနုပညာကျောင်းသားလေး ဒူအန် တစ်ယောက် သူ့ရဲ့စိတ်ရှည်မှုတွေနဲ့ ချင် ဆိုတဲ့ရေခဲတုံးလေးကို အရည်ပျော်အောင် ဘယ်လိုလုပ်မလဲဆိုတာကို Ash Channel ကိုကြည့်ရှူအားပေးကြတဲ့ ပရိတ်သတ်ကြီးတို့ ကြည့်ရှူခံစားနိုင်ဖို့ Duang with You ဆိုတဲ့ BL ဟာသဒရာမဇာတ်လမ်းတွဲလေးကို ကျွန်မတို့ Ash Channel မှ အပတ်စဉ် စနေနေ့တိုင်းမှာ တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှူအားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်
❤2
Forwarded from 4 Elements: The Water (2026) GL
4 Elements: The Water (2026)
Ep-1
https://t.me/blackholethaifilm/548
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#4ElementsTheWater #4Elements #TheWater #thaiseries #2026series #mmsub #GL
Ep-1
https://t.me/blackholethaifilm/548
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
“ ရန်သူ့ကုမ္ပဏီကို ဖျက်ဆီးဖို့ လာပါတယ်ဆိုမှ... ပင်လယ်နဲ့တူတဲ့ ရန်သူ့ရဲ့ အချစ်နွံထဲမှာ လှိုင်းငယ်လေး နစ်မျောသွားမိတဲ့အခါ..."
GL industry ရဲ့ အကြီးဆုံး Mega Project ကြီးရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ The Water ကတော့ ယနေ့မှာထွက်ရှိလို့လာပါပြီ
ဒီကားမှာတော့ Girls' Love ပရိသတ်တွေ အသည်းစွဲ Englot (Engfa Waraha နဲ့ Charlotte Austin) တို့ရဲ့ Corporate Romance နဲ့ Enemies-to-Lovers Vibe လေးနဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ စီးပွားရေးပြိုင်ဘက် ဝါထင်လုပ်ငန်းစုနဲ့ ဝပ်ချရာလုပ်ငန်းစုတို့ရဲ့ အားပြိုင်မှုတွေကြားမှာ သူဌေးကြီး ဖိင်ဒေ့ရဲ့ ဒုတိယသမီးဖြစ်တဲ့ ချွန်လာဒါ (Charlotte) ဟာ ရန်သူ့ကုမ္ပဏီကို ဖျက်ဆီးဖို့ နယ်ရုပ်လေးတစ်ခုအဖြစ် စေလွှတ်ခံလိုက်ရပါတယ်။
သူလျှိုအဖြစ်နဲ့ ဧည့်ကြိုရာထူးကို အသွင်ယူဝင်ရောက်လာတဲ့ ချန်လာဒါရဲ့ အဓိက ပစ်မှတ်ကတော့ ဝါထင်လုပ်ငန်းစုကို ဦးစီးနေတဲ့ တည်ကြည်ခန့်ညားတဲ့ သူဌေးမလေး အာပို (Engfa) ပါပဲ။
ကုမ္ပဏီကို ဒုက္ခပေးဖို့ ကြိုးစားရင်းနဲ့မှ... စည်းကမ်းကြီးတဲ့ အမှုဆောင်မလေးနဲ့ အသွင်ယူထားတဲ့ ဧည့်ကြိုမလေးတို့ကြားမှာ မထင်မှတ်ထားတဲ့ သံယောဇဉ်တွေ စတင်ဖြစ်တည်လာတဲ့အခါ…
စီးပွားရေး ပြိုင်ဆိုင်မှုတွေကြားမှာ သူတို့နှစ်ယောက်ရဲ့ အချစ်က ရှင်သန်နိုင်ပါ့မလား... လျှို့ဝှက်ချက်တွေ ပေါ်သွားတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ အချိန်နဲ့တပြေးညီ တင်ဆက်ပေးသွားမှာဖြစ်လို့ ကြည့်ရှုအားပေးကြပါဦး။
#4ElementsTheWater #4Elements #TheWater #thaiseries #2026series #mmsub #GL
Forwarded from Yesterday (2026)
The Protector 2 (2013)
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1357
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1357
အတွဲ ၁မှာတုန်းက ခမ်ဟာ ဆစ်ဒနီ နိုင်ငံကနေ ဆင်လေးကွန်ကိုအောင်မြင်စွာခေါ်ဆောင်လာနိုင်ခဲ့ပါတယ်....#TheProtector2 #thaimovies #mmsub
အဲလိုနဲ့ပဲ သူ့နယ်မြေမှာ ပြန်လည်နေထိုင်ရင်း လောဘမငြိမ်းနိုင်တဲ့ လူတစ်စုက ကွန်ကိုဈေပေးကြီး လာဝယ်ကြတယ်...
ငွေမမက်တဲ့ ခမ်အတွက်ကတော့ ညီအစ်ကိုလိုချစ်ရတဲ့ ဆင်လေး ကွန်ကို မသမာသူတွေလက်ထဲ လုံးဝကိုမထည့်ပေးခဲ့ပါဘူး....
ဒီလိုနဲ့ပဲ တစ်နေ့မှာ လက်နက်ကုန်သည် အယ်စီရဲ့ လက်အောက်ခံ ဂျော့ကြောင့် ကွန်ကို မတရားဖမ်းဆီးခံလိုက်ရပါတယ်...
သွေးသားအရင်းအချာလိုချစ်ခင်ရတဲ့ ကွန်ထပ်မံပျောက်ဆုံး သွားတာနဲ့ ပက်သက်ပြီး ခမ် တစ် ယောက် မိုးဆုံးမြေလှန်လိုက်ရှာပါတော့တယ် ...
ဒီလိုနဲ့ လိုက်ရှာရင်း ဘယ်လို အခက်ခဲပေါင်းစုံကို တစ်ချိန်တည်း မှာတင် ထပ်မံပြီး ရင်ဆိုင်ရဉီးမလဲဆိုတာ ကြည့်ရှအားပေးကြပါဉီးရှင်....
Forwarded from The Heart of Yiwha: Of Love & Vengeance ( အချစ်ငြိုးမာန် )
The Protector (2005)
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1356
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1356
ခမ် ဟာ ထိုင်းနိုင်ငံရဲ့ ဘုရင်စစ်ဆင်ရေးဆင်တွေကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့ မိသားစုအမွေအနှစ်ကို ဆက်ခံထားတဲ့ လူငယ်တစ်ယောက်ပါ။#TheProtector #thaimovies #mmsub
သူ့ဘဝမှာ ဆင်ကြီး ပေါ်ယိုင် နဲ့ ဆင်ကလေး ကွန် တို့ကို မိသားစုလိုတွယ်တာခဲ့တယ်။
တစ်နေ့မှာတော့ မသမာသူတွေက ဆင်တွေကို ခိုးယူသွားကြပြီး ခမ်ရဲ့ဘဝဟာ လုံးဝပြောင်းလဲသွားပါတယ်။
သူဟာ ဆင်တွေကို ပြန်ရဖို့ အဝေးရောက်နိုင်ငံတစ်ခုအထိ လိုက်လံရှာဖွေသွားရပြီး အဲဒီနေရာမှာတော့ ရာဇဝတ်သားလို သတ်မှတ်ခံရ၊ အန္တရာယ်များစွာနဲ့ ရင်ဆိုင်ရင်း မိသားစုတစ်ခုဆုံးရှုံးလိုက်ရသလိုမျိုး ခံစားချက်နဲ့ အခက်အခဲတွေကို ရင်ဆိုင်ရင် ဆိုက်ရောက်လာတဲ့ အန္တရာယ်တွေကို ဘယ်လိုရင်ဆိုငကျော်လွှားမလဲဆိုတာ ကြည့်ရှပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။
Forwarded from Friends On Fire ( မီးနဲ့ကစားတဲ့နှင်းဆီ )
Raging Phoenix (2009)
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1355
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1355
၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကတော့ ထိုင်းအက်ရှင်မင်းသမီး Jeeja Yanin ရဲ့ ဒုတိယမြောက် အောင်မြင်မှုဖြစ်ပြီး ကမ္ဘာကျော်ခဲ့သော Chocolate (2008) နောက်ပိုင်း ထွက်ရှိလာသည့် အလွန်ထူးခြားသော ကိုယ်ခံပညာအက်ရှင်ကား ဖြစ်ပါတယ်။ Muay Thai နဲ့ Hip-hop/Breakdance ပေါင်းစပ်ထားတဲ့ အလန်းစား Action ကားလည်းဖြစ်ပါတယ်။ Jeeja Yanin ဟာ စတန့်ခန်းများကို ကိုယ်တိုင်ရိုက်ကူးလေ့ရှိသူဖြစ်ပြီး ကြည့်ရှုသူပရိသတ်ကို အားရကျေနပ်စေတဲ့ အက်ရှင်မင်းသမီးလည်း ဖြစ်တာကြောင့် ဒီဇာတ်ကားမှာ ဘယ်လောက်ထိ လန်းနေမလဲဆိုတာ ရှုစားလိုက်ကြရအောင်ပါ။#RagingPhoenix #thaimovies #mmsub
ဇာတ်လမ်းအကျဉ်း...
တီးဝိုင်းတစ်ခုက ဒရမ်သမားဖြစ်တဲ့ ဒူအာဟာ ချစ်သူရဲ့ သစ္စာဖောက်ခံတာကို ခံလိုက်ရတာကို သိလိုက်ရတဲ့အခါ တီးဝိုင်းမှာတီးနေရင်းက ပွဲကြမ်းမိတာကြောင့် အဖွဲ့ကနေ ထွက်လိုက်ရပါတယ်။ အထီးကျန်နေတဲ့ သူ့ဘဝကို စိတ်ကုန်နေသူ ဒူအာကို လူဆိုးတွေက ပြန်ပေးဆွဲဖို့ ကြံစည်နေတာကို စနင်မ်က တွေ့ကာ ကူညီပေးခဲ့ရင်းက ခီမူလ် ခီမာ ခီခွိုင်တို့နဲ့ ဒူအာ ဆုံမိခဲ့ပါတယ်။ ယိုင်ခွေခွေနဲ့ ငမူးတွေက လူဆိုးတွေကို အပီကြဲတာကို မျက်ဝါးထင်ထင်မြင်လိုက်ရကာ အားကျမိရင်းက မေလိုင်ယွတ်ဆိုတဲ့ ကိုယ်ခံပညာကို သင်ယူနိုင်ဖို့တောင်းဆိုခဲ့ပါတယ်။ စနင်မ်တို့အဖွဲ့နဲ့ ဒူအာ ဆုံတွေ့ရတာက တိုက်ဆိုင်မှုသက်သက်ပဲလား...စနင်မ်တို့အဖွဲ့ရဲ့ ရည်မှန်းချက်က ဘာလဲ...ဒီရည်မှန်းချက်အောင်မြင်ဖို့ ဒူအာကရော ဘယ်လိုပါဝင်သွားမလဲဆိုတာ...
Forwarded from MuTeLuv: Love Me if You Swear (2026)
I Wanna Be Sup'Tar (2015)
စူပါစတားအိပ်မက် (၂၀၁၅)
Ep-1 to 26 ( The End )
https://t.me/thaiseries_0/2424
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#IWannaBeSupTar #thaiseries #2025series #mmsub

နှုတ်ခမ်းနီမလေးများရဲ့ အချစ်တော် P'Push ရဲ့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ ROM-COM DRAMA လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
ဝင်း/ဝင်းပါကွန် အဖြစ် Push Puttichai
ဝမ်နွန် အဖြစ် Gypso Ariigantha
မေ အဖြစ် Woonsen Virithipa
မီဒီ အဖြစ် Tao Sattaphong
ဇာတ်လမ်းအကျဉ်း...
နာမည်ကြီးသရုပ်ဆောင်ဖြစ်ချင်လွန်းသူ ဝမ်နွန်ဟာ မိဘနှစ်ပါးက အိမ်ပါ ရောင်းချပြီး အင်္ဂလန်ကို ပြောင်းရွေ့ထွက်ခွာသွားတာကို ခေါင်းမာမာနဲ့ ထိုင်းမှာ ကျန်ရစ်ခဲ့ပါတယ်။ လျှမ်းလျှမ်းတောက် ပျိုပျိုမေ အသည်းစွဲ စူပါစတားမင်းသားဖြစ်သူ ဝင်း (ဝင်းပါကွန်)ကတော့ ဂေးသတင်းထွက်သွားတဲ့အတွက် နိုင်ငံခြားကို ၅ နှစ်ကြာ ဇာတ်မြှုပ်နေခဲ့ပါတယ်။ အဲဒီနောက် ထိုင်းကို ပြန်ရောက်လာကာ ဝမ်နွန်မိဘတွေရဲ့ အိမ်ကို ဝယ်ပြီး အေးချမ်းစွာ နေထိုင်ဖို့ ရည်ရွယ်ထားသူပါ။ အိမ်ခြေရာမဲ့လေး ဖြစ်နေတဲ့ ဝမ်နွန်က အနုပညာလောကမှာ ရရာအလုပ်ဝင်လုပ်ရင်း ညဘက်ဆို သူ့အရင်အိမ်ဆီကို ခိုးဝင် အိပ်စက်ရင်းက သရဲကြောက်သူ ဝင်းပါကွန်နဲ့ တည့်တည့်တိုးမိပါတော့တယ်။
လူမြင်ကွင်းကို မထွက်ချင်တဲ့ ဝင်းနဲ့ နာမည်ကြီးသရုပ်ဆောင်ဖြစ်ချင်လွန်းသူ ဝမ်နွန်တို့ တစ်အိမ်တည်းအတူတူ နေဖို့ အကြောင်းဖန်လာပြီးနောက် ဝင်းရဲ့ အရင်က ချစ်သူ နာမည်ကြီး သရုပ်ဆောင် မေ၊ ဝမ်နွန်ကို တစ်ဖက်သတ် ချစ်နေသူ သူငယ်ချင်း ဆရာဝန်လောင်းလျာ မီဒီ သူတို့ ၄ ယောက်ရဲ့ သပွတ်အူအချစ်ဇာတ်လမ်းကို အခွီဇယားတွေနဲ့ ရှုစားလိုက်ကြရအောင်ပါ...
#IWannaBeSupTar #thaiseries #2025series #mmsub
❤1
Forwarded from Broken Of Love (2026)
Curse Code (2023)
ကျိန်စာသင့် ပုစ္ဆာ (၂၀၂၃)
Ep-1 to 6 ( The End )
https://t.me/thaiseries_0/2423
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#CurseCode #thaiseries #2023series #mmsub

ထိုင်းသရဲကားတွေနဲ့ မစိမ်းတဲ့ ဇာတ်လမ်းချစ်သူတို့အတွက်
ဒီတစ်ခေါက်မှာ “Curse code” ဆိုတဲ့ စီးရီးကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
နတ်ကိုးကွယ်ယုံကြည်မှုတွေ ယဇ်ပူဇော်ခြင်းဓလေ့တွေ အောက်လမ်းအတတ်ပညာ
လေ့လာလိုက်စားမှုတွေအကြောင်း ရိုက်ပြတဲ့နေရာမှာ ထိုင်းကလည်း နေရာတစ်နေရာမှာ ရှိနေပါတယ်။
ဒီဇာတ်ကားဟာလည်း အောက်လမ်းအသုံးပြုမှုကြောင့် အစီအရင်နဲ့တကွ ချိပ်ပိတ်ပြီး
ကွပ်မျက်ခံလိုက်ရတဲ့ အဖြစ်အပျက်ကို အခြေတည်ပြီး ဇာတ်လမ်းပုံဖော်ထားတာပဲ ဖြစ်ပါတယ်။
မိသားစုမှာ ကျိန်စာသင့်ခံနေရသလို လက္ခဏာတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် ရှေ့ဆင့်နောက်ဆင့် သေဆုံးလာတဲ့အခါ
ဒီမိသားစုရဲ့ သမီးဖြစ်တဲ့ Krittiya ဟာ ကျိန်စာကို ချေဖျက်ဖို့ ကြိုးစားရင်း
သူတို့မိသားစုအတွက် အစီအရင်လုပ်ပေးခဲ့တဲ့ ပုဏ္ဏားမျိုးနွယ်ရဲ့ မျိုးဆက် ဖြစ်တဲ့ Akerit ကို ရှာတွေ့သွားခဲ့ပါတယ်။
Akerit တစ်ယောက် မိဘမဲ့နေတဲ့ တူနဲ့ တူမနှစ်ယောက်ကို စောင့်ရှောက်ဖို့ ရုန်းကန်နေရချိန်
Krittiya ရဲ့ ကမ်းလှမ်းမှုက အခွင့်အရေးတစ်ရပ်လို့ ဖြစ်နေတာကြောင့် ဒီ မိသားစုရဲ့ ကျိန်စာကို ...
#CurseCode #thaiseries #2023series #mmsub
Forwarded from Heart Code (2026)
Kaew Na Mah (2026)
မြင်းမျက်နှာနဲ့မိန်းကလေး (၂၀၂၆)
Ep-12
https://t.me/blackholethaifilm/544
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#KaewNaMah #thaiseries #2026series #ongoing #mmsub #blackhole
မြင်းမျက်နှာနဲ့မိန်းကလေး (၂၀၂၆)
Ep-12
https://t.me/blackholethaifilm/544
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းလေးကတော့ မွေးလာကတည်းက မြင်းနဲ့တူတဲ့ မျက်နှာပေါက်၊ ထိုးထွက်နေတဲ့ သွားတွေကြောင့် လူတကာရဲ့ လှောင်ပြောင် ကဲ့ရဲ့မှုကို ခံနေရတဲ့ "ကဲရောင်" (Kaew) ဆိုတဲ့ မိန်းကလေးကနေ စတင်ထားပါတယ်။ ရုပ်သာဆိုးပေမယ့် ကလောင်းဟာ စိတ်ထားဖြူစင်ပြီး ခွန်အားကြီးမားတဲ့အပြင် ထူးခြားတဲ့ မှော်အစွမ်းတွေလည်း ရှိသူပါ။
တစ်နေ့မှာတော့ တိုင်းပြည်က မင်းသားချော "ပင်ထုန်" (Phra Pin Thong) လွှင့်လိုက်တဲ့ စွန်ဟာ ကလောင်းဆီကို ပြုတ်ကျလာပါတော့တယ်။ ကဲရောင်က အဲဒီစွန်ကို ပြန်ပေးဖို့အတွက် "မင်းသား ကိုယ့်ကို လက်ထပ်ရမယ်" လို့ ရဲရဲဝံ့ဝံ့ တောင်းဆိုရာကနေ ဇာတ်လမ်းစပါတော့တယ်။ မင်းသားက ရုပ်ဆိုးလွန်းတဲ့ ကဲရောင်ကို လုံးဝသဘောမကျဘဲ အမြဲရှောင်ပြေး၊ နှိမ်ချဆက်ဆံရာကနေ ကလောင်းကရော မင်းသားကိုဆက်ချစ်နိုင်မလား ?မင်းသားကရောသူ့ကိုပြန်ချစ်လာမှာလား?ဒီဟာသအချစ်ဇာတ်လမ်းလေးကို ကြည့်လိုက်ရအောင်!!
#KaewNaMah #thaiseries #2026series #ongoing #mmsub #blackhole
❤1
Forwarded from My Stubborn (2025)
My Romance Scammer(2026)
Ep-8
https://t.me/blackholethaifilm/545
#MyRomanceScammer #thaiseries #ongoing #blackhole
Ep-8
https://t.me/blackholethaifilm/545
တင်အဖြစ် Junior Panachai Sriariyarungruang
ပိုင်အဖြစ် Mark Jiruntanin Trairattanayon
ယူအဖြစ် Ohm Thitiwat Ritprasert
နော့အဖြစ် Poon Mitpakdee
တလောကနာမည်ကြီးသွားတဲ့ မြန်မာနိုင်ငံမှာဖြစ်သွားတဲ့ ချစ်ချင်ယောင်ဆောင်ကာ လိမ်လည်ပြီး အိမ်ထဲကပစ္စည်းတွေခိုးသွားတဲ့အမှုကို သိလိုက်ကြမှာပါ ဒီကားရဲ့ဇာတ်အိမ်ကလည်း အဲဒီလိုခပ်ဆင်ဆင်ပဲဖြစ်ပါတယ်
ဘီလီယံနာရဲ့တူတွေဖြစ်ကြပြီး ဂျီရာမွန်ကိုထာနန်အင်ပါယာကြီးရဲ့ အမွေခံတွေဖြစ်ကြတဲ့ ပိုင်နဲ့နော့တို့ကို လူလိမ်နှစ်ယောက်ဖြစ်တဲ့ တင်နဲ့ယူတို့က လိမ်လည်ဖို့အတွက် ပစ်မှတ်ထားလာကြပါတယ်
သူတို့လိမ်လည်မဲ့ပုံကတော့ ပိုင်နဲ့နော့ကို ချစ်ဟန်ဆောင်ကာ သူတို့နှစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို အပိုင်သိမ်းဖို့ပဲဖြစ်ပါတယ် တင်က ပိုင်နဲ့ မတော်တဆတွေ့ဟန်ဆောင်ပြီး စတွေ့ကတည်းက ချစ်မိသွားတဲ့ပုံစံမျိုးဖမ်းကာ ပိုင်ကို သိမ်းသွင်းနေပါတော့တယ်
ယူကတော့ နော့ကို ချစ်ဟန်ဆောင်ကာ လိမ်လည်နေရာကနေ လက်ထပ်တဲ့အထိဖြစ်သွားကြပြီး နော့ရဲ့ပိုင်ဆိုင်မှုတဝက်ဟာ သူ့ဆီကိုရောက်လာပါတော့တယ် ဒါပေမဲ့ နောက်ပိုင်းမှာတော့ ယူက လူလိမ်ဆိုတာကို သိလိုက်ကြပြီး ပြဿနာတက်ကြပါတော့တယ်
ယူနဲ့နော့ရဲ့ပြဿနာကို ဘယ်လိုရှင်းကြမလဲ ပိုင်ကရော တင်က လူလိမ်ဆိုတာကိုသိသွားမလား ယူနဲ့တင်ဟာလည်း အစကတည်းက ကြံစည်ထားသလို ပိုင်နဲ့နော့ကို ဟန်ဆောင်ချစ်ရုံပဲလားဆိုတာကိုတော့ တနင်္ဂနွေနေ့တိုင်း Ash Channel မှာတင်ဆက်ပေးနေပြီမလို့ စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်
#MyRomanceScammer #thaiseries #ongoing #blackhole
❤1
Forwarded from Girl Rules (2026) GL
Finding The Last Note (2026)
မှေးမိန်သွားသောသံစဉ် (၂၀၂၆)
Ep-1,2
https://t.me/blackholethaifilm/547
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
မှေးမိန်သွားသောသံစဉ် (၂၀၂၆)
Ep-1,2
https://t.me/blackholethaifilm/547
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
"ဂီတဟာ မိသားစုကို စုစည်းပေးခဲ့သလို... အချိန်တစ်ခုမှာတော့ သူတို့ကြားကို ဝေးကွာသွားစေခဲ့ပြန်တယ်"#FindingTheLastNote #thaiseries #2026series #mmsub
မိသားစုရဲ့ အရာရာဖြစ်တဲ့ အမေ ဆုံးပါးသွားပြီးနောက် အားလုံး ဝမ်းနည်းပူဆွေးကာ လမ်းပျောက်နေကြတဲ့အချိန်...
ဘဝကို အသည်းအသန် ရုန်းကန်နေရတဲ့ ဂီတသမားဟောင်း အဖေတစ်ယောက်။
ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ ပိတ်လှောင်နေတတ်တဲ့ အော်တစ်ဇင်သမီးလေး
ကံကြမ္မာကို နာကျည်းပြီး အားလုံးအပေါ် ဒေါသထွက်နေတဲ့ ဆယ်ကျော်သက်သားလေး
ပြိုလဲနေတဲ့ မိသားစုအပေါ် ကံကြမ္မာဆိုးက ထပ်မံရိုက်ခတ်လိုက်တာကတော့ အဖေဖြစ်သူမှာ နောက်ဆုံးဆင့် ကင်ဆာဝေဒနာ ခံစားနေရတယ်ဆိုတာ သိလိုက်ရချိန်ပါပဲ။ ဒီလိုနဲ့ သမီးဖြစ်သူ "ခင်" ရဲ့ ထူးခြားတဲ့ အဆိုအသံကို တိုက်တိုက်ဆိုင်ဆိုင် ရှာဖွေတွေ့ရှိသွားတဲ့အခါ... မိသားစုကို ကယ်တင်ဖို့အတွက် မောင်နှမနှစ်ယောက်ဟာ ဖခင်ဖြစ်သူ ရေးစပ်ထားတာမပြီးဆုံးသေးတဲ့ သီချင်းလေးနဲ့အတူ နိုင်ငံတော်အဆင့် သီချင်းဆိုပြိုင်ပွဲကြီးဆီကို ခြေလှမ်းလှမ်းခဲ့ကြပါတယ်။
ဒီသီချင်းသံစဉ်တွေက သူတို့ရဲ့ ပြိုကွဲနေတဲ့ နှလုံးသားတွေကို ပြန်လည်ဆက်စပ်ပေးနိုင်မလား? ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ကို ဂီတနဲ့အတူ ဘယ်လိုရှာဖွေမလဲဆိုတာ... အတူတူ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်။
The Last Duel (2026)
ဟံသာဝတီရဲ့နောက်ဆုံးသောစီးချင်းထိုးပွဲ (၂၀၂၆)
Ep-3
https://t.me/blackholethaifilm/552
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#TheLastDuel #thaiseries #2026series #mmsub

စစ်မြေပြင်မှာတော့ သူရဲကောင်းဆိုတာ တစ်ယောက်ပဲ ရှိရမယ်!
ငယ်စဉ်ကတည်းက ဟံသာဝတီမှာ ဓားစာခံအဖြစ် ကြီးပြင်းခဲ့ရတဲ့ ဗြနရဲ နဲ့ ဘုရင့်နောင်မင်းတရားကြီးရဲ့ မြေးတော် မင်းကြီးစွာ...။ တစ်ယောက်က ရဲရင့်ဖျတ်လတ်ပြီး တိုက်ခိုက်ရေးမှာ ပြိုင်ဘက်ကင်းသလို၊ နောက်တစ်ယောက်ကတော့ တည်ငြိမ်အေးဆေးပြီး အနုပညာကို မြတ်နိုးသူ ဒီလိုဆန့်ကျင်ဘက်စရိုက်တွေရှိပေမဲ့ သူတို့ကြားက သံယောဇဉ်ကတော့ ညီအစ်ကိုအရင်းထက်တောင် ပိုပြီး ခိုင်မြဲခဲ့ပါတယ်။
ဒါပေမယ့်... ကံကြမ္မာရဲ့ အလှည့်အပြောင်းက သူတို့ကို ရွေးချယ်ခွင့်မပေးခဲ့ဘူး။ အမိမြေရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ရောက်လာတဲ့အခါမှာတော့ တစ်ချိန်က ချစ်လှစွာသော ညီအစ်ကိုတွေဟာ ယုဒ္ဓသံသရာ စစ်ပွဲကြီးထဲမှာ တစ်ယောက်ကိုတစ်ယောက် အသေသတ်ရမယ့် ရန်သူတော်ကြီးတွေ ဖြစ်လာခဲ့ရပါတယ်။
ငယ်သူငယ်ချင်း မိတ်ဆွေရင်းအဖြစ်ကနေ နိုင်ငံနှစ်ခုရဲ့ အနာဂတ်အတွက် ဆင်စီးချင်းထိုးပြီး အဆုံးအဖြတ်ပေးရမယ့် "နောက်ဆုံးတိုက်ပွဲ" က ဘယ်လိုနိဂုံးချုပ်မလဲ? သမိုင်းဝင် စစ်ပွဲကြီးနောက်ကွယ်က မသိသေးတဲ့ ဒရာမာတွေနဲ့ အားမာန်ပါပါ တိုက်ကွက်တွေကို ရှုစားရတော့မှာပါ။
#TheLastDuel #thaiseries #2026series #mmsub
❤6👏1😁1
The Last Duel (2026)
ဟံသာဝတီရဲ့နောက်ဆုံးသောစီးချင်းထိုးပွဲ (၂၀၂၆)
Ep-4
https://t.me/blackholethaifilm/556

❤10🥰2