Thai Movies ( ထိုင်းဇာတ်ကားများ )
34.5K subscribers
697 photos
498 links
Admin - @UrMine2025

ဤ Channelတွင် တင်ထားသော ကြော်ငြာများသည် အခကြေးငွေယူပြီး ကြော်ငြာပေးခြင်းသက်သက်သာ ဖြစ်ပါသည်။
Download Telegram
Seoul Busters (2024)

ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို High Kick, Potato Star စတဲ့
sit-com တွေရဲ့ ပဲ့ကိုင်ရှင်စာရေးဆရာတို့ရဲ့ လက်ရာအသစ် မှုခင်းဟာသ
ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ။

ဒီကားလေးမှာတော့ The Guest , The King of Pigs စတဲ့ဇာတ်လမ်းတွဲများထဲမှ Daesang ဆုရှင်မင်းသား Kim Dong -Wook၊ Our Blues, The Roundup ထဲမှ မင်းသားကြီး Park Ji Hwan၊ A Shop For Killler ထဲမှ မင်းသား Seo Hyun-Woo ၊ Alice The Final Weapon ထဲမှ ချစ်စရာကောင်းတဲ့ မင်းသမီးလေး Park Se -Wan အပြင် Our Beloved Summer ထဲမှ Lee Seung- Woo တို့က အဓိကပါဝင်ထားပါတယ်။

ဇာတ်လမ်းအညွှန်း .....

Dongbang Yoo-Bin (Kim Dong-Wook) ဆိုသူဟာ ရုပ်ချောပြီး
ဥာဏ်ကောင်းတဲ့အပြင် အားကစားဘက်မှာလည်း ထူးချွန်ပြီး ချို့ယွင်းချက်ရယ်လို့မရှိတဲ့ လူတစ်ယောက်ဖြစ်တဲ့အပြင် နိုင်ငံရပ်ခြားက နာမည်ကြီးတက္ကသိုလ်တစ်ခုမှာ စာသင်ကြားပေးတဲ့ ပါမောက္ခ တစ်ယောက်လည်း ဖြစ်ပါတယ်။ လူတော်တစ်ယောက်ဖြစ်တာကြောင့် သူ့ကို တက္ကသိုလ်ရဲ့ ဌာနအကြီးအကဲတစ်နေရာမှာ အလုပ်လုပ်ပေးဖို့အတွက် ကမ်းလှမ်းလာခဲ့ပေမဲ့ အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး မွေးရပ်မြေ ကိုရီးယားကိုပြန်လာကာ
ဆုန်းဝန်းရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့ ခေါင်းဆောင်အဖြစ်နဲ့ စေတနာ့ဝန်ထမ်းဝင်လုပ်ပါတော့တယ်။
ဂျူဒိုကစားသမားဟောင်းဖြစ်ပြီး ဘူဒိုဇာဆိုတဲ့ နာမည်ပြောင်ရှိတဲ့ Mu Joong-Ryeok (Park Ji-Hwan)၊ နိုင်ငံ့ကိုယ်စားပြု သေနတ်ပစ်သမားဟောင်းဖြစ်တဲ့ Jung Jung-Hwan (Seo Hyun-Woo)၊ အဖွဲ့ရဲ့ တစ်ဦးတည်းသော မိန်းကလေးစုံထောက်ဖြစ်ပေမဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ မလိုက်ဖက်လောက်အောင် ကြမ်းတမ်းပြီး ခေါင်းမာတာကြောင့် ဒေါသအိုးလို့အခေါ်ခံရတဲ့ Seo Min-Seo (Park Se-Wan) နဲ့
အဖွဲ့ရဲ့ အငယ်ဆုံးစုံထောက်တစ်ဖြစ်လဲ အမှားအများဆုံးလုပ်တတ်တဲ့ လူသစ်လေး Jang Tan-Sik (Lee Seung-Woo) တို့က အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့ အဖွဲ့ဝင်တွေဖြစ်လာပါတော့တယ်။
ဒီလိုနဲ့ပဲ တော်တတ်လွန်းတဲ့ အဖွဲ့ခေါင်းဆောင် Dongbang Yoo-Bin ဟာ
အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့ ပင်ကိုစရိုက်တွေမတူကြတဲ့
အဖွဲ့သားတွေနဲ့ တွေ့ဆုံဖို့ဖြစ်လာပြီး စိတ်ဝင်စားစရာကောင်းတဲ့အမှုတွေကို
အလွဲတွေနဲ့ ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း
Channel Myanmar ကနေ တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ရှုစားပေးပါဦးနော်။

Crd to Channel Myanmar

#SeoulBusters
#blaeckhole
👍263
Forwarded from Sold Out on You (2026)
Doubt (2024)

Ep-1

ဒီသည်းထိပ်ရင်ဖိုဖွယ်ရာ series လေးမှာတော့ Dr.Romantic မှ ဂင်ဆာဘူအဖြစ်
လူသိများကြတဲ့ မင်းသားကြီး Han Suk Kyu နှင့်အတူ Sweet Home, Snow Dropစသည့်
ဇာတ်လမ်းတွဲများ‌တွင် ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးချောလေး Chae Won Binတို့က
အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။

ဇာတ်လမ်းအကျဥ်း..
ဂျန်ထယ်ဆူဟာ တရားခံများရဲ့ စရိုက်လက္ခဏာများကို အကဲခတ်လေ့လာပြီး
အမှုမှန်ဖော်ထုတ်ရာတွင် နာမည်ကြီးတဲ့ ဆရာတစ်ဆူဖြစ်ပါတယ်။
အဲဒီလိုမျိုးရှားမှရှား မှုခင်းပညာရှင် ဂျန်ထယ်ဆူဟာ ရူပ်ထွေးပွေလီတဲ့
လူသတ်မှုတစ်ခုကို ကိုင်တွယ်ရန်ဖြစ်လာပါတော့တယ်။
သူ့မှာ မိခင်မေတ္တာငတ်နေတဲ့ ဂျန်ဟာဘင်းဆိုတဲ့ သမီးလေးတစ်ဦးရှိပြီး
အဖေတစ်ခု သမီးတစ်ခုဖြတ်သန်းခဲ့ကြရပေမဲ့ ဒီအမှုမှာ သမီးဖြစ်သူ
ပါဝင်နေကြောင်းသိလိုက်ရချိန်ကစလို့ အခြေအနေတွေဟာ ဗြောင်းဆန်ကုန်ပါတော့တယ်။
ဟာဘင်းက တကယ်ပဲ ဒီအမှုမှာ ပါဝင်ပက်သက်နေတာလား..
တရားခံကရော ဘယ်သူလဲ.. သမီးဖြစ်သူကိုရော ဘယ်လိုကာကွယ်ပေးသွားမလဲ..
စသည်ဖြင့် ဇာတ်လမ်းဇာတ်ကွက်စုံစုံကို နိမ့်ချည်တစ်လှည့် မြင့်ချည်တစ်ဖုံကို
အပါတ်စဉ် သောကြာ စနေနေ့များတွင် စောင့်မျှော်ကြည့်ရူရမှာပဲ ဖြစ်ပါတယ်။

#Doubt
#blaeckhole
👍153
Forwarded from Cinderella Game (2024)
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Perfect Family (2024)
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Perfect Family (2024)
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Donghua ( တရုတ်ကာတွန်းဇာတ်လမ်းတွဲများ )
Dong Jae, the Good or the Bastard (2024)

Ep-1,2

ချောင်ဂျူခရိုင်အမှုစစ်ရုံးက အမှုစစ်တစ်ယောက်ဖြစ်တဲ့ ဆောဒုံဂျယ်က...

ရည်မှန်းချက်ကြီးမားပြီးတော့ အမှုစစ်အနေနဲ့ သူ့ career ကိုပဲဦးစားပေးတဲ့သူတစ်ယောက်ပါ။

အမှုတခုကိုစုံစမ်းစစ်ဆေးရင်းကနေ ငွေအများကြီးသူ့အိမ်မှာရှာ‌တွေ့ပြီးတော့...

လာဘ်စားတဲ့အမှုစစ်ဆိုပြီးခေါင်းစဉ်တပ်ခံလိုက်ရပါတယ် အဲဒီကိစ္စပြီးတဲ့နောက်မှာ...

အထက်တန်းကျောင်းသူတစ်ယောက်အသတ်ခံရတဲ့အမှုကိုတာဝန်ယူလိုက်ရပါတယ်။

အမှုစစ်လမ်းကြောင်းကို ပြန်တည့်မတ်နိုင်ပြီး လူဆိုးတွေကိုဖမ်းနိုင်မလား။

ဒီအမှုနောက်ကွယ်မှာ ဘယ်လိုအရာတွေစောင့်ကြိုနေလဲဆိုတာ...

အပတ်စဉ်ကြာသပတေးနေ့တိုင်း ကြည့်ရှုရမှာဖြစ်ပါတယ်။

#DongJaetheGoodortheBastard
#blaeckhole
3👍2